Monday, March 9, 2009

ယောက်ျားများကို အန်စေသော မိန်းမ


၁. အစာစားလျှင် ပလပ်ပလပ်မြည်အောင် စားတတ်သော မိန်းမ
၂. ဆံပင် ရှုပ်ပွပြီး လက်သည်းများ မည်းညစ်နေသော မိန်းမ
၃. ရင့်ကျက်သယောင် ဟန်ဆောင်ပြီး ဆရာလုပ်တတ်သော မိန်းမ
၎. အသားအရည် ကြမ်းတမ်းသော မိန်းမ
၅. အခြယ်သလွန်ပြီး ခေတ်ရှေ့ပြေးသော မိန်းမ
၆. အထဲကို ဖောက်ထွင်း မြင်နိုင်လောက်အောင် အပြင်အင်္ကျီပါးပါး ၀တ်တတ်သော မိန်းမ
၇. လမ်းလျောက်လျှင် တစ်ဖပ်ဖပ် မြည်အောင်လျောက်သော မိန်းမ
၈. အသံထွက်အောင် လေချဉ်တက်ပြီး နှာခေါင်းပေါက်နှိက်တတ်သော မိန်းမ
၉. တစ်ပျစ်တောက်တောက် ရွတ်တတ်ပြီး ဖြတ်ထိုးဥာဏ်နည်းသော မိန်းမ
၁၀. မျက်စိကို ဓာတ်လွှတ်နေသကဲ့သို့ ညှိ့ကစားတတ်သော မိန်းမ
၁၁. မျက်ရည်အကျလွယ်ပြီး အငိုသန်သော မိန်းမ
၁၂. အိမ်ထောင်ကျပြီးသော်လည်း လျှပ်ပေါ်လော်လီနေတတ်သော မိန်းမ
၁၃. အသုံးအဖြုန်းကြီးသော မိန်းမ
၁၄. ခြေသလုံး တုတ်ပြီး စကပ်တို ၀တ်တတ်သော မိန်းမ
၁၅. သဘောထား သေးသိမ်သော မိန်းမ
၁၆. သရေစာ မစားဘူး ၊ ဒိုင်ယာရီ မရေးဖူးဘူးဟုဆိုသော မိန်းမ
၁၇. မိတ်ကပ်မလိမ်းတတ်ဘဲ လိမ်းထားသော မိန်းမ
၁၈. ပေါ့ပေါ့တန်တန် နေတတ်သော မိန်းမ
၁၉. ဟာသဥာဏ် မရှိသော မိန်းမ
၂၀. မြူဆွယ်တတ်သော မိန်းမ
၂၁. သူငယ်ချင်း ချစ်သူရီးစားကို ထမင်းမဖိတ်ကျွေး လက်ဆောင်မပေးဖူးသော မိန်းမ
၂၂. အပြောအဆို မတတ်သော မိန်းမ
၂၃. ယောက်ျားအများကို တုံးအတဲ့ တဏှရူးတွေဟု ထင်သော မိန်းမ
၂၄. လူအများရှေ့တွင် ခြေအိတ်ကောက်စွပ်တတ်သော မိန်းမ
၂၅. အချိန်းအတွေ့ ခံချင်ပြီး ချိန်းတွေ့ရင် ပျက်ကွက်တတ်သော မိန်းမ
၂၆. ရုပ်ဆိုးပြီး စိတ်ပါပုပ်သော မိန်းမ
၂၇. လိုအပ်သည်ထက် အ၀လွန်သော မိန်းမ

ဘာမှကို မကျန်တော့ပါလားနော်...အန်စေတဲ့အထဲမှာ ကျွန်မလဲ အပါအ၀င်ပါ။ ဆဲမယ်ဆိုရင်လည်း ခံပါ့မယ်... အဟဲ...ဖြစ်တတ်တာလေးတွေပါ။ ၀မ်းနည်းတာတွေပဲ ရေးနေလို့လဲ မဖြစ်သေးဘူး။ တခါတလေ ပေါ့ပေါ့ပါးပါးပေါ့။ ဆီလျှော်အောင် ဘာသာပြန်ပါသည်။

နိုင်းနိုင်းစနေ

Read More...

မိန်းမများကို အန်စေသော ယောက်ျား


၁. ကိုယ့်အောင်မြင်မှုကို ပါးစပ်ဖျားက မချတတ်သော ယောက်ျား
၂. ခေါင်းလိမ်းဆီကို ရွဲနစ်နေအောင် လိမ်းတတ်သော ယောက်ျား
၃. ဆီများရွဲနစ်နေသော ဆံပင်တွင် ဘောက်များကပ်နေသော ယောက်ျား
၎. ရေမချိုးဘဲ အနံ့ပြင်းသော ယောက်ျား
၅. နှာခေါင်းထဲက အမွေးများ နှာခေါင်းပေါက်အပြင်ထိ ရှည်ထွက်နေသော ယောက်ျား
၆. လေကြီးပြီး ကြွားဝါတတ်သော ယောက်ျား
၇. မိန်းကလေးများကြားတွင် မျက်နှာပန်းလှသည်ဟု ထင်နေသော ယောက်ျား
၈. အရာရာတွင် တွန့်တိုတတ်ပြီး အထူးသဖြင့် မိန်းကလေးနှင့်အပြိုင် တွန့်တိုတတ်သော ယောက်ျား
၉. အာပုပ်စော်နံသော ယောက်ျား
၁၀. ငွေကြေးအားကိုးပြီး မြက်နုကြိုက်သော နွားအို...အဲလေ..ယောက်ျား
၁၁. လက်ရဲ ဇက်ရဲ တဏှာယောက်ျား
၁၂. မိန်းကလေးနှင့် တခါချိန်းတွေ့ပြီး ဟိုလိုလို ဒီလိုလို ထင်အောင် ပြောတတ်သော ယောက်ျား
၁၃. ချက်အောက်ပိုင်း အရာများဖြင့် အမြဲဟာသ လုပ်ပြောတတ်သော ယောက်ျား
၁၄. မိန်းကလေးအထာ ငါနှပ်တယ်ဟု အမြဲပြောတတ်သော ယောက်ျား
၁၅. ကြမ်းတမ်းသော ယောက်ျား။ အထူးသဖြင့် ပါးစပ်ပြောရင် လက်ပါ ပါတတ်သော ယောက်ျား
၁၆. ရုပ်ကိုချစ်တာ မဟုတ်ဘူး.. စိတ်ထားကို ချစ်တာဟု မိန်းကလေးတိုင်းကို ပြောတတ်သော ယောက်ျား
၁၇. အိုင်တွေ့တိုင်း ခြေဆေးတတ်သော ယောက်ျား
၁၈. ဘာမဆို ငါသိတယ် တတ်တယ်ဟု ထင်နေသော ယောက်ျား
၁၉. စကားပြောပြီးနောက် နုတ်ခမ်းဘေးတွင် တံထွေးမြုပ်များ ကပ်ကျန်ခဲ့တတ်သော ယောက်ျား
၂၀. သားသမီးများက တစ်ခုခုမေးလျှင် “နင်တို့အမေကို သွားမေး” ဟု ပြောတတ်သော ယောက်ျား
၂၁. ဆေးလိပ်သောက် ကွမ်းစားပြီး သွားများ မည်းညစ်နေသော ယောက်ျား
၂၂. မိန်းမ၏ စေညွှန်ရာတွင် ကနေရသော ယောက်ျား
၂၃. နိုက်ကလပ် မသွားဖူးဘူးဟု ပြောတတ်သော ယောက်ျား
၂၄. စကားတစ်ခွန်းကို ကွေ့ကောက်လိမ်ပတ်ပြီး သုံးခွန်းဖြစ်အောင် ပြောတတ်သော ယောက်ျား
၂၅. ပိုက်ဆံရှိသော မိန်းကလေးများကိုသာ ရွေးချစ်တတ်သော ယောက်ျား
၂၆. မီးဝါကို ဖြတ်မမောင်းဘဲ ကိုယ့်ကို စည်းကမ်းသေ၀ပ်သူဟု ထင်သော ယောက်ျား
၂၇. မိန်းမဆန်ဆန် ၀တ်စားတတ်သော ယောက်ျား
၂၈. အ၀တ်အစားကို တင်းကျပ်နေအောင် ၀တ်တတ်သော ယောက်ျား
၂၉. ရှိသမျှလက်ချောင်းတွင် ရွေလက်စွပ်များ စွပ်ထားတတ်သော ယောက်ျား
၃၀. အင်္ကျီကြယ်သီး သုံးလုံးအထက်ကို မတပ်ဘဲ ကိုယ့်ကို ဆက်စီလုပ်ချင်သော ယောက်ျား
၃၁. အထက်လူကြီးကို ဖားပြီး အိမ်ပြန်ရောက်လျှင် မိန်းမကို ရန်ရှာတတ်သော ယောက်ျား
၃၂. ချိန်းတွေ့တိုင်း မိန်းကလေးများကို အကုန်အကျခံစေသော ယောက်ျား

ဒါလဲ ဘာမှကို မကျန်ပါလား...ကျွန်မရေးမိ အပြစ်ရှိ၏...အဆဲခံရန် အသင့်ပါ...း) ဆီလျော်အောင် ဘာသာပြန်သည်။

original from: http://www.youthwant.com.tw
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Read More...

Sunday, March 8, 2009

ယောက်ျားများကြောက်သော မိန်းမ


ကြည့်ရတာ စိတ်ဝင်စားကြတဲ့အတွက် ထပ်တင်လိုက်ပါတယ်။ ကျွန်မလည်း ဒီ(၁၀)မျိုးထဲက အနည်းဆုံး ၇ မျိုးလောက်တော့ နည်းနည်းစီပါ ပါတယ်။ အချိန်ယူပြီး ၀င်ရောက်ဖတ်ရှုတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

ဘယ်လို မိန်းကလေးမျိုးကို ယောကျာ်းများ ကြောက်ကြပါသလဲ။ မိန်းကလေးတိုင်း (၁၀)မျိုးထဲတွင် တစ်မျိုးမက နှစ်မျိုးပါဝင်နေမည်မှာ အေကန်မလွဲပင်။ သင်သည် ဘယ်လိုမိန်းကလေးမျိုးလဲ ကိုယ်ကို သုံးသပ်ဖူးပါသလား။

(၁) ညစ်ပတ်သောမိန်းမ
ညစ်ပတ်သောယောကျာ်းမှာ ချစ်သူရနိုင်သော်လည်း ညစ်ပတ်သော မိန်းကလေးကိုမူ နှာခေါင်းရှုံချင်ကြသည်။ မသန့်ရှင်းသော မိန်းကလေးများ၏ အိပ်ခန်းမှာ အမှိုက်ဗုံးများ ပေါက်ကွဲထားသလို ကျောချစရာမရှိအောင် ရှုတ်ပွနေတတ်သည်။ ပစ္စည်းတစ်ခု ပျောက်လျှင် လွယ်လွယ်နှင့် ရှာလို့မရတော့ပေ။ ၄င်းကဲ့သို့သော မိန်းကလေးသည် အပြင်ထွက်လျှင် ရှုပ်ပွနေသော အိတ်ထဲမှ သော့ကို အလွယ်တကူ ရှာမတွေ့ နိုင်တော့။ ၀တ်ထားသော အ၀တ်အစားမှာလည်း အ၀တ်လျှော်စက်ထဲက ယခုမှထုတ်လာသည့် အတိုင်းပင်၊ ၀တ်ထားသော အနွေးထည်မှာလည်း ကြယ်သီးများပြုတ်၊ ချုပ်ရိုးများ ပြေနေတတ်သည်။ လက်သည်း ခြေသည်းများလည်း ဂျီးများနှင့် မဲနေတတ်ပြီး ဆိုးထားသော လက်သည်းနီများလည်း ညီညာမှု မရှိပေ။ အဆိုးဆုံးမှာ စကားပြောဖို့ ပါးစပ်ဟလိုက်သည်တွင် အာပုပ်နံ့ရနေတတ်သည်။ သွားများတွင်လည်း ဟင်းဖတ်များ ကပ်နေတတ်သည့်အပြင် နုတ်ခမ်းနီများလည် ပေကျံနေတတ်သည်။

(၂)အတင်းပြောသောမိန်းမ
BMW ကုမ္ပဏီမှထုတ်သောကားများကို ယောကျာ်းများကြိုက်ကြသော်လည်း BMW (Big Mouth Women)မိန်းကလေးများကိုတော့ လန့်တတ်ကြသည်။ တစ်အိမ်တက်ဆင်းဖြင့် အတင်းပြောနေရလျှင် ထမင်းမေ့ ဟင်းမေ့သောသူဖြစ်သည်။ တစ်ခါတရံ သူမပြောသော စကားများသည် အမှန်ဖြစ်ကြောင်း ယောကျာ်းလေးများကို သူမအား ထောက်ခံရန် မဲဆွယ်တတ်သေးသည်။ တချို့ယောကျာ်းလေးများက မထောက်ခံလျှင် သူမသာ အမှန်ြဖစ်ကြောင်း ငြင်းချက်များထုတ်တတ်သေးသည်။ ထိုမိန်းကလေးမျိုးကို အိမ်ထောင်ပြုမိပါက ယောက္ခမနှင့် ချွေးမတို့၏ စစ်ပွဲ စတင်ခြင်းပင် ဖြစ်သည်။ ၄င်းအပြင် ဆွေမျိုးသားချင်း သူငယ်ချင်းများကပါ စက်ကွင်း မလွတ်နိုင်တော့ချေ။ အတင်းပြောတတ်သော အမှန်မကန် စကားပြောတတ်သော မိန်းကလေးများကို ယောကျာ်းလေးများသာမက မိန်းကလေးများလည်း ဝေးဝေးရှောင် နိုင်ရမည်။သူမ၏ အမှန်မကန် ပြောသော စကားလေပွေထဲတွင် ၀င်မပါမိအောင် သတိထားရမည်ဖြစ်သည်။

ြ(၃)စကားများသောမိန်းမ
ထိုမိန်းကလေးမျိုးသည် စကားပြောရတွင် မိမိပြောချင်ရာ ဇွတ်ပြောတတ်သည် ၊ စဉ်းစားဆင်ခြင်မှု နည်းသည်။ မပြောသင့်သော စကားကို အချိန်အခါမဟုတ် မပြောထိုက်သောလူကို ပြောတတ်သည်။ ဆွေမျိုးသားချင်း သူငယ်ချင်းများကြားတွင် အထင်လွဲစရာဖြစ်အောင် ပြောခြင်း၊ သူတစ်ပါး သိက္ခာကျအောင် လေးစားမှု လျော့အောင်ပြောခြင်းများ ပြုလုပ်တတ်သည်။ ကိုယ်ကို သွက်လက်ချက်ချာသည်ဟု အထင်ကြီး နေတတ်သူဖြစ်သည်။

(၄) ခိုင်းနိုင်းတတ်သောမိန်းမ
ထိုမိန်းကလေးမျိုးသည် စိတ်အနှောင့်အယှက် အပေးဆုံးမိန်းကလေးဖြစ်သည်။ ဘယ်အရာမဆို နိုင်းယဉ်နေတတ်သည်။ တစ်ခြားမိန်းကလေး၏ ရည်းစား(သို့) ယောကျာ်းကို နိုင်းယှဉ်ကြည့်ပြီး အသုံးမကျသော ယောကျာ်းဟု၍ လက်ညိုးထိုး ပြီး ဆဲတတ်သော မိန်းကလေးမျိုးဖြစ်သည်။ တကယ်တမ်းဆိုရလျှင် အသုံးဝင်သော ယောကျာ်းကို သူမရွေးသင့်ပြီး ထိုအသုံးမ၀င်သော ရည်းစား(သို့) ယောကျာ်းအတွက် စိတ်မတိုနေသင့်ပေ။ တစ်ခြားသူနှင့် နိုင်းယဉ်ပြီး ဆဲနေစရာမလိုပေ။ မိမိ ရွေးယူထားသောကြောင့် မိမိကိုယ်သာ အပြစ်တင်ရမည်ဖြစ်သည်။ လူတိုင်းတွင် အရည်အချင်း တစ်ခုစီ ရှိတတ်ကြသည်။ ယောကျာ်းလေးတစ်ယောက် မိမိကိုယ်ကို ယုံကြည်မှုနည်းသွားအောင် တစ်ခြားလူနှင့် ခိုင်းနိုင်းပြီး မဆဲသင့်ပေ။ ထိုယောကျာ်းလေးအတွက် ကံမကောင်းဆုံးအရာ အသုံးမကျဆုံး အရာမှာ ထိုမိန်းကလေးမျိုးကို ရွေးမိခြင်းပင်ဖြစ်သည်။


(၅) နှုတ်ကြမ်းသောမိန်းမ
စကားပြောကြမ်းသော မိန်းကလေးမျိုးသည် လုပ်ငန်းခွင်တွင်ဖြစ်စေ ပတ်ဝန်းကျင်တွင်ဖြစ်စေ ဆက်ဆံရခက်သော မိန်းမဟု နာမည်ကြီးတတ်သည်။ ပစ္စည်းတစ်ခု သွားဝယ်သည်ဖြစ်စေ အစားသွားစားသည်ဖြစ်စေ ဆိုင်ဝန်ထမ်းနှင့် ရန်ဖြစ်ခဲ့ရမှ ကျေနပ်သော မိန်းကလေးမျိုးဖြစ်သည်။ ထိုမိန်းကလေးမျိုးနှင့် အတူအပြင်ထွက်မိလျှင် ရှက်လွန်း၍ မျက်နှာ ဖွက်ထားစရာမရှိ အောင်ဖြစ်တတ်သောကြောင့် သူမနှင့်မရင်းနှီးသလို ဟန်ဆောင်က ခပ်လှမ်းလှမ်းတွင် နေချင်ကြသည်။ ထစ်ခနဲဆို ရန်ဖြစ်ချင်သော နုတ်ကြမ်းသော မိန်းကလေးမျိုးကို လက်ထပ်ပြီး မိဘနှင့်အတူ နေရမည့် ပုံရိပ်ကို မြင်ယောင်ဖူးပါသလား။ ထိုမိန်းကလေးမျိုးကို ရွေးချယ်မည့်အစား သူမလောက် အသုံးမ၀င်သော၊ တုံးအသော၊ သာမန်သော မိန်းကလေးမျိုး ကိုသာ ယောကျာ်းလေးအများစုက ရွေးချယ်မည်ပင်။

(၆) သ၀န်တိုလွယ်သောမိန်းမ
ထိုမိန်းကလေးမျိုးသည် မိမိကိုယ်ကို ယုံကြည်မှုနည်းသလို တစ်ပါးသူကိုလဲ မယုံကြည်သော မိန်းကလေးဖြစ်သည်။ ယောကျာ်းလေး အသက်ရှူမချောင် နိုင်လောက်အောင် ချုပ်ချယ်တတ်သော မိန်းကလေးမျိုးလည်းဖြစ်သည်။ သံသယစိတ် ၀င်လာလျှင် ရှင်းပြတာကိုနားထောင်မနေတော့ သ၀န်တို စိတ်ကောက်ဖို့က ပထမပင်။ သူမ၏ရည်းစား(သို့) ယောကျာ်း၏ သူငယ်ချင်းများကိုလည်း မိမိရည်းစားနှင့် အပေါင်းအသင်းမလုပ်ရန် ပြောတတ်သောကြောင့် သူငယ်ချင်းများက ထိုမိန်းမမျိုးနှင့် ပတ်သက်သော ယောကျာ်းလေးကိုပါ ရှောင်လာတတ်ကြသည်။ ထိုအခါ ယောကျာ်းလေးမှာ အကျဉ်းချထားသလို ခံစားရသော်လည်း မိန်းကလေးမှာမှု ပျော်ရွှင်နေတတ်သည်။ လူဆိုသည်မှာ အဖွဲ့အစည်း အသိုင်းအ၀န်းနှင့် နေသော အမျိုးဖြစ်သည်။ အသက်ရှူရန် နေရာလေး တစ်ခု ချန်မထားဘဲ ချုပ်ချယ်တတ်သော ထိုမိန်းကလေးမျိုးကို ယောကျာ်းလေးများက ရှောင်ချင်ကြသည်။

(၇) တုံးအသောမိန်းမ
အာလာဒင် ပုံပြင်ကို နားထောင်ဖူးကြပါသလား။ ထိုပုံပြင်ထဲက အာလာဒင်၏ တုံးအသော မိန်းမသည် မသိနားမလည်သည်ကို မမေးဘဲ ဆီမီးခွက်ကို ခွက်စုတ်ဟု အထင်ဖြစ် ရောင်းလိုက်ဖူးသည်။ ထိုမိန်းကလေးမျိုးသည် ဥစ္စာပစ္စည်းပေါ်တွင်ဖြစ်စေ အတွေးအခေါ်ပိုင်းတွင် ဖြစ်စေ အလွယ်တကူ အလိမ်မိတတ်
သည်။ ယခုခေတ်တွင် ထိုကဲ့သို့ တုံးအသော မိန်းကလေးမျိုး နည်းပါးသွားပြီလား။ ထက်မြက်ပြီး တွေးခေါ်ဆင်ခြင်ဥာဏ် ရှိသော မိန်းကလေးမျိုးကို ယောကျာ်းလေးက လေးစားသော်လည်း တုံးအသော မိန်းကလေးမျိုးမှာမှု ယောကျာ်းလေးအတွက် ဆူးညှောင့်ခလုတ် တစ်ခုလိုပင်။ ယခုခေတ် မိန်းကလေးများသည် မိမိကိုယ်ကို ထက်မြက်မှု အပြည့်အ၀နှင့် ယုံကြည်မှု ရှိနေသင့်သည်။ သူတစ်ပါးကြင်နာလာအောင် တုံးအ ဟန်ဆောင် မနေသင့်ပေ။ တုံးအတိုင်း အပြစ်မဲ့သည် မဟုတ်။ တုံးအလျှင် ဖယ်ထုတ်ခြင်းခံရမည်မှာ ဧကန်မလွဲပင်။


(၈) ငွေသုံးကြမ်းသောမိန်းမ
Shopping Mechine ကဲ့သို့သော မိန်းကလေးမျိုးမှာ လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ ပစ္စည်းအ၀ယ်ကြမ်းသော သူဖြစ်သည်။ ယောကျာ်းလေး အနည်းစုမှာ ထိုမိန်းကလေးမျိုးနှင့် ကြုံရန် မကြောက်ကြသော်လည်း အကောင်းမြင် အမြင့်ကြိုက်သော သူမအတွက် မိမိအိတ်ထဲမှ ငွေများ အလာဟသ စီး
ဆင်းကုန်မည်ကို ကြောက်တတ်ကြသည်။ ဥစ္စာ ပစ္စည်းထဲတွင်သာ နစ်မျှောနေတတ်သော မိန်းကလေးမျိုးသည် အများအားဖြင့် စိတ်သဘောထား သေးသိမ်တတ်သည်။ တစ်ကိုယ်ကောင်း ဆန်တတ်သည်။ စိတ်တိမ်းညွတ် လွယ်သည်။ လိုချင်သော ပစ္စည်းရရန် မိမိကိုယ်ကို သစ္စာဖောက်ခြင်း၊ တန်ဖိုးမထားခြင်းများဖြင့် ရမ္မက်အိုင်ထဲတွင် နစ်နေတတ်ကြသည်။ မြင်သမျှ ၀ယ်ယူတတ်သော မိန်းကလေးမျိုးနှင့် ဈေးသွားလည်ဖူးသော ယောကျာ်းလေးများမှာ ရင်ထဲတွင်နာကျင် နှမြောသမျှကို ဖုံးကွယ်ရင်း ဒုတိယအကြိမ် သွားရမည်ကို ခေါင်းခါကြမည်ပင်။

(၉) လမ်းခွဲစကားပြောလွယ်သောမိန်းမ
ဘာမဟုတ်သော ကိစ္စလေးတခုဖြင့် လမ်းခွဲဖို့ပြောတတ်သော ထိုမိန်းကလေးမျိုးသည် တကယ့်ခွါရခက်သော မိန်းကလေးမျိုးဖြစ်သည်။ လမ်းခွဲကြစို့ဟု အမြဲပြောတတ်သည်မှာ သူမ၏ အကျင့်တစ်ခုလို ဖြစ်နေသည်။ တကယ်တမ်း ယောကျာ်းလေးဘက်က လမ်းခွဲတော့မည်ဆိုလျှင် ငိုယိုပြီး လက်မခံတော့။ လမ်းခွဲစကားပြောခြင်းသည် အခံရခက်သော ဝေဒနာတစ်ခု ဖြစ်သည်။ ပြောသူက အကျင့်တစ်ခု အနေဖြင့် ပြောသော်လည်း ခံရသူမှာ တစ်ခါပြောတိုင်း တစ်ခါ အသဲနင့်အောင် ခံစားရတတ်သည်။ နှလုံးသားတွင် အမာရွတ်အထုံး များကျန်နေခဲ့တတ်သည်။ တကယ့် လမ်းခွဲတော့မည်ဆိုလျှင် တစ်ကြိမ်ထဲဆုံးဖြတ် တစ်ခါထဲ လမ်းစဖျောက်လိုက်တာက ခံရပိုသက်သာဦးမည်။ လမ်းခွဲစကားဖြင့် တစ်ဖက်သားကို ခြိမ်းခြောက်နေသောသူသည် နုံအသောသူသာလျှင်ဖြစ်သည်။

(၁၀) ချွဲနွဲ့လွန်သောမိန်းမ
မိန်းကလေးတိုင်းချွဲနွဲ့တတ်သည်မှာ သဘာဝပင်ဖြစ်သည်။ သို့သော် အချွဲနွဲ့လွန် မိန်းကလေးများမှာ လူအမြင်ကပ်စရာဖြစ်သည်။ ထိုမိန်းကလေးမျိုးသည် အမြဲတမ်း အချော့ခံချင်၊ လူတွေဂရုစိုက်နေတာကို ခံချင်နေသော မိန်းကလေးမျိုးဖြစ်သည်။ လူရှေ့တွင် စကားပြောလျှင် နုတ်ခမ်းလေး ဟချင် မဟချင်နှင့်(ခေတ်စ
ကားနှင့်ပြောရလျှင် ဘဲများလွန်းနေခြင်းဖြစ်သည်) လူကွယ်ရာတွင်မှု ဆန့်ကျင်ဖက် ဖြစ်နေတတ်သည်။ ယခုခေတ် မိန်းကလေးများသည် တဖက်သား သနားကြင်နာလာအောင် ညုာတာလာအောင် ဟန်ဆောင်ချွဲနွဲ့ပြီး အားနွဲ့ မနေသင့်တော့ပေ။ ယောကျာ်းလေးတွေနှင့် တန်းတူ မဟုတ်တောင် ယောကျာ်းလေးနီးနီး လုပ်နိုင်ကိုင်နိုင်စွမ်း ရှိကြောင်းကို ပြသင့်သောအချိန်ပင်ဖြစ်သည်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Read More...

အသင့်တော်ဆုံးချစ်သူ


အချစ်မှာ ပုံသေနည်းမရှိဘူး! အချစ်အတွက် ဖွင့်ဆိုထားတဲ့ အချက်အလက်ကောင်းတိုင်းက လူတိုင်းနဲ့ သင့်တော်ချင်မှ သင့်တော်လိမ့်မယ်။ ကောင်းတယ်လို့ ကိုယ်ထင်ထားတဲ့အချစ်ကို တစ်ခြားလူကြိုက်ချစ်မှ ကြိုက်မယ်။ မကောင်းဘူးလို့ ကိုယ်ထင်ထားတဲ့ အချစ်က တစ်ခြားလူရဲ့ မျက်စိထဲမှာ လုံးဝကောင်းတယ်လို့ ထင်နေကြမယ်။ အချစ်မှာ အကောင်းဆုံးဆိုတာ မရှိဘူး။ အသင့်တော်ဆုံး ဆိုတာပဲရှိတယ်။

ဥပမာ (၁)

ရည်ရွယ်ချက်ကြီးကြီးမားမား မရှိတဲ့ မောင်မောင်က ကိုယ်ပိုင်အိမ်လေးတစ်လုံး၊ တည်ငြိမ်တဲ့ ဘဝနဲ့ မိသားစုတစ်ခုကို ပိုင်ဆိုင်ချင်မိတယ်။ သူလိုချင်တဲ့ ဘဝမျိုးကို လွယ်လွယ်ကူကူ မရနိုင်ဘူးဆိုတာ မောင်မောင်သိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်ပင်ပင်ပန်းပန်း လုပ်ရတာကို မောင်မောင်မကြိုက်လို့ပဲ။ အလုပ်စောစောဆင်း၊ ကိုယ်တိုင် ချက်ပြုတ်စားသောက်၊ အဝတ်လျှော်ဖို့ကလွဲပြီး လက်ရှိအလုပ်ထက် ပိုကောင်းတဲ့အလုပ်ကို မောင်မောင် မရှာချင်ခဲ့ဘူး။

ကျောင်းနေဖက် သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် အရာရှိတွေ ဖြစ်ကုန်ကြပေမယ့် မောင်မောင်က သာမန် ဝန်ထမ်းအဆင့်ကနေ မတက်ခဲ့ဘူး။ မောင်မောင့်ချစ်သူ ဝေဝေတစ်ယောက် မာစတာအောင်ပြီး နိုင်ငံခြားကုမ္ပဏီတစ်ခုမှာ အလုပ်ရတဲ့အချိန် သူတို့အချစ်ရေးကို လူတွေက ထင်ကြေးအမျိုးမျိုး ပေးခဲ့ကြတယ်။ ဒါပေမယ့် မောင်မောင်ကို ဝေဝေမထားခဲ့ဘူး။ ဝေဝေလခတွေ တိုးပြီး ကုမ္ပဏီက ဒါရိုက်တာရာထူး ခန့်အပ်ခံလိုက်ရတဲ့အခါ လူတွေက အဆင့်အတန်းမတူတဲ့ မောင်မောင်တို့ရဲ့အချစ်ရေးကို လုံးဝဆုံးခန်းတိုင်ပြီလို့ ထင်ကြေးပေးကြပြန်တယ်။ ဒါပေမယ့် မောင်မောင်ကို ဝေဝေလက်ထပ်လိုက်တယ်။

လက်ထပ်ပြီးနောက် ဝေဝေ နိုင်ငံခြားမှာ အလုပ်သွားလုပ်ခဲ့တယ်။ ၂ နှစ်နေပြီးနောက် ကလေးတစ်ယောက် မွေးဖွားခဲ့တယ်။ မောင်မောင် အလုပ်ကထွက်ပြီး အိမ်မှာပဲ ကလေးထိန်းခဲ့တယ်။

မိတ်ဆွေတွေက မောင်မောင် အလုပ်ထွက်လိုက်တာကို စိုးရိမ်နေကြတယ်။ ကလေးကြီးလာပြီး ကိုယ်ပါအသက်အရွယ် ကြီးလာရင် အလုပ်ထပ်ရှာရခက်လိမ့်မယ် လို့လည်း ပြောကြတယ်။ မောင်မောင်က ကလေးတွေကြီးလာရင် မြေးတွေကို ထိန်းရဦးမယ်။ မိန်းမက ဒီလောက် ပိုက်ဆံအရှာတော်နေမှတော့ သူဘာအလုပ် ထပ်လုပ်စရာ လိုသလဲလို့ ပြောတယ်။

ဝေဝေရဲ့ သူငယ်ချင်းတွေကလည်း ဝေဝေကို "ကိုယ့်ဘေးမှာ လုံးဝပြီးပြည့်စုံတဲ့ လူတွေ ဝိုင်းဝိုင်းလည် နေရက်သားနဲ့ ဘာဖြစ်လို့ တကယ့်အသုံးမကျတဲ့သူကိုမှ ပိုချစ်ရတာလဲ" လို့ မေးတော့ ဝေဝေက "ကျွန်မ အလုပ်အရမ်းလုပ်ချင်တယ်။ မိသားစုလိုချင်တယ်၊ ကလေးလိုချင်တယ်။ ဒါကြောင့် အလုပ်မလုပ်တဲ့ ယောက်ျားတစ်ယောက်ကို လိုချင်တယ်။ ဒါမှ ကလေးတွေကို ကျွန်မအစား သူစောင့်ရှောက်မှ ကျွန်မစိတ်ချချ အလုပ်လုပ်နိုင်မှာ" လို့ ပြန်ဖြေခဲ့တယ်။

ဥပမာ (၂)

စုစုက သန့်ရှင်းမှုဆိုတာနဲ့ လုံးဝမပတ်သက်သူဖြစ်တယ်။

ထမင်းချက်ဖို့ မပြောနဲ့ အဝတ်လျှော်၊ တံမြက်စည်းတောင် မလှဲတတ်တဲ့သူဖြစ်တယ်။ ငယ်ငယ်ကနေ ကြီးလာတဲ့အထိ ကိုယ်ခြုံတဲ့ စောင်ကိုတောင် မခေါက်ဖူးတဲ့သူဖြစ်တယ်။ အခန်းထဲမှာရှိတဲ့ စုစုရဲ့ ပစ္စည်းတွေက အချိန်မရွေး ပြိုကျနိုင်လောက်အောင် ရှုတ်ထွေးတယ်။ သပ်သပ်ရပ်ရပ်နဲ့ သန့်ရှင်းအောင် စုစုလုပ်တတ်တဲ့ အလုပ်တစ်ခုက အလှပြင်တာပဲဖြစ်တယ်။ သူ့အိမ်ကို ရောက်ဖူးတဲ့ သူငယ်ချင်းတွေက စုစုကို လက်မြောက်သြချကြတယ်။ အင်္ကျီင်္တစ်ထည်ကို ရှုတ်ထွေးတဲ့ အခန်းထဲကနေ ရှာပြီး ကိုယ့်ကိုယ်လှလှပပ ဝတ်ဆင်နိုင်လို့ပါပဲ။

စုစုရဲ့အမေက စုစုကို အမြဲဆူတယ်။ ဒီလို အိမ်မှုကိစ္စမနိုင်၊ ညစ်ပတ်တဲ့စုစုကို ဘယ်သူ့မှ ယူမှာမဟုတ်ဘူးလို့ အမြဲပြောတယ်။ ချစ်သူရည်းစားရှိခဲ့ရင်လည်း စုစုအခန်းထဲ ရောက်တာနဲ့ လန့်ပြီး ထွက်ပြေးသွားနိုင်တယ်လို့လည်း ပြောတယ်။

ဒါပေမယ့် စုစု အိမ်ထောင်ကျခဲ့ပါတယ်။ စုစုယောက်ျားက စုစု မသန့်ရှင်းတဲ့အကြောင်းကို တစ်ခွန်းမှဟပြီး မဆူခဲ့ပါဘူး။ စုစုရဲ့ယောက်ျားက အနုပညာသည်ဖြစ်တယ်။ သူ့အတွက် စုစုက သူရဿတီ နတ်သမီး (MUSE goddess) ဖြစ်တယ်။ သူ့အတွက် စုစုထမင်းချက်၊ တံမြက်စည်း လှဲစရာမလိုဘူး။ အိမ်အပြည့် စုပုံထားတဲ့ သူ့အနုပညာပစ္စည်းတွေကို စုစုယောင်လို့တောင် မထိခဲ့ဖူးဘူး။ ရှုတ်ထွေးနေတဲ့ အခန်းက သူ့အတွက် အနုပညာဖြစ်ခဲ့တယ်။ တာကျိုးမလား ထင်ရလောက်တဲ့ အဝတ်ပုံကြားထဲကနေ မနက်စောစော နိုးထလာရတာကိုက သူ့အတွက် ရိုမန်တစ်ဆန်တယ်လို့ ထင်နေခဲ့တယ်။

အချစ်မှာ အကောင်းဆုံးဆိုတာ မရှိဘူး။ အသင့်တော်ဆုံး ဆိုတာပဲရှိတယ်။

တစ်ချို့က အသည်းကွဲသူတစ်ယောက်ကို နောက်တစ်ယောက် ပိုကောင်းလိမ့်မယ်။ သူ့ထက်ပိုကောင်းတဲ့ချစ်သူ တွေ့လိမ့်မယ်လို့ နှစ်သိမ့်ကြတယ်။ ဒါပေမယ့် ပိုကောင်းတယ်ဆိုတဲ့ သတ်မှတ်ချက်မှာ လူတိုင်းမတူညီခဲ့ကြဘူး။ လူတွေထင်တဲ့ ကိုယ်နဲ့အတွက် အကောင်းဆုံးချစ်သူက ကိုယ်လက်ထပ်ချင်တဲ့လူ ဖြစ်ချင်မှလည်း ဖြစ်လိမ့်မယ်။ ကိုယ်လိုအပ်တာက ကိုယ်နဲ့အသင့်တော်ဆုံးလူဖြစ်တယ်။

အဲဒီလိုပဲ ကိုယ့်ကို မချစ်တတ်တဲ့လူ၊ ချစ်သူကောင်း မပီသတဲ့လူလို့ တစ်ချို့က ပြောကြမယ်။ ဒါပေမယ့် ဒီလောကမှာ ကိုယ်နဲ့သင့်တော်မယ့် လူတစ်ယောက်ကတော့ ရှိနေပါတယ်။ ကိုယ့်ရဲ့အိမ်ရှေ့မင်းသား (မင်းသမီး) ကို ရှာမတွေ့လို့ စိတ်ပျက်မနေကြပါနဲ့... တစ်နေ့နေ့မှာ မင်းသား (မင်းသမီး)က ကိုယ့်ကို လာကယ်တင်ပါလိမ့်မယ်။ အဲဒီအချိန်ကျရင် ဘဝကို ကောင်းကောင်းတန်ဖိုးထားပြီး ချစ်လိုက်ပါ...

မူရင်း ရေးသားသူ ... 董籬 (Dong Lei) "絕配戀人"

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Read More...

မေတ္တာစစ်နဲ့ ချစ်တဲ့သူ


မူရင်း ... ဂျပန်စာရေးဆရာ Jirō_Akagawa (赤川次郎) February 29, 1948

ညနက်သန်းခေါင်ယံအချိန် မြို့ပြင်က တံတားပေါ်မှာ လူသူကင်းရှင်းနေတယ်။ ရုတ်တရက် အဝေးက အမှောင်ထုထဲမှာ အမျိုးသမီးတစ်ဦးရဲ့ သဏ္ဍာန်တစ်ခု မှုန်ဝါးဝါး ထွက်ပေါ်လာခဲ့တယ်။ အမျိုးသမီးရဲ့ နာမည်က မလင်းကြည်ဖြစ်တယ်။ မလင်းကြည်က အထုပ်တစ်ထုပ်ကို ရင်ခွင်ထဲ ခပ်တင်းတင်းပွေ့ပြီး တံတားဘက်ကို အလျှင်စလို လှမ်းလာနေတယ်။

တံတားပေါ်ရောက်တာနဲ့ ခြေအစုံကိုရပ်ပြီး တံတားအောက်က ရေစီးသန်တဲ့ ချောင်းကို မလင်းကြည် ငုံ့ကြည့်လိုက်တယ်။ အဲဒီနောက် ရင်ခွင်ထဲက အထုပ်ကို ချောင်းထဲ အလျှင်အမြန် ပစ်ချလိုက်တယ်။ အထုပ်ထဲမှာ လူမသိနိုင်တဲ့ လျှို့ဝှက်ချက်တွေပါတယ်။ ဘာအကြောင်းပဲဖြစ်ဖြစ် ဒီလျှို့ဝှက်ချက်ကို ခင်ပွန်းကိုထွန်းဘို အသိခံလို့ မဖြစ်ဘူးဆိုတာ မလင်းကြည်နားလည်တယ်။

အထုပ်ကိုပစ်ပြီး အိမ်ဘက်ကို မလင်းကြည် ခြေကုန်သုတ်သင် ပြန်လာခဲ့တယ်။ မနက်မှာ ခင်ပွန်းနဲ့ သမီးအတွက် မနက်စာပြင်ပေးဖို့ မလင်းကြည် အစောကြီးထရဦးမယ်။ အိမ်ရောက်တော့ နောက်ဖေးတံခါးကို မလင်းကြည် အသာလေးဖွင့်လိုက်တယ်။ မီးဖိုချောင်ကို ဖြတ်ပြီး အိပ်ခန်းထဲ မလင်းကြည် ခိုးအဝင်မှာ အိပ်ခန်းဝမှာ ရပ်နေတဲ့ ကိုထွန်းဘိုကို တွေ့လိုက်တယ်။


"မင်း ဘယ်သွားတာလဲ? " ခက်ထန်တဲ့ မျက်နှာနဲ့ ကိုထွန်းဘိုက မေးတယ်။

ရုတ်တရက်မို့ မလင်းကြည်ဆီက ဘာသံမှ ထွက်မလာခဲ့ဘူး။

"လူအမြင်ခံလို့ မရတဲ့အရာ သွားပစ်တာ မဟုတ်လား"

ကြည့်ရတာ မလင်းကြည်ရဲ့ အပြုအမှုကို ကိုထွန်းဘို ရိပ်မိဟန်တူတယ်။ မလင်းကြည်ရဲ့ မျက်နှာဖြူရော်သွားခဲ့တယ်။

"ဘာသွားပစ်တာလဲ.. ပြောစမ်း! "

"ကျွန်မကို ဘာသံသယဖြစ်နေတာလဲ? " မလင်းကြည် ခေါင်းခါရင်း ကိုထွန်းဘိုကို ပြန်မေးလိုက်တယ်။

"မင်းအစား ငါဖြေမယ်... မင်းပစ်လိုက်တဲ့ အရာက မင်းကိုကြိုက်နေတဲ့ ဟိုအရာရှိရဲ့ စာတွေ မဟုတ်လား! " တကယ်ဒေါသထွက်နေတဲ့ ပုံနဲ့ ကိုထွန်းဘိုအော်တယ်။

မလင်းကြည် မျက်လုံးပြူးသွားမိတယ်။ တစ်ခုခုပြောဖို့ ပါးစပ်လှုပ်သွားပေမယ့် မလင်းကြည်ခေါင်းငုံ့ပြီး အကြည့်ကို ခြေဖျားဖက် ရွေ့ထားလိုက်တယ်။ မလင်းကြည် နုတ်ဆိတ်နေခဲ့တယ်။

"မင်းတကယ်ပဲ အဲကောင်နဲ့ဖြစ်နေပြီ မဟုတ်လား! "

ကိုထွန်းဘိုရဲ့ အော်သံနဲ့တစ်ဆက်တည်းမှာပဲ "ဖြန်း" ဆိုတဲ့ ပါးရိုက်သံက ရှေ့ဆင့်နောက်ဆင့် ထွက်လာခဲ့တယ်။ မျက်စိတွေပြာ၊ ခေါင်းပါမူးနောက်ပြီး ကုတင်ပေါ် မလင်းကြည် ပုံကျသွားခဲ့တယ်။ အားခဲပြီး မလင်းကြည် ကိုယ်ကိုထူမတ်လိုက်တယ်။ ခေါင်းမော့်ကြည့်တော့ ကိုထွန်းဘိုရဲ့ အရိပ်အယောင်ကို မတွေ့ရတော့ဘူး။ ကုတင်ဘေးမှာ ရပ်နေတဲ့ သမီးကို မလင်းကြည် တွေ့လိုက်မိတယ်။ ကြောက်ရွံ့ခြင်း၊ တွေဝေခြင်းတွေက သမီးမျက်နှာပေါ်မှာ ထင်ဟပ်လို့နေတယ်။

"ကျွန်မက ဘယ်သူ့သမီးလဲ? အဖေ့သမီးလား? ဟိုအရာရှိသမီးလား? "

ရုတ်တရက် သမီးက မလင်းကြည်ကို မေးလိုက်တယ်။ မလင်းကြည် တုန်လှုပ်သွားမိတယ်။ ပြီးမှ တအံ့တသြ...

"ဘာဖြစ်လို့ ဒီလိုမေးရတာလဲ သမီး? "

"ကျွန်မ သိချင်တယ်"

မလင်းကြည် အတန်ကြာ နုတ်ဆိတ်သွားမိတယ်။ ညလေးညှင်းက အဖြူရောင်ပြောင်းစ သူ့ဆံနွယ်ကို ဆော့ကစားနေတယ်။ အချိန်ကြာမှ မလင်းကြည်က သမီးကို "ကောင်းပြီသမီး... သမီးကို မေမေပြောပြမယ်။ သမီးတစ်ယောက်တည်းကိုပဲ မေမေ ပြောပြတာနော်....."

"သမီးဖေဖေမှာ မေမေနဲ့လက်မထပ်ခင် ချစ်သူတစ်ယောက်ရှိခဲ့တယ်။ မကြင်မေ.. လို့ခေါ်တယ်"

မလင်းကြည်နဲ့ မကြင်မေက ကျောင်းနေဖက်တွေဖြစ်တယ်။ အလယ်တန်းမှာ သူတို့က ကိုထွန်းဘိုအောက် တစ်တန်းငယ်သူတွေဖြစ်တယ်။ အဲဒီအချိန်တုန်းက သူငယ်ချင်းကောင်းတွေဖြစ်ကြတဲ့ မလင်းကြည်နဲ့ မကြင်မေက ကိုထွန်းဘိုကို တစ်ဖက်သတ် တိတ်တခိုး စွဲလမ်းနေကြတယ်။ ကိုယ်နှစ်သက်သူကို မိန်းကလေးဘက်က စပြီး မဖွင့်ပြောသင့်တဲ့ ခေတ်မှာ ကြီးပြင်းခဲ့တဲ့ သူတို့နှစ်ယောက်အတွက် ဒီကိစ္စကို ရေငုံ့နေတာကလွဲလို့ "ရည်းစားလုဖက်တွေ" မဖြစ်ခဲ့ကြဘူး။

မလင်းကြည်က အတော်အသင့် ချမ်းသာတဲ့ မိသားစုက မွေးဖွားခဲ့တယ်။ မကြင်မေက ဖတဆိုးဖြစ်ပြီး မုဆိုးမမိခင်နဲ့ ဘဝကို ဆင်းဆင်းရဲရဲ ဖြစ်ကျော်ခဲ့ရတယ်။ မလင်းကြည်ကိုယ်ပေါ်က အဝတ်အစား လှလှလေးတွေကို မကြင်မေ မဝတ်နိုင်ခဲ့ဘူး။ မလင်းကြည်လို မပျော်ပါးနိုင်ခဲ့ဘူး။ ဒါပေမယ့် မကြင်မေလို လှပတဲ့ရုပ်ရည်၊ နူးညံ့သိမ်မွေ့မှုတွေ သူ့မှာမရှိဘူးဆိုတာ မလင်းကြည်သိတယ်။

တစ်ခုသော ပူပြင်းတဲ့ နွေကျောင်းပိတ်ရက်မှာ ပြဿနာတစ်ခု စခဲ့တယ်။ အဲဒီနေ့က မလင်းကြည်တို့အိမ်ကို မကြင်မေ ရုတ်တရက်ရောက်လာခဲ့တယ်။ ကိုထွန်းဘိုလည်း တိုက်တိုက်ဆိုင်ဆိုင် မလင်းကြည်တို့အိမ်မှာ ရှိနေခဲ့တယ်။ မကြင်မေရဲ့ နောက်မှာ မျက်နှာထား ခပ်တင်းတင်းနဲ့ လူကြီးတစ်ယောက် လိုက်ပါလာတယ်။ အဲဒီလူက မကြင်မေအမေ အလုပ်လုပ်တဲ့ သူဌေးအိမ်က လူယုံဖြစ်တယ်။

"အဲဒီကောင်မကို ထွက်လာခိုင်းစမ်း!"

လူယုံက တစ်ဖက်ကအော်ရင်း တစ်ဖက်က အိမ်ကြီးရှင်ရဲ့သမီး မှန်တင်ခုံပေါ် ချွတ်ထားတဲ့ပတ္တမြား ပျောက်ဆုံးသွားကြောင်း၊ အဲဒီအချိန်မှာ အမေကိုလာရှာတဲ့ မကြင်မေလည်း အိမ်ကြီးထဲရောက်နေကြောင်း၊ ဒါကြောင့် ပတ္တမြားကို မကြင်မေခိုးယူခဲ့ကြောင်း စွပ်စွဲတော့တယ်။ အကူအညီမဲ့နေတဲ့ မကြင်မေရဲ့ မျက်ရည်ကိုမြင်တော့ ကိုထွန်းဘို မနေနိုင်တော့ဘူး။ မကြင်မေကို အိမ်ထဲဝင်စေပြီး အိမ်ရှေ့ကို ကိုထွန်းဘိုဒေါသတကြီး ထွက်ခဲ့တယ်။ လူယုံနဲ့ ကိုထွန်းဘို စကားများကြတော့တယ်။

မဟုတ်မခံတဲ့ ကိုထွန်းဘိုရဲ့ အပြုအမှုကြောင့် ထင်ပါတယ်... ကိုထွန်းဘိုနဲ့ စကားဆက်မများဘဲ လူယုံကြီး ထွက်သွားခဲ့တယ်။ မကြင်မေ ပတ္တမြားခိုးတာကို လက်ပူးလက်ကြပ် သက်သေနဲ့မိတာ မဟုတ်တဲ့အတွက် သူတို့လက်လျှော့ခဲ့တယ်။

သွေးဆုတ်နေတဲ့ မျက်နှာနဲ့ ခိုက်ခိုက်တုန်အောင် လန့်နေတဲ့ မကြင်မေရဲ့ လက်ကို ကိုထွန်းဘို ဆုတ်ကိုင်လိုက်မိတယ်....

ပတ္တမြားခိုးတဲ့ ကိစ္စက အဲဒီမှာတင် တစ်စခန်းမရပ်ခဲ့ဘူး။ မကြင်မေ ပတ္တမြားခိုးယူတဲ့ သတင်းက မြို့တစ်ခုလုံး ပြန့်နှံ့သွားခဲ့တယ်။ ကျောင်းပြန်ဖွင့်တော့ မကြင်မေကို ဘယ်ကျောင်းသားကမှ အဖက်မလုပ်ခဲ့ဘူး။ စကားမပြောခဲ့ဘူး။ အမေလည်း အလုပ်လက်မဲ့ ဖြစ်ခဲ့ရလို့ မကြင်မေတို့ ပိုကြပ်တည်းခဲ့ရတယ်။ ဒါပေမယ့် ကိုထွန်းဘိုက အဲဒီကိစ္စအပြီးမှာ မကြင်မေကို ချစ်သွားခဲ့မိတယ်။ ကိုထွန်းဘိုရဲ့ အချစ်က ကိုယ်ချင်းစာ၊ သနားတဲ့အချစ် မဟုတ်ဘူး။ ရင်ထဲ၊ အသဲထဲကနေ တကယ် နှစ်နှစ်ကာကာ ချစ်သွားမိတာဖြစ်တယ်။

မကြင်မေနဲ့ ကိုထွန်းဘို ချစ်သူတွေဖြစ်သွားကြတော့ မလင်းကြည်လည်း ကိုထွန်းဘိုအပေါ်ထားတဲ့ သူ့မေတ္တာကို ရင်ထဲမှာပဲ သိမ်းဆည်းထားလိုက်တော့တယ်။ မကြင်မေအပေါ် မလင်းကြည်ရဲ့ ဂရုစိုက်မှုတွေ ပေါ့မသွားခဲ့ဘူး။ အချစ်ကို ရင်ထဲမှာ သိုဝှက်ရင်း မကြင်မေတို့ရဲ့ ချစ်ခြင်းတွေ သာယာဖြောင့်ဖြူးစေဖို့ မလင်းကြည် ဆုတောင်းခဲ့တယ်။

ဒါပေမယ့် ကိုထွန်းဘိုဆိုတဲ့ ကျောင်းသားတစ်ယောက်ရဲ့ ချစ်ခြင်းတစ်ခုတည်းနဲ့ မကြင်မေတို့ သားအမိရဲ့ စားဝတ်နေရေးကို မဖြေရှင်းနိုင်ခဲ့ဘူး။ အဲဒီနှစ်ရဲ့ ဆောင်းဦးပေါက် ညနေခင်းတစ်ခုမှာ မကြင်မေတို့သားအမိ ချောင်းထဲခုန်ချပြီး အဆုံးစီရင်ခဲ့ကြတယ်။

"အဲဒီနောက်မှာ မေမေတို့အိမ်ကို သမီးရဲ့ဖေဖေ ရောက်လာခဲ့တယ်။ အဲဒီနောက် သမီးကို မေမေမွေးခဲ့တယ်.. သမီး"

မလင်းကြည် စကားကို ခဏရပ်ပြီး ဆက်ပြန်တယ်။

"ဒါပေမယ့် သမီးဖေဖေရဲ့စိတ်မှာ မကြင်မေကိုပဲ လွမ်းဆွတ်နေခဲ့တယ်။ မေမေက သူ့ဇနီး၊ မကြင်မေသာ သူ့ချစ်သူ.. မကြင်မေကိုပဲ သူချစ်ခဲ့တယ်...."

မလင်းကြည်ပြောတာကို နားထောင်ပြီး သမီး မသိမသာ သက်ပြင်းချမိတယ်။

"ဒီကိစ္စနဲ့ ချောင်းထဲ မေမေပစ်လိုက်တဲ့ အထုပ်နဲ့ ဘာများပတ်သက်နေလို့လဲ? "

"ဒီနေ့ မေမေ အိမ်သန့်ရှင်းရေးလုပ်တော့ မျက်နှာကြက်မှာ ထိုးထည့်ထားတဲ့ ပတ္တမြားတစ်လုံးကို တွေ့မိတယ်။ ကြည့်ရတာ.. အဲဒီတုန်းက သမီးဖေဖေ ဟိုလူယုံနဲ့ ရန်ထွက်အဖြစ်မှာ မကြင်မေ ခုံခုပြီး မျက်နှာကြက်ပေါ် ထိုးထည့်လိုက်ပုံရတယ်။ မေမေတွေ့ခဲ့လို့ ချောင်းထဲ တိတ်တိတ်လေးသွားပစ်လိုက်တာ သမီး"

"ဟာ.... ဟာ..... အဲဒီလိုလား မေမေ.." အသက်ပြန်ရှူသွင်းဖို့ သူမေ့နေခဲ့တယ်။

"ဒါဆို ဘာဖြစ်လို့ ဖေဖေ့ကို ပြောမပြတာလဲ"

သမီးအမေးကို မလင်းကြည် တစ်ချက်ပြုံးလိုက်မိတယ်။

"မကြင်မေရဲ့ အသေဆိုးက သမီးဖေဖေကို တော်တော်စိတ်ထိခိုက်စေခဲ့ပြီးပြီ။ သမီးဖေဖေရဲ့ စိတ်ထဲမှာ မကြင်မေဟာ ခြောက်ပြစ်ကင်းတဲ့ ချစ်သူတစ်ယောက်၊ တကယ်လို့ အဖြစ်မှန်ကို ပြောပြလိုက်ရင် သမီးဖေဖေ ဘာဖြစ်သွားနိုင်မလဲ.. သမီးတွေးကြည့်ပါ"

"မေမေ..."

မလင်းကြည်ကို သမီး ခပ်တင်းတင်း ပွေ့ဖက်လိုက်ပြီး "မေမေကသာ ဖေဖေ့ကို တကယ်ချစ်တဲ့သူဖြစ်တယ်" လို့ ပြောလိုက်တယ်။

သမီးရဲ့ ပွေ့ပိုက်မှုအောက်မှာ မလင်းကြည်ရဲ့မျက်နှာက ပန်းနုရောင်သမ်းလို့လေ.....

ပြီးပါပြီ

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

နာမည်တွေကို ဖတ်ရလွယ်အောင် ဂျပန်နာမည်ကနေ အနီးဆုံး အသံတူယူထားပါတယ်။
綾子 = လင်းကြည်
晶美 = ကြင်မေ
渡部 = ထွန်းဘို

Read More...

ကမ္ဘာ့အမျိုးသမီးများနေ့


စီးပွါးရေး၊ နိုင်ငံရေးနဲ့ လူမှုရေးစတဲ့ နယ်ပယ်ကနေ ကိုယ်ကျိုးစွန့်ပြီး အများအကျိုးသယ်ပိုးခဲ့တဲ့၊ အောင်မြင်မှုတွေ ရခဲ့တဲ့ အမျိုးသမီးများကို ဂုဏ်ပြုတဲ့အနေနဲ့ မတ်လ (၈)ရက်နေ့ကို ကမ္ဘာ့အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ခဲ့ကြတယ်။ တစ်ပြိုင်ထဲမှာပဲ ၁၉၁၁ ခုနှစ် အမေရိကန် နယူးယောက်မှာရှိတဲ့ တြိဂံအထည်စက်ရုံ (Triangle Shirtwaist Factory) မီးလောင်စဉ်က သေဆုံးခဲ့တဲ့ အမျိုးသမီးလုပ်သား ၁၄ဝဦးကို အောင်းမေ့တမ်းတတဲ့နေ့လည်း ဖြစ်တယ်။

ကမ္ဘာ့အမျိုးသမီးများနေ့ သတ်မှတ်ဖို့ အစီအစဉ်ကို ၂ဝရာစု နှစ်ဦးပိုင်းက စခဲ့တယ်လို့ သိရတယ်။ အဲဒီအချိန်တုန်းက အနောက်နိုင်ငံဟာ စက်မှုလက်မှုနိုင်ငံအဖြစ် အလျှင်အမြန် တိုးတက်နေတဲ့အချိန် ဖြစ်တယ်။ ပင်ပန်းလွန်းတဲ့အလုပ်နဲ့ လခနည်းမှုကြောင့် အလုပ်သမားတွေက ဆန္ဒအမျိုးမျိုးပြပြီး သပိတ်မှောက်ခဲ့ကြတယ်။ ၁၈၅၇ခုနှစ် မတ်လ (၈)ရက်နေ့မှာ အမေရိကန် နယူးယောက်မှာရှိတဲ့ အထည်စက်ရုံက အမျိုးသမီးလုပ်သားတွေ လမ်းပေါ်တက် သပိတ်မှောက်ခဲ့ကြတယ်။ သပိတ်မှောက် အမျိုးသမီးတွေကို စစ်အင်အားသုံးပြီး လူစုခွဲနိုင်ခဲ့ပေမယ့် သပိတ်မှောက်ပြီး ၂နှစ်အကြာ မတ်လမှာ ပထမဆုံးသော အလုပ်သမား အစည်းအရုံးကို စတင်ထူထောင်နိုင်ခဲ့တယ်။ အဲဒီနောက် နှစ်တွေကြာလာသည့်တိုင် နှစ်စဉ်နှစ်တိုင်း မတ်လ (၈)ရက်နေ့ရောက်တိုင်း ဆန္ဒပြမှုတွေ ရှိခဲ့ကြတယ်။ လူသိအများဆုံးက ၁၉ဝ၈ခုနှစ်မှာ အမျိုးသမီးလုပ်သား ၁၅ဝဝဝဦး နယူးယောက်လမ်းပေါ်ထွက်ပြီး အလုပ်ချိန်လျှော့ပြီး လခတိုးပေးဖို့ တောင်းဆိုတာပဲဖြစ်တယ်။

ကနဦးအစမှာ ၁၉ဝ၉ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကို ပထမဦးဆုံးသော အမျိုးသမီးနေ့အဖြစ် သတ်မှတ်ခဲ့ကြတယ်။ အမေရိကန် ဆိုရှယ်လစ်ပါတီက နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလရဲ့ နောက်ဆုံးပတ် တနင်္ဂနွေနေ့မှာ အထိမ်းအမှတ်ပွဲ ပြုလုပ်ရမယ်လို့ ကြေညာခဲ့တယ်။ ကြေညာချက်အတိုင်း အထိမ်းအမှတ်ပွဲကို ၁၉၁၃ ခုနှစ်အထိ နှစ်တိုင်းကျင်းပခဲ့ကြတယ်။ ၁၉၁၁ခုနှစ် မတ်လ (၁၉)ရက်မှာ သြစတေးယား၊ ဒိန်းမတ်၊ ဂျာမဏီနဲ့ ဆွီဒင်စတဲ့ နိုင်ငံတွေက လူပေါင်း ၁ဝသိန်းကျော်က ပျော်ပွဲရွှင်ပွဲ အမျိုးမျိုးနဲ့ ကမ္ဘာ့အမျိုးသမီးများနေ့ကို ဂုဏ်ပြုခဲ့ကြတယ်။ အဲဒီလိုကျင်းပပြီး ၆ရက်မြောက်တဲ့နေ့ မတ်လ (၂၅)ရက်နေ့မှာ နယူးယောက်မှာရှိတဲ့ တြိဂံအထည်စက်ရုံ မီးလောင်မှု ဖြစ်ပွါးခဲ့တယ်။ အမျိုးသမီး ၁၄ဝဦး မီးလောင်သေဆုံးခဲ့ရတယ်။ အများစုက အီတလီနဲ့ ဂျူးလူမျိုးတွေဖြစ်ကြတယ်။

ပထမကမ္ဘာစစ် မဖြစ်ပွါးမီ ၁၉၁၃ခုနှစ် မတ်လ (၈)ရက်နေ့မှာ ဥရောပမှာရှိတဲ့ အမျိုးသမီးထုတွေ လမ်းပေါ်တက် ဆန္ဒပြခဲ့ကြတယ်။ ငြိမ်းချမ်းသော စုစည်းမှုအဖြစ် စစ်ဖြစ်ပွါးမှုကို ဆန့်ကျင်ခဲ့ကြတာဖြစ်တယ်။

ကမ္ဘာ့အမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့ပွဲဟာ နောက်ပိုင်းမှာ ရုရှားတော်လှန်ရေးရဲ့ နိဒါန်းလည်း ဖြစ်ခဲ့သေးတယ်။ ၁၉၁၇ ခုနှစ် မတ်လ (၈)ရက်နေ့မှာ ရုရှားအမျိုးသမီးထုတွေ "Bread and peace" ပေါင်မုန့်နဲ့ငြိမ်းချမ်းရေး တောင်းဆိုမှုနဲ့ သပိတ်မှောက်ခဲ့ကြတယ်။ ၄ရက်မြောက်နေ့မှာ Czar ဘုရင်ကို ရာထူးက ဖယ်ရှားပစ်ပြီး ယာယီအစိုးရက အမျိုးသမီးတွေ မဲပေးပိုင်ခွင့်ရှိကြောင်းကို ထုတ်ပြန်ကြေညာလိုက်တယ်။ အောက်တိုဘာတော်လှန်ရေး အောင်မြင်ပြီးနောက် Bolshevik (Большевик) ရဲ့ အမျိုးသမီး လှုပ်ရှားသူ Alexandra Kollontai က မတ်လ (၈)ရက်နေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဆိုဗီယက် ပြည်ထောင်စု ခေတ်ကာလက "သူရဲကောင်း အမျိုးသမီးလုပ်သား" နေ့ကို နှစ်စဉ်နှစ်တိုင်း မတ်လ (၈)ရက်နေ့မှာ ကျင်းပခဲ့တယ်။ ဒါပေမယ့် လူထုတွေကြားမှာ အဲဒီအထိမ်းအမှတ်ပွဲဟာ နိုင်ငံရေးအငွေ့တွေ တဖြေးဖြေး ပျောက်ကွယ်လာပြီး အနောက်နိုင်ငံက ပြုလုပ်ကျင်းပတဲ့ "မိခင်များနေ့" နဲ့ "ချစ်သူများနေ့" တွေလို အမျိုးသမီးထုကို ချစ်ခင်လေးစားတဲ့ ဂုဏ်ပြုပွဲအဖြစ်သို့ ပြောင်းလာခဲ့တယ်။ ဒီနေ့ထိတိုင် မတ်လ (၈)ရက်နေ့ကို ရုံးပိတ်နေ့အဖြစ် ရုရှားတွေက သတ်မှတ်ခဲ့ကြတယ်။ အဲဒီနေ့ရောက်တိုင်း အမျိုးသားတွေက အမျိုးသမီးတွေကို ပန်း၊ လက်ဆောင်ပစ္စည်းတွေ ပေးကမ်းဂုဏ်ပြုကြတယ်။

၁၉၇၅ ခုနှစ် ကမ္ဘာ့အမျိုးသမီးများနေ့ကစပြီး ကုလသမဂ္ဂက နှစ်စဉ်နှစ်တိုင်း မတ်လ (၈)ရက်နေ့မှာ အထိမ်းအမှတ်ပွဲတွေနဲ့ ကမ္ဘာ့အမျိုးသမီးများနေ့ကို ဂုဏ်ပြုခဲ့တယ်။

http://zh.wikipedia.org/wiki

http://en.wikipedia.org/wiki/International_Women

အမျိုးသမီးများ အဖက်ဖက်မှာ လှပနိုင်ကြပါစေ...

နိုင်းနိုင်းစနေ


Read More...

Saturday, December 6, 2008


ကျွန်တော်ဟာ စပျစ်သီးတစ်လုံးနဲ့ တူတယ်

ကျွန်တော်ဟာ စပျစ်သီးတစ်လုံးနဲ့ တူတယ်။ ကျွန်တော့်ကို အခွံပါးပါးလေးနဲ့ပဲ ကာကွယ်ထားတယ်။

အထက်တန်းတက်နေတဲ့ မောင်ဝေယံမှာ မိဘနှစ်ပါး မရှိတော့ပါဘူး။ အကြောကျုံ့စပြုနေတဲ့ ဘယ်လက်တစ်ဖက်နဲ့ ညာလက်မရှိတော့တဲ့ မောင်ဝေယံမှာ ညီငယ်တစ်ယောက် ရှိပါသေးတယ်။ မောင်ဝေယံဟာ မသန်မစွမ်း ခန္ဓာကိုယ်နဲ့ အနေဆင်းရဲပေမယ့် ဘယ်တော့မှ မငြီးငြူခဲ့ဘူး။ ရပ်ကွက်၊ လူမှုရေး အဖွဲ့အစည်းတွေမှာလည်း တတ်အားသရွေ့ သူဝင်ကူလေ့ရှိတယ်။ ကျောင်းက သူ့အတွက် ပညာသင်စရိတ် ထောက်ပံ့ဖို့ ကြိုးစားခဲ့ပေမယ့် “ကျွန်တော် လှုပ်ရှားနိုင်သေးတယ်။ ကျွန်တော်ထက် ပိုလိုအပ်တဲ့ သူတွေကို ပေးလိုက်ပါ” လို့ သူငြင်းဆန်ခဲ့တယ်။

တစ်ခါက ကျောင်းမှာလုပ်တဲ့ မသန်မစွမ်း ဟောပြောပွဲမှာ မောင်ဝေယံလည်း ပါခဲ့တယ်။ သူ့ရဲ့ ဟောပြောချက်ကြောင့် ၁၈နှစ်သာရှိသေးတဲ့ မောင်ဝေယံရဲ့ နောက်ကွက်က ရင်နင့်စရာ ဇာတ်လမ်းကို လူတွေ သိခွင့်ခဲ့ရတယ်။ မောင်ဝေယံရဲ့ ညာလက်က သူငါးနှစ်သား အရွယ်မှာ မတော်တဆ ထိခိုက်မှုကြောင့် ကျိုးခဲ့ရတယ်။ အဲဒီအချိန်တုန်းက လျှပ်စစ်တံခါးမှာ ဆော့ကစားနေတဲ့သူ ရီမုကွန်ထရိုကို မှားပြီး နှိပ်မိရာက ညာဖက်လက်တစ်ခုလုံး ကျိုးသွားခဲ့ရခြင်းဖြစ်တယ်။ မြင့်မားတဲ့ ဆေးကုသစရိတ်က နဂိုဆင်းရဲတဲ့ သူတို့မိသားစုကို ဝန်ပိုစေခဲ့တယ်။ ကံကြမ္မာဆိုးက ဆင်းရဲသားတွေရဲ့နောက် ထပ်ကြပ်မခွာ လိုက်နေသလိုပဲ သူတို့မိသားစုရဲ့ တစ်ခုတည်းသော ငွေဝင်ပေါက်အဖေက ရုတ်တရက်ဖျားနာပြီး အိပ်ရာပေါ်မှာ လဲခဲ့တယ်။ အဲဒီအချိန်ကစလို့ အမေတစ်ယောက်တည်း နေ့နဲ့ည အလုပ်နှစ်ခုလုပ်ပြီး မိသားစုတာဝန်ကို ပုခုံးလွဲ ပြောင်းယူခဲ့ရတယ်။

နှစ်မကူးခင်မှာပဲ အဖေဆုံးသွားခဲ့ပါတယ်။ မကြာပါဘူး.. အမေလည်း ရောဂါရပြန်တယ်။ ရတဲ့ရောဂါက အူမကြီး ကင်ဆာဖြစ်တယ်။ ကံကြမ္မာက ခေါင်းတောင်မထောင်နိုင်တော့တဲ့ မောင်ဝေယံတို့ မိသားစုကို ထပ်သဖန် ထိုးနှက်ပြန်တယ်။ အမေရောဂါက နားနားနေနေနဲ့ အချိန်ယူကုသရမယ်လို့ ဆရာဝန်ကမှာခဲ့ပေမယ့် အမေနားမထောင်ခဲ့ဘူး။

အမေ့အစား အလုပ်ထွက်လုပ်ဖို့ မောင်ဝေယံ တောင်းဆိုခဲ့ပေမယ့် စာပဲကြိုးစားဖို့၊ ပညာတတ်ကြီးဖြစ်မှ အမေ့လို့ ကာယနဲ့ ပင်ပင်ပန်းပန်း ငွေမရှာဘဲ ဥာဏနဲ့ အသုံးပြုပြီး ငွေရှာဖို့ အမေက မှာတယ်။ ဘယ်လောက်ခက်ခဲတဲ့ ဘဝမျိုးကို ရင်ဆိုင်ရပါစေ ညီငယ်နဲ့အတူ ဖြတ်သန်းရှင်သန်ဖို့ ကြိုးစားရမယ်လို့လည်း အမေက မှာခဲ့တယ်။ အမေရဲ့ အမှာစကားတွေကြောင့် ဒီလောကမှာ အမေကြာကြာ နေရတော့မှာ မဟုတ်မှန်း သူနားလည်လိုက်တယ်။ တကယ်လည်း မကြာပါဘူး.. ဆေးရုံက အရေးတကြီး အကြောင်းကြားစာတစ်စောင်ကို သူရလိုက်တယ်။

ဆေးရုံကို ညီအစ်ကိုနှစ်ယောက်စလုံး ရောက်သွားချိန်မှာ အမေဘာကိုမှ မသိတော့ပါဘူး။ ဆရာဝန်က သူတို့ကို “အမေ” လို့ နောက်ဆုံးအကြိမ်ခေါ်ဖို့ ပြောခဲ့ပေမယ့် မောင်ဝေယံ မခေါ်ခဲ့ဘူး။ အမေ ဒီလောကဒုက္ခကနေ လွတ်မြောက်ပြီး ထာဝရ အနားယူနိုင်ပါစေလို့ပဲ သူဆုတောင်းခဲ့တယ်။

အမေဆုံးပြီးနောက် အမေနဲ့အတူ သမလွန်ခရီးကို လိုက်သွားဖို့ မောင်ဝေယံ အကြိမ်ကြိမ် စဉ်းစားခဲ့ဖူးတယ်။ ဒါပေမယ့် ကိုယ်ဟာ ဘယ်လောက်သေးငယ်ပြီး အသုံးမဝင်တဲ့ သဲတစ်ပွင့်ဖြစ်ပါစေ... သတ္တိရှိရှိနဲ့ လောကကြီးမှာ အသက်ရှင်နေထိုင်သွားမှ ကိုယ်မျှော်လင့်တာတွေ ဖြစ်လာနိုင်မယ်လို့ သူတွေးမိပြန်တယ်။ အဲဒီနောက် အားငယ်သိမ်ငယ်မှုတွေ ဖုံးနေတဲ့ စိတ်ဓာတ်ကို သူအရင်ပြုပြင်တယ်။ လူ့အဖွဲ့အစည်းတွေမှာ ပါဝင်ကူညီခဲ့တယ်။

အရင်တုန်းက သူ့ဘဝကိုသူ မုန်းခဲ့တဲ့ မောင်ဝေယံဟာ အခုတော့ အဖက်ဖက်က ထိုးနှက်လာတဲ့ ကံကြမ္မာဆိုးကို ကျေးဇူးတင်နေမိတယ်။ ထိုးနှက်ခံရတိုင်း ထရပ်နိုင်ဖို့ ခံနိုင်ရည်အားတွေ သူရခဲ့လို့ပါပဲ။ လူတိုင်းမှာ ကြီးပြင်း၊ ရှင်သန်လာခဲ့ရတဲ့ ပတ်ဝန်းကျင်တွေ မတူခဲ့ကြပါဘူး။ ဒါကြောင့် ကိုယ့်ရူထောင့်ကနေ သူတစ်ပါးကို မဝေဖန်၊ မဆုံးဖြတ်ဖို့ကို သူ သင်ယူခဲ့တယ်။

အဲဒီနောက် သူငယ်ချင်းဆိုတဲ့ ခင်မင်မှု၊ ကူညီမှုတွေက အသွားအပြန်ရှိကြောင်း သူနားလည်ခဲ့တယ်။ ကိုယ့်ရဲ့စိတ်ပြတင်းပေါက်ကို အရင်ဖွင့်မှ၊ သူတပါးကို အရင် ဂရုစိုက်မှ ကိုယ်လည်း ကောင်းတဲ့တုန့်ပြန့်မှုတွေ ပြန်ရမယ်ဆိုတာကို သူသိခဲ့တယ်။

မောင်ဝေယံက သူ့ဘဝမှာ ကျေးဇူးတင်ထိုက်၊ တင်သင့်တဲ့လူ အရမ်းများတဲ့အကြောင်း အထူးသဖြင့် ကျောင်းက ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေဖြစ်ကြောင်း ပြောခဲ့တယ်။

တစ်ခါက ဆရာမက ကျောင်းသားတွေကို ကိုယ့်ကိုယ်ကို တစ်ခုခုနဲ့နှိုင်းပြီး စာစီစာကုံး ရေးခိုင်းခဲ့တယ်။ မောင်ဝေယံက “ကျွန်တော်ဟာ စပျစ်သီးတစ်လုံးနဲ့ တူတယ်။ ကျွန်တော့်ကို အခွံပါးပါးလေးနဲ့ပဲ ကာကွယ်ထားတယ်” လို့ ရေးခဲ့တယ်။

မောင်ဝေယံက သူ့ကိုယ်သူ “အသိဥာဏ် ရင့်ကျက်ပြီး စိတ်ရိုးသားတဲ့လူ ဖြစ်ချင်ကြောင်း၊ တက္ကသိုလ်တစ်ခု တက်ပြီး ဘွဲ့ရတဲ့အထိ ပညာသင်ချင်ကြောင်း၊ ကျောင်းသားတွေအတွက် ဆရာကောင်းတစ်ဦး ဖြစ်ချင်ကြောင်း ပြောသွားခဲ့တယ်။

ဆင်းရဲတွင်းထဲမှာ ကျင့်သားရနေတဲ့ မောင်ဝေယံဟာ အရာရာကို ရောင့်ရဲတတ်ခဲ့တယ်။ သူစိတ်မချဆုံးက သူ့ညီငယ်ဖြစ်တယ်။ “ညီလေးက ကျွန်တော်ထက် စာပိုတော်ပြီး သန်မာတယ်။ ဒါပေမယ့် ကျွန်တော့်ကြောင့် သူကျောင်းဆက် မတက်ခဲ့ဘူး”

ကျောင်းက ဆရာ၊ ဆရာမတွေ ပူးပေါင်းပြီး မောင်ဝေယံအတွက် အသုံးအဆောင်နဲ့ စာအုပ်ဖိုးတွေ ရအောင် လစဉ်ငွေ စုဆောင်းခဲ့တယ်။ မောင်ဝေယံရဲ့ ဇာတ်လမ်းကို ကြားသိခဲ့ကြတဲ့ ကျောင်းသားတွေလည်း သူ့အတွက် ငွေလှူဒါန်းကြတယ်။ ဒီ့အတွက် မောင်ဝေယံက ဆရာကောင်းတစ်ဦးဖြစ်အောင် ကျွန်တော်စာတွေ ပိုကြိုးစားပြီး ကျေးဇူးဆပ်မယ်လို့ ပြောခဲ့ပါတယ်။

ဖတ်မိတဲ့ အဖြစ်မှန်တစ်ခုကို နာမည်ပြောင်းပြီး ရေးသားထားပါတယ်။


နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Read More...

Saturday, August 9, 2008

လူလတ်ပိုင်း အမျိုးသားများ ဥ အလွန်ကျွံ မစားသင်.



အမေရိကန် သုတေသန အဖွဲ.၏ စမ်းသပ်ချက် အရ လူလတ်ပိုင်း အမျိုးသား များ အနေနဲ. တပတ်ကို ဥ (ကြက်ဥ၊ ဘဲဥ) ၇ လုံးနှင်. အထက် စားခြင်း ဟာ လူ.ဘ၀ သက်တမ်းကို တို စေတယ်လို. အဆိုပြုခဲ.ပါတယ်။
ဆီးချိုရောဂါ ရှိသော အမျိုးသားများဆိုရင် ပိုပြီး တော. အကျိုးသက်ရောက်မူပိုမြန်ပါတယ်။

ဆီးချိုမရှိသော အမျိုးသားအများ အနေနဲ. တပတ်အတွင်း ဥ ၆ လုံး ထက်ပိုမစားသင်.ပါဘူး။ ဒီထက်ပို စားသုံးပါက အနှစ် ၂၀ အတွင်း ရုတ်တ၇က် သေဆုံးမူ ၂၃% ထိ မြင်.တက်သွားနိုင်ပါတယ်။ အဓိကဖြစ်စေ တတ်တဲ. ရောဂါတွေ ကတော. နှလုံးခုန်မြန် စေတာပါပဲ။ ဥများ တွင် ကိုလက်စထရော အပြည်.အ၀ ပါဝင်သောကြောင်. စားသုံးပြီးပါက ခန္ဒာကိုယ်တွင်းရှိ သွေးလွတ်ကြောများကို ပိတ်ဆို.စေတဲ. အတွက် နှလုံးရောဂါ ဖြစ်ဖို. အခွင်.အလမ်းအများကြီး ရှိပါတယ်။
ဒါကြောင်. လူလတ်ပိုင်း အမျိုးသား ဥကြိုက်သူများ ဟာ အနှစ် ၂၀ အတွင်း ရုတ်တရက် နှလုံးရောဂါ ဖြင်.သေဆုံးနိုင်ပါတယ်။ ဒါ.အပြင် အလွန်ကျွံ စား ခြင်းဖြင်. အရွယ်မတိုင်ခင် အိုမင်းလာခြင်း၊ ၀ လာခြင်း တို.လဲဖြစ်စေပါတယ်။

copy from www.royal-myanmar.com


Read More...

နှလုံးရောဂါ နှင်. အိမ်မွေးကြောင်



University of Minnesota’s Stoke Researce မှ အကြံပြုချက်အရ ကြောင်မွေးခြင်းအားဖြင်. ကြောင်ပိုင်အား နှလုံး ရောဂါဖြစ်ပွားမူ ရာခိုင်နုန်း လျှော.နည်း နိုင်ကြောင်း ထုပ်ဖေါ်ပြောကြားခဲ.ပါတယ်။
အသက် ၃၀ မှ ၇၅ နှစ်ကြား လူပေါင်း ၄၄၃၅ ယောက် နဲ. လက်တွေ. စမ်းသပ် ခဲ.ရာမှာ ကြောင်ပိုင်ရှင်များတွင် နှလုံးရောဂါ ဖြစ်ပွားမူ နူန်း မှာ ကြောင်မမွေးသူများနှင်. နိုင်းယှဉ်လျှင် ၄၀ ရာခိုင်းနူန်းလျှော.နည်းနေကြောင်း နဲ. နှလုံးရောဂါနှင်. ပတ်သက်ပြီး ရုတ်တရက်သေဆုံးမူ ရခိုင်နူန်း ၃၀ လျှော. နည်းနေကြောင်.တွေ.ရှိခဲ.ပါတယ်။
Researcher တွေရဲ. ပြောကြားချက်အရ အိမ်မွေးကြောင်းများသည် ငှင်းတို. ပိုင်ရှင်၏ နှလုံးရောဂါ ၏ အရင်းအမြစ်များဖြစ်သော စိတ်ဖိစီးမူးများ ၊ ပူပင်သောက များမှ လျှော.ပါးစေသည်ဟုဆိုပါတယ်။


copy from www.royal-myanmar.com


Read More...

သင် သိပ်မစားဖြစ်တဲ. အကောင်းဆုံး အစားအစာ များ




သိသူ ဖော်စား မသိသူကျော်သွား ဆို သလိုပဲ တချို.သော အစားအစာများ မှ လူ. ကျန်းမာရေး အတွက် အင်မတန်မူ အကျိုးပြုသော်လည်း ပဲ အိမ်ရှင်မတွေရဲ. ဈေးခြင်းတောင်းတွေ မှာ ၀ယ်လာတာ သိပ် မတွေ. ရပါဘူး။ ထိုအစား အစာ တွေ ကတော.

၁။ မုန်လာဥနီ
မုန်လာဥ နီ ဟာ အခြားသော အသီးအရွက်များ နှင်. နိုင်းယှဉ်လျှင် လျှင် အနည်းငယ် ချို ပါတယ်။ ဘာကြောင်. ကျန်းမာရေး နဲ. ညီညွတ်လဲ ဆိုတော. အနီေ၇ာင် သန်းတဲ. သစ်သီးများ ဟာ အများသောအားဖြင်. သွေးတိုး ခြင်းကို ကာကွယ်သောကြောင်. သွေးလွတ်ကြော၊ ပျက်စီးမူ ပမာ ဏ ကို နည်းပါးစေပါတယ်။ သွေးတိုးခြင်းရဲ. အကျိုးဆက်ဖြစ်တဲ. နှလုံးရောဂါ ဖြစ်ပွား မူကို ပါ တားဆီးပေးနိုင်တယ်လေ။ မုန်လာဥနီရဲ. သဘာဝ အနီရောင် ဟာ ကင်ဆာ ရော ဂါ ဖြစ်ပွား မူကို အပြင်းထန် တားဆီးနိုင်ကြောင်း ကြွက်များဖြင်. ဓါတ်ခွဲ ခန်းတွင် စမ်းသပ်ချက်များ က သက်သေထူခဲ.သည်။
၂။ ဂေါ်ဖီထုပ်
အနောက်တိုင်း နိုင်ငံတွေ စားလေ. မရှိကျပေမဲ. အာရှတိုက်ကလူတွေက တော. စားလေ.ရှိပါတယ်။ ဂေါ်ဖီတထုပ် လေး မှာ တင် ၂၂ ကယ်လိုရီပါဝင်တယ်လေ။ ကိုယ်တွင်းဆဲလ်များ ပျက် ဆီးခြင်း ကို ကာကွယ်ပေးပြီး ကင်ဆာဖြစ်ပွားမူ နူန်း လဲ ကျဆင်းစေပါတယ်။
၃။ မာလကာသီး
သိပ် လူကြိုက်မများ တဲ. သစ်သီး ဖြစ်ပါတယ်။ သူဟာလဲ ခရမ်းချဉ်သီးတို. ဖရဲသီးတို.ထက် ခန္ဒာကိုယ် အတွက် များစွား အကျိုးပြုပါတယ်။ အသီး တသီးမှာတင် ၆၈၈ မီလီဂရမ် ရှိတဲ. ပိုတက်စီယံ ကိုရရှိစေပြီး ငှက်ပျော်သီး ၁ ခု မှာ ပါဝင် တဲ. ပိုတက်စီယံ ထက် ၆၃ ရာခိုင်နူန်းပိုပါတယ်။ နောက်ပြီး လူခန္ဒာကိုယ် အတွက် အကျိုးပြု စေသော Fiber ကိုပါ ရ၇ှိစေပါတယ်။

ကျန်းမာ ချမ်းသာပါစေ။

copy from www.royal-myanmar.com


Read More...

Mouth Ulcers



နိုင်ငံရပ်ခြား မှာနေထိုင်တဲ. မြန်မာတွေ အများစု အနေနဲ. စိတ်ဖိစီးလို.ပဲဖြစ်ဖြစ် ပင်ပန်းနွမ်းနယ်လို.ပဲ ဖြစ်ဖြစ် ကြုံတွေ.ရတက်တဲ. အနာ တစ်မျိုးပါ။ မြန်မာအခေါ် မှာတော. အပူပေါက်တယ်ပေါ.။ အဲ.ဒါ တော်တော်ဆိုးတာနော် အစားစားတိုင်း အရည်သောက်တိုင်း နာနေတာ။ ထို အနာ က နူတ်ခမ်းအောက် ဒါမှ မဟုတ် သွားဖုံးအောက်မှာ ပေါက်တက်ပါတယ်။ ၁ ခုထက်မက ပေါက်တက်ပါတယ်။ အနာပေါက်ရတဲ. အကြောင်းအရင်းတွေ ကတော.

၁။ ဗီတာမင် C ၊သံဓါတ် နဲ. ဗီတာမင် B12 လိုအပ်ခြင်း
၂။ ခံတွင်း သန်.ရှင်းများ မရှိခြင်း
၃။ ဟိုမုန်း အပြောင်းလဲ ဖြစ်ခြင်း၊ ဓမ္မတာ ပေါ်ခြင်း
၎။ Stress များ ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း
၅။ ဓါတုဗေဓ ပါဝင်သော အစားအသောက် စားသုံးမိခြင်း
တို.ကြောင်. ဖြစ်တက်ပြီး ၇ ရက် ကနေ ၁၀ အထိ ကြာအောင်နာကျင်နေတက်ပါတယ်။
အဲ.ဒီထက်ကြာလို.မှ မပျောက်ရင်တော. ဆ၇ာဝန် နဲ. တိုင်ပင်ဆွေးနွေးသင်.ပါတယ်။
ကိုယ်တိုင်ကုသနည်များ ကိုဖော်ပြ ပေးလိုက်ပါတယ်။ သင်.အဆင်ပြေတဲ.နည်းနဲ. ကုပေါ.။
၁။ ဆားရည်ဖြင်. ပလုပ်ကျင်းပါ။
၂၊ အုန်းနို. ဖြင်. ပလုပ်ကျင်းပါ။
၃။ ရေနွေး နဲ. ရေအေး တလှည်.စီပြောင်းပြီး ပလုပ်ကျင်းပါ။
၎။ ဆနွင်းနဲ. အလှဆီ အရောအနှေ ကို အနာပေါ အုပ်ထားပေးပါ။
၅။ အုန်းဆီ ကို အနာပေါသုတ်လိမ်းခြင်း
တို.ဖြစ်ပါတယ်။
ကျွန်တော် ကတော. စာမေးပွဲ နီးလာရင် တို. အလုပ်တွေ ပိလာရင် တို.ဖြစ်လာရင် ပေါက်တော. တာပဲ။ ကျွန်တော် က ထိုင်း ကထုတ်တဲ. Generlog Oral ဆိုတဲ. ဆေးလိမ်းတယ်လေ။ အရမ်းစွမ်း တယ် ၃ ရက်လောက်နဲ. ပျောက်တယ်။


copy from www.royal-myanmar.com


Read More...

Healthy Living



မန်းတောင်ရိပ်ခိုလို.တော. အသက်မရှည်ဘူးနော်။ အောက်ပါ အချက်ကလေးတွေ ကို လိုက်နာမှ အသက်ရှည်မှာ။

- လက်ဖက်ရည် အလွန်အကျွံ မသောက်ရ
- မီးကင်ပြီးခါစ ပေါင်မုန်.အား ချက်ချင်းမစားရ
- ရေကို မနက်ပိုင်း များများသောက် ပြီး ညပိုင်းကို လျှော.သောက်ပါ
- Coffee ကို တရက် လျှင် တခွက်ထက်ပိုမသောက်ပါနှင်.
- အဆီများ သော အစားစာ ကိုရှောင်ပါ
- အကောင်းဆုံး အိပ်စက်ချိန်ကတော. ည ၁၀ နာရီမှ မနက် ၆ နာရီထိ
- ညနေ ၅ နာရီနောက်ပိုင်းတွင် အစာ အလွန်အကျွံ မစားသင်.ပါ
- အရက် ကို တရက်လျှင် ၁ ခွက်ထက်ပိုမသောက်ရ
- ရေခဲ ရေ ဖြင်. ဆေးသောက်ခြင်းကို ရှောင်ကျဉ်ပါ
- မအိပ်မှီဆေးသောက်အပြီး ချက်ချင်း မလဲလျှောင်းရ
- အိပ်ချိန် တရက် လျှင် ၈ နာရီတော. ရှိသင်.သည်
- Phone နားထောင် လျှင် ဘယ်ဘက် နားရွက်နှင်. နားထောင်ပါ။ ညာဘက် နားရွက်မှာ ဦးနှောက်နှင်. နီးကပ်နေပါသဖြင်. သင်.ဦးနှောက်အားထိခိုက်နိုင်ပါသည်။
- Headphones/earphone များ ကို အကြာကြီး (၁ နာရီထက်ပို) နားမထောင်သင်.ပါ။

copy from www.royal-myanmar.com

Read More...

ဆယ်ကျော်သက် ၀က်ခြံ ပြဿနာ



အသက် ၁၂ နှစ် နဲ. ၂၄ နှစ် အကြား လူငယ် အများစု ကြုံတွေ.နေရတဲ. အလှဖျတ် တဲ. ၀က်ခြံဟာ မျက်နှာ၊ လည်ပင်း ၊ ရင်ဘတ် ဒါမှမဟုတ် ကျောကုန်းတွေပေါ်မှာ ပေါက်တယ်ပါတယ်။ ၀က်ခြံဖြစ်စေသော အကြောင်းအရာများမှာ

၁။ အဆီအစိမ်.အစာများ (မြေပဲ၊ ချောကလတ်…..)
၂။ အိပ်ရေးမ၀ခြင်း
၃။ စိတ်ဖိစီးမူ များခြင်း
၎။ အစားအသောက် အချိန် မမှန်ခြင်း
၅။ လက်ဖက်ရည်၊ ကော်ဖီ၊ ဆေးလိပ်၊ အရက် အလွန်အကျွံသောက်ခြင်း
၆။ ငန်သော အစားစာများ (ငပိ၊ငါးခြောက်…..)
၇။ သစ်သီးယိုစုံ၊ ချိုချဉ်၊ ရေခဲမုန်. များ စားခြင်း

ဝက်ခြံ ပေါက်သော သူများအနေနဲ. အသား စား တာထက် အသီးအရွက် များ ကို အလေးပေးစားသင်.ပါတယ်။ တရက် ကို ထမင်းသုံး နှပ် မှန်မှန်စားပြီး အရည်ရွမ်းသော အသီး များများ စားပေးရပါမယ်။ အသင်.စား သစ်သီးဖျော်ရည် ဗူး များ ကို ရှောင်ပါ။
တပတ်လောက် မှန်မှန်စားပေးလိုက်ရင် ၀က်ခြံ တွေ သိသိသာသာ လျှော.ပါးလာမှာပါ။

ဝက်ခြံထွက်လာရင် လဲ မမှည်.ခင်လက်နဲ.လျှောက်ဆိတ်တာ တို. ညှစ်တာတို. မလုပ်ရပါဘူး။ ၀က်ခြံ တခု ဆိုတာ အသားထဲမှာ အမြစ်တွယ်နေတဲ. အဖြူရောင် အမြစ် (gland) ကလေး ရှိပါတယ်။ ၀က်ခြံမမှည်.ခင်မှာ ထိုအမြစ် ကို လက်နဲ.ညှစ်ထုတ်ဖို. အင်မတန်မှ ခက်ခဲပြီး နာကျင်လှပါတယ်။ ပိုးသက်ထားတဲ. ဓါး အသေးလေးနဲ. ခွဲပြီး အမြစ် မထုတ် နိုင်ရုံမှတပါး မညှစ်သင်.ပါ။
အကယ်၍ လက်နဲ. ဆိတ်တာ ညှစ်တာလုပ်ရင် ၀က်ခြံ အမြစ် က ထဲ မှာ ပုပ် ပြီး ၀က်ခြံ အထက်မှ အေ၇ပြား တွေရောင် ပြီး တော်ရုံနဲ. မမှည်.တော.ပါဘူး။ နောက်ဆုံးပြည်တည်ပြီး မှည်.လာလို. ညှစ်ပြီးသွားရင် အချိုင်.အခွက်အနာရွက် ကျန်ခဲ.ပြီး အင်မတန်မှ အကျည်းတန်စေပါတယ်။ အမာရွက်ပျောက်ဆေးတွေရှိပေမယ်. မထိရောက် နိုင်ပါဘူး။
ဒါကြောင်. ၀က်ခြံပေါက်တဲ. အချိန်မှာ အိမ်တွင်းဖြစ် ဆေးဝါးတွေနဲ. ကုသနိုင်တဲ. နည်းလမ်းတွေ ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ လိမ္မော်သီး အခွံ
လိမ္မော်သီး အခွံ ကို ရေ အနည်းငယ်ရော၍ ထောင်းပါ။ ထွက်လာသော အရည် ဖြင်. ၀က်ခြံ ပေါ်လိမ်းပါ။
၂။ ကြက်သွန်ဖြူ
ကြက်သွန်ဖြူ ကိုထပ်ခြမ်းခွဲ ၍ ၀က်ခြံ ပေါ်ကို ခဏခဏပွတ်ပေးပါ။ ဒါ.အပြင် ကြက်သွန်ဖြူ ကို တရက် ၃ဥလောက် ၁လလောက် မှန်မှန်စားကြည်.ပါ။
၃။ နံနံပင် ၊ နနွင်း
နံနံပင် ထောင်းလို.ရတဲ. အရည် လက်ဖက်ရည် တဇွန်းနဲ. နနွင်း အနည်းငယ်ရောပြီးတော.လဲ ၀က်ြံခံပေါ် လူးနိုင်ပါတယ်။
၎။ သခွားသီး
ဝက်ခြံပေါက်သော မျက်နှာ၊ လည်ပင်း၊ ကျောကုန်း ပေါ် သခွားသီး စိတ် နဲ. ၁၅ မိနစ်လောက် ကြာအောင်နေ.စဉ် ပွတ်ပေးပါ။

copy from www.royal-myanmar.com


Read More...

Egg Whites Treatments



ကြက်ဥ ကို ချက်စား ဖို. မုန်.ဖုတ် ရာ မှာ သုံးလို.ပဲ ရတယ် လို. မထင်ပါနဲ.။ ကြက်ဥ အကာ(အဖြူရောင်) ကို အိမ်တွင်းဖြစ် skin care treatment တခု အနေနဲ.လဲ အသုံးပြုနိုင်ပါတယ်။

ကြက်ဥ တလုံးတွင် အကာ ပမာဏမှာ ၆၀% ရှိပြီး Cholesterol နဲ. Fat ပမာဏ ကတော. 0% ဖြစ်ပါတယ်။
ဆံပင် - ကြက်ဥ အကာကို ခေါင်းလျှော်စဉ် Shampoo နဲ. ရော၍ လျှော်ပါက ဆံပင် သန်ပြီး တောက်ပစေနိုင်ပါတယ်။
မျက်နှာ - ကြက်ဥ အကာကို အမြုပ် ထွက်လာသည် အထိ ခလောက် ပေးပြီး မျက်နှာ ပေါ် သုတ်လိမ်းပြီး အချောက်ခံ ထားပါ။ ချောက်သွားပါက Mask ကဲ.သို.ဖြစ်လာပါလိမ်.မယ်။ ၁၅ မိနစ် ကနေ မိနစ် ၃၀ အတွင်း ရေအေးဖြင်. မျက်နှာကို သစ်လိုက်ပါက ကြက်ဥ၏အစွမ်းကြောင်. မျက်နှာပြင် ပေါ်ရှိ အညစ်အကြေးများ အား ဖယ်ရှားစေပြီး အရေပြားကို ချော.မွတ်လာစေခြင်း၊တင်းစေခြင်း၊ ချွေးပေါက်များ ကျဉ်းစေခြင်း နဲ. လန်းဆန်းမူ ရရှိစေခြင်း တို.ကို ခံစားရမှာဖြစ်ပါတယ်။ တပတ် လျှင် တခါလောက် ပဲလုပ်ရမှာဖြစ်ပါတယ်။ ပိုကျန်နေတဲ. ကြက်ဥ အကာတွေကို ချက်စားနိုင်သလို ရေခဲသေတ္တာ မှာ ထည်. ထားလျှင်လဲ တပတ်လောက် အထားခံပါတယ်။
တချို.လဲ ကြက်ဥ အကာကို ပျားရည် အနည်းငယ်ရောပြီး အသုံးပြုကျပါတယ်။

copy from www.royal-myanmar.com

Read More...

Dink water for your health



ယနေ.ဂျပန်မှာ ခေတ်စားနေတဲ. မနက်အိပ်ယာနိုးတိုင်း ရေသောက် နည်းကို ဖော်ပြပေးလိုက်ပါတယ်။ ပျောက်ကင်းနိုင်သော ရောဂါများကတော. ခေါင်းကိုက်ခြင်း၊ တကိုယ်လုံးကိုက်ခဲခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ၀က်ရူးပြန်ရောဂါ၊ တီဘီရောဂါ၊ ကျောက်ကပ်ရောဂါ၊ အော.အန်ခြင်း၊ အစာအိမ်ရောဂါ၊ ၀မ်းပျက်ဝမ်းလျှော၊ လိပ်ခေါင်း၊ ဆီးချို၊ မျက်စိအားနည်းခြင်း၊ သားအိမ်ကင်ဆာ၊ နား၊နာခေါင်း၊လည်ချောင်းေ၇ာဂါ နှင်.အ၀လွန်ရောဂါ အားလုံးအတွက်ကောင်းပါတယ်။
သောက်နည်းကတော.
၁။ အိပ်ယာထတိုင်း သွားမတိုက်ခင် ၆၄၀ မီလီလီတာ ပမာဏရှိတဲ.ရေကို သောက်ရပါမယ်။ တခါတည်း မသောက်နိုင်ရင်လဲ နည်းနည်းခြားပြီးသောက်နိုင်ပါတယ်။
၂။ သွားတိုက်ပြီးသွားလို. နောက်ထပ် ၄၅ အတွင်း ဘာအစားအသောက်မှ မစားသင်.ပါဘူး။

နောက်ပြီး ရေခဲရေ သောက်ရမှ ကျေနပ် ကျသူများအတွက် ထမင်းစားပြီးတဲ. နောက်မှာ ရေခဲရေ လေး သောက်လိုက်ရတာ အင်မတန်မှ အရသာရှိလှပါတယ်။ ဒါပေမယ်. ဆိုးကျိုးကတော. ရေခဲရေကြောင်. စားထားတဲ. အစာထဲမှာပါတဲ. အဆီများသော အစာတွေက ခန္ဒာကိုယ်တွင်းမှာခဲနေတက်ပြီး အစာခြေရာမှာ ကြန်.ကြာ တက်ပါတယ်။ ဒါကြောင်. အစားစားပြီးတိုင်း ရေနွေးသို.မဟုတ် ဟင်းချိုရည် ကိုသာသောက်သုံးသင်.ပါတယ်။

copy from www.royal-myanmar.com

Read More...

အမေ့ကိုယ်စား


၂၀၀၈ ခုနစ်၊ ဧပြီလ၊ ၃၀ ရက် (ဗုဒ္ဓဟူးနေ့)

ကျနော့် အမေမှာ မျက်လုံးတစ်လုံးတည်း ပါတာဗျ။ ကျန်တဲ့ တစ်ဖက်က ချိုင့်ပြီး မျက်လုံး ဟောက်ပတ်ကြီး ဖြစ်နေတယ်။ အီး .... ဘယ်လောက် ရှက်စရာ ကောင်းသလဲဗျာ။ ကြောက်လည်း ကြောက်စရာကြီး။ ကျနော် သူ့ကို မုန်းတယ်။ သူက ကျနော်နေတဲ့ မူလတန်းကျောင်းမှာ အလုပ်လုပ်တယ်ဗျ။ ကျောင်းက ကျောင်းသားတွေနဲ့ ဆရာတွေအတွက် ထမင်းဟင်း ချက်ပေးရတယ်။

မူလတန
်း ကျောင်းသား ဘ၀တုန်းကပေါ့။ တစ်နေ့ အမေ ကျနော့် အခန်းလာပြီး ကျနော့်ကို လာနှုတ်ဆက်တယ်။ ကျနော် ရှက်လိုက်တာဗျာ။ သူ ဘာလို့ ဒီလို လုပ်ရတာလဲ ဆိုတာ ကျနော် စဉ်းစားမရဘူး။ ကျနော် စူးစူးရဲရဲကြီး ကြည့်ပြီး မျက်စောင်း ထိုးပစ်လိုက်တယ်။ နောက် မသိချင်ယောင်ဆောင်ပြီး ကျနော် သူမရှိတဲ့နေရာမှာ သွားပုန်းနေလိုက်တယ်။ နောက်နေ့ အတန်းထဲမှာ သူငယ်ချင်းတစ်ယောက်က ပြောတယ်။
“အီး ..... မင်းအမေရဲ့ မျက်လုံးက တစ်ဘက်တည်း”

ကိုယ့်ကိုယ်ကို သတ်သာ သေလိုက်ချင်တော့တယ်ဗျာ။ နောက်ပြီး အမေ့ကို ကျနော့် မြင်ကွင်းထဲက ပျောက်ကို သွားစေချင်တယ်။ အဲဒီနေ့က သူ့ကို ကျနော် တွေ့ပြီးတော့ သူ့ကို ပြောခဲ့တယ်။
“ကျနော့်ကို အမြဲ ပျော်ရွှင် ရယ်မောနေတဲ့ ကလေးတစ်ယောက် အနေနဲ့ မြင်ချင်ရင် ခင်ဗျားကြီး တစ်နေရာမှာ သွားသေလိုက်ပါ
လားဗျာ”

အမေ ကျနော့်ကို ဘယ်လိုမှ မတုန့်ပြန်ခဲ့ပါဘူး။ ကျနော့်မှာ ဒေါသဖြစ်လွန်းလို့ ကျနော် ပြောခဲ့တာတွေကို စက္ကန့်မလပ် ပြန်ပြန်ပြီး စဉ်းစားနေမိတယ်။ အဲဒီလို ပြောလိုက်လို့ သူ ဘာဖြစ်သွားသလဲ ကျနော် သတိမထားနိုင်တော့ဘူး။

မြင်တိုင်း ရှက်မိနေတော့ အိမ်မှာ နေစရာ အကြောင်းကလည်း မရှိတော့ဘူး။ နေလည်း မနေချင်ဘူး။ သူငယ်ချင်း အိမ်မှာပဲ ကျောင်းစာ အသည်းအသန် လုပ်ဖြစ်တော့ နိုင်ငံခြားမှာ ပညာသွားသင်ဖို့ အခွင့်အရေး ရလာခဲ့တယ်။

နောက်တော့ ကျနော် အိမ်ထောင် ကျခဲ့တယ်။ ကိုယ်ပိုင် အိမ်လေးတစ်လုံး ၀ယ်နိုင်လာပြီး သားသမီး ရတနာတွေနဲ့
လည်း စည်ကားလို့ပေါ့။ အခု လက်ရှိအနေအထားမှာ သားသမီးတွေနဲ့ ကျနော့်ဘ၀လေးကို ပျော်နေခဲ့တယ်။

တစ်နေ့ အမေ ကျနော့်ဆီ လာလည်တယ်။ ကျနော်နဲ့ မတွေ့တာလည်း နှစ်တွေ အတော်ကြာပြီ။ သူ့ မြေးတွေကိုဆို မြင်တောင် မမြင်ဖူးဘူးလေ။ သူ အိမ်တံခါးရှေ့ လာရပ်တော့ ကျနော့် ကလေးတွေက လှောင်ပြောင်နေကြတယ်။ သရဲမကြီး၊ သရဲမကြီးပေါ့။ မဖိတ်ဘဲ လာတဲ့ သူ့ကို ကျနော် ငေါက်လွှတ်လိုက်တယ်။
“ခင်ဗျားကြီး ကျုပ်အိမ်ကို လာပြီး ကျုပ်ကလေးတွေကို လာခြောက်နေတာလား။ သွား ... အခုချက်ချင်း ထွက်သွား။”

အဲဒီလိုြေ
ပာသံလည်း ကြားလိုက်ရော အမေက ဖြေးဖြေးလေး ပြန်ပြောပြီး လှည့်ထွက်သွားပါတယ်။
“အော် တောင်းပန်ပါတယ်ကွယ်။ အမေ လိပ်စာ မှားဝင်လာမိလို့ပါ။”

တစ်နေ့ အိမ်ကို စာတစ်စောင် ရောက်လာတယ်။ ကျနော် ငယ်ငယ်က နေခဲ့တဲ့ ကျောင်းရဲ့ ကျောင်းသားဟောင်း စုံညီပွဲအတွက် ဖိတ်စာပါ။ အဲဒီမှာ အမေ ရှိနေမှာတော့ သေချာတယ်။ ဒါကြောင့် ကျနော့် ဇနီးကို အလုပ်ကိစ္စအတွက် ခရီးထွက်ဖို့လို့ ညာလိုက်ရတယ်။

စုံညီပွဲပြီး
တော့ ကျနော်ငယ်ငယ်က နေခဲ့တဲ့ အိမ်အိုလေးဆီ သွားခဲ့တယ်။ အံ့သြလွန်းလို့ပါ။ ကျနော် ရောက်တော့ အိမ်နီးနားချင်းတွေက အမေ ဆုံးသွားပြီ ဆိုတဲ့ အကြောင်း ပြောပါတယ်။ အော် ... ကျနော် မျက်ရည် တစ်စက်တောင် မကျပါလား။
ကျနော် ဖတ်ဖို့ အမေ စာတစ်စောင် ထားခဲ့ပါတယ်။ ဒီစာကို ဖတ် အပြီးမှာတော့ .....

ချစ်သား
အမေ သားကို အချိန်တိုင်း သတိရနေတာပါ။ ဟိုတစ်နေ့က သားရဲ့အိမ်ကို လာတော့ အမေ့မြေးလေးတွေကို ခြောက်လှန့်သလို ဖြစ်သွားတာ အမေ စိတ်မကောင်းပါဘူး။ သား စုံညီပွဲကို လာတက်မယ်ဆိုတာ သိလိုက်ရတော့ အမေ အတိုင်းမသိ ၀မ်းသာသွားတယ်။ ဒါပေမယ့် သားကို တွေ့ဖို့ အိပ်ယာကနေတောင် အမေ မထနိုင်ေ
တာ့ပါဘူး။ သား ကြီးပြင်းလာတဲ့ ကာလတလျှောက်လုံး သားကို အရှက်ရအောင် အမြဲလိုလို လုပ်နေမိတဲ့အတွက် အမေ စိတ်မကောင်းပါဘူး။ သား ဟိုး ငယ့်ငယ်အရွယ်တုန်းက ထိခိုက်ဒဏ်ရာ ရပြီး မျက်လုံးတစ်လုံး ကွယ်သွားခဲ့တယ်။ အဲဒါ သား ဘယ် မှတ်မိတော့မလဲ။ မျက်လုံးတစ်လုံးတည်းနဲ့ ကြီးပြင်းရမယ့် သားတစ်ယောက်ကို အမေတစ်ယောက်အနေနဲ့ ဘယ်လို ခွန်အား အစွမ်းသတ္တိနဲ့ ကြည့်နေရက်မှာလဲ သားရယ်။ ဒီတော့ အမေ့ မျက်လုံး သားကို ပေးခဲ့တယ်လေ။ အမေ သိပ် ဂုဏ်ယူပါတယ်။ အခုဆို အမေ့သားကြီး ကမ္ဘာလောကတစ်ခုလုံးကို၊ သားရဲ့ ဘ၀လေးကို ကောင်းကောင်းကြီး ရှုမြင်နေနိုင်ပြီ။ အဲဒီ မျက်လုံးကြီးနဲ့လေ။ အမေ့နေရာကနေပေါ့။

အလုံးစုံသော ချစ်ခြင်းမေတ္တာဖြင့်
မင်းရဲ့ အမေ

သူငယ်ခ
ျင်းတစ်ယောက် ပို့လာသော Forward Mail တစ်စောင်အား စီလျှော်သလို ဘာသာပြန်ထားသည်။



Read More...

အမေ့ကိုယ်စား


၂၀၀၈ ခုနစ်၊ ဧပြီလ၊ ၃၀ ရက် (ဗုဒ္ဓဟူးနေ့)

ကျနော့် အမေမှာ မျက်လုံးတစ်လုံးတည်း ပါတာဗျ။ ကျန်တဲ့ တစ်ဖက်က ချိုင့်ပြီး မျက်လုံး ဟောက်ပတ်ကြီး ဖြစ်နေတယ်။ အီး .... ဘယ်လောက် ရှက်စရာ ကောင်းသလဲဗျာ။ ကြောက်လည်း ကြောက်စရာကြီး။ ကျနော် သူ့ကို မုန်းတယ်။ သူက ကျနော်နေတဲ့ မူလတန်းကျောင်းမှာ အလုပ်လုပ်တယ်ဗျ။ ကျောင်းက ကျောင်းသားတွေနဲ့ ဆရာတွေအတွက် ထမင်းဟင်း ချက်ပေးရတယ်။
မူလတန်း ကျောင်းသား ဘ၀တုန်းကပေါ့။ တစ်နေ့ အမေ ကျနော့် အခန်းလာပြီး ကျနော့်ကို လာနှုတ်ဆက်တယ်။ ကျနော် ရှက်လိုက်တာဗျာ။ သူ ဘာလို့ ဒီလို လုပ်ရတာလဲ ဆိုတာ ကျနော် စဉ်းစားမရဘူး။ ကျနော် စူးစူးရဲရဲကြီး ကြည့်ပြီး မျက်စောင်း ထိုးပစ်လိုက်တယ်။ နောက် မသိချင်ယောင်ဆောင်ပြီး ကျနော် သူမရှိတဲ့နေရာမှာ သွားပုန်းနေလိုက်တယ်။ နောက်နေ့ အတန်းထဲမှာ သူငယ်ချင်းတစ်ယောက်က ပြောတယ်။
“အီး ..... မင်းအမေရဲ့ မျက်လုံးက တစ်ဘက်တည်း”


ကိုယ့်ကိုယ်ကို သတ်သာ သေလိုက်ချင်တော့တယ်ဗျာ။ နောက်ပြီး အမေ့ကို ကျနော့် မြင်ကွင်းထဲက ပျောက်ကို သွားစေချင်တယ်။ အဲဒီနေ့က သူ့ကို ကျနော် တွေ့ပြီးတော့ သူ့ကို ပြောခဲ့တယ်။
“ကျနော့်ကို အမြဲ ပျော်ရွှင် ရယ်မောနေတဲ့ ကလေးတစ်ယောက် အနေနဲ့ မြင်ချင်ရင် ခင်ဗျားကြီး တစ်နေရာမှာ သွားသေလိုက်ပါလားဗျာ”

အမေ ကျနော့်ကို ဘယ်လိုမှ မတုန့်ပြန်ခဲ့ပါဘူး။ ကျနော့်မှာ ဒေါသဖြစ်လွန်းလို့ ကျနော် ပြောခဲ့တာတွေကို စက္ကန့်မလပ် ပြန်ပြန်ပြီး စဉ်းစားနေမိတယ်။ အဲဒီလို ပြောလိုက်လို့ သူ ဘာဖြစ်သွားသလဲ ကျနော် သတိမထားနိုင်တော့ဘူး။

မြင်တိုင်း ရှက်မိနေတော့ အိမ်မှာ နေစရာ အကြောင်းကလည်း မရှိတော့ဘူး။ နေလည်း မနေချင်ဘူး။ သူငယ်ချင်း အိမ်မှာပဲ ကျောင်းစာ အသည်းအသန် လုပ်ဖြစ်တော့ နိုင်ငံခြားမှာ ပညာသွားသင်ဖို့ အခွင့်အရေး ရလာခဲ့တယ်။

နောက်တော့ ကျနော် အိမ်ထောင် ကျခဲ့တယ်။ ကိုယ်ပိုင် အိမ်လေးတစ်လုံး ၀ယ်နိုင်လာပြီး သားသမီး ရတနာတွေနဲ့လည်း စည်ကားလို့ပေါ့။ အခု လက်ရှိအနေအထားမှာ သားသမီးတွေနဲ့ ကျနော့်ဘ၀လေးကို ပျော်နေခဲ့တယ်။

တစ်နေ့ အမေ ကျနော့်ဆီ လာလည်တယ်။ ကျနော်နဲ့ မတွေ့တာလည်း နှစ်တွေ အတော်ကြာပြီ။ သူ့ မြေးတွေကိုဆို မြင်တောင် မမြင်ဖူးဘူးလေ။ သူ အိမ်တံခါးရှေ့ လာရပ်တော့ ကျနော့် ကလေးတွေက လှောင်ပြောင်နေကြတယ်။ သရဲမကြီး၊ သရဲမကြီးပေါ့။ မဖိတ်ဘဲ လာတဲ့ သူ့ကို ကျနော် ငေါက်လွှတ်လိုက်တယ်။
“ခင်ဗျားကြီး ကျုပ်အိမ်ကို လာပြီး ကျုပ်ကလေးတွေကို လာခြောက်နေတာလား။ သွား ... အခုချက်ချင်း ထွက်သွား။”

အဲဒီလို ပြောသံလည်း ကြားလိုက်ရော အမေက ဖြေးဖြေးလေး ပြန်ပြောပြီး လှည့်ထွက်သွားပါတယ်။
“အော် တောင်းပန်ပါတယ်ကွယ်။ အမေ လိပ်စာ မှားဝင်လာမိလို့ပါ။”

တစ်နေ့ အိမ်ကို စာတစ်စောင် ရောက်လာတယ်။ ကျနော် ငယ်ငယ်က နေခဲ့တဲ့ ကျောင်းရဲ့ ကျောင်းသားဟောင်း စုံညီပွဲအတွက် ဖိတ်စာပါ။ အဲဒီမှာ အမေ ရှိနေမှာတော့ သေချာတယ်။ ဒါကြောင့် ကျနော့် ဇနီးကို အလုပ်ကိစ္စအတွက် ခရီးထွက်ဖို့လို့ ညာလိုက်ရတယ်။

စုံညီပွဲပြီးတော့ ကျနော်ငယ်ငယ်က နေခဲ့တဲ့ အိမ်အိုလေးဆီ သွားခဲ့တယ်။ အံ့သြလွန်းလို့ပါ။ ကျနော် ရောက်တော့ အိမ်နီးနားချင်းတွေက အမေ ဆုံးသွားပြီ ဆိုတဲ့ အကြောင်း ပြောပါတယ်။ အော် ... ကျနော် မျက်ရည် တစ်စက်တောင် မကျပါလား။
ကျနော် ဖတ်ဖို့ အမေ စာတစ်စောင် ထားခဲ့ပါတယ်။ ဒီစာကို ဖတ် အပြီးမှာတော့ .....

ချစ်သား
အမေ သားကို အချိန်တိုင်း သတိရနေတာပါ။ ဟိုတစ်နေ့က သားရဲ့အိမ်ကို လာတော့ အမေ့မြေးလေးတွေကို ခြောက်လှန့်သလို ဖြစ်သွားတာ အမေ စိတ်မကောင်းပါဘူး။ သား စုံညီပွဲကို လာတက်မယ်ဆိုတာ သိလိုက်ရတော့ အမေ အတိုင်းမသိ ၀မ်းသာသွားတယ်။ ဒါပေမယ့် သားကို တွေ့ဖို့ အိပ်ယာကနေတောင် အမေ မထနိုင်တော့ပါဘူး။ သား ကြီးပြင်းလာတဲ့ ကာလတလျှောက်လုံး သားကို အရှက်ရအောင် အမြဲလိုလို လုပ်နေမိတဲ့အတွက် အမေ စိတ်မကောင်းပါဘူး။ သား ဟိုး ငယ့်ငယ်အရွယ်တုန်းက ထိခိုက်ဒဏ်ရာ ရပြီး မျက်လုံးတစ်လုံး ကွယ်သွားခဲ့တယ်။ အဲဒါ သား ဘယ် မှတ်မိတော့မလဲ။ မျက်လုံးတစ်လုံးတည်းနဲ့ ကြီးပြင်းရမယ့် သားတစ်ယောက်ကို အမေတစ်ယောက်အနေနဲ့ ဘယ်လို ခွန်အား အစွမ်းသတ္တိနဲ့ ကြည့်နေရက်မှာလဲ သားရယ်။ ဒီတော့ အမေ့ မျက်လုံး သားကို ပေးခဲ့တယ်လေ။ အမေ သိပ် ဂုဏ်ယူပါတယ်။ အခုဆို အမေ့သားကြီး ကမ္ဘာလောကတစ်ခုလုံးကို၊ သားရဲ့ ဘ၀လေးကို ကောင်းကောင်းကြီး ရှုမြင်နေနိုင်ပြီ။ အဲဒီ မျက်လုံးကြီးနဲ့လေ။ အမေ့နေရာကနေပေါ့။

အလုံးစုံသော ချစ်ခြင်းမေတ္တာဖြင့်
မင်းရဲ့ အမေ

သူငယ်ချင်းတစ်ယောက် ပို့လာသော Forward Mail တစ်စောင်အား စီလျှော်သလို ဘာသာပြန်ထားသည်။


Read More...

သစ်သားဇလုံလေး


မသန်မစွမ်း အဘိုးအိုကြီးတစ်ယောက်ဟာ သူ့သားရဲ့ အိမ်မှာ သူ့ချွေးမ၊ လေးနှစ်သားအရွယ် သူ့မြေးလေးနဲ့အတူ နေလေရဲ့။ အဲဒီ အဘိုးအိုကြီးက လက်တွေဆိုလည်း တုန်လို့၊ အမြင်အာရုံကလည်း မှုန်ဝါးဝါး၊ သူ့ရဲ့ ခြေလှမ်းတိုင်းကလည်း ဒယိမ်းဒယိုင်နဲ့ပေါ့။ သူတို့ မိသားစု လေးယောက်ဟာ အစာစားပြီဆိုရင်ဖြင့် စားပွဲတစ်လုံးမှာ အတူတူ ထိုင်ပြီး စားလေ့ရှိတယ်။ ဒါပေမယ့် အဘိုးအိုကြီးဟာ လက်က အရမ်းတုန်၊ မျက်စိက ၀ါးတားတားဆိုတော့ အစာစားရတာလည်း အခက်ကြုံတာပေါ့။ ပဲစေ့ကို ဇွန်းနဲ့ ခပ်ပြီ ဆိုရင်ဖြင့် ပဲစေ့တွေဟာ ဇွန်းထဲကနေ ကြမ်းပြင်ပေါ် တမင် ခုန်ချနေသလား အောက်မေ့ရတယ်။ ဖန်ခွက်ကို ကိုင်လိုက်ပြီ ဆိုရင်လည်း ခွက်ထဲမှာ လှိုင်းတွေကြီးပြီး စားပွဲခင်းပေါ်ကို နွားနို့တွေ ဖိတ်ကျကုန်တယ်။

သားနဲ့ ချွေးမလုပ်တဲ့လူက ကြာတော့ သည်းမခံနိုင်တော့ဘူးလေ။ “ငါတို့ တစ်ခုခု လုပ်မှ ဖြစ်တော့မယ်။ ဒီ မှောက်က
ျတဲ့ နွားနို့တွေ၊ ကြမ်းပေါ် ပြန့်ကျဲနေတဲ့ အစာတွေ၊ မျက်စိနောက်လောက်အောင် စားသောက်နေနဲ့ အမူအရာတွေကို ဆက်မမြင်ချင်တော့ဘူး။” လို့ စိတ်ဆိုးမာန်ဆိုးနဲ့ သူ့ဇနီးကို ပြောလိုက်တယ်။ ဒါနဲ့ အဘိုးအိုးအစာစားဖို့ ဟိုးအခန်းထောင့်မှာ စားပွဲသေးသေးလေးတစ်ခု စီစဉ်လိုက်ကြတယ်။ အဲဒီအချိန်ကစပြီး အဘိုးအိုခမျာ တစ်ယောက်တည်း အထီးကျန်စွာနဲ့ ထမင်းစားရတော့တယ်။ ကျန်တဲ့လူတွေကတော့ စုစုဝေးဝေး ပျော်ပျော်ရွှင်ရွှင် စားနေကြတာပေါ့။

အဘိုး
အိုကြီး တုန်တုန်ရင်ရင်နဲ့ ပန်းကန်ခွက်ရောက်တွေ နှစ်ချပ် သုံးချပ်လောက် လွတ်ကျကွဲပြီးကတည်းက အဘိုးအိုကြီးကို အစာစားဖို့ သစ်သားဇလုံလေး တစ်လုံး လုပ်ပေးထားတယ်။ သူတို့ ထမင်းစားနေတုန်း အဘိုးအိုကြီးကို လှမ်းကြည့်လိုက်ရင်ဖြင့် အထီးကျန်လွန်းလို့ ကျတဲ့ မျက်ရည်တွေတောင် အထင်သား မြင်နေရတယ်။ ဒီလို သနားစဖွယ် မြင်ကွင်းကို မြင်နေရတာတောင် အဘိုးအိုကြီး ဇွန်းခရင်း၊ ဒါမှမဟုတ် ဟင်းတွေ အောက်ကို ဖိတ်ကျရင် အော်လိုက် ငေါက်လိုက်ချင်သေးတာလေ။

ဒါတေ
ွအားလုံးကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကြည့်နေတဲ့သူကတော့ ဟို လေးနှစ်သားလေးပေါ့။ နှုတ်ဆိတ်မနေရအောင် သူကကော ဘာတတ်နိုင်မှာမို့လဲ။ တစ်ညနေ ကြမ်းပြင်ပေါ်မှာ သစ်သားတုံး၊ ဆောက်၊ တံဇဉ်း၊ ဓါးတွေနဲ့ ကစားနေတဲ့ သားကို အဖေလုပ်တဲ့သူက တအံ့တသြနဲ့ ထိုင်ကြည့်နေတယ်။ ဒီကောင်လေး ဘာတွေများ လုပ်ဖို့ ကြံစည်နေလဲ ဆိုတာကို သိချင်ဇော အားကြီးတော့ သူ့သားကို ချိုသာတဲ့ အပြုံးနဲ့ ဘာလုပ်နေတာလဲလို့ လှမ်းမေးလိုက်တယ်။ လေးနှစ်သားလေးဟာ အဖေရဲ့ အမေးကို အပြစ်ကင်းစင်တဲ့ အမူအရာနဲ့ ပြန်ဖြေပြီး ခပ်ပြုံးပြုံးလေးနဲ့ သူ့အလုပ်သူ ဆက်လုပ်နေတော့တယ်။

သားလေးရဲ့ အဖြေဟာ အဖေနဲ့ အမေလုပ်သူရဲ့ ရင်ဝကို တည့်တည့်ပစ်မှန်ပြီး အလုံးလိုက် လည်ပင်းမှာ လာစို့နေတယ်။ အားလုံးဟာ တိတ်ဆိတ်သွားတယ်။ စကားလုံးတွေ ဆွံ့အကုန်ပြီ။ မျက်ရည်တွေဟာ သူ့တို့ရဲ့ ပါးပြင်မှာ အရှိန်ကောင်းကောင်းနဲ့ စီးဆင်းလာတယ်။ ပြောရက်လိုက်တာ သားရယ်လို့ စိတ်ထဲမှာ တွေးနေရင်းက အပြစ်ကင်းစင်တဲ့ အမူအရာနဲ့ ပြောသွားတဲ့ သားရဲ့ မျက်နှာနဲ့ စိတ်ကျအားငယ်ပြီး အိုမင်းချိနဲ့နေတဲ့ အဖေလုပ်သူရဲ့ မျက်နှာကို တပြိုင်တည်း မြင်ယောင်လာမိတယ်။ ဇနီးမောင်နှံ နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် ဘာမှ ပြန်မပြောဖြစ်ကြပေမယ့် သူတို့ ဘာဆက်လုပ်ရမယ် ဆိုတာကိုတော့ ကောင်းကောင်းကြီး နားလည်သွားကြပြီလေ။

ညနေစာ စားချိန်ရောက်ပြီ။ အဘိုးအိုကြီးဟာ သူရဲ့ အထီးကျန် စာပွဲအိုရှိရာကို ဦးတည်ပြီး လှုပ်ပဲ့လှုပ်ပဲ့ လမ်းလျှောက်လာနေတယ်။ သူ့ခမျာ အရင် မိသားစုလိုက် အတူတူစားခဲ့တဲ့ စားပွဲဟောင်းကိုတောင် လှည့်ကြည့်ဖို့ ခွန်အား မရှိရှာတော့ဘူး။ သူ့စားပွဲကို ရောက်ခါနီးမှာပဲ သူ့ရဲ့သားက အဘိုးအိုရဲ့ လက်ကို ညင်သာစွာ ဆုတ်ကိုင်လိုက်ပြီး မိသားစု စားပွဲဝိုင်းဆီကို တွဲခေါ်လာတယ်။ သူတို့နဲ့ ထမင်းအတူတူ ပြန်စားဖို့ ဖိတ
်ခေါ်ခံလိုက်ရတာပါ။ အဘိုးအိုခမျာ မျက်စိလည် လမ်းမှားပြီးရောက်လာတဲ့ ဒီအခွင့်အရေးကို လက်လွှတ်ရမှာ ကြောက်တော့ ခရင်းကို ဂရုတစိုက် ကိုင်ပေမယ့်လည်း လွတ်ကျမြဲ လွတ်ကျနေတယ်။ ဒီတစ်ခါမှာတော့ အိမ်ရှင်မရဲ့ စူးရှရှ အသံကို မကြားရတော့ဘဲ နွေးထွေးတဲ့လက်တစ်စုံနဲ့ ခရင်းတစ်ချောင်းကိုသာ မြင်လိုက်ရတယ်။ အမြင်များ မှားနေလား ဆိုပြီး အဘိုးအို မျက်စိကို ပွတ်ပြီး ပြန်ကြည့်တယ်။ ဟုတ်ပါတယ်၊ သူ့ချွေးမဟာ ခရင်းအသစ်ကို ယူပြီး အဘိုးအိုကို လှမ်းပေးနေတယ်။ ဟော နွားနို့တွေ စားပွဲပေါ် ဖိတ်ပြန်ပြီ။ ငြိမ်ငြိမ်လေး ထမင်းဆက်စားနေကြတာပဲ မြင်ရတော့တယ်။ အဘိုးအိုရဲ့ အလွဲလွဲ အချော်ချော်နဲ့ ဇွန်းခရင်းသံကလွဲလို့ ဘာအသံမှ မကြားရဘူး။ ညစာစားပွဲလေးဟာ တီးလုံးပဲပါတဲ့ သီချင်းတစ်ပုဒ်ကို ဖွင့်ထားတာနဲ့ တူနေတယ်။ ဒီညစာစားပွဲလေးဟာ အဘိုးအိုအတွက်တော့ အင်မတန် ကျေနပ်စရာ ကြည်နူးစရာ စားပွဲလေးတစ်ခု ဖြစ်သွားပြီပေါ့။

လေးနှစ်သားလေးရဲ့ စကားတစ်ခွန်းကြောင့် ဒီဇနီးမောင်နှံဟာ သူ့ဖခင်အပေါ်မှာ ရှိရင်းစွဲ မေတ္တာတွေ ပြန်လည် သက်ဝင်လာပြီး သနားကရုဏာနဲ့ စိတ်ရှည်ရှည် ဆက်ဆံလာနိုင်တယ်။ ဖခင်အပေါ် အမြင်မှန် ရသွ
ားတယ်ဆိုပါတော့။ ဒါမှမဟုတ် ၀ဋ်လည်မှာကိုပဲ တွေးပြီး ကြောက်သွားကြသလား။ လေးနှစ်သားလေးက သူ့အဖေကို ဘာပြောလိုက်မယ်ထင်လဲ။ အဖြေကို ဆက်ဖတ်မကြည့်ခင် အရင် စဉ်းစားကြည့်စေချင်တယ်။

မိဘဟာ သားသမီးကို ပြုစုစောင့်ရှောက်ဖို့ဆိုတာ သဘာဝအရ အလိုအလျောက် တတ်သိစွမ်းဆောင် နိုင်လာတာ ဆိုပေမယ့် သားသမီးက မိဘကို ပြုစုစောင့်ရှောက်ရမယ် ဆိုတာကိုတော့ သဘာဝက အပြင်းအထန် သင်ကြားပေးတာတောင် အတော်များများ စာသိပ်မကျေချင်ဘူး။ မိဘက သားသမီးကို ပြုစုဖို့ အဓိက တွန်း
အားဟာ မေတ္တာဆိုပေမယ့် သားသမီးက မိဘကို ပြုစုဖို့ အဓိက တွန်းအားဟာ တာဝန်ဖြစ်နေတာ ကြားနေ၊ မြင်နေရတော့ အတော်လေး စိတ်မကောင်းဖြစ်မိတယ်။ တာဝန်အရ ပြုစုနေရတဲ့ သားသမီးတွေ လောကမှာ ဘယ်လောက်များ များမလဲနော်။ ဒါပေမယ့် သားသမီးကို တာဝန်အရ ပြုစုနေရတဲ့ မိဘဆိုတာ ကမ္ဘာပေါ်မှာ လုံးဝ မရှိပါဘူး။

လေးနှစ်သားလေးက သူ့အဖေကို ဒီလို ပြန်ဖြေလိုက်ပါတယ်။
“သ
ား၊ သစ်သားဇလုံးလေး လုပ်နေတာပါ။ ဖေဖေနဲ့ မေမေ အသက်ကြီးလာရင် အစာစားဖို့လေ”

"Wooden Bowl by Unknown Author" ကို နားလည်သလို ခံစားတင်ပြလိုက်ပါသည်။



Read More...

Friday, August 8, 2008

သွားဖုံးသွေးယိုစိမ့်ခြင်း


ညီမလေး တယောက် မေးလာတဲ့ သွားဖုံးသွေးယိုစိမ့်မှုနဲ့ ပတ်သတ်ပြီး သူသိချင်တာလေးကို ပြောပြရင်း အားလုံးလည်း သိချင်လိမ့်မယ်ထင်လို့ ကျမပို့စ် တခုအဖြစ်တင်ပေးပါတယ။် သင့်သွားဖုံးဟာ အလိုလိုနေရင်း ဒါမှမဟုတ် သင်သွားတိုက်ရင်း သွေးထွက်လာခဲ့မယ် ဆိုရင် သွားဖုံး သွေးယိုစိမ့်တယ်လို့ ဆိုနိုင်ပါပြီ။
တကယ်လို့များ သင့်သွားဖုံးမှာ သေွးယိုစိမ့်လာပြီဆိုရင် အောက်ပါမေးခွန်းများကို ဖြေကြားသင့်ပါတယ်။

၁။ သင့်သွားဖုံးမှ သွေးယိုစိမ့်နေတာ ဘယ်လောက်ကြာနေပြီ ဖြစ်ပါသလဲ။

သင့်အဖြေဟာ သင့်ခံစားနေရတဲ့ ရောဂါဟာ နာတာရှည်လား ။ အခုမှ ဖြစ်ပေါ်တာလားဆိုတာ သင်ခွဲခြား သိလာပါလိမ့်မယ်။

၂။ သင့်သွားဖုံးမှ သွေးယိုမှု ဖြစ်ပွားအောင် သင့်မှာ ထိခိုက်ဒါဏ်ရာရရှိဖူးပါသလား။

တကယ်လို့ သင့်မှာ အဲလို ထိခိုက်ဒါဏ်ရာ မရှိခဲ့ဖူးဆိုရင် အလိုအလျှောက်ဖြစ်တတ်တဲ့ အခြားသော အကြောင်း အရာများကို ထည့်စဉ်းစားရမှာ ဖြစ်ပါတယ်။

၃။ တခြားနေရာမှ အလိုအလျှောက် သွေးယိုစိမ့်သော လက္ခဏာများကို သင်ခံစားနေရပါသလား။

ဥပမာ၊ နှာခေါင်း သွေးလျှံခြင်း၊ အရေပြားတွင် သွေးချေဥလွယ်ခြင်း၊ သင့်ရဲ့ အဆစ်များ ယောင်ယမ်းနေခြင်း၊ စသည့်တို့ ဖြစ်နေမယ်ဆိုရင်တော့ သင့်မှာ သွေးနှင့်ဆိုင်တဲ့ သွေးမတိတ်တဲ့ရောဂါရှိမရှိကို သေချာ စစ်ဆေးဖို့ လိုတယ်ဆိုတာ ပြတာပါပဲ။

၎။ အခုလို မဖြစ်ခင်မှာ သင့်မှာ လည်ချောင်းနာခဲ့ဖူးပါသလား။

လည်ချောင်းနာတာ ဒါမှမဟုတ် တခြား ဗိုင်းရပ်စ် ရောဂါပိုးတခုခု တကယ်လို့ ဖြစ်ခဲ့မယ်ဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကတဆင့်ဖြစ်ပေါ်တတ်တဲ့ သွေးမတိတ်တဲ့ ရောဂါရှိမရှိကို သေချာစစ်ဖို့လိုပါတယ်။

၅။ သွားနဲ့ခံတွင်းကျန်းမာရေးနဲ့ ပတ်သတ်ပြီး သင့်ရဲ့ သွားဆရာဝန်ကို နောက်ဆုံးဘယ် အချိန်က ပြခဲ့ ပါသလဲ။

မှန်မှန်ပြသခဲ့ပါသလား။ သွားပိုးစားနေတာရှိပါသလား ။ တကယ်လို့ အဲဒါတွေ ကို မှန်မှန်မလုပ်ခဲ့မိဘူး။ သွားပိုးစားတာလေးတွေ ရှိနေမယ်ဆိုရင်တော့သင့်မှာ သွားဖုံးယောင်တဲ့ရောဂါ ကို သေချာစစ်ဆေးဖို့ လိုပါတယ်။

တခါတလေမှာ တခြားသော ရောဂါလက္ခဏာများကလည်း သင့်ရောဂါ ကိုတွေ့ရှိဖို့ အကူအညီ ပေးတတ်တာကြောင့် ဒီရောဂါလက္ခဏာလေးတွေ ရှိမရှိကို သင်စစ်ဆေး ကြည့်စေချင်ပါတယ် ။

၁။ သွေးခြေဥလွယ်ခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ မိန်းကလေးများတွင် ရာသီလာသော ပမာဏများနေတတ်ခြင်း စတာတွေဟာ သွေးမတိတ်တဲ့ရောဂါဖြစ်ဖို့ များတဲ့ လက္ခဏာ တချို့ပါပဲ။

၂။ မောပန်းလွယ်ခြင်း၊ ကိုယ်အလေးချိန်လျှော့ကျလာခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ ညဖက်ချွေးထွက်ခြင်း စတာတွေကတော့ Lymphoma နဲ့ သွေးကင်ဆာလို ရောဂါမျိုးမှာ ပိုမိုတွေ့ရတတ်ပါတယ်။

၃။ သွားဖုံးမှာ အနာရှိခြင်းကတော့ သွားဖုံးယောင်ခြင်းကြောင့် ဖြစ်တတ်တဲ့ရောဂါ လက္ခဏာ တခုပါပဲ။

၎။ အရေပြားမှာ အစက်အပျောက်တွေကို တွေ့လာရမယ်ဆိုရင်တော့ သွေးမတိတ်တဲ့ ရောဂါတချိုကို စဉ်းစားရပါလိမ့်မယ်။

၅။ အာခေါင်ခြောက်ခြင်း ကတော့ ဆီးချိုရောဂါ၊ တချို့သောဆေးများ ၊ သွေးအားနည်းခြင်း၊ ခုခံအားကျဆင်းမှုရောဂါ စသည်တို့တွင်တွေ့ရတတ်ပြီး ပါးစပ်ခြောက်ခြင်းကြောင့် သွားဖုံးယောင်ခြင်းကို အားပေးစေပါတယ။်

ဘာ့ကြောင့်လဲ…

သွားဖုံးသွေးယိုစိမ့်ခြင်းဟာ သွားဖုံးကြောင့်ဖြစ်သောရောဂါ အပြင် အခြားသော အကြောင်း အရာများကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် အခြာအကြောင်းအရာ များကိုလည်း ရှာဖွေ ကုသသင့်ပါတယ်။ သွားဖုံးသွေးယိုစိမ့်ခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရာတွေကတော့

o သွားဖုံးယောင်ခြင်း

o သွားဖုံးတွင်ရောဂါတခုခုရှိခြင်း

o သွေးမတိတ်သော ရောဂါများကြောင့်ဖြစ်ခြင်း

o သွေးကင်ဆာ

o ကိုယ်ဝန်ရှိစဉ် သွားဖုံးသွေးယိုခြင်း

o ဗိုက်တာမင် စီနှင့် အခြားဗိုက်တာမင်များ ချို့တဲ့ခြင်း

o သွားပိုးစားခြင်းမှ တဆင့် သွားဖုံးသွေးယိုခြင်း

o ပါးစပ်အတွင်း ပိုးဝင်ခြင်း

o အရက်သေစာ သောက်စားသော လူများတွင် သွားဖုံးသွေးယိုခြင်း

သွားဖုံးသွေးယိုစိမ့်ခြင်းဟာ များသောအားဖြင့် သွားဖုံးယောင်ခြင်းကြောင့် ဖြစ်ပါတယ်။ အချို ဓါတ်များစွာပါဝင်သော အစာများကိုစားသောက်ခြင်း၊ သွားပုံမှန်မတိုက်ခြင်း သို့မဟုတ် ခံတွင်း သန့်ရှင်းရေးကို သေချာ မလုပ်ခြင်းများဟာ သွားများနဲ့ သွားဖုံးများ ပတ်ဝန်းကျင်မှာ စားကျွင်းစားကျန်စုမှုကို အားပေးပါတယ။် အချိန်ကြာလာတာနဲ့အမျှ ဘက်တီးရီးယားများ ခိုအောင်ဖို့ နေရာ တခုအဖြစ် တည်ရှိကာ သွားဖုံးယောင်ခြင်းကို အားပေးပါတယ်။

ကိုယ်ဝန်ဆောင် မိခင်တွေမှာ ဟော်မုန်းပြောင်းလဲမှုကြောင့် သွားဖုံးတွင်ရှိသော အသားစများ လျော့ရဲကာ ပျော့ပြောင်းလာခြင်း၊ သွေးလျှောက်များလာခြင်းတို့ကြောင့် သွားဖုံးသွေးယိုတာဖြစ်တတ်ပါတယ်။

စိတ်ဖိစီးမှုများခြင်း ၊ ဆေးလိပ်သောက်ခြင်း၊ အစာအဟာရ မျှတစွာ စားသောက်မှု မရှိခြင်းတို့ကလည်း သွားဖုံးသွေးယိုခြင်းကို ပိုမိုဖြစ်စေပါတယ်။

ဆီးချိုဝေဒနာရှင်များ ဆီးချိုရောဂါ ထိန်းသိမ်းမှုအား နည်းလျှင် သွားဖုံး သွေးယိုခြင်း ဖြစ်နိုင်သလို၊ တချို့သော ဆေးများကလည်း သွားဖုံးသွေးယိုစိမ့်ခြင်းဖြစ်နိုင်ပါတယ်။

သင်ဘယ်လိုခံစားလာရမလဲ ။

ရောဂါတခုခုရှိပြီဆိုရင်တော့ သွားဖုံးတွေဟာ နီပြီးယောင်လာပါတယ်။ နောက် သွားတိုက်တဲ့ အခါ သွေးထွက်လာတတ်ပါတယ။် သွားဖုံးယောင်လာတာကို သေချာ မကုရင်တော့ အနီးနားမှာရှိတဲ့ အသားမျှင်တွေနဲ့ အရွတ်တွေကိုပါ ထိခိုက်စေပြီး သွားယိုင်နဲ့တာတွေ၊ သွားနဲ့ သွားဖုံးကြားမှာ အခေါင်းပေါက်ဖြစ်လာတွေ ဖြစ်တတ်ပါတယ်။ နောက်ဆုံးမှာ သွားကျွတ်ထွက်တာ၊ သွားဖုံးမှာ အနာဖြစ်တာတွေ အထိဖြစ်တတ်ပါတယ်။

သွားဖုံးများ ယောင်နေခြင်း ဟာ သွေးကင်ဆာ၊ ကိုယ်ဝန်ဆောင်များ၊ ဗိုက်တာမင်စီ ချိုတဲ့သူများ ၊ သွားဖုံးနှင့် သွားခြေယောင်သော သူများတွင်လည်း ဖြစ်တတ်ပါတယ်။

ဗေလုံး

Hodgkin lymphoma ၊ သွေးကင်ဆာ ၊ Lupus erythemtosus ၊ သွေးမတိတ်သော ရောဂါများ ၊ ရိုးတွင်းချဉ်စီမှာ သွေးနှင့်ဆိုင်သော ပစ္စည်းများ မထုတ်လုပ်နိုင်သော သွေးအားနည်းရောဂါများတွင် ဗေလုံးကြီးနေတတ်ပါတယ်။

သွေးချေဥခြင်း

အကြောင်းအမျိုးမျိုးကြောင့် သွေးတိတ်စေသော အရာ ( platelets ) နည်းနေသော အခြေအနေများတွင် ခန္ဓာကိုယ်အနှံ့အပြား၌ သွေးခြေဥကလေးများ (အနီရောင် အစက်အပျောက် ကလေးများ ) ထွက်တတ်ပါတယ်။

ဆောင်ရန် ရှောင်ရန်များ

သွားဖုံးမှာသာမက တခြားနေရာများကပါ အလိုအလျှောက် သွေးထွက်နေပြီးဆိုရင်တော့ သင့်ရဲ့ မိသားစု ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဒါမှမဟုတ် သွားဖုံးတခုတည်းက သွေးထွက်နေတယ်ဆိုရင်တော့ သွားနှင့်ခံတွင်းကို ကောင်းမွန်သန့်ရှင်းအောင်ထားတာဟာ သွားသွေးယိုစိမ့်တာကို ကာကွယ်ဖို့နဲ့ကုသဖို့ အကောင်းဆုံး နည်းလမ်းတရပ်ပါပဲ။ ဒါကြောင့် သင့်ရဲ့သွားတွေကို သွားတိုက်ဆေးနဲ့ မနက်တကြိမ် ၊ ညအိမ်ရာဝင်တကြိမ် အနည်းဆုံးတိုက်သင့်ပြီး တကြိမ်တိုက်လျှင်လည်း နှစ်မိနစ်ခန့်ကြာအောင် တိုက်ပေးရပါမယ်။

သွားတိုက်တဲ့အခါ သင့်သွားဖုံးတွေ သွေးထွက်တာတတ်တယ်ဆိုရင်တော့ သင်သွားတိုက်တာ ကြမ်းမကြမ်း၊ သင့်ရဲ့ သွားဖုံးတွေကိုကြွတက်လာစေပြီး အောက်က သွားခြေတွေ ပေါ်လာအောင် သင်တိုက်မိသလား ဆိုတာကို အနည်းငယ် စမ်းစစ်ဖို့လိုပါလိမ့်မယ်။ တကယ်လို့ပြုမူမိခဲ့မယ် ဆိုရင်တော့ အဲဒီအကျင့်ကလေးကို ဖျောက်ပြီး မှန်ကန်တဲ့ သွားတိုက်နည်းအတိုင်း တိုက်သင့်ပါတယ်။

သွားတိုက်ခြင်းက သွားများကို သန့်ရှင်းစေဖို့ တခုတည်းသော နည်းလမ်းဖြစ်သလို သွားများကြားကို သန့်ရှင်းဖို့လည်း အလွန် အရေးကြီးပါတယ်။ ဒါကြောင့် သွားများကြားကို သန့်ရှင်းစေဖို့ သွားကြားထိုးတဲ့ကြိုး ကလေးများကို အသုံးပြုပြိး သန့်ရှင်းနိုင်ပါတယ်။ သင့်မှာ အခြားသော ရောဂါများမရှိပဲ သွားနဲံ သွားဖုံးဆိုင်ရာ ရောဂါကြောင့် သွားသွေးထွက်ခဲ့ရင်တော့ သွားတိုက်ခြင်း သွားကြားထိုးတဲ့ကြိုးနဲ့ သွားကြားထိုးခြင်းတို့ဟာ သွေးဆက်ထွက်နိုင်ပေမယ့် နောင်ဖြစ်မဲ့ပြသနာများကို ကျော်လွှားနိုင်ဖို့ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆက်လုပ်သင့်ပါတယ်။ သွားတိုက်ပြီးသောအခါ ပလုတ်ကျင်းခြင်း၊ ခံတွင်းနံ့မွှေးစေသော ပစ္စည်းများကို သုံးခြင်းဟာလည်း သွားများကြားမှာ ကပ်တွယ်နေတဲ့ အစာများကို ဖယ်ရှားပေးတာကြောင့် အကျိုးရှိစေပါတယ်။

သွားဖုံးသွေးယိုစိမ့် မှု မဖြစ်အောင် ကာကွယ်မယ်ဆိုရင်

ခံတွင်းသန့်ရှင်းမှုကို နေ့စဉ်မပြတ်ပြုလုပ်ပြီနောက် သကြားလုံး၊ ချောကလက်၊ အချိုရည် စသော အချိုများသည့် အစားအသောက်များကို လျှော့စားခြင်း၊ ၊ ကော်ဖီ လက်ဘက်ရည်ထဲသို့ သကြားများများ ထည့်သောက်ခြင်း များကို လျှောင်ကျဉ်သင့်ပါတယ်။ အစာတခုနှင့် တခုကြားတွင် အစာပြေစားခြင်း များကလည်း သွားဖုံးယောင်ခြင်းကို တဖက်တလမ်းမှ အားပေးသောကြောင့် ထိုသို့စားသောက်ခြင်းကိုလည်း ဆင်ခြင်သင့်ပါတယ်။

ဆေးလိပ်သောက်ခြင်းဟာ သွေးထဲမှာရှိတဲ့ အောက်ဆီဂျင်ပမာဏကို နည်းပါးစေပြီး သွားဖုံးများကိုမာကျောစေကာ သွားဖုံးကျန်းမာမှုကို ထိခိုက်စေပါတယ်။ ဆေးလိပ် သောက်သည့် ပမာဏကိုလျှော့ချခြင်း ၊ဖြစ်နိုင်လျှင် ဆေးလိပ် ဖြတ်ခြင်းက သွားဂျီးတက်ခြင်းကို ကာကွယ်ပေးသည့် အပြင် ဘက်တီးရီးယားများ ခိုအောင်းနိုင်သော အလွှာတခုဖြစ်ပေါ်မှုကိုလည်း နှောင့်နှေးစေပါတယ်။

အကယ်၍များသင်ဟာ အံကပ် တပ်ထားရတဲ့သူဖြစ်ပြီး သင့်ရဲ့ အံကပ်ဟာ သင်နဲ့ အဆင်မပြေသေးဘူးဆိုရင်တော့ သင့်ရဲ့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ။် တကယ်လို အဲဒီ ပြသနာကိုလစ်လျှူရှုခဲ့မယ်ဆိုရင် သင့်ရဲ့ အံကပ်ဟာ သွားဖုံးနဲ့ပွတ်တိုက်မိပြီး အနာဖြစ်ကာ ပိုးဝင်ရောက်ဖို့ အခွင့်အလမ်းပိုများလာပါလိမ့်မယ်။

သင်ဟာ သင့်ရဲ့ သွားဆရာဝန်နဲ့ အနည်းဆုံးတနှစ်ကိုတကြိမ် ၊ တကယ်လို့များသင့်မှာ သွားနဲ့ခံတွင်းဆိုင်ရာ ပြသနာတခုခုရှိခဲ့မယ်ဆိုရင်တော့ တနှစ်ကို တကြိမ်ထက်ပိုပြီး သွားရောက်ကာ သင့် ကျန်းမာရေးအတွက် တိုင်ပင်သင့်ပါတယ။်

ကျမမွန်းသက်ပန် ဖတ်မိထားသလောက် ကလေးတွေပဲဖြစ်လို့ အဆင်မပြေမှုများ ရှိခဲ့မယ်ဆိုရင် ကျမဆီကို မေးလ်ပို့နိုင်ပါတယ်ရှင်...။ အားလုံး အတန်အသင့်တော့ စိတ်ကျေနပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မွန်းသက်ပန် (ဆေး-၁)



Read More...

နှစ်ခြိုက်စွာ အိပ်စက်ခြင်း


တနေ့တာလုံး ပင်ပင်ပန်းပန်း အလုပ်လုပ်နေရပြီး ညဘက်အနားယူ အိပ်စက်ချိန်မှာ ကောင်းကောင်း အိပ်မပျော်နိုင် ဖြစ်ခဲ့မယ်ဆိုရင် ကိုယ့်ရဲ့ တစ်နေ့တာ အချိန်တွေမှာ တက်ကြွလန်းဆန်း နေရမယ့်အစား ငိုက်မျဉ်းနေတာ၊ နုံးနေတာ၊ စိတ်တိုနေတာ၊ ဆုံးဖြတ်ချက် ပိုင်ပိုင်နိုင်နိုင် မချနိုင်တာ၊ စိတ်ကျတာတွေ ဖြစ်တတ်ပါတယ်။
ပျမ်းမျှအားဖြင့်တော့ လူတစ်ယောက်အတွက် လုံလုံလောက်လောက် အိပ်ချိန်ကို ၈နာရီခွဲမှ ၉နာရီခွဲလို့ သတ်မှတ်လေ့ရှိပါတယ်။

ဒါပေမယ့် သင်ဟာ
ညဘက်မှာ ခဏခဏ နိုးနေမယ်ဆိုရင်
မနက် အစောကြီး အချိန်မဟုတ် အခါမဟုတ် နိုးနေမယ်ဆိုရင်
လုံလောက်တဲ့အိပ်ချိန်နဲ့အိပ်ပေမယ့် အိပ်ရာနိုးရင် လန်းဆန်းမနေဘူးဆိုရင်
သင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ဘူးလို့ ပြောလို့ရနိုင်ပါပြီ...။

တချို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခြင်း တွေကတော ရောဂါတစ်ချို့ဖြစ်တဲ့ ကင်ဆာ၊ ပန်းနာရင်ကျပ်၊ အဆစ်ရောင်ရောဂါ၊ အချို့သောဆေးများ၊ စိတ်ကျရောဂါ အပါအ၀င် အခြားသော စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများ၊ အဲဒါတွေ အပြင် ပတ်ဝန်းကျင်ရဲ့ အလင်းအမှောင်၊ အသံတွေနဲ့ ဆက်စပ်မှုရှိပါတယ်။ တခါ တလေတော့လည်း အဲဒါတွေနဲ့ ဘာမှမဆိုင်ဘဲ သူ့ဟာသူ အိပ်မပျော်တာလည်း ရှိနေတတ်ပါတယ်။

အိပ်မပျော်ဘူးလို့ ဆိုရာမှာလည်း
(၁) တစ်ည၊ နှစ်ည ဒါမှမဟုတ် ရက်သတ္တပတ် အနည်းငယ်သာ အိပ်မပျော်တာ
(၂) တစ်ချို့ရက်တွေမှာ အိပ်ပျော်လိုက်၊ တစ်ချို့ရက်တွေမှာ အိပ်မပျော်လိုက်ဖြစ်တာ
(၃) အိပ်မပျော်မှုဟာ တစ်ပတ်မှာ သုံးရက်နှင့်အထက် ရှိပြီးနောက် တစ်လထက် ပိုကြာနေတာ ရယ်ဆိုလို့ ဆိုပြီးရှိပါတယ်။

သင့်မှာ တကယ်သာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ဘူးလို့ ခံစားနေရရင် ဒါမှမဟုတ် သင့်ရဲ့ တစ်နေ့တာ လုပ်ငန်းတွေကို အနှောင့်အယှက် ဖြစ်လာစေမယ်ဆိုရင် သင့်ရဲ့ အိပ်ချိန်နဲ့ အိပ်တဲ့ပုံစံကို လေ့လာကြည့်ပေးပါ။
ခဏတဖြုတ်ပဲ ဖြစ်တဲ့ ကိစ္စဆိုရင် သူ့ဖာသာသူ ကောင်းသွားမှာပါ။ အိပ်မပျော်နိုင်တဲ့ရက်တွေ များလာရင်တော့ ဒီအချက် ကလေးတွေ လုပ်ပေးဖို့ လိုပါလိမ့်မယ်။

(၁) ရှေ့မှာဖော်ပြခဲ့ပြီးတဲ့ အတိုင်း အိပ်မပျော်နိုင်တဲ့ရောဂါ ရှိမရှိ အရင်ရှာပေးပါ။

(၂) ညဘက်မှာ အရက်သောက်ခြင်းဟာ နှစ်ခြိုက်စွာ အိပ်ပျော်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်၊ ဒါမှမဟုတ် ပိုဆိုးစေပါတယ်။ ဒါကြောင့် လျှော့သောက်ပါ။

(၃) အိပ်ဆေးတချို့ကို အခါအားလျော်စွာ သုံးနိုင်ပါတယ်။ ဒါပေမယ့် ဒီဆေးတွေကလည်း ရေရှည်မှာ ဆိုးကျိုးတွေ ဖြစ်စေနိုင်တာမို့ ဆင်ခြင်ရပါလိမ့်မယ်။

နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ဖို့ ဒီနည်းလေးသုံးနည်း ထဲက တစ်နည်း ဒါမှမဟုတ် ကြိုက်သလို သုံးနိုင်ပါတယ်။ အဲဒါကတော့

(၁)စိတ်ဖိစီးမှုကို လျှော့ချပေးတဲ့ နည်းပါ။ စိတ်ရော လူရော အနားယူပြီးမှ အိပ်စက်ရင် သင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှာပါ။

(၂)အိပ်ချိန်တွေကို လျှော့ချပေးပါ။ တချို့လူတွေက အိပ်ပျော်ဖို့ အချိန်အများကြီး ယူရတာမျိုး ဖြစ်တတ်ပါတယ်။ နှစ်ခြိုက်စွာ အိပ်ပျော်နိုင်အောင် အိပ်ရာထဲမှာနေတဲ့ အချိန်တွေကို လျှော့ချပေးလိုက်ပါ။ နောက်ကျမှအိပ်ပြီး စောစောထပေးပါ။ တဖြည်းဖြည်းနဲ့မှ အရင်လို ပြန်ကျင့်ယူပါ။

(၃)သင့်အိပ်ရာကလေးကို အိပ်ဖို့ကလွဲပြီး တခြားအပိုကိစ္စတွေ မသုံးမိစေဖို့ ဂရုစိုက်ပါ။ (စာဖတ်တာ၊ တီဗွီကြည့်တာမျိုးတွေပေါ့)


ဒါဆို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ဘာလုပ်သင့်သလဲ၊

(၁)အိပ်ချိန်ကို သတ်မှတ်ပေးလိုက်ပါ။ အချိန်မှန် အိပ်ရာဝင်ပြီး အချိန်မှန်မှန် အိပ်ရာထပါ။ ညနေ ၃ နာရီကျော်ရင် တရေးတမော မအိပ်ပါနဲ့တော့။

(၂)ညနေစောင်း ဒါမှမဟုတ် ညမှာ caffine ပါတဲ့ အစားအစာတွေဖြစ်တဲ့ coffee, cola, chocolate အများအပြား စားသောက်တာ၊ Alcohol ပါတဲ့ အရက်၊ ဘီယာ သောက်စားတာ၊ Nicotine ပါတဲ့ ပစ္စည်းဖြစ်တဲ့ ဆေးလိပ်သောက်တာမျိုးများကို ရှောင်ပါ။ (တကယ်လို့ မဖြစ်မနေ သောက်စားရမယ်ဆိုရင် လည်း အိပ်ချိန်နဲ့ ၂နာရီ ၃နာရီ ကွာပါစေ)

(၃)ပုံမှန်လေ့ကျင်ခန်းလုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်တဲ့ အချိန်ဟာ အိပ်ချိန်နဲ့ အရမ်းနီးနေရင် သင့်ကိုယ်မှာရှိနေတဲ့ အကျောဆိုင်တွေ မပြေလျော့နိုင်သေးတာမို့ အိပ်ချိန်နဲ့ ၅ နာရီ၊ ၆ နာရီလောက် ကွာပေးရပါမယ်။

(၄)ညစာကိုလည်း အိပ်ချိန်နဲ့ ၂ နာရီ၊ ၃ နာရီ ခွာပြီး စားပေးပါ။ အစာအိမ်ထဲက အစာတွေ အူထဲရောက်သွားဖို့က ၂-၄ နာရီ ပျမ်းမျှ ကြာပါတယ်။ သင်အိပ်တဲ့အချိန်မှာ အစာအိမ်ထဲမှာ အစာရှိနေရင် ကောင်းကောင်း အိပ်ပျော်မှာ မဟုတ်ပါဘူး။

(၅)သင့်အိပ်ခန်းကလေးကို တိတ်တိတ်ဆိတ်ဆိတ်၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အလင်းရောင် သိပ်မများအောင် လုပ်ထားပေးပါ။ အတွင်းနံရံဆေးသား၊ အိပ်ရာခင်းတွေ၊ မီးလုံးကအစ စိတ်ကို ပျော့ပြောင်းစေမယ့် အပြာရောင်၊ ပန်းရောင်ဖျော့ဖျော့လေးများ ဖြစ်သင့်ပါတယ်။ လေ၀င်လေထွက် ကောင်းဖို့တော့ လိုပါတယ်။ တကယ်လို့ သင်ဟာ တခြားသူတွေနဲ့ တစ်ခန်းတည်း အိပ်ရတယ်ဆိုရင် အလင်းရောင်ကို ကာကွယ်ဖို့ အိပ်တဲ့အချိန်မှာတပ်တဲ့ မျက်လုံးကိုဖုံးတဲ့ဟာလေး တပ်ထားပါ။ အသံတွေကို ကာကွယ်ဖို့ အမြဲကြားနေရမယ့် အသံတစ်ခုခုကို သင်ဘာသာသင် ဖန်တီးလိုက်ပါ။ (ဥပမာ ပန်ကာသံ) အဲဒီအသံက တခြားအသံတွေကို ဖုံးလွှမ်းသွားရင် သင် အိပ်ပျော်ပါလိမ့်မယ်။

(၆)စိတ်အပန်းဖြေဖို့ အိပ်ရာဝင်ခါနီးမှာ စာအုပ်ဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ရေချိုးခြင်းများ ပြုလုပ်ပေးပါ။ (အင်တာနက်သုံးဖို့တော့ မတိုက်တွန်းချင်ပါဘူး)

(၇)အိပ်ရာထဲမှာ လဲလျောင်းနေတာ မိနစ် ၂၀ ကျော်ကြာတဲ့အထိ အိပ်မပျော်နိုင်သေးဘူး၊ မငိုက်သေးဘူးဆိုရင် ဆက်ပြီး ကြိုးစားမနေပါနဲ့။ အိပ်ရာထဲမှထပြီး စိတ်သိပ်မပင်ပန်းစေမယ့် သက်တောင့်သက်သာ အလုပ်ကလေးကို ငိုက်လာတဲ့အထိ လုပ်နေပေးပါ။ (စာဖတ်တာမျိုးပေါ့) ပြီးမှ အိပ်ရာပြန်ဝင်ပါ။

(၈)မနက်ဖြန်မှာ လုပ်စရာတွေအတွက် စိတ်ပူနေမယ်ဆိုရင် သင်အိပ်ရာမ၀င်ခင် ကိစ္စလေးတွေကို ရေးချထားလိုက်ပါ။

(၉)သင့်အိပ်ရာကလေးကို အိပ်ဖို့အတွက်ပဲ အဲ..အိပ်ဖို့အတွက်ပဲ သုံးပါ။

ဒီလို အလေ့အကျင်ကလေးတွေ သုံးပြီးကာမှ သင်ဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင်သေးရင်တော့ သင့်ရဲ့မိသားစုဆရာဝန်နဲ့ တိုင်ပင်သင့်ပါပြီလို့ထင်ပါတယ်...။

မွန်းသက်ပန် (ဆေး-၁)


Read More...