Showing posts with label ဘာသာပြန်. Show all posts
Showing posts with label ဘာသာပြန်. Show all posts

Saturday, August 9, 2008

အမေ့ကိုယ်စား


၂၀၀၈ ခုနစ်၊ ဧပြီလ၊ ၃၀ ရက် (ဗုဒ္ဓဟူးနေ့)

ကျနော့် အမေမှာ မျက်လုံးတစ်လုံးတည်း ပါတာဗျ။ ကျန်တဲ့ တစ်ဖက်က ချိုင့်ပြီး မျက်လုံး ဟောက်ပတ်ကြီး ဖြစ်နေတယ်။ အီး .... ဘယ်လောက် ရှက်စရာ ကောင်းသလဲဗျာ။ ကြောက်လည်း ကြောက်စရာကြီး။ ကျနော် သူ့ကို မုန်းတယ်။ သူက ကျနော်နေတဲ့ မူလတန်းကျောင်းမှာ အလုပ်လုပ်တယ်ဗျ။ ကျောင်းက ကျောင်းသားတွေနဲ့ ဆရာတွေအတွက် ထမင်းဟင်း ချက်ပေးရတယ်။

မူလတန
်း ကျောင်းသား ဘ၀တုန်းကပေါ့။ တစ်နေ့ အမေ ကျနော့် အခန်းလာပြီး ကျနော့်ကို လာနှုတ်ဆက်တယ်။ ကျနော် ရှက်လိုက်တာဗျာ။ သူ ဘာလို့ ဒီလို လုပ်ရတာလဲ ဆိုတာ ကျနော် စဉ်းစားမရဘူး။ ကျနော် စူးစူးရဲရဲကြီး ကြည့်ပြီး မျက်စောင်း ထိုးပစ်လိုက်တယ်။ နောက် မသိချင်ယောင်ဆောင်ပြီး ကျနော် သူမရှိတဲ့နေရာမှာ သွားပုန်းနေလိုက်တယ်။ နောက်နေ့ အတန်းထဲမှာ သူငယ်ချင်းတစ်ယောက်က ပြောတယ်။
“အီး ..... မင်းအမေရဲ့ မျက်လုံးက တစ်ဘက်တည်း”

ကိုယ့်ကိုယ်ကို သတ်သာ သေလိုက်ချင်တော့တယ်ဗျာ။ နောက်ပြီး အမေ့ကို ကျနော့် မြင်ကွင်းထဲက ပျောက်ကို သွားစေချင်တယ်။ အဲဒီနေ့က သူ့ကို ကျနော် တွေ့ပြီးတော့ သူ့ကို ပြောခဲ့တယ်။
“ကျနော့်ကို အမြဲ ပျော်ရွှင် ရယ်မောနေတဲ့ ကလေးတစ်ယောက် အနေနဲ့ မြင်ချင်ရင် ခင်ဗျားကြီး တစ်နေရာမှာ သွားသေလိုက်ပါ
လားဗျာ”

အမေ ကျနော့်ကို ဘယ်လိုမှ မတုန့်ပြန်ခဲ့ပါဘူး။ ကျနော့်မှာ ဒေါသဖြစ်လွန်းလို့ ကျနော် ပြောခဲ့တာတွေကို စက္ကန့်မလပ် ပြန်ပြန်ပြီး စဉ်းစားနေမိတယ်။ အဲဒီလို ပြောလိုက်လို့ သူ ဘာဖြစ်သွားသလဲ ကျနော် သတိမထားနိုင်တော့ဘူး။

မြင်တိုင်း ရှက်မိနေတော့ အိမ်မှာ နေစရာ အကြောင်းကလည်း မရှိတော့ဘူး။ နေလည်း မနေချင်ဘူး။ သူငယ်ချင်း အိမ်မှာပဲ ကျောင်းစာ အသည်းအသန် လုပ်ဖြစ်တော့ နိုင်ငံခြားမှာ ပညာသွားသင်ဖို့ အခွင့်အရေး ရလာခဲ့တယ်။

နောက်တော့ ကျနော် အိမ်ထောင် ကျခဲ့တယ်။ ကိုယ်ပိုင် အိမ်လေးတစ်လုံး ၀ယ်နိုင်လာပြီး သားသမီး ရတနာတွေနဲ့
လည်း စည်ကားလို့ပေါ့။ အခု လက်ရှိအနေအထားမှာ သားသမီးတွေနဲ့ ကျနော့်ဘ၀လေးကို ပျော်နေခဲ့တယ်။

တစ်နေ့ အမေ ကျနော့်ဆီ လာလည်တယ်။ ကျနော်နဲ့ မတွေ့တာလည်း နှစ်တွေ အတော်ကြာပြီ။ သူ့ မြေးတွေကိုဆို မြင်တောင် မမြင်ဖူးဘူးလေ။ သူ အိမ်တံခါးရှေ့ လာရပ်တော့ ကျနော့် ကလေးတွေက လှောင်ပြောင်နေကြတယ်။ သရဲမကြီး၊ သရဲမကြီးပေါ့။ မဖိတ်ဘဲ လာတဲ့ သူ့ကို ကျနော် ငေါက်လွှတ်လိုက်တယ်။
“ခင်ဗျားကြီး ကျုပ်အိမ်ကို လာပြီး ကျုပ်ကလေးတွေကို လာခြောက်နေတာလား။ သွား ... အခုချက်ချင်း ထွက်သွား။”

အဲဒီလိုြေ
ပာသံလည်း ကြားလိုက်ရော အမေက ဖြေးဖြေးလေး ပြန်ပြောပြီး လှည့်ထွက်သွားပါတယ်။
“အော် တောင်းပန်ပါတယ်ကွယ်။ အမေ လိပ်စာ မှားဝင်လာမိလို့ပါ။”

တစ်နေ့ အိမ်ကို စာတစ်စောင် ရောက်လာတယ်။ ကျနော် ငယ်ငယ်က နေခဲ့တဲ့ ကျောင်းရဲ့ ကျောင်းသားဟောင်း စုံညီပွဲအတွက် ဖိတ်စာပါ။ အဲဒီမှာ အမေ ရှိနေမှာတော့ သေချာတယ်။ ဒါကြောင့် ကျနော့် ဇနီးကို အလုပ်ကိစ္စအတွက် ခရီးထွက်ဖို့လို့ ညာလိုက်ရတယ်။

စုံညီပွဲပြီး
တော့ ကျနော်ငယ်ငယ်က နေခဲ့တဲ့ အိမ်အိုလေးဆီ သွားခဲ့တယ်။ အံ့သြလွန်းလို့ပါ။ ကျနော် ရောက်တော့ အိမ်နီးနားချင်းတွေက အမေ ဆုံးသွားပြီ ဆိုတဲ့ အကြောင်း ပြောပါတယ်။ အော် ... ကျနော် မျက်ရည် တစ်စက်တောင် မကျပါလား။
ကျနော် ဖတ်ဖို့ အမေ စာတစ်စောင် ထားခဲ့ပါတယ်။ ဒီစာကို ဖတ် အပြီးမှာတော့ .....

ချစ်သား
အမေ သားကို အချိန်တိုင်း သတိရနေတာပါ။ ဟိုတစ်နေ့က သားရဲ့အိမ်ကို လာတော့ အမေ့မြေးလေးတွေကို ခြောက်လှန့်သလို ဖြစ်သွားတာ အမေ စိတ်မကောင်းပါဘူး။ သား စုံညီပွဲကို လာတက်မယ်ဆိုတာ သိလိုက်ရတော့ အမေ အတိုင်းမသိ ၀မ်းသာသွားတယ်။ ဒါပေမယ့် သားကို တွေ့ဖို့ အိပ်ယာကနေတောင် အမေ မထနိုင်ေ
တာ့ပါဘူး။ သား ကြီးပြင်းလာတဲ့ ကာလတလျှောက်လုံး သားကို အရှက်ရအောင် အမြဲလိုလို လုပ်နေမိတဲ့အတွက် အမေ စိတ်မကောင်းပါဘူး။ သား ဟိုး ငယ့်ငယ်အရွယ်တုန်းက ထိခိုက်ဒဏ်ရာ ရပြီး မျက်လုံးတစ်လုံး ကွယ်သွားခဲ့တယ်။ အဲဒါ သား ဘယ် မှတ်မိတော့မလဲ။ မျက်လုံးတစ်လုံးတည်းနဲ့ ကြီးပြင်းရမယ့် သားတစ်ယောက်ကို အမေတစ်ယောက်အနေနဲ့ ဘယ်လို ခွန်အား အစွမ်းသတ္တိနဲ့ ကြည့်နေရက်မှာလဲ သားရယ်။ ဒီတော့ အမေ့ မျက်လုံး သားကို ပေးခဲ့တယ်လေ။ အမေ သိပ် ဂုဏ်ယူပါတယ်။ အခုဆို အမေ့သားကြီး ကမ္ဘာလောကတစ်ခုလုံးကို၊ သားရဲ့ ဘ၀လေးကို ကောင်းကောင်းကြီး ရှုမြင်နေနိုင်ပြီ။ အဲဒီ မျက်လုံးကြီးနဲ့လေ။ အမေ့နေရာကနေပေါ့။

အလုံးစုံသော ချစ်ခြင်းမေတ္တာဖြင့်
မင်းရဲ့ အမေ

သူငယ်ခ
ျင်းတစ်ယောက် ပို့လာသော Forward Mail တစ်စောင်အား စီလျှော်သလို ဘာသာပြန်ထားသည်။



Read More...

အမေ့ကိုယ်စား


၂၀၀၈ ခုနစ်၊ ဧပြီလ၊ ၃၀ ရက် (ဗုဒ္ဓဟူးနေ့)

ကျနော့် အမေမှာ မျက်လုံးတစ်လုံးတည်း ပါတာဗျ။ ကျန်တဲ့ တစ်ဖက်က ချိုင့်ပြီး မျက်လုံး ဟောက်ပတ်ကြီး ဖြစ်နေတယ်။ အီး .... ဘယ်လောက် ရှက်စရာ ကောင်းသလဲဗျာ။ ကြောက်လည်း ကြောက်စရာကြီး။ ကျနော် သူ့ကို မုန်းတယ်။ သူက ကျနော်နေတဲ့ မူလတန်းကျောင်းမှာ အလုပ်လုပ်တယ်ဗျ။ ကျောင်းက ကျောင်းသားတွေနဲ့ ဆရာတွေအတွက် ထမင်းဟင်း ချက်ပေးရတယ်။
မူလတန်း ကျောင်းသား ဘ၀တုန်းကပေါ့။ တစ်နေ့ အမေ ကျနော့် အခန်းလာပြီး ကျနော့်ကို လာနှုတ်ဆက်တယ်။ ကျနော် ရှက်လိုက်တာဗျာ။ သူ ဘာလို့ ဒီလို လုပ်ရတာလဲ ဆိုတာ ကျနော် စဉ်းစားမရဘူး။ ကျနော် စူးစူးရဲရဲကြီး ကြည့်ပြီး မျက်စောင်း ထိုးပစ်လိုက်တယ်။ နောက် မသိချင်ယောင်ဆောင်ပြီး ကျနော် သူမရှိတဲ့နေရာမှာ သွားပုန်းနေလိုက်တယ်။ နောက်နေ့ အတန်းထဲမှာ သူငယ်ချင်းတစ်ယောက်က ပြောတယ်။
“အီး ..... မင်းအမေရဲ့ မျက်လုံးက တစ်ဘက်တည်း”


ကိုယ့်ကိုယ်ကို သတ်သာ သေလိုက်ချင်တော့တယ်ဗျာ။ နောက်ပြီး အမေ့ကို ကျနော့် မြင်ကွင်းထဲက ပျောက်ကို သွားစေချင်တယ်။ အဲဒီနေ့က သူ့ကို ကျနော် တွေ့ပြီးတော့ သူ့ကို ပြောခဲ့တယ်။
“ကျနော့်ကို အမြဲ ပျော်ရွှင် ရယ်မောနေတဲ့ ကလေးတစ်ယောက် အနေနဲ့ မြင်ချင်ရင် ခင်ဗျားကြီး တစ်နေရာမှာ သွားသေလိုက်ပါလားဗျာ”

အမေ ကျနော့်ကို ဘယ်လိုမှ မတုန့်ပြန်ခဲ့ပါဘူး။ ကျနော့်မှာ ဒေါသဖြစ်လွန်းလို့ ကျနော် ပြောခဲ့တာတွေကို စက္ကန့်မလပ် ပြန်ပြန်ပြီး စဉ်းစားနေမိတယ်။ အဲဒီလို ပြောလိုက်လို့ သူ ဘာဖြစ်သွားသလဲ ကျနော် သတိမထားနိုင်တော့ဘူး။

မြင်တိုင်း ရှက်မိနေတော့ အိမ်မှာ နေစရာ အကြောင်းကလည်း မရှိတော့ဘူး။ နေလည်း မနေချင်ဘူး။ သူငယ်ချင်း အိမ်မှာပဲ ကျောင်းစာ အသည်းအသန် လုပ်ဖြစ်တော့ နိုင်ငံခြားမှာ ပညာသွားသင်ဖို့ အခွင့်အရေး ရလာခဲ့တယ်။

နောက်တော့ ကျနော် အိမ်ထောင် ကျခဲ့တယ်။ ကိုယ်ပိုင် အိမ်လေးတစ်လုံး ၀ယ်နိုင်လာပြီး သားသမီး ရတနာတွေနဲ့လည်း စည်ကားလို့ပေါ့။ အခု လက်ရှိအနေအထားမှာ သားသမီးတွေနဲ့ ကျနော့်ဘ၀လေးကို ပျော်နေခဲ့တယ်။

တစ်နေ့ အမေ ကျနော့်ဆီ လာလည်တယ်။ ကျနော်နဲ့ မတွေ့တာလည်း နှစ်တွေ အတော်ကြာပြီ။ သူ့ မြေးတွေကိုဆို မြင်တောင် မမြင်ဖူးဘူးလေ။ သူ အိမ်တံခါးရှေ့ လာရပ်တော့ ကျနော့် ကလေးတွေက လှောင်ပြောင်နေကြတယ်။ သရဲမကြီး၊ သရဲမကြီးပေါ့။ မဖိတ်ဘဲ လာတဲ့ သူ့ကို ကျနော် ငေါက်လွှတ်လိုက်တယ်။
“ခင်ဗျားကြီး ကျုပ်အိမ်ကို လာပြီး ကျုပ်ကလေးတွေကို လာခြောက်နေတာလား။ သွား ... အခုချက်ချင်း ထွက်သွား။”

အဲဒီလို ပြောသံလည်း ကြားလိုက်ရော အမေက ဖြေးဖြေးလေး ပြန်ပြောပြီး လှည့်ထွက်သွားပါတယ်။
“အော် တောင်းပန်ပါတယ်ကွယ်။ အမေ လိပ်စာ မှားဝင်လာမိလို့ပါ။”

တစ်နေ့ အိမ်ကို စာတစ်စောင် ရောက်လာတယ်။ ကျနော် ငယ်ငယ်က နေခဲ့တဲ့ ကျောင်းရဲ့ ကျောင်းသားဟောင်း စုံညီပွဲအတွက် ဖိတ်စာပါ။ အဲဒီမှာ အမေ ရှိနေမှာတော့ သေချာတယ်။ ဒါကြောင့် ကျနော့် ဇနီးကို အလုပ်ကိစ္စအတွက် ခရီးထွက်ဖို့လို့ ညာလိုက်ရတယ်။

စုံညီပွဲပြီးတော့ ကျနော်ငယ်ငယ်က နေခဲ့တဲ့ အိမ်အိုလေးဆီ သွားခဲ့တယ်။ အံ့သြလွန်းလို့ပါ။ ကျနော် ရောက်တော့ အိမ်နီးနားချင်းတွေက အမေ ဆုံးသွားပြီ ဆိုတဲ့ အကြောင်း ပြောပါတယ်။ အော် ... ကျနော် မျက်ရည် တစ်စက်တောင် မကျပါလား။
ကျနော် ဖတ်ဖို့ အမေ စာတစ်စောင် ထားခဲ့ပါတယ်။ ဒီစာကို ဖတ် အပြီးမှာတော့ .....

ချစ်သား
အမေ သားကို အချိန်တိုင်း သတိရနေတာပါ။ ဟိုတစ်နေ့က သားရဲ့အိမ်ကို လာတော့ အမေ့မြေးလေးတွေကို ခြောက်လှန့်သလို ဖြစ်သွားတာ အမေ စိတ်မကောင်းပါဘူး။ သား စုံညီပွဲကို လာတက်မယ်ဆိုတာ သိလိုက်ရတော့ အမေ အတိုင်းမသိ ၀မ်းသာသွားတယ်။ ဒါပေမယ့် သားကို တွေ့ဖို့ အိပ်ယာကနေတောင် အမေ မထနိုင်တော့ပါဘူး။ သား ကြီးပြင်းလာတဲ့ ကာလတလျှောက်လုံး သားကို အရှက်ရအောင် အမြဲလိုလို လုပ်နေမိတဲ့အတွက် အမေ စိတ်မကောင်းပါဘူး။ သား ဟိုး ငယ့်ငယ်အရွယ်တုန်းက ထိခိုက်ဒဏ်ရာ ရပြီး မျက်လုံးတစ်လုံး ကွယ်သွားခဲ့တယ်။ အဲဒါ သား ဘယ် မှတ်မိတော့မလဲ။ မျက်လုံးတစ်လုံးတည်းနဲ့ ကြီးပြင်းရမယ့် သားတစ်ယောက်ကို အမေတစ်ယောက်အနေနဲ့ ဘယ်လို ခွန်အား အစွမ်းသတ္တိနဲ့ ကြည့်နေရက်မှာလဲ သားရယ်။ ဒီတော့ အမေ့ မျက်လုံး သားကို ပေးခဲ့တယ်လေ။ အမေ သိပ် ဂုဏ်ယူပါတယ်။ အခုဆို အမေ့သားကြီး ကမ္ဘာလောကတစ်ခုလုံးကို၊ သားရဲ့ ဘ၀လေးကို ကောင်းကောင်းကြီး ရှုမြင်နေနိုင်ပြီ။ အဲဒီ မျက်လုံးကြီးနဲ့လေ။ အမေ့နေရာကနေပေါ့။

အလုံးစုံသော ချစ်ခြင်းမေတ္တာဖြင့်
မင်းရဲ့ အမေ

သူငယ်ချင်းတစ်ယောက် ပို့လာသော Forward Mail တစ်စောင်အား စီလျှော်သလို ဘာသာပြန်ထားသည်။


Read More...

သစ်သားဇလုံလေး


မသန်မစွမ်း အဘိုးအိုကြီးတစ်ယောက်ဟာ သူ့သားရဲ့ အိမ်မှာ သူ့ချွေးမ၊ လေးနှစ်သားအရွယ် သူ့မြေးလေးနဲ့အတူ နေလေရဲ့။ အဲဒီ အဘိုးအိုကြီးက လက်တွေဆိုလည်း တုန်လို့၊ အမြင်အာရုံကလည်း မှုန်ဝါးဝါး၊ သူ့ရဲ့ ခြေလှမ်းတိုင်းကလည်း ဒယိမ်းဒယိုင်နဲ့ပေါ့။ သူတို့ မိသားစု လေးယောက်ဟာ အစာစားပြီဆိုရင်ဖြင့် စားပွဲတစ်လုံးမှာ အတူတူ ထိုင်ပြီး စားလေ့ရှိတယ်။ ဒါပေမယ့် အဘိုးအိုကြီးဟာ လက်က အရမ်းတုန်၊ မျက်စိက ၀ါးတားတားဆိုတော့ အစာစားရတာလည်း အခက်ကြုံတာပေါ့။ ပဲစေ့ကို ဇွန်းနဲ့ ခပ်ပြီ ဆိုရင်ဖြင့် ပဲစေ့တွေဟာ ဇွန်းထဲကနေ ကြမ်းပြင်ပေါ် တမင် ခုန်ချနေသလား အောက်မေ့ရတယ်။ ဖန်ခွက်ကို ကိုင်လိုက်ပြီ ဆိုရင်လည်း ခွက်ထဲမှာ လှိုင်းတွေကြီးပြီး စားပွဲခင်းပေါ်ကို နွားနို့တွေ ဖိတ်ကျကုန်တယ်။

သားနဲ့ ချွေးမလုပ်တဲ့လူက ကြာတော့ သည်းမခံနိုင်တော့ဘူးလေ။ “ငါတို့ တစ်ခုခု လုပ်မှ ဖြစ်တော့မယ်။ ဒီ မှောက်က
ျတဲ့ နွားနို့တွေ၊ ကြမ်းပေါ် ပြန့်ကျဲနေတဲ့ အစာတွေ၊ မျက်စိနောက်လောက်အောင် စားသောက်နေနဲ့ အမူအရာတွေကို ဆက်မမြင်ချင်တော့ဘူး။” လို့ စိတ်ဆိုးမာန်ဆိုးနဲ့ သူ့ဇနီးကို ပြောလိုက်တယ်။ ဒါနဲ့ အဘိုးအိုးအစာစားဖို့ ဟိုးအခန်းထောင့်မှာ စားပွဲသေးသေးလေးတစ်ခု စီစဉ်လိုက်ကြတယ်။ အဲဒီအချိန်ကစပြီး အဘိုးအိုခမျာ တစ်ယောက်တည်း အထီးကျန်စွာနဲ့ ထမင်းစားရတော့တယ်။ ကျန်တဲ့လူတွေကတော့ စုစုဝေးဝေး ပျော်ပျော်ရွှင်ရွှင် စားနေကြတာပေါ့။

အဘိုး
အိုကြီး တုန်တုန်ရင်ရင်နဲ့ ပန်းကန်ခွက်ရောက်တွေ နှစ်ချပ် သုံးချပ်လောက် လွတ်ကျကွဲပြီးကတည်းက အဘိုးအိုကြီးကို အစာစားဖို့ သစ်သားဇလုံလေး တစ်လုံး လုပ်ပေးထားတယ်။ သူတို့ ထမင်းစားနေတုန်း အဘိုးအိုကြီးကို လှမ်းကြည့်လိုက်ရင်ဖြင့် အထီးကျန်လွန်းလို့ ကျတဲ့ မျက်ရည်တွေတောင် အထင်သား မြင်နေရတယ်။ ဒီလို သနားစဖွယ် မြင်ကွင်းကို မြင်နေရတာတောင် အဘိုးအိုကြီး ဇွန်းခရင်း၊ ဒါမှမဟုတ် ဟင်းတွေ အောက်ကို ဖိတ်ကျရင် အော်လိုက် ငေါက်လိုက်ချင်သေးတာလေ။

ဒါတေ
ွအားလုံးကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကြည့်နေတဲ့သူကတော့ ဟို လေးနှစ်သားလေးပေါ့။ နှုတ်ဆိတ်မနေရအောင် သူကကော ဘာတတ်နိုင်မှာမို့လဲ။ တစ်ညနေ ကြမ်းပြင်ပေါ်မှာ သစ်သားတုံး၊ ဆောက်၊ တံဇဉ်း၊ ဓါးတွေနဲ့ ကစားနေတဲ့ သားကို အဖေလုပ်တဲ့သူက တအံ့တသြနဲ့ ထိုင်ကြည့်နေတယ်။ ဒီကောင်လေး ဘာတွေများ လုပ်ဖို့ ကြံစည်နေလဲ ဆိုတာကို သိချင်ဇော အားကြီးတော့ သူ့သားကို ချိုသာတဲ့ အပြုံးနဲ့ ဘာလုပ်နေတာလဲလို့ လှမ်းမေးလိုက်တယ်။ လေးနှစ်သားလေးဟာ အဖေရဲ့ အမေးကို အပြစ်ကင်းစင်တဲ့ အမူအရာနဲ့ ပြန်ဖြေပြီး ခပ်ပြုံးပြုံးလေးနဲ့ သူ့အလုပ်သူ ဆက်လုပ်နေတော့တယ်။

သားလေးရဲ့ အဖြေဟာ အဖေနဲ့ အမေလုပ်သူရဲ့ ရင်ဝကို တည့်တည့်ပစ်မှန်ပြီး အလုံးလိုက် လည်ပင်းမှာ လာစို့နေတယ်။ အားလုံးဟာ တိတ်ဆိတ်သွားတယ်။ စကားလုံးတွေ ဆွံ့အကုန်ပြီ။ မျက်ရည်တွေဟာ သူ့တို့ရဲ့ ပါးပြင်မှာ အရှိန်ကောင်းကောင်းနဲ့ စီးဆင်းလာတယ်။ ပြောရက်လိုက်တာ သားရယ်လို့ စိတ်ထဲမှာ တွေးနေရင်းက အပြစ်ကင်းစင်တဲ့ အမူအရာနဲ့ ပြောသွားတဲ့ သားရဲ့ မျက်နှာနဲ့ စိတ်ကျအားငယ်ပြီး အိုမင်းချိနဲ့နေတဲ့ အဖေလုပ်သူရဲ့ မျက်နှာကို တပြိုင်တည်း မြင်ယောင်လာမိတယ်။ ဇနီးမောင်နှံ နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် ဘာမှ ပြန်မပြောဖြစ်ကြပေမယ့် သူတို့ ဘာဆက်လုပ်ရမယ် ဆိုတာကိုတော့ ကောင်းကောင်းကြီး နားလည်သွားကြပြီလေ။

ညနေစာ စားချိန်ရောက်ပြီ။ အဘိုးအိုကြီးဟာ သူရဲ့ အထီးကျန် စာပွဲအိုရှိရာကို ဦးတည်ပြီး လှုပ်ပဲ့လှုပ်ပဲ့ လမ်းလျှောက်လာနေတယ်။ သူ့ခမျာ အရင် မိသားစုလိုက် အတူတူစားခဲ့တဲ့ စားပွဲဟောင်းကိုတောင် လှည့်ကြည့်ဖို့ ခွန်အား မရှိရှာတော့ဘူး။ သူ့စားပွဲကို ရောက်ခါနီးမှာပဲ သူ့ရဲ့သားက အဘိုးအိုရဲ့ လက်ကို ညင်သာစွာ ဆုတ်ကိုင်လိုက်ပြီး မိသားစု စားပွဲဝိုင်းဆီကို တွဲခေါ်လာတယ်။ သူတို့နဲ့ ထမင်းအတူတူ ပြန်စားဖို့ ဖိတ
်ခေါ်ခံလိုက်ရတာပါ။ အဘိုးအိုခမျာ မျက်စိလည် လမ်းမှားပြီးရောက်လာတဲ့ ဒီအခွင့်အရေးကို လက်လွှတ်ရမှာ ကြောက်တော့ ခရင်းကို ဂရုတစိုက် ကိုင်ပေမယ့်လည်း လွတ်ကျမြဲ လွတ်ကျနေတယ်။ ဒီတစ်ခါမှာတော့ အိမ်ရှင်မရဲ့ စူးရှရှ အသံကို မကြားရတော့ဘဲ နွေးထွေးတဲ့လက်တစ်စုံနဲ့ ခရင်းတစ်ချောင်းကိုသာ မြင်လိုက်ရတယ်။ အမြင်များ မှားနေလား ဆိုပြီး အဘိုးအို မျက်စိကို ပွတ်ပြီး ပြန်ကြည့်တယ်။ ဟုတ်ပါတယ်၊ သူ့ချွေးမဟာ ခရင်းအသစ်ကို ယူပြီး အဘိုးအိုကို လှမ်းပေးနေတယ်။ ဟော နွားနို့တွေ စားပွဲပေါ် ဖိတ်ပြန်ပြီ။ ငြိမ်ငြိမ်လေး ထမင်းဆက်စားနေကြတာပဲ မြင်ရတော့တယ်။ အဘိုးအိုရဲ့ အလွဲလွဲ အချော်ချော်နဲ့ ဇွန်းခရင်းသံကလွဲလို့ ဘာအသံမှ မကြားရဘူး။ ညစာစားပွဲလေးဟာ တီးလုံးပဲပါတဲ့ သီချင်းတစ်ပုဒ်ကို ဖွင့်ထားတာနဲ့ တူနေတယ်။ ဒီညစာစားပွဲလေးဟာ အဘိုးအိုအတွက်တော့ အင်မတန် ကျေနပ်စရာ ကြည်နူးစရာ စားပွဲလေးတစ်ခု ဖြစ်သွားပြီပေါ့။

လေးနှစ်သားလေးရဲ့ စကားတစ်ခွန်းကြောင့် ဒီဇနီးမောင်နှံဟာ သူ့ဖခင်အပေါ်မှာ ရှိရင်းစွဲ မေတ္တာတွေ ပြန်လည် သက်ဝင်လာပြီး သနားကရုဏာနဲ့ စိတ်ရှည်ရှည် ဆက်ဆံလာနိုင်တယ်။ ဖခင်အပေါ် အမြင်မှန် ရသွ
ားတယ်ဆိုပါတော့။ ဒါမှမဟုတ် ၀ဋ်လည်မှာကိုပဲ တွေးပြီး ကြောက်သွားကြသလား။ လေးနှစ်သားလေးက သူ့အဖေကို ဘာပြောလိုက်မယ်ထင်လဲ။ အဖြေကို ဆက်ဖတ်မကြည့်ခင် အရင် စဉ်းစားကြည့်စေချင်တယ်။

မိဘဟာ သားသမီးကို ပြုစုစောင့်ရှောက်ဖို့ဆိုတာ သဘာဝအရ အလိုအလျောက် တတ်သိစွမ်းဆောင် နိုင်လာတာ ဆိုပေမယ့် သားသမီးက မိဘကို ပြုစုစောင့်ရှောက်ရမယ် ဆိုတာကိုတော့ သဘာဝက အပြင်းအထန် သင်ကြားပေးတာတောင် အတော်များများ စာသိပ်မကျေချင်ဘူး။ မိဘက သားသမီးကို ပြုစုဖို့ အဓိက တွန်း
အားဟာ မေတ္တာဆိုပေမယ့် သားသမီးက မိဘကို ပြုစုဖို့ အဓိက တွန်းအားဟာ တာဝန်ဖြစ်နေတာ ကြားနေ၊ မြင်နေရတော့ အတော်လေး စိတ်မကောင်းဖြစ်မိတယ်။ တာဝန်အရ ပြုစုနေရတဲ့ သားသမီးတွေ လောကမှာ ဘယ်လောက်များ များမလဲနော်။ ဒါပေမယ့် သားသမီးကို တာဝန်အရ ပြုစုနေရတဲ့ မိဘဆိုတာ ကမ္ဘာပေါ်မှာ လုံးဝ မရှိပါဘူး။

လေးနှစ်သားလေးက သူ့အဖေကို ဒီလို ပြန်ဖြေလိုက်ပါတယ်။
“သ
ား၊ သစ်သားဇလုံးလေး လုပ်နေတာပါ။ ဖေဖေနဲ့ မေမေ အသက်ကြီးလာရင် အစာစားဖို့လေ”

"Wooden Bowl by Unknown Author" ကို နားလည်သလို ခံစားတင်ပြလိုက်ပါသည်။



Read More...

Tuesday, August 5, 2008

ဘဝ


မိတ်ဆွေတစ်ဦးနဲ့ စကားပြောဖြစ်တော့ သူ့မှာ အလုပ်နှစ်ခုရှိပေမယ့် ဝင်ငွေနည်းတဲ့အကြောင်း ဒါပေမယ့် သူပျော်ရွှင်တဲ့အကြောင်း ကျွန်တော့်ကို ပြောပြတယ်။ နည်းပါးတဲ့ သူ့ဝင်ငွေကို ချွေတာသုံးမှ မိဘ၊ ယောက္ခမ၊ မိန်းမနဲ့ ကလေးတို့ရဲ့အသုံးစရိတ်အပြင် မိသားစုစားဝတ်နေရေး ဖူလုံမှာဖြစ်တယ်။ ဒါနဲ့များ သူဘာကြောင့် ပျော်ရွှင်နေသလဲဆိုတာကို ကျွန်တော်စဉ်းစားလို့ မရခဲ့ဘူး။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အိန္ဒိယမှာ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့တဲ့အဖြစ်ကြောင့်လို့ သူကရှင်းပြပါတယ်။ အဲဒီတုန်းက ကိစ္စတစ်ခုကြောင့် သူဟာ အကြီးအကျယ် နလန်မထူနိုင်အောင် စိတ်ပျက်ခဲ့လို့ အိန္ဒိယကို စိတ်ပြေလက်ပျောက် ခရီးထွက်ခဲ့တယ်။ တစ်နေရာမှာ အိန္ဒိယမိခင်တစ်ဦးဟာ ကလေးငယ်တစ်ယောက်ရဲ့ ညာလက်ကို ဓားနဲ့လှီးဖြတ်နေတာ တွေ့လိုက်တယ်။ အကူအညီမဲ့ မိခင်ရဲ့မျက်လုံးနဲ့ ကလေးငယ်ရဲ့ နာကျင်အော်ညည်းသံကို ယနေ့ထက်တိုင် သူကြားယောင်ဆဲ ဖြစ်ကြောင်း ကျွန်တော့်ကို ပြောပြတယ်။

သားလက်ကို ဘာကြောင့် အမေဖြတ်ရသလဲလို့ ကျွန်တော်မေးမိတယ်။ ကလေးငယ် အရမ်းဆိုးလို့လား? လက်မှာ အနာရောဂါတစ်ခုခု ကူးစက်နေလို့လား? တစ်ခုမှ မဟုတ်ပါဘူး... တောင်းရမ်းစားသောက် နိုင်အောင်လို့ လို့ မိတ်ဆွေက ဖြေပါတယ်။ မိခင်တစ်ဦးက သားကို တမင်တကာ ဒဏ်ရာ အနာတရဖြစ်အောင် လုပ်ရတာဟာ လမ်းပေါ်မှာ တောင်းရမ်းစားသောက်နိုင်အောင် ဖြစ်တယ်။

အဲဒီအဖြစ်အပျက်ကို ကြည့်ပြီး စားလက်စ ပေါင်မုန့်ကို လွတ်ချမိတဲ့အထိ သူအံ့သြတုန်လှုပ် သွားခဲ့မိတယ်။ တဆက်တည်းမှာပဲ လွတ်ကျသွားတဲ့ ပေါင်မုန့်ကို ဝိုင်းလုဖို့ ကလေးတစ်သိုက် သူ့အနား ချက်ချင်းရောက်လာခဲ့တယ်။ သဲတွေပေနေတဲ့ ပေါင်မုန့်ကို ဝိုင်းလုကြတာဟာ ငတ်မွတ်ဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ တုန့်ပြန်မှုဆိုတာ သူနားလည်လိုက်တယ်။

ဒီမြင်ကွင်းက သူ့ကိုချောက်ချားစေခဲ့ပြန်တယ်။ လမ်းညွှန်ကို အနီးအနား ပေါင်မုန့်ဆိုင်တစ်ဆိုင်ကို မောင်းပို့ခိုင်းပြီး ဆိုင်ထဲရှိသမျှ ပေါင်မုန့်အားလုံးကို သူဝယ်ယူလိုက်တယ်။ ပေါင်မုန့်အားလုံးရဲ့ တန်ဖိုးက ၁ဝဝကျပ်တောင်(ထိုင်ဝမ်ငွေ) မပြည့်ခဲ့ပေမယ့် ပေါင်မုန့်အထုပ် ၄ဝဝ ရခဲ့တယ်။ (တစ်ထုတ်ကို ၂၅ဆင့် မကျခဲ့ဘူး) နောက်ပြီး ငွေတစ်ရာနဲ့ နေ့စဉ် အသုံးအဆောင်တစ်ချို့ ဝယ်လိုက်တယ်။

ပေါင်မုန့်၊ အသုံးအဆောင် အပြည့်တင်ထားတဲ့ ကားနဲ့ လမ်းပေါ်မှာတွေ့တဲ့ မသန်မစွမ်း ကလေးငယ်တွေကို သူဝေမျှပေးလိုက်တယ်။ ကလေးတွေက ဝမ်းသာအားရ သူ့ကို အလေးပြန်ပြုခဲ့တယ်။ ၂၅ဆင့်တောင် တန်ဖိုးမရှိတဲ့ ပေါင်မုန့်တစ်ချပ်အတွက် လူတစ်ချို့က ဘာဖြစ်လို့ ဒီလောက်ပျော်ရွှင်ရတယ် ဆိုတဲ့ ခံစားချက်ကို သူပထမဆုံး ခံစားလိုက်မိတယ်။

“ငါဟာ ကံကောင်းတဲ့လူ၊ ငါ့ခန္ဓာကိုယ်က မချွတ်မယွင်း ပြည့်စုံနေတယ်။ အလုပ်ရှိတယ်။ မိသားစုရှိတယ်။ စားစရာတွေကို ကြိုက်တယ်၊ မကြိုက်ဘူးလို့ ဂျီးများဖို့ အခွင့်အရေးရှိတယ်။ ဝတ်ဖို့ အဝတ်အစားရှိတယ်။ ဒီကလူတွေ မရှိတာတွေကို ပိုင်ဆိုင်ဖို့ ငါ့မှာ အခွင့်အရေး ရှိခဲ့တယ်” လို့ သူရေရွတ်ခဲ့မိတယ်။

မိတ်ဆွေရဲ့ အဖြစ်အပျက်ကို နားထောင်ပြီး ကျွန်တော်ခံစားကြည့်တယ်။ တွေးကြည့်တယ်။ “ငါ့ဘဝ တကယ်ပဲဆိုးသလား? ဆိုးရင်လဲ ဆိုးခဲ့နိုင်တယ်။ ဒါပေမယ့် ဒီပုံပြင်ကိုနားထောင်ပြီး ငါ့ဘဝ ဒီလောက်မဆိုးတော့ဘူး။ ခင်ဗျားရော?

ဒါမှမဟုတ် ငါ့ဘဝ ကံဆိုးလိုက်တာလို့ နောင်တစ်ချိန်ချိန်မှာ ခင်ဗျားထင်ခဲ့တဲ့တစ်နေ့ လမ်းပေါ်မှာ တောင်းရမ်းစားဖို့ လက်တစ်ဖက် ဆုံးရှုံးရတဲ့ ကလေးငယ်ကို တွေးမြင်ကြည့်လိုက်ပါ။

“ကျေနပ်တယ်၊ ပြည့်စုံတယ်” ဆိုတာ ကိုယ်လိုချင်တာကို ရသွားလို့ မဟုတ်ဘူး။ ရှိတာနဲ့ ရောင့်ရဲတင့်တိမ် နေတာဖြစ်တယ်။

မူရင်း.... ထိုင်ဝမ် စာရေးဆရာ Hong Wen Yong (候文詠) ၏ “ဘဝ” အား ဘာသာပြန်ခံစားသည်။

နိုင်းနိုင်းစနေ

Read More...

Sunday, August 3, 2008

ကြက်ကလေးရဲ့ အတ္တ၀ိညာဉ်


ဒီပုံပြင်က တိရိစ္ဆာန်တွေရဲ့ အပြုအမှုနဲ့ ပတ်သက်ပြီး လက်တွေ့ကြုံခဲ့တဲ့ ပုံပြင်လေး တစ်ပုဒ်လို့ ဖတ်ရပါတယ်။

လွန်ခဲ့တဲ့ ၂လက ဖြစ်ပါတယ်။ မနက်မိုးလင်းတာနဲ့ ကျွန်တော်ကြက်ခြံက ကြက်ပေါက်စတွေကို သွားကြည့် ခဲ့တယ်။ ဒီကြက်လေးတွေ ဥကပေါက်တာ ၁၀ရက်တောင် မရှိသေးပါဘူး။ ကလေးငယ်တွေကို စောင့်ရှောက်သလို စောင့်ရှောက်ရမဲ့ ကိုယ်ခံအားနည်းနေတဲ့ အရွယ်တွေပေါ့။ ကြက်အုပ်စုထဲက ခုခံအားနည်းတဲ့ အကောင်တွေကို ကျွန်တော် လိုက်ရှာကြည့်တော့ တစ်နေရာမှာ လဲနေတဲ့ ကြက်ကလေး တစ်ကောင်ကို တွေ့လိုက်တယ်။ ကြက်ကလေးက အသက်ကို ကြိုးစားပမ်းစား ရှူနေပုံရတယ်။ တစ်ခြား အကောင်တွေ ကလည်း သူ့ကိုတင်းနင်းပြီး သွားနေကြတယ်။

ကျွန်တော်ကြည့်ပြီး အရမ်းသနားသွားမိတယ်။ အကောင်သေးပေမယ့် ကြက်ကလေးတွေဟာ ဥက ပေါက်လာတာနဲ့ ရှင်သန်ဖို့အတွက် ကြိုးစားကြရတယ်။ ရှုံးနိမ့်ခြင်းရဲ့ ရလာဘ်ကတော့ အရှင်လတ်လတ် အနင်းခံပြီး သေရတာပါပဲ။ ဘာကြောင့် ဒီကြက်ကလေး လဲနေသလဲ၊ ဘာရောဂါကြောင့်လဲ သိချင်တာနဲ့ အသက်ငင်နေတဲ့ သူ့ကို ကျွန်တော်ကောက် ကြည့်လိုက်တယ်။ သူ့ခေါင်းက မြေနီမုန့်တွေ ကပ်ထားတဲ့ ဥတစ်လုံးလိုပဲ ဖွဲကြမ်းတွေနဲ့ ကပ်လို့နေတယ်။ သူ့မျက်စိက ဖွင့်လို့မရနိုင်အောင် ပြည်တွေ တည်နေပြီး ဖွဲခွံတွေ ကပ်နေခဲ့တယ်။ မျက်စိနှစ်ကွင်း အလင်းမရလို့ အစာတွေကို သူရှာမစားနိုင်ခဲ့ဘူး။ အင်အားတွေ ဆုတ်ယုတ် လာပြီး နောက်ဆုံးတော့ တစ်ခြားအကောင်တွေ တက်နင်းတာကို ခံလိုက်ရတယ်။

ကြက်တွေ အနာရောဂါ တစ်ခုခုဖြစ်ရင် ရောဂါ မပြန့်နိုင်အောင် ချက်ချင်း မြေမြုပ်ပစ်ရတယ်လို့ အတွေ့အကြုံရှိသူတွေက ပြောခဲ့ပေမယ့် ရှင်သန်ဖို့အတွက် အသက်လုရှူနေတဲ့ သူ့ကိုကြည့်ပြီး ကျွန်တော် မလုပ်ရက်ခဲ့ဘူး။ ကြက်ကလေးကို ကျွန်တော့်အခန်းထဲမှာပဲ အနွေးပေးတဲ့ လှောင်အိမ်လေးတစ်ခု လုပ်ပြီး မွေးထားလိုက်တယ်။ အနာတွေကို သန့်စင် ဆေးထည့်ပြီး အစာနည်းနည်း သွပ်ကျွေးလိုက်တယ်။ ဒါပေမယ့် ကြက်ကလေးက အခုချက်ချင်း သေတော့မယ့် ပုံစံပါပဲ။ “တောင့်ထားစမ်းပါ..မင်းကို တစ်ကြိမ်သေပြီသားလို့ ငါမှတ်လိုက်မယ်။ တကယ်လို့ ဒီတစ်ခါ မင်းရှင်လာခဲ့မယ်ဆိုရင် မင်းအသက်ကို မင်းပိုင်သွားပြီ။ ငါဘယ်တော့မှာ မင်းကို မသတ်တော့ဘူး” စိတ်ထဲမှာ တိုးတိုးလေး ကျွန်တော် ရေရွတ်လိုက်မိတယ်။ တိုက်ဆိုက်တာပဲလား မသိ။ နောက်တစ်နေ့မနက်မှာ ကြက်ကလေး ရေထသောက်တာကို ကျွန်တော် တွေ့လိုက်ရတယ်။ မျက်စိ တဖြည်းဖြည်း ပြန်မြင်လာပြီး ခန္ဓာကိုယ်လည်း ကျန်းမာလာခဲ့တယ်။ ကြက်ကလေးကို ကြည့်ပြီး အစက တွင်းတူး မြေမမြုပ်မိခဲ့တာကို ကျွန်တော်ဝမ်းသာမိတယ်။

ကြက်ကလေးက တဖြည်းဖြည်း ကျန်းမာလာပြီး ခန္ဓာကိုယ် ဖွံ့ဖြိုးကြီးထွားလာချိန်မှာ ကျန်ကြက်ကလေး တစ်ချို့ ရောဂါအမျိုးမျိုးဖြစ်ပြီး အနွေးဓာတ်ပေးထားတဲ့ လှောင်အိမ်ထဲ ရောက်လာခဲ့တယ်။ မျက်စိပြန်မြင်ပြီး ကျန်းမာလာတဲ့ ကြက်ကလေးက သူလည်း အရင်တုန်းက ဒီလိုရောဂါဖြစ်ပြီး အသက်လုခဲ့ရတယ် ဆိုတာကို မေ့ပြီး နောက်မှဝင် လာတဲ့ ကြက်ကလေးတွေကို သူ့အစာ၊ သူ့စားကျက်ကို လုမှာစိုးလို့ ထိုးဆိတ်ရန်ရှာ ပါတော့တယ်။ တဖြေးဖြေးအလင်း ရလာတဲ့ သူ့မျက်လုံးထဲမှာတော့ လောဘ၊ ဒေါသတွေ ဖုံးလွှမ်းနေခဲ့တယ်။ ဒါဟာ အသက်ဆက် ရှင်သန်ဖို့အတွက် ကိုယ်ကျိုးပဲလား....

ဒီလှောင်အိမ်ထဲမှာ သူရှိနေသမျှ တစ်ခြားအကောင်တွေ အသက်ရှင် ကျန်းမာလာမှာ မဟုတ်ဘူးဆိုတာကို သိလို့ မိတ်ဆွေတစ်ဦးကို ပေးပြီး မွေးခိုင်းလိုက်တယ်။ ကျွန်တော့်ဂတိအတိုင်း သူ့ကိုမသတ်ဖို့ မိတ်ဆွေကို အတန်တန် မှာခဲ့ပါတယ်။ အခုအချိန်မှာ အဲဒီကြက်ကလေးဟာ ဖွံ့ဖြိုးထွားကျိုင်းတဲ့ တစ်ခြားအကောင်တွေကို အနိုင်ကျင့်တတ်တဲ့ ကြက်ဖကြီးတစ်ကောင် ဖြစ်နေပါပြီ။ မိတ်ဆွေအိမ်ကို ကျွန်တော်ရောက်သွားတိုင်း ခြံထဲမှာ ရင်ကိုစွင့်ပြီး မာနတစ်ခွဲသားနဲ့ လမ်းလျောက်နေတဲ့ သူ့ကိုတွေ့ရတတ်တယ်။ သူ့ကိုမြင်တိုင်း သေလုမျောပါး အသက်လုခဲ့ဖူးတဲ့ အားပျော့ချိန်နဲ့ ကျန်းမာလာပြီး တစ်ကိုယ်ကောင်းဆန် လောဘတက်နေတဲ့ သူ့ကို နိုင်းယှဉ် ကြည့်မိတယ်။

ဒီလို အကောင်မျိုးကို အစကတည်းက တွင်းတူးပြီး မြုပ်ခဲ့သင့်သလား... ကျွန်တော် သက်ပြင်းရှည်ကြီး ချမိပါတယ်။ တိရိစ္ဆာန်က တိရိစ္ဆာန်ပဲလေ။ ဒါပေမယ့် တွေးရင်း.... တွေးရင်း.... ဒါနဲ့ ကျွန်တော်တို့ လူတွေကရော.... ဒီမေးခွန်းက ကျွန်တော့်ဦးနှောက် ထဲမှာ အခုထက်ထိ တ၀ဲဝဲလည်နေဆဲပါပဲ။

မိမိအသက်ဆက် ရှင်သန်ဖို့အတွက် ပြုမှုတတ်တဲ့ တိရိစ္ဆာန်တွေရဲ့ အပြုအမှုမှာ လူသားတွေ ပြုလုပ်တတ်တဲ့ အကျင့်စရိုက်တွေကို ထင်ဟပ်စေပါတယ်။ တိရိစ္ဆာန်ပဲဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ် ရှင်သန်ဖို့အတွက် ဒါဟာ လုပ်ရိုးလုပ်စဉ် တစ်ခုပါ။ လူတွေကလည်း သတ္တ၀ါတစ်မျိုးပဲလေ....

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Read More...

မိမိကိုယ်ကို ရှင်သန်ခြင်း


ဒီစာအုပ်ထဲက ဖြစ်ပါတယ်။

ဂျပန်ပညာရှင်တစ်ဦးက သူ့အမြင်ကို ဒီလိုတင်ပြလိုက်ပါတယ်။ ဘာအမြင်လဲ ဆိုတော့.... လူမျိုးနိုင်းယှဉ်မှု အမြင်ဖြစ်တယ်။ အထူးသဖြင့် အမျိုးအမီးများရဲ့ နိုင်းယှဉ်မှုတွေဖြစ်တယ်။ သူမြင်တွေ့ခဲ့ရတဲ့ နိုင်ငံပေါင်းစုံက မိခင်တွေရဲ့ သားသမီးအပေါ် ပြုစုပျိုးထောင်ပုံတွေ မတူညီကြောင်းကို ဒီလိုတင်ပြခဲ့တယ်။

တစ်ခါက သူဟာ တရုတ်ပြည်က ကျေးရွာတစ်ရွာကို သွားရောက်ပြီး လေ့လာခဲ့တယ်။ ရွာထဲက ကလေးငယ်တွေက အုပ်စုလိုက် ဆော့ကစားနေကြတယ်။ ကလေးတစ်ယောက်က တခြားတစ်ယောက်ကို အနိုင်ကျင့်နေ တယ်။ အနိုင်ကျင့်ခံရတဲ့ ကလေးက အော်ငိုတော့ ငိုသံကို ကြားတဲ့မိခင်ဟာ ထွက်လာပြီး အနိုင်ကျင့်တဲ့ ကလေး
ကို “ ဘာဖြစ်လို့ သူ့ကို အနိုင်ကျင့်ရတာလဲ... ထပ်ရိုက်ကြည့် ငါအကြောင်း သိစေရမယ်” လို့ အော်ငေါက်တော့ တယ်။

ဂျပန်ပညာရှင်က အဲဒီအဖြစ်အပျက်ကို တွေ့တော့ အင်္ဂလန်မှာ သူတွေ့ခဲ့ဖူးတဲ့ တူညီတဲ့အဖြစ်ကို သွားသတိရမိတယ်။ အနိုင်ကျင့်ခံရတဲ့ ကလေးရဲ့ မိခင်က တစ်ခြားတစ်ယောက်ကို “သူ့ကို ဘာလို့ အနိုင်ကျင့်ရတာလဲ.. အားလုံးက သူငယ်ချင်းတွေပဲ သင့်သင့်မြတ်မြတ် နေကြပေါ့” လို့ ပြောခဲ့တယ်။

အင်္ဂလိပ်မိခင်က ကလေးတွေကို အကျိုးအကြောင်းရှင်းပြတယ်။ တရုတ်မိခင်က ဒီကလေးတွေကို အကျိုးအကြောင်း ရှင်းပြနေလဲ အပိုပဲ နားလည်ကြမှာ မဟုတ်ဘူးလို့ ထင်တယ်။ ဒီလိုမိခင်ရဲ့သင်ပြပုံက ကလေးငယ်ကို မကောင်းတဲ့ အကျင့် နှစ်မျိုးရစေတယ်။ တစ်မျိုးက မှီခိုချင်တဲ့စိတ်၊ အနိုင်ယူလိုတဲ့စိတ် ကျန်တစ်မျိုးက တွေးတောဆင်ခြင်ဥာဏ် နည်းလာတတ်တာတွေဖြစ်တယ်။

အင်္ဂလန်မှာ နေတုန်းက အင်္ဂလိပ်မိတ်ဆွေ တစ်ဦးအိမ်ကို သူ အလည်အပတ် သွားရောက်ခဲ့တယ်။ မိတ်ဆွေရဲ့သား ၅နှစ်အရွယ် ကလေးငယ်က သူနဲ့ မြင်းအတူစီးဖို့ တောင်းဆိုခဲ့တယ်။ မြင်းစီးဖို့ ဂတိပေးခဲ့ပြီး တော်တော်နဲ့ မြင်းအတူ မစီးဖြစ်ခဲ့ဘူး။ နောက်တော့ ကလေးရဲ့ မိခင်က “ ရှင်ဘာဖြစ်လို့ ကလေးကို လိမ်ရတာလဲ... မလုပ်နိုင်ရင် ဘာလို့ ကလေးကို ဂတိပေးခဲ့တာလဲ” လို့ စိုးရိမ်ပြီး ပြောတော့တယ်။

သူ အားတုန့်အားနာဖြစ်ခဲ့ပြီး အရှေ့တိုင်းမှာ အပြောများတဲ့ စကားတစ်ခွန်းကို သူ သတိရလာမိတယ်။ “ကလေးကို ချော့တာ... ကလေးချော့တာ” အချော့ခံပြီး ကြီးလာတဲ့ ကလေးက လူတိုင်းကို ယုံကြည်တတ်ပါသလား... အနောက်တိုင်းလူတွေရဲ့ ကလေးငယ်ကို ဆုံးမသင်ပြပုံတွေက အရှေ့တိုင်းထက် ပိုအလေးပေးပြီး အကျိုးအကြောင်း ပိုသင့်မြတ်ကြတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Read More...

တစ်ခါလောက် လဲကျခွင့် ပေးလိုက်ပါ


ဒီစာတွေ ဖတ်ပြီး အနောက်တိုင်း မိခင်တွေက အရှေ့တိုင်း မိခင်တွေထက် ပိုတော်တယ်ဆိုတဲ့ အဓိပ္ပာယ်မှား ကောက်ကုန်ကြမှာစိုးလို့ ဒီစာကို အရင်ရေးလိုက်ပါတယ်။ ဘယ်မိဘမဆို သားသမီးတွေကို သင်ယူရာမှာ ကွဲပြားကြပါတယ်။ ဆုံးမသွန်သင်ပုံ ကွဲပြားတာကို သေးငယ်တဲ့ မိသားစုကနေ တစ်ဆင့် ကျောင်း (ကျောင်းတိုင်းရဲ့ စည်းကမ်းနဲ့ သင်ပြပုံတွေလဲ မတူပါဘူး) အဲဒီကမှ တစ်ဆင့် မြို့ရွာ အဆင့်ဆင့် တွေ့မြင်နိုင်ပါတယ်။

လူမျိုးမတူ၊ ဘာသာမတူ၊ အကျင့်စရိုက်မတူတဲ့ တိုင်းပြည်နဲ့ နိုင်းစာလိုက်ရင် မတူညီတာတွေကို ပိုတွေ့ရပါလိမ့်မယ်။ ဘယ်လိုပဲ မတူညီပါစေ မိဘတွေမှာရှိတဲ့ တူညီတဲ့ ရည်ရွယ်ချက်ကတော့ သားသမီးတွေ ထူးချွန်ဖို့၊ တော်ဖို့၊ ကောင်းစားဖို့ပါပဲ။ အခု ကျွန်မ ဘာသာပြန်လိုက်တဲ့ စာတွေကလည်း မတူညီတဲ့နိုင်ငံက မိဘတွေရဲ့ သားသမီးအပေါ် သွန်သင်ပုံတွေကို စာရေးဆရာက သူ့အမြင်ကို နိုင်းပြထားတာပဲဖြစ်တယ်။ ကျွန်မတို့က သူတို့နိုင်းပြ၊ ရေးပြထားတာကို ဗဟုသုတအဖြင့် ဖတ်ရှုလေ့လာဖို့ပါပဲ။ ဒီလိုသင်မှ ကလေးတွေက တော်မှာ... ဟိုလို မသင်ရဘူး၊ ဟိုမိဘတွေကမှ တော်တာ .... ဒီမိဘတွေ မတော်ဘူးဆိုတဲ့ အဓိပ္ပာယ်လွဲ မကောက်မိကြဖို့ ကြိုတင် ပြောကြားလိုက်ပါတယ်။

အရင်ကျွန်တော် စာသင်ခဲ့တဲ့ ကျောင်းဘေးမှာ ကစားကွင်းလေး တစ်ခုရှိတယ်။ အားလပ်ချိန်တိုင်း အဲဒီကစားကွင်းကို ကျွန်တော် ရောက်ဖြစ်ခဲ့တယ်။ ကစားကွင်းထဲမှာ သဲတွင်းတစ်တွင်းရှိတယ်။ သဲတွင်းထဲမှာ ခွက်ကလေးတွေ၊ ပုလင်းလွတ်တွေနဲ့ ကတော့လေးတွေရှိတယ်။ ကလေးတွေက သဲမှာ ဆော့ကစားရတာကို နှစ်သက် ကြတယ်။

ကျောင်းကကြီးတော့ ကျောင်းထဲမှာ လူမျိုးပေါင်းစုံပါပဲ။ တစ်ခါက စိတ်ဝင်စားစရာ ကောင်းတဲ့ အဖြစ်တစ်ခုကို ကျွန်တော်တွေ့ခဲ့မိတယ်။ အင်္ဂလိပ် ကလေးတစ်ယောက်က သဲကိုခပ်ပြီး ကတော့ထဲ ထည့်ကစားနေတယ်။ သဲတွေက ကတော့အောက်ကနေ ထွက်ကျကုန်ကြတယ်။ ကလေးက ကတော့အောက်က အပေါက်ကို လက်ညိုးနဲ့ပိတ်ပြီး သဲကို ပုလင်းထဲ ပြောင်းထည့်လိုက်တယ်။

ပုလင်းဝနဲ့ကတော့ တည့်တာနဲ့ လက်ဖယ်လိုက်ပေမယ့် သဲအကျက မြန်တဲ့အတွက်ကြောင့် လိုသလောက်သဲတွေ ပုလင်းထဲ မ၀င်ခဲ့ဘူး။ စစခြင်းမှာ သဲတွေ ထွက်ကျတာမြန်လို့ ကလေးက မခံမရပ်နိုင်ဖြစ်ခဲ့ပေမယ့် တဖြည်းဖြည်း လက်ဖယ်နှုန်းက မြန်လာခဲ့တယ်။ နောက်တော့ သူ သဘောပေါက်သွားတယ် ထင်ပါရဲ့ ကတော့ကို ပုလင်းဝမှာသာ တေ့ထားပြီး သဲကို ခွက်နဲ့ပဲ ခပ်ထည့်တော့တယ်။ သဲတွေ အမြန်ပြည့်သွားတဲ့ ပုလင်းကိုကြည့်ပြီး ကလေးက အောင်မြင်တဲ့ အသံနဲ့ ၀မ်းသာအားရ ထအော်ပြီး မိခင်ဘက်ကို ကြည့်လိုက်တယ်။ မိခင်က သားရဲ့ အပြုအမှုကို ကြည့်ပြီး လက်ခုပ်တီး အားပေးလိုက်တယ်။

တရုတ်ရဲ့ မိခင်ကတော့ ဒီလို မဟုတ်ပါဘူး။ ကတော့အောက်ကနေ သဲထွက်ကျတာကို မြင်တဲ့ တရုတ်မိခင် တစ်ဦးက ကလေးနားကို သွားပြီး “လာ...မေမေသင်ပြမယ်။ ကတော့ကို အ၀နဲ့ ဒီလိုလေး တေ့ထားပြီး ခွက်နဲ့ ဟောဒီလို ခပ်ထည့်ရတယ်” လို့ သင်ပေးပါတယ်။ တရုတ်ကလေးက အင်္ဂလိပ်ကလေးထက် ကတော့ သုံးနည်းကို စောပြီးတတ်ခဲ့တယ်။ ဒါပေမယ့် ကတော့နဲ့ သူ မကစားချင်တော့ဘူး။ သဲတွင်းထဲက ထပြီး မိခင်ကို အချီခိုင်းတော့တယ်။

သူတို့နှစ်ဦးရဲ့ မတူတဲ့ အဖြစ်တွေကို ဘေးကနေ ကျွန်တော် ထိုင်ကြည့်နေခဲ့တယ်။ ကျွန်တော်တို့က သားသမီးအတွက် ဘာမဆို လုပ်ပေးချင်ကြတယ်။ သူတို့ ပင်ပန်းမှာစိုးလို့ဆိုတဲ့ စိတ်နဲ့ ပိုလုပ်ပေးဖြစ်တယ်။ ခယောင်းတောလုပ်ကို လျောက်နေတာလည်း သင်ယူနည်းတစ်မျိုးပဲ ဆိုတာကို ကျွန်တော်တို့ မေ့နေတတ်ကြတယ်။ ခယောင်းတောလမ်းကို ဖြတ်ပြီးမှ အောင်မြင်မှု ပန်းတိုင်ကိုရောက်မယ်။ ပင်ပင်ပန်းပန်း ရလာတဲ့ အဲဒီအောင်မြင်မှုကမှ ပိုချိုမြိန် တယ်ဆိုတာကို ကျွန်တော်တို့ နောက်ကျမှ သိလာရတယ်။

ကျွန်တော်တို့ မိဘလုပ်တဲ့ လူတွေက ကလေးတွေရဲ့ ကျရှုံးတဲ့ အတွေ့အကြုံကို လုယူခဲ့သလို သူတို့ လုပ်နိုင်တဲ့ အရည်အချင်းကို ပြဖို့ အခွင့်အရေးကိုလဲ လုယူခဲ့တယ်။ တစ်ခြားလူ ပြောပြတဲ့ အဖြေထက် ကိုယ်တိုင် လုပ်ကြည့်မှ သိလာရတဲ့ အဖြေက ပိုတန်ဖိုးရှိတယ်။ အဖြေသိနေတဲ့ အရာတစ်ခုကို ကလေးတွေက ကြာလာရင် စိတ်မ၀င်စားတော့ဘူး။ တစ်ခုခု လုပ်တော့မယ်ဆိုရင် ကိုယ်တိုင် မစဉ်းစားတော့ပဲ လူကြီးတွေရဲ့ အကူအညီကိုပဲ စောင့်နေကြတော့တယ်။ တရုတ်ကလေးတွေက မသိတဲ့ မေးခွန်းမျိုးကြုံလာရင် အကူအညီရှာဖို့ ရပ်နေတော့တယ်။ ကိုယ်တိုင်နည်းရှာပြီး မဖြေရှင်းကြတော့ဘူး။

သားသမီးတွေကို ကျွန်တော်တို့က တစ်သက်လုံး အကာအကွယ် မပေးနိုင်ပါဘူး။ ဒါပေမယ့် ကိုယ့်ကို ဘယ်လို ကာကွယ်ရမယ်ဆိုတာကို သင်ပေးနိုင်တယ်။ လူတိုင်း အလိမ်ခံဖူးကြမှာပဲ။ အလိမ်ခံရတဲ့ ကလေးတွေကို အင်္ဂလိပ်မိဘတွေက “ကိုယ် ပထမတစ်ကြိမ် အလိမ်ခံရတာက shame on you. နောက်တစ်ကြိမ် ထပ်ခံရရင် shame on me. ကိုယ်ညံ့လို့ ခံလိုက်ရတာ။ ပထမတစ်ကြိမ် အလိမ်ခံရတဲ့ အတွေ့အကြုံကနေ သင်္ခန်းစာ မယူခဲ့လို့ ဒုတိယအကြိမ် ပြန်ခံရတာ အဲတာကြောင့် shame on me” တဲ့။

လူ့ဘ၀ရဲ့ အတွေ့အကြုံက ပေးဆပ်ပြီးမှ ရလာတာတွေပါပဲ။ သားသမီးတွေနဲ့ ကျွန်တော်တို့ တစ်သက်လုံး အတူ မနေကြရပါဘူး။ ကလေးဘ၀ ဆော့ကစားတဲ့ အရွယ်က သူတို့လေးတွေ ကိုယ်ထူကိုယ်ထဖြစ်အောင် တဖြည်းဖြည်း သွန်သင်ရမယ်။ အသစ်အဆန်း စမ်းသပ်တာကို အားပေးရမယ်။ ဘာမဆို မိဘတွေရဲ့ စိတ်ဆန္ဒ သဘောအရ လုပ်ကြရတယ်ဆိုတာမျိုး မဖြစ်စေဘဲ သူတို့ဘာသာ ဆန်းသစ်ထီထွင်တဲ့ အခွင့်အရေးကို ပေးလိုက်ပါ။ တစ်ခါလောက်တော့ လဲကျခွင့် ပေးလိုက်ပါ။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Read More...

လမ်းမှန်ရင် ခရီး မဝေးပါဘူး


(က)
လွန်ခဲ့တဲ့ ဆယ်နှစ်က ဆွေမျိုးရှိရာ အမေရိကားကို သားလေးနဲ့အတူ ကျွန်မအလည်အပတ် ရောက်ခဲ့တယ်။ မိတ်ဆွေက ကျွန်မတို့ အမေရိကားမှာ ရှိနေတဲ့အတောအတွင်း သုံးဖို့ဆိုပြီး ကလေးပုခက် တစ်ခုပေးပါတယ်။ “ဒီမှာက ကားမောင်းရင် ကလေးကို ပုခက်ထဲ ထည့်ထားရတယ်။ ဒါကလေးသုံးဖို့... အတတ်နိုင်ဆုံး မပျက်၊ မညစ်ပတ်စေနဲ့နော် အစ်မ.... ကျွန်မ သူများဆီက ငှါးလာတာ”

နှစ်ပတ်နေပြီး ကျွန်မတို့ ပြန်ခါနီးမှာ မိတ်ဆွေက သူငှားလာတယ်ဆိုတဲ့ မသစ်မဟောင်းတော့တဲ့ ကလေးပုခက်ကို ဆိုင်သွားပြီး ပြန်အပ်ခဲ့တယ်။ ဆိုင်ရှင်က ဘာမှမပြောတဲ့အပြင် တန်ဖိုးငွေကို အကုန်ပြန်ပေးခဲ့တယ်။ မိတ်ဆွေက “ဒီကဆိုင်တွေမှာ လက်ခံဖြတ်ပိုင်းရှိရင် နှစ်ပတ်အတွင်း ၀ယ်ထားတဲ့ ပစ္စည်းကို မကြိုက်ခဲ့ရင် ပြန်လှဲ ပြန်အပ်ပိုင်ခွင့်ရှိတယ်။ ဒါကြောင့် လိုတဲ့ပစ္စည်းတွေကို ကျွန်မဒီမှာ အမြဲလာ “ငှား” တယ်။ တစ်ချို့လူတွေက တီဗွီတောင် “ငှား”သေးတယ်။ အမေရိကားတွေ သိပ်တုံးတာပဲနော်။ ဒီလိုဝယ်ပြီး ပြန်အပ်တဲ့ ယိုပေါက် တော်တော်ကြီးတယ်ဆိုတာတောင် မသိကြဘူး”

(ခ)
နောက်နှစ်မှာ ကျွန်မဂျပန်ကို ရောက်ခဲ့ပြန်တယ်။ ဂျပန်မှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်း အိမ်မှာ ကျွန်မ တည်းခဲ့တယ်။ သူငယ်ချင်းက ကျွန်မသွားချင်တဲ့ နေရာကို ကားမောင်းပြီး လိုက်ပို့ခဲ့တယ်။

“လူတွေဒီလောက်များပြီး ကျပ်သိပ်နေတဲ့ တိုကျိုမှာ ကားရပ်ရတာ မခက်ဘူးလား” လို့ သူငယ်ချင်းကို ကျွန်မမေးတော့ “အဲဒီလောက် မခက်ပါဘူး။ ဒီက အစိုးရက ကားရပ်ဖို့နေရာရှိမှ ကားဝယ်ရမယ်လို့ သတ်မှတ် ထားတယ်။ ဒါကြောင့် ကိုယ်ပိုင်ကားတွေက နင်ထင်သလောက် မများပါဘူး”

“ဟာ .. ဒါဆို နင့်မှာ ကားရပ်ဖို့နေရာ ရှိတယ်ပေါ့။ ဈေးကြီးမှာပဲနော်”

“နင်လည်း ဂျပန်တွေလောက် တုံးတာပဲ.. ကားရပ်ဖို့နေရာ တစ်နေရာ အရင်ငှားပြီး ကားဝယ်လိုက်... ကားနံပါတ်ချိတ်ပြီဆိုရင် ငှားထားတဲ့နေရာကို ပြန်အပ်လိုက်ရင် ပြီးသွားတာပဲ”

နောက်ရက်တွေမှာ ဂျပန်လူမျိုး သူငယ်ချင်းတစ်ဦးက ကျွန်မကို ဧည့်ခံပါတယ်။ သူနဲ့သွားတဲ့ နေရာတိုင်း ကျွန်မတို့ရဲ့ စီးတော်ယာဉ်ကတော့ ဘတ်စ်ကားနဲ့ မြေအောက်ရထားပဲဖြစ်တယ်။ သူက ကျွန်မကို အားနာစွာနဲ့ “တိုကျိုမှာ ကားရှိဖို့ဆိုတာ လွယ်ပေမယ့် ကားရပ်ဖို့နေရာက ဈေးကြီးတယ်။ ဒါကြောင့် ငါတို့ဘတ်စ်ကားနဲ့ ရထားပဲ တိုးကြစို့နော်” လို့ ပြောတော့ ကျွန်မက သူ့ကို အရင်သူငယ်ချင်းရဲ့ အကြံကို ပေးလိုက်မိတယ်။

ကျွန်မရဲ့ အကြံကိုကြားတော့ သူဝမ်းမသာတဲ့ အပြင် “ယိုပေါက်ထဲ ၀င်ချင်ရင် နေရာတကာမှာ ယိုပေါက်တွေရှိပါတယ်။ ဥပမာ- ငါ့အိမ်ထောင်စုကို ရွာမှာနေတဲ့ ငါ့မိဘတွေစီ ခဏပြောင်းထည့်လိုက်တာနဲ့ ငါကားဝယ်လို့ရပြီ။ ဒါပေမယ့် ငါက တိုကျိုမှာပဲနေပြီး ကားရပ်ဖို့နေရာ မရှိဘဲ ကားဝယ်တယ်ဆိုရင် ဘေးပတ်ဝန်းကျင်က လူတွေ ငါ့ကို ဘယ်လိုမြင်ကြမလဲ။ အလုပ်သွားရင် ကားမောင်းသွားတဲ့ငါ့ကို လုပ်ဖော်ကိုင်ဖက်တွေက ဘယ်လို ထင်မလဲ။ သူတို့တတွေ ဒီလို မလုပ်တတ်ကြဘူး”

အမေရိကားက ၀ယ်ပြီးပစ္စည်း ပြန်လဲလှယ်ခွင့်နဲ့ ဂျပန်က ယိုပေါက်တွေဟာ “ယုံကြည်မှု” အပေါ် အခြေခံထား ခြင်းပဲဖြစ်တယ်။ “ယုံကြည်မှု” ကို အလွဲသုံးစားလုပ်ပြီး ကြာလာတော့ လူတွေက အကျင့်တွေ ပျက်လာခဲ့ တော့တယ်။ ကျွန်မနေတဲ့ တိုင်းပြည်မှာရော... အကျင့်ပျက်တွေက များလာတော့ ဒါဟာ လုပ်ရိုးလုပ်စဉ်တစ်ခုလို ဖြစ်လာခဲ့တော့တယ်။ လူတွေက “အကျင့်ပျက်”ဆိုတဲ့ နေရာမှာပဲ တ၀ဲဝဲလည် နေတော့တယ်။

(ဂ)
ကျွန်မရောမကို ရောက်ခဲ့စဉ်က ရထားစီးတော့ ရထားလက်မှတ်ဝယ်တဲ့ စက်ပဲရှိပြီး လက်မှတ်စစ်တဲ့စက် မတွေ့မိတော့ စိတ်ထဲမှာ အလိုလိုနေရင်း လူတွေ လက်မှတ်ဝယ်ကြပါ့မလားလို့ သံသယဖြစ်မိသေးတယ်။ လက်မှတ်မ၀ယ်ကြရင် သူတို့ မြတ်ပါ့မလားလို့ တွေးပူနေမိသေးတယ်။ ဒါက ကျွန်မတို့ရဲ့စိတ်နဲ့ နိုင်းပြီး တွေးလိုက်တာဖြစ်ပေမယ့် အီတလီလူမျိုးတွေက ကျွန်မတို့ ဒီလိုတွေးမိတယ်ဆိုတာကို အံ့သြနေကြဦးမယ်။ သူတို့ရဲ့ အတွေးက “ရထားစီးရင် လက်မှတ်ဝယ်ရမယ်။ လက်မှတ်မ၀ယ်ရင် ရထားမစီးဘူး။ ရထားစီးပြီး ဘာလို့ လက်မှတ် မ၀ယ်တာလဲ” ရိုးရိုးရှင်းရှင်းလေးပဲဖြစ်တယ်။

တကယ်လို့ လက်မှတ်မ၀ယ်ဘဲ ရထားစီးလို့ရလားလို့ မေးလာခဲ့ရင် စီးလို့ရပါတယ်။ ဒါပေမယ့် အကျင့်မပျက်တဲ့ အီတလီတွေကို မသိစေ၊ မမြင်စေနဲ့... တကယ်လို့ သိခဲ့ရင် သင့်ကို ပြစ်ဒဏ်ပေးဖို့ သူတို့က အရင်ဆုံး လက်မြှောက်လိမ့်မယ်။ ပြစ်ဒဏ်က လက်မှတ်ဖိုးထက် အဆများစွာကြီးသလို တိုင်းပြည်နဲ့ လူမျိုးဆိုတဲ့ ဂုဏ်ကိုတောင် ထိခိုက်နိုင်ပါတယ်။

(ဃ)
တစ်ခါက နယူးယောက်က နာမည်ကြီး ပြတိုက်တစ်ခုကို ကျွန်မတို့ သွားလည်ခဲ့တယ်။ အ၀င်လက်မှတ် ၀ယ်ရပြီး လက်မှတ်က မှုးစေ့လောက်ရှိတဲ့ ရွှေရောင်အပြားလေးပါ။ မိတ်ဆွေက ပြတိုက်ထဲကို မ၀င်ခင် “ပြတိုက်ထဲ ၀င်ပြီး အပြင်ပြန်ထွက်ချင်တဲ့ လူတွေ လက်မှတ်ကို ယူထားဦး... အထဲကို ပြန်ဝင်ချင်ရင် အဲဒီလက်မှတ် ပြန်ပြလိုက်ရုံပဲ။ တကယ်လို့ ထွက်ပြီး ပြန်မ၀င်ချင်တော့ဘူးဆိုရင် လက်မှတ်ကို တံခါးဝက မှန်သေတ္တာထဲ ထည့်လိုက်ရုံပဲ” လို့ မှာပါတယ်။ ကျွန်မက သိချင်တာနဲ့ “ ဒီလက်မှတ်ရဲ့ အရောင်နဲ့ သဏ္ဍာန်က နေ့တိုင်း ပြောင်းနေလား” လို့ မေးလိုက်တော့ မပြောင်းတဲ့အကြောင်း မိတ်ဆွေက ပြောပါတယ်။

“ဒါဆိုရင် တစ်ချို့လူတွေ လက်မှတ်ကို ပြန်မထားခဲ့ဘဲ ယူသွားပြီး နောက်ရက်မှာ ပြန်လာလို့ရတာပဲ။ ဒါမှမဟုတ် ၁၀ယောက်စာကို လက်မှတ်၅စောင်ပဲ ၀ယ်ပြီး ကျန်၅စောင်ကို ၀င်သွားတဲ့လူက ပြန်ယူထွက်လာလို့ရတာပဲ” ကိုယ့်အတွေးနဲ့ကိုယ် ပြောမိတဲ့ ကျွန်မစကားကို မိတ်ဆွေက ရီပါတယ်။

“နင်တို့ပဲ ဒီလိုတွေးကြမယ်.. ဒီကလူတွေ ဒီလိုတွေးကြမှာ မဟုတ်ဘူး။ ၀င်ရင် လက်မှတ်ဝယ်မယ်။ လည်ပတ်ပြီးလို့ ထပ်မ၀င်တော့ဘူးဆိုရင် လက်မှတ်ကို အပ်ခဲ့မယ်။ သူတို့ရဲ့ အတွေးက ရှင်းရှင်းလေး” အမေရိကားတွေက လူတိုင်းဟာ စည်းကမ်းလိုက်နာကြတဲ့ လူတွေလို့ ယုံကြည်ထားကြတယ်။ ဒါကြောင့် တံခါးဝမှာ အစောင့်တောင် မထားခဲ့ပါဘူး။ ကျွန်မရဲ့အတွေးနဲ့ ကျွန်မကိုယ်ကျွန်မ ရှက်မိပါတယ်။ ကျွန်မရဲ့ အတွေးနဲ့ ကျွန်မတို့ရဲ့ လုပ်ရပ်တွေက ကျွန်မတို့ တိုင်းပြည်မှာ ယဉ်ကျေးမှုတစ်ခု ဖြစ်လို့နေခဲ့ပါပြီ။

(င)
ကျွန်မ သင်တန်းသွားပေးတဲ့ ကုမ္ပဏီက စားသောက်ခန်းတွေဟာ သပ်ရပ်ပြီး သန့်ရှင်းပါတယ်။ အစားအစာ တွေကို ကိုယ်တိုင်ခပ်ယူ စားသောက်ရအောင် စီစဉ်ထားပေးတယ်။ ကိုယ်ကြိုက်တာ ကိုယ်ယူစားရုံပါပဲ။ သစ်သီးထားတဲ့ စင်ဖက်မှာတော့ “တစ်ဦးကို တစ်ထုပ်သာ ယူရန်” ဆိုတဲ့ စာရွက်လေးကပ်ထားပါတယ်။ အသီးတွေက ဆေးပြီးသား လှီးပြီးသားတွေပါ။ တံခါးဝမှာလည်း အစောင့် မရှိပါဘူး။ သုံးဆောင်မယ့်လူတွေက ကိုယ့်ဝန်ထမ်းကဒ်နဲ့ စက်ထဲထည့်လိုက်ရုံပါပဲ။ ကျသင့်ငွေကို လကုန်ရင် လစာထဲကနေ နှုတ်ယူပါတယ်။

ကုမ္ပဏီ အကြီးအကဲတစ်ဦးက ကျွန်မကို “၀န်ထမ်းတစ်ဦးက ထမင်းစားပြီး စက်ထဲ ကဒ်မထည့်တာ မိသွားတယ်။ ပထမတစ်ကြိမ် သတိပေးတယ်။ ဒုတိယအကြိမ်မှာ အလုပ်ထုတ်ပစ်လိုက်တယ်” လို့ပြောပြပါတယ်။ ယုံကြည်မှုကို တည်ဆောက်ဖို့ရာ မလွယ်ကူသလို တန်ဖိုးလည်း ကြီးမားပါတယ်။

တစ်ဦးကို တစ်ဦး ယုံကြည်မှုမြင့်လေလေ ကြီးကြပ်မှုက နည်းလေလေပါပဲ။ ယုံကြည်မှုရှိ လေလေ နှစ်ဦးနှစ်ဖက် အဆင်ပြေလေလေ အလုပ်လုပ်ရာမှာ လွယ်ကူ မြန်ဆန်ပြီး စိတ်ချမ်းသာ လေလေပါပဲ။ လျောက်ဖို့လမ်းက ရွေးတာ မှန်သွားပြီဆိုရင် ခရီးဝေးမှာကို မကြောက်တော့ပါဘူး။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

အပေါ်က ဘာသာပြန်နဲ့ မဆိုင်တဲ့ ကျွန်မရဲ့ ဖြစ်ရပ်တစ်ခုကို ပြောပြချင်ပါတယ်။ ကျွန်မဒုတိယနှစ် အရောက်မှာ သူငယ်ချင်း တစ်ယောက်က အကြောင်းအမျိုးမျိုး ကြောင့် မြန်မာပြည်ကို အပြီးပြန်ဖို့ စီစဉ်ပါတယ်။ သူမပြန်ခင်မှာ ဖုန်းတွေ အဆက်မပြတ် ပြောနေတာကို တွေ့လိုက်မိတယ်။ သူပြန်ပြီး မကြာပါဘူး။ ဖုန်းဘေလ်တွေ ရောက်လာခဲ့တယ်။ ဖုန်းဘေလ်တွေက တစ်လမှာတစ်စောင် ပို့ရကနေ တစ်လကိုနှစ်စောင် ပို့လာပါတယ်။ ကျွန်မတို့က အဆောင်မှာ တစ်ခန်းတည်း နေကြတာဆိုတော့ သူ့စာကို ကျန်တဲ့လူတွေက ဖောက်ကြည့်ကြပါတယ်။ လား...လား.... ဖုန်းဖိုးတွေ ထိုင်ဝမ်ငွေ တစ်သောင်းကျော်ပါတယ်။ ဒီနိုင်ငံကို ငါပြန်မလာတော့ဘူးဆိုတဲ့ အတွေးနဲ့ ဖုန်းဘေလ်တွေ သူမဆောင်ခဲ့ဘဲ ဒီအတိုင်း ထားသွားခဲ့တယ်။ နောက်တော့ ဖုန်းကုမ္ပဏီက တရားရုံးကနေ စာတွေပို့တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဘယ်လိုပဲ ပို့ပို့ အဲဒီစာတွေကို သူလက်ခံ ရရှိတော့မှာ မဟုတ်ဘူးဆိုတာ သူတို့မသိခဲ့ပါဘူး။

အရင် ကျွန်မတို့ ရောက်စက ဖုန်းတစ်လုံးဝယ်ရမှာ အရမ်းလွယ်ပါတယ်။ ပတ်စပို့ ဒါမှမဟုတ် ကျောင်းသားကဒ် ပြလိုက်ရုံပါပဲ။ နောက်တော့ ဖုန်းဝယ်ဖို့က ဘဏ်စာရင်းတွေ၊ စာရွက်စာတမ်းတွေပါ လိုလာပါတော့တယ်။ မြန်မာပြည် ကျောင်းသားဆိုရင် လူတွေက သိပ်အယုံအကြည် မရှိတော့သလိုပါပဲ။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်ကုန်တာလား... ငါးပုပ်တွေထဲ ငါးခုံးမကို ထည့်မိတာလားတော့ မသိပါဘူး။

ကျွန်မဒီကို မလာခင် ဖုန်းတွေ၊ အင်တာနက်ကြေးတွေ လိုက်သွင်း လိုက်အပ်တော့ သူငယ်ချင်းတစ်ယောက်က ဒီတိုင်းပြည်ကို နင်ပြန်လာတော့မှာမှ မဟုတ်တာ ဒီလောက် တာဝန်တွေကျေပြီး လိုက်လုပ်စရာ မလိုပါဘူး။ နင်မသွင်းခဲ့လည်း နင့်ကို သူတို့ လိုက်မရှာနိုင်တော့ပါဘူး လို့ပြောပါတယ်။ တာဝန်ကျေတယ် မကျေတယ်.. အသိတရားရှိတယ် မရှိတယ်လို့ လူတွေရဲ့ အချီးကျူးနဲ့ အပြောကိုခံရဖို့ထက် ကိုယ်ဘာလုပ်နေတယ်ဆိုတာကို ကိုယ်သိဖို့ ကိုယ့်လိပ်ပြာကို ကိုယ်လုံလုံ ၀တ်ထား ဖို့ပဲလိုတယ် ဆိုတာ သူငယ်ချင်းကို ကျွန်မ မပြောဖြစ်ခဲ့ပါဘူး။

Read More...

ပိုလာဝက်ဝံရဲ့ ပုံပြင်


မြောက်ဝင်ရိုးစွန်းမှာနေတဲ့ ပိုလာဝက်ဝံရဲ့ ပုံပြင်တစ်ပုဒ်ကို ကြားဖူးပါသလား.... ?
အေးခဲတဲ့ မြောက်ဝင်ရိုးစွန်းမှာ ပိုလာဝက်ဝံတွေဟာ ဘုရင်တစ်ဆူလိုပဲ။ ဒါပေမယ့် အက်စကီးမိုး လူမျိုးတွေက ဘာမှ အင်အားထုတ်စရာ မလိုဘဲ အဲဒီဝက်ဝံတွေကို ဖမ်းနိုင်တယ်။

ဘယ်လိုဖမ်းသလဲဆိုတော့ အက်စကီးမိုးတွေက ဖျံတစ်ကောင်ကို အရင်သတ်လိုက်ပြီး ဖျံရဲ့သွေးကို ပုံးတစ်ခုထဲ ထည့်ထားလိုက်တယ်။ အသွားနှစ်ဖက်ပါတဲ့ ဓါးမြှောင်ကို သွေးထဲမှာ စိုက်ထားလိုက်တယ်။ အရမ်းအေးတဲ့အတွက် ဖျံသွေးဟာ အချိန်တိုအတွင်းမှာ ခဲသွားပါတယ်။ အဲဒီခဲသွားတဲ့ ဓါးမြှောင်ပါတဲ့ ဖျံသွေးကို ပုံးထဲကထုတ်ပြီး ရေခဲပြင်မှာ ပစ်ထားလိုက်ရုံပါပဲ။

ဝက်ဝံတွေက သွေးအရမ်းကြိုက်တယ်။ အဲဒီအကြိုက်ကပဲ သူတို့ကို သေမင်းလက်ထဲ ရောက်စေခဲ့တယ်။ အနံ့ခံကောင်းတဲ့ သူတို့ဟာ သွေးညှီနံ့ကို အဝေးကြီးကတောင် ရနိုင်ပါတယ်။ အက်စကီးမိုးတို့ ပစ်ထားတဲ့ သွေးခဲကို ခြေရာခံပြီး တွေ့တာနဲ့ အငမ်းမရ လျှာနဲ့ စတင်လျက်ပါတော့တယ်။ လျက်ရင်း လျက်ရင်း လျှာခဲသွားလည်း အစာကောင်းကို လက်မလွတ်ချင်တာနဲ့ ဆက်လျက်ပါတယ်။ အဲဒီနောက် ခဲနေတဲ့သွေးက ပိုချိုလာတယ်။ ပိုလတ်ဆတ်လာတယ်။ ပိုပူနွေးလာတယ်ဆိုကို သတိမထားမိတော့တဲ့ အထိပါပဲ။

လျက်လေ အရသာရှိလေ၊ အရသာရှိလေ လျက်လေနဲ့ သူတို့ရဲ့သွေးကို သူတို့ သောက်နေမိမှန်းတောင် မသိကြတော့ပါဘူး။ အကြောင်းက သွေးခဲအလယ်မှာ စိုက်ထားတဲ့ ဓားက လျက်နေတဲ့ သူတို့လျှာကို လှီးဖြတ်နေခဲ့လို့ပဲ။ အအေးဓာတ်ကြောင့် ထုံနေတဲ့ လျှာက နာကျင်တာကို မခံစားမိတော့ဘူး။ အနံ့ခံကောင်းတဲ့ နှာခေါင်းက လတ်ဆတ်တဲ့ သွေးနံ့ရလေ လျက်နှုန်းက မြန်လေလေ နောက်တော့ ကိုယ့်သွေးကို ကိုယ်ပြန်သောက်နေမိတော့တယ်။ နောက်ဆုံးတော့ သွေးထွက်လွန်ပြီး မူးလဲသွားပါတယ်။ အဲဒီအချိန်မှာ အက်စကီးမိုးတွေက သူတို့ကို ဘာအင်အားမှ မသုံးဘဲ ဖမ်းလိုက်ရုံပါပဲ။

ဘ၀ရဲ့ ပျော်ရွှင်ခြင်းတွေကို ရှာဖွေတဲ့အချိန်မှာ အတွေးအခေါ်၊ အယူအဆတွေ လွဲမှားခဲ့ရင် ကျွန်တော်တို့ဟာလည်း ပိုလာဝက်ဝံနဲ့ တူသွားနိုင်တယ်။ တစ်ချို့လူတွေက အလုပ်ချိန် များများလုပ်လေ ပိုအောင်မြင်လေလေ ၀င်ငွေများများ ရလေလေလို့ ထင်တတ်ကြတယ်။ ဒါပေမယ့် သူတို့မှာ အဲဒီငွေကြေးကို ဖြုန်းဖို့ အချိန်မရှိခဲ့ကြဘူး။ တစ်ချို့က အဲဒီငွေကြေးကို ဘယ်လိုသုံးရမယ်မှန်း မသိကြဘူး။

ဝင်ငွေများလာတာနဲ့နည်းတူ တစ်ဖက်မှာလည်း တစ်ချို့အရာတွေကို သူတို့ဆုံးရှုံး ကြရတယ်။ လူ့ဘ၀ရဲ့ တန်ဖိုးအရှိဆုံး အရာဖြစ်တဲ့ မိသားစုနဲ့အတူနေတဲ့ အချိန်တွေ၊ နွေးထွေးတဲ့ မိဘမေတ္တာငတ်နေတဲ့ သားသမီးတွေ၊ လူမှုရေး၊ ကျန်းမာရေး၊ လူတစ်ဖက်သားကို ကူညီဖို့အရေး ဆိုတာကိုတောင် သူတို့ မေ့နေခဲ့ကြတယ်။

အမေရိကားရဲ့ အပတ်စဉ် ဂျာနယ်တစ်ခုက အငြိမ်းစားယူကုန်ကြတဲ့ ထိပ်သီးစီးပွါးရေး ပညာရှင် ဆယ်ဦးကို မေးခွန်းမေးပြီး စာရင်းလုပ်ခဲ့ဖူးတယ်။ မေးခွန်းက “ တကယ်လို့ ဘ၀ကို အသစ်ပြန်စရရင် သင်အမျှော်လင့်ဆုံးနဲ့ လက်မလွတ်ချင်ဆုံးအရာက ဘာလဲ” တဲ့။ ပညာရှင် ခုနှစ်ဦးက တူညီတဲ့ အဖြေကိုပေးခဲ့ပါတယ်။ အဖြေက “ တကယ်လို့ ဘ၀ကို အသစ်ပြန်စရရင် သားသမီးတွေနဲ့ အတူနေတဲ့ အချိန်ကို လက်မလွတ် ချင်ဆုံးပါ” လို့ ပြန်ဖြေခဲ့ကြတယ်။

တစ်ချို့လူတွေက ဆုံးဖြတ်ပြီးရင် နောင်တမရဘူးလို့ ပြောတတ်ကြတယ်။ ဒါပေမယ့် မဆုံးဖြတ်ခင် သေချာ မစဉ်းစားခဲ့ရင် နောက်ဆုံးတော့ နောင်တ ရကြစမြဲပါပဲ။ ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတစ်ယောက်က ပြောဖူးပါတယ်။ ငွေဟာ ရှာလို့မကုန်နိုင်တဲ့ အရာပါတဲ့... ရှာလေလေ ရလေလေ လိုချင်လေလေ နောက်ဆုံးတော့ လုံလောက်ပြီလို့ မထင်ဘဲ ငွေနောက်ကိုပဲ ကောက်ကောက်ပါ ကုန်ကြတယ်တဲ့။ ကျွန်တော်တို့ဟာ ပိုလာဝက်ဝံလို ကိုယ့်သွေးကို သောက်ပြီး ပျော်နေကြတဲ့လူ ဖြစ်နေခဲ့ပြီလား...

တင်းတိမ် ရောင့်ရဲနိုင်တဲ့လူက ဘယ်တော့မှ မဆင်းရဲဘူး။ မတင်းတိမ်နိုင်တဲ့လူက အမြဲ ဆင်းရဲနေတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Read More...

ရောင်ပြန်


(၁)
တစ်နေ့မှာ လူတစ်ယောက်ဟာ chattingမှာ ခင်တဲ့ ကောင်မလေးနဲ့ ချိန်းခဲ့တယ်။ အဲဒီကောင်မလေးကို သူ မမြင်ဖူးသေးတော့ အရုပ်ဆိုးဆိုး ကောင်မလေးဖြစ်မှာ စိုးတာနဲ့ သူ့ သူငယ်ချင်းတစ်ယောက်ကို ကောင်မလေးနဲ့တွေ့ပြီး ၁၀မိနစ်အကြာမှာ သူ့ဟမ်းဖုန်းကို ဆက်ဖို့မှာခဲ့တယ်။ ဒါမှ သူလစ်ထွက်လို့ အဆင်ပြေမယ်လေ။

ဒီလိုနဲ့ ချိန်းထားတဲ့ နေရာရောက်တော့ ကောင်မလေး ချောချောဖြစ်နေတာကို တွေ့လိုက်တယ်။ ဒါနဲ့ ဖုန်းမမြည်ပါစေနဲ့လို့ သူကျိတ်ပြီး ဆုတောင်းလိုက်တယ်။ ဒါပေမယ့် အဲဒီအချိန်မှာ မမျှော်လင့်ဘဲ ကောင်မလေးရဲ့ဖုန်းကမြည်လာတယ်။ ၂မိနစ်လောက် စကားပြောပြီး ကောင်မလေးက သူ့ဖက်လှည့်ပြီး “ ဆောရီးနော်... အရေးကြီးတဲ့ ကိစ္စရှိလို့ ကျွန်မကို သွားခွင့်ပြုပါဦး” တဲ့။

(၂)
ဝိုင်အရမ်းကြိုက်တဲ့ သူဌေးတစ်ယောက်က ညအိပ်ယာဝင်တိုင်း ၀ိုင်တစ်ခွက် သောက်လေ့ရှိတယ်။ အခုတစ်လော သူသောက်နေကျဝိုင်က လျော့လျော့လာလို့ အိမ်ကအစေခံ ခိုးသောက်တယ် အထင်နဲ့ ၀ိုင်ထဲကို ကျင်ငယ်ရေရောလိုက်တယ်။ ကျင်ငယ်ရေ ရောထားလည်း ၀ိုင်က လျော့နေတုန်းပဲမို့ သူဌေးက စိတ်ဆိုးပြီး အစေခံကို ခေါ်မေးပါတော့တယ်။ “ကျွန်တော် မခိုးသောက်ရပါဘူး” အစေခံက ငြင်းပါတယ်။ ဆက်ပြီး “ သူဌေးမင်းကို ဟင်းကောင်းတွေ ချက်ကျွေးချင်လို့ ဟင်းကြော်တဲ့အချိန် ၀ိုင်နည်းနည်းထည့်မိတာပါ” လို့ ဖြေပါတယ်။

(၃)
လူတစ်ယောက်က ဘားတစ်ခုမှာ ဘီယာသောက်နေတုန်း အပေါ့သွားချင်လာတာနဲ့ အိမ်သာသွားမလို့ လုပ်ရင်း သူ့ဘီယာကို တခြားလူ ခိုးသောက်မှာစိုးတာနဲ့ “ဘီယာထဲ တံထွေး ထွေးထည့်ထားတယ်” လို့ စာရေးကပ်ထားလိုက်တယ်။ အပေါ့သွားပြီး ပြန်လာတော့ သူ့စာဘေးမှာ “ငါလည်း ထွေးထည့်လိုက်ပြီ” လို့ရေးထားတဲ့ စာကိုတွေ့လိုက်တယ်။

သူတစ်ပါးကို ပေးတဲ့အရာက ကိုယ့်အတွက် ဖြစ်သွားတတ်တယ်။ မှန်ကြည့်နေတဲ့ လူတစ်ယောက်လိုပေါ့။ ကိုယ်ပြုံးရင် မှန်ထဲက လူလည်းလိုက်ပြုံးတယ်။ ကိုယ်မဲ့ရင် လိုက်မဲ့တယ်။ ဒါကြောင့် ကဗျာဆရာ W.H.Auden က “မကောင်းတာလုပ်တဲ့လူဟာ မကောင်းတာကိုပဲ ပြန်ရမယ်” တဲ့။ လူတစ်ပါးကို ချောက်တွန်းရင် ကိုယ်လည်း တစ်နေ့ ပြန်အတွန်းခံရမှာ မလွဲဘူး။ လူတွေကို ပျော်ရွှင်တာတွေပေးရင် ကိုယ်လည်း ပျော်ရွှင်တာပြန်ရမယ်။ လူတွေကို ချီးကျူးရင် ကိုယ်လည်း တစ်နေ့ ပြန်အချီးကျူးခံရမယ်။ (ဤနေရာတွင် မြှောက် ဖား ပင့် ကော်လို့ မထင်စေချင်) “သူ့ကိုပေးတာဟာ နောက်တော့ ကိုယ့်အတွက်ပဲ ဖြစ်သွားတတ်တယ်”

(၄)
လယ်သမားတစ်ဦး စိုက်ထားတဲ့ ပြောင်းဖူးက အသီးနှံပြိုင်ပွဲမှာ နှစ်တိုင်းဆုရတယ်။ ရတဲ့ဆုကို တစ်ခြားလယ်သမားတွေကို သူအမြဲမျှဝေခဲ့တယ်။ ဘာကြောင့်လဲလို့ လူတွေက မေးတော့ “၀တ်မှုန်တွေက လေကြောင့် အရပ်လေးမျက်နှာပြန့်နေတယ်။ တကယ်လို့ ကျွန်တော့်ခြံဘေးက လယ်သမားတွေဟာ မျိုးမကောင်းတဲ့ ပြောင်းဖူးကို စိုက်ခဲ့ရင် ကျွန်တော့်စိုက်ထားတဲ့ ပြောင်းဖူးကိုလည်း ထိခိုက်နိုင်တယ်။ မျိုးကောင်းမျိုးသန့်တွေကို သူတို့စိုက်ခဲ့လို့ ကျွန်တော်ဝမ်းသာပါတယ်။ ဆုတွေက ကျွန်တော့်အတွက်ဖြစ်သလို သူတို့အတွက်လည်းဖြစ်ပါတယ်” လို့ ပြန်ဖြေခဲ့တယ်။

လူတွေရဲ့ မေတ္တာကိုလိုချင်ရင် လူတွေကို မေတ္တာအရင်ထားတတ်ရမယ်။
ဂရုစိုက်တာခံချင်ရင် လူတွေကို အရင်ဂရုစိုက်တတ်ရမယ်။
အရာအားလုံးဟာ ရောင်ပြန်ဟပ်စမြဲပဲလေ..

နိုင်းနိုင်းစနေ ဘာသာပြန်သည်

Read More...

လူဆင်းရဲ လူချမ်းသာ


ဘရာဇီးရှိ ဆင်းရဲသားရပ်ကွက်တစ်ခုတွင် အလွန်ဆင်းရဲသော ကလေးငယ် တစ်ဦးရှိသည်။ သူသည် ဘောလုံးကန်ခြင်းကို အလွန်အမင် နှစ်သက်သော်လည်း ဘောလုံး မ၀ယ်နိုင်သောကြောင့် ဗူးခွံ၊ ပုလင်းခွံနှင့် အမှိုက်ပုံမှ ကောက်လာသော အုန်းခွံများဖြင့်သာ ဆော့ကန်ကစားခဲ့သည်။ အခြား ကလေးငယ်များနှင့်အတူ ဘောလုံးကန်ချင်သော်လည်း ဆင်းရဲသော သူ့ကို အဖက်မလုပ်ကြသောကြောင့် သူသည် အားတိုင်း ကွင်းပြင်ကျယ်ကြီးတစ်ခုတွင် တစ်ယောက်တည်း ကစားခဲ့ရသည်။

တစ်နေ့တွင် သူသည် ကောက်လာသော အခွံများကို သဲသဲမဲမဲကန်နေခိုက် ဘောလုံးနည်းပြ ဆရာတစ်ဦးက တွေ့သွားခဲ့သည်။ သနားစရာကောင်းသော သူအား နည်းပြက ဘောလုံးတစ်လုံး လက်ဆောင်ပေးခဲ့သည်။ ဘောလုံးတစ်လုံး ပိုင်ဆိုင်သည့်နောက်ပိုင်း ဘောလုံးကစားခြင်းကို သူပိုလေ့ကျင့်ခဲ့သည်။

အဝေးတစ် နေရာတွင် တည်ထားသော ရေပုံးထဲသို့ ဘောလုံးကို ကန်သွင်းနိုင်သည်အထိ သူကြိုးစားခဲ့သည်။ တစ်နေ့တွင် ဘောလုံးလက်ဆောင် ပေးခဲ့သောနည်းပြက သူ့အား ခေါ်ယူပြီး လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပေးခဲ့သည်။ နောင် ၃နှစ်အကြာတွင် ၁၇နှစ်အရွယ် ဤဆင်းရဲသား ကလေးသည် ဆဋ္ဌမအကြိမ်မြောက် ကမ္ဘာ့ဖလားတွင် ဘောလုံး ၂၁ လုံးကို သွင်းနိုင်ခဲ့သည်။ ဘရာဇီးနိုင်ငံအတွက် ပထမဆုံးသော ဒိုင်းဆုကို အောင်မြင်စွာ ဆွတ်ခူးပေးနိုင်ခဲ့သည်။ လူမသိ သူမသိ ဆင်းရဲသား ကလေးမှာ ကမ္ဘာကျော် ဘရာဇီး ဘောလုံးချန်ပီယံ “ပီလီ” ပင်ဖြစ်သည်။

ဆင်းရဲ ချမ်းသာမရွေး လူတိုင်းမှာ အိပ်မက်ဆိုတာရှိတယ်။ ယုံကြည်မှု ဆိုတာရှိတယ်။ လူတွေက အတန်းအစား အမျိုးမျိုးခွဲပြီး လူချမ်းသာတွေက ဆင်းရဲသားတွေနဲ့ မပေါင်းဖက်ချင်ကြဘူး။ မင်းဆိုးတွေက ပြည်သူတွေကို နှိမ်ကြတယ်။ တကယ်တန်းတော့ ဆင်းရဲတာနဲ့ ချမ်းသာတာဟာ ဘာမှ ကွဲပြားမှုမရှိပါဘူး။

လူတစ်ယောက်ဟာ ဘယ်လောက်ပဲ ဆင်းရဲနေပါစေ သူမှာ ရိုးသားမှုတွေရှိတယ်၊ နိုင်လိုညှင်းဆဲမှုတွေ မရှိဘူးဆိုရင် လမ်းတွေ ဘယ်လောက် ကြမ်းကြမ်း သူဟာ တစ်နေ့တော့ အောင်မြင်မှာပဲ။ ဆင်းရဲပေမယ့် ကြိုးစားတယ်ဆိုရင် ဘုရားသခင်က သူ့ကိုလျှစ်လျှူရှူ မထားပါဘူး။ နွံထဲက ကြာလို ၀ိုင်းဝန်းလှပအောင် သူပွင့်လန်းနိုင်မှာပါ။ ပစ္စည်းဥစ္စာ ချမ်းသာတဲ့ လူတွေမှာ ကိုယ်ချင်းစာစိတ်၊ အကြင်နာ မေတ္တာတရားတွေ မရှိခဲ့ဘူးဆိုရင် သူတို့ဟာ ဆင်းရဲသားတွေထက် ပိုဆင်းရဲပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Read More...

ကုန်သည်ကြီးနှင့် ဇနီးလေးဦး


တစ်ခါက အလွန်ဌေးသော ကုန်သည်ကြီးတစ်ဦးတွင် ဇနီးလေးဦးရှိသည်။
ကုန်သည်ကြီးသည် နံပါတ်(၄)ယောက်မြောက် ဇနီးကို အလွန်ချင်ခင် မြတ်နိုးပြီး သွားလေရာတွင် လိုက်ပါစေခဲ့သည်။ ထိုဇနီး၏ နေ့စဉ် တစ်ကိုယ်ရေ သန့်ရှင်းရေး၊ နေဖို့ ၊ စားဖို့ အရေးများကို ကုန်သည်ကြီးကိုယ်တိုင် လုပ်ဆောင်ပေးရသည်။ သူမ စားချင်သော၊ ၀တ်ချင်သော အရာများကို ကုန်သည်ကြီးက ၀ယ်ပေးပြီး အလိုလိုက် ချစ်မြတ်နိုးခဲ့သည်။

နံပါတ်(၃)ဇနီးမှာ ပျိုတိုင်းကြိုက်သော နှင်းဆီခိုင်ဖြစ်ခဲ့ဖူးသည်။ ကုန်သည်ကြီးက သူမ၏ အချစ်ကို လူအများနှင့် ခက်ခက်ခဲခဲ ပြိုင်ဆိုင်ပြီးမှ သူမကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူမအား ကုန်သည်ကြီးက အမြဲဂရုစိုက်ရသည်။ သူမအတွက် ချစ်ခင်နှစ်လိုဖွယ် ကောင်းသော စကားများကို အမြဲပြောရသည်။ သူမအတွက် လှပသော အိမ်ဆောက်ပေးရသည်။

ဒုတိယဇနီးမှာ ကုန်သည်နှင့် အပြောအဆို အတည့်ဆုံးဖြစ်သည်။ ကုန်သည်ကြီး စိတ်ညစ် စိတ်ပျက်ချိန်များ၊ အခက်အခဲ ကြုံချိန်များတွင် သူမအား အမြဲရင်ဖွင့်ခဲ့သည်။ သူမသည် ကုန်သည်ကြီးအား နှစ်သိမ့်ပေးခြင်းဖြင့် အပူအပင်များကို မျှဝေခဲ့သည်။ သူမနှင့် အတူနေချိန်သည် ကုန်သည်ကြီးအတွက် အရာရာ ပြီးပြည့်စုံနေခဲ့သည်။

ကုန်သည်ကြီးသည် ထိုဇနီးသုံးဦးကို အလွန်ချစ်သော်လည်း ပထမ မယားကိုမှု လျှစ်လျူရှူထားမိသည်။ သူမနှင့်လည်း အတွေ့နည်းခဲ့သည်။ သို့သော် အိမ်ရှိ ဝေယျဝစ္စအားလုံးမှာ သူမသာ လုပ်ကိုင်ရသည်။ တာဝန်ဝတ္တရား အားလုံး၏ ပင်ပန်းဒဏ်ကို ခံရသော်လည်း သူမသည် ကုန်သည်ကြီး၏ ဂရုစိုက်မှုနှင့် အယုအယကို မခံခဲ့ရပေ။

တစ်နေ့တွင် ကုန်သည်ကြီးသည် နေရပ်ဒေသကို စွန့်ပြီး အဝေးဆုံးသို့ ခရီးသွားရမည်ဖြစ်သည်။ သွားခါနီးတွင် ကုန်သည်ကြီးက နံပါတ်(၄) ဇနီးအား “ ငါမသွားမနေ သွားရတော့မယ်။ ငါနဲ့ အတူလိုက်ခဲ့ပါလား” ဟု တောင်းဆိုသည်။ ဇနီးသည်က “ ကျွန်မ မလိုက်ချင်ဘူး” ဟု ငြင်း၏။ ထိုအဖြေကို ကြားသော် ကုန်သည်ကြီးမှာ ထူးဆန်းအံ့သြသွားပြီး နားမလည်ဟန်ဖြင့် “နင့်ကို ငါအဲဒီလောက်ချစ်ခဲ့ အလိုလိုက်ခဲ့တယ်။ နင်လိုချင်သမျှ၊ လုပ်ချင်သမျှ ငါအကုန်လုပ်ပေးခဲ့တယ်။ ငါတို့ဘယ်တော့မှ မခွဲဘဲ တစ်တွဲတွဲနေလာခဲ့တယ်။ အခုတော့ ဘာဖြစ်လို့ ငါ့နောက်မလိုက်နိုင်ရတာလဲ” ဟု မေးပြန်သည်။

“ရှင်ဘာပြောပြော ကျွန်မလုံးဝ မလိုက်နိုင်ဘူး” ဟု အပြတ်ငြင်းလိုက်သည်။

ကုန်သည်ကြီးက သူမအား ဆက်မမေးတော့ဘဲ နံပါတ်(၃) ဇနီးကိုခေါ်၍ မေးပြန်သည်။ နံပါတ်(၃) ဇနီးက “ရှင်အရမ်းချစ်တဲ့ နံပါတ်(၄)တစ်ယောက်တောင် ရှင်နဲ့ မလိုက်နိုင်ဘူး။ ကျွန်မက ဘာလို့ လိုက်ရမလဲ” ဟု ငြင်းပြန်သည်။ ထိုအခါ ကုန်သည်ကြီးက ဒုတိယဇနီးကို ခေါ်၍ မေးပြန်သည်။ ဒုတိယဇနီးက “အင်း... ရှင်သွားတော့ ကျွန်မလည်း စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမယ့် ရှင့်ကို မြို့ပြင်အထိပဲ ကျွန်မ လိုက်ပို့ပေးနိုင်မယ်။ ပြီးတော့ ရှင်ဘာသာရှင် ဆက်သွားပေါ့” ဟု ပြောသည်။

ဒုတိယဇနီးလည်း မလိုက်နိုင်သောအခါ ကုန်သည်ကြီးက ပထမဇနီးကို သတိရလာမိသည်။ ထို့ကြောင့် သူမအားခေါ်၍ မေးပြန်သည်။ “ရှင်ဘယ်သွားသွား၊ ပျော်သည်ဖြစ်စေ၊ စိတ်ညစ်သည်ဖြစ်စေ ရှင့်နောက် ကျွန်မ မခွဲမခွာလိုက်ခဲ့မယ်။ ဘယ်လောက်ဝေးတဲ့ ခရီးပဲဖြစ်ဖြစ် ကျွန်မ တဖ၀ါးမှ မခွာပါဘူး” ဟု ပြောသည်။ ထိုအချိန်ကျမှ သူနှင့်မခွဲ အမြဲထာဝစဉ်နေသောသူမှာ ပထမဇနီးဖြစ်ကြောင်း သိလိုက်ရသည်။

ကုန်သည်ကြီးသွားမည့် နေရာကား မရဏတိုင်းပြည်ဖြစ်သည်။

နံပါတ်(၄) ဇနီးမှာ ကုန်သည်ကြီး၏ ခန္ဓာကိုယ်ဖြစ်သည်။ လူများက မိမိ၏ ခန္ဓာကိုယ်အား တန်ဖိုးထားကြသည်။ ခန္ဓာကိုယ်အား အဖိုးတန် အ၀တ်တန်ဆာများဖြင့် ဆင်မြန်းကြပြီး ခန္ဓာကိုယ်၏ တောင့်တသမျှ အရာကို ပေးကြသည်။ ဤတန်ဖိုးထား မြတ်နိုးသော ခန္ဓာကိုယ်မှာ နံပါတ်(၄) ဇနီးကဲ့သို့ပင် လူသေဆုံးသော် ခန္ဓာက မပါနိုင်ခဲ့ပေ။

နံပါတ်(၃) ဇနီးမှာ ဥစ္စာဓနဖြစ်သည်။ ပင်ပင်ပန်းပန်း ရှာဖွေထားသော အဖိုးတန်ပစ္စည်းများ၊ စုဆောင်းထားသော ပစ္စည်းများသည် သေသော် စိုးစိမျှ ပါမသွားနိုင်ခဲ့ပေ။ ပါသွားနိုင်သော အရာမှာ ထိုပစ္စည်းများကို ပင်ပင်ပန်းပန်း ရှာဖွေခဲ့စဉ်က အတ္တများသာဖြစ်သည်။

ဒုတိယ ဇနီးမှာ မိတ်ဆွေ သူငယ်ချင်းများဖြစ်သည်။ အသက်ရှင်နေသော လူ့ဘ၀တွင် တစ်ဦးနှင့် တစ်ဦးရိုင်းပင်း ကူညီမှု ရှိသင့်သည်။ တစ်ဦးအပေါ် တစ်ဦး မေတ္တာထားသင့်သည်။ လူသေသော် မိတ်ဆွေ သူငယ်ချင်းများက ခေတ္တခဏသာ စိတ်မကောင်းဖြစ်ကြသည်။ “သေသောသူ ကြာရင်မေ့” ဆိုသော စကားအတိုင်း ကြာသော် မေ့ပျောက်ကုန်ကြသည်။

ပထမဇနီးမှာ ကျွန်တော်တို့၏ ၀ိညာဉ်ပင်ဖြစ်သည်။ ၀ိညာဉ်သည် အမြဲမခွာ သေသော်လည်းအပါးတွင် ရှိနေသည်။ ကျွန်တော်တို့နှင့် အလွန်ရင်းနှီးသော်လည်း သူအား လျှစ်လျူရှူထားမိသည်။ ကျွန်တော်တို့၏ အာရုံကား ဓနဥစ္စာနှင့် ထိတွေ့နိုင်သော ဒြပ်ဝတ္ထုပေါ်တွင်သာ ရောက်နေခဲ့သည်။ မမြင်ရသော ၀ိညာဉ်သာလျှင် ကျွန်တော်တို့နှင့် အမြဲ အတူရှိနေခဲ့သည်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Read More...

အပြင်သဏ္ဍာန်နဲ့ အကဲမဖြတ်လေနဲ့


လွန်ခဲ့သော နှစ်ပေါင်း အနည်းငယ်ခန့်က သာမန်အ၀တ်အစား ၀တ်ဆင်ထားသော ဇနီးမောင်နှံနှစ်ဦးသည် အချိန်းအဆက် လုပ်ထားခြင်းမရှိဘဲ ဟာ့ဗသ်တက္ကသိုလ် (Harvard University) ၏ ကျောင်းအုပ်ကြီးနှင့် တွေ့ဆုံရန် သွားရောက်ခဲ့သည်။ ကျောင်းအုပ်ကြီး၏ အတွင်းရေးမှူးက မွဲပြာသော ချည်ထည်များကို ၀တ်ဆင်ထားသော ဤတောသားနှစ်ဦးမှာ တက္ကသိုလ်အတွက် အကျိုးရှိမည့်အလုပ် လာရောက် ဆွေးနွေးခြင်း မဖြစ်နိုင်ဟု ခန့်မှန်းမိသည်။ လင်ယောက်ျားဖြစ်သူက ရိုကျိုးစွာဖြင့် “ ကျွန်တော်တို့ ကျောင်းအုပ်ကြီးနဲ့ တွေ့ချင်လို့ပါ” မေးသော် အတွင်းရေးမှူးက စိတ်မရှည်ဟန်ဖြင့် “ ကျောင်းအုပ်ကြီး တစ်နေကုန် အလုပ်များနေတယ်” ဇနီးသည်က “ ကိစ္စမရှိပါဘူး။ ကျွန်မတို့ စောင့်ပါ့မယ်” ဟုပြောကာ စောင့်နေတော့သည်။

သို့နှင့် အချိန်များ တစ်ရွေ့ရွေ့ ကုန်ဆုံးသွားသော်လည်း အတွင်းရေးမှူးက သူတို့အား ဂရုမစိုက်ခဲ့ပေ။ မစောင့်နိုင်ဘဲ ပြန်သွားရန်သာ မျှော်လင့်နေခဲ့သည်။ သို့သော် ဇနီးမောင်နှံနှစ်ဦးမှာ ထိုင်ရာမှ မထ စောင့်မြဲ စောင့်နေခဲ့သည်။ နောက်ဆုံးတွင် ကျောင်းအုပ်ကြီးအား အကြောင်းကြားလိုက်သည်။ ကျောင်းအုပ်ကြီးမှာ စိတ်အနှောင့်အယှက်ဖြစ်ဟန်ဖြင့် သူတို့နှစ်ဦးအား စိတ်မပါ တပါ လက်ခံ စကားပြောဆိုခဲ့သည်။

ဇနီးသည်က “ ကျွန်မရဲ့သားက ဒီတက္ကသိုလ်မှာ ၁နှစ် ကျောင်းနေခဲ့ဖူးတယ်။ ဒီကျောင်းကို သား အရမ်း ကြိုက်ခဲ့တယ်။ ဒီကျောင်းမှာ တက်ရတာ သူပျော်ခဲ့တယ်။ ဒါပေမယ့် မနှစ်က ကံမကောင်းစွာနဲ့ သားလေး မတော်တဆ သေဆုံးသွားခဲ့ရတယ်။ သားလေး သေဆုံးပြီးနောက် ခင်ပွန်းနဲ့ တိုင်ပင်ပြီး ဒီကျောင်းဝင်းထဲမှာ သားအတွက် အမှတ်တရ မှတ်တိုင်တစ်ခု ဆောက်ပေးချင်ခဲ့တယ်”

ကျောင်းအုပ်မှာ ထိုစကားကို ကြားသော် မည်သို့မှ မခံစားရသည့်အပြင် ရီမောချင်ခဲ့သည်။ ထို့နောက် လေသံပြတ်ဖြင့် “ မဒမ်... ဒီကျောင်းမှာ တက်ခဲ့လို့ သေဆုံးသွားတဲ့ လူတွေအတွက် အမှတ်တရ မှတ်တိုင်ကို ကျွန်တော်တို့ ဆောက်မပေးနိုင်ဘူး။ ကျွန်တော်တို့သာ ဆောက်ပေးခဲ့ရင် ကျောင်းဝင်းကြီးက သုသာန်နဲ့ တူသွားမှာပေါ့”

“မဟုတ်ဘူး..မဟုတ်ဘူး။ ကျွန်မတို့က ရုပ်တုတစ်ခု စိုက်ထူမှာ မဟုတ်ဘူး။ ကျောင်းဆောင်တစ်ခု ဆောက်လုပ်လှူဒါန်းမှာပါ” ဇနီးက ပျာပျာသလဲ ရှင်းပြသည်။
မွဲခြောက်နေသော ချည်ထည်အင်္ကျီနှင့် ဖျင်ကြမ်းဝတ်စုံ ၀တ်ထားသော လင်မယားအား ကျောင်းအုပ်ကြီးက စူးစိုက် ကြည့်လိုက်ပြီး သက်ပြင်းရှည် တစ်ချက်ချကာ “ ကျောင်းတစ်ဆောင်ဆောက်ဖို့ ဘယ်လောက် ကုန်ကျမယ်ဆိုတာ ခင်ဗျားတို့ သိသလား။ ကျောင်းတစ်ဆောင်ဟာ သိန်း၇၅၀ ကျော် ကုန်တယ်” အမျိုးသမီးမှ ခေတ္တ နှုတ်ဆိတ်သွားခဲ့သည်။ ကျောင်းအုပ်ကြီးက သူတို့ လက်လျော့သွားမည် အထင်နှင့် ကျိတ်ပျော်နေလေသည်။

ဇနီးက ခင်ပွန်းဖက်လှည့်ပြီး “ သိန်း၇၅၀ ကျော်နဲ့ ကျောင်းတစ်ဆောင် ဆောက်လို့ရမယ်ဆိုရင် ငါတို့က ဘာဖြစ်လို့ ဒီထက်ကြီးတဲ့ကျောင်းကို ဆောက်ပြီး သားအတွက် အမှတ်တရ ချန်မထားနိုင်ရမလဲ” ထိုစကားကြောင့် ကျောင်းအုပ်ကြီးမှာ တွေဝေသွားခဲ့သည်။

သို့နှင့် Stanford ဇနီးမောင်နှံ ဟာ့ဗသ်တက္ကသိုလ်မှ ထွက်ခွါလာခဲ့ကြသည်။ သူတို့ဇနီးမောင်နှံမှာ ကယ်ရီဖိုးနီးယားပြည်သို့ ရောက်သောအခါ ကျောင်းတစ်ကျောင်း ဆောက်လုပ်ပြီး ထိုကျောင်းအား Stanford University ဟု အမည်တွင်က သားအတွက် အမှတ်တရ မှတ်တိုင် စိုက်ထူခဲ့ကြသည်။

ဟာ့ဗသ်ကျောင်းအုပ်က သာမန်မျှသာ ၀တ်ဆင်ထားသော သူတို့၏ အပြင်ပန်းသဏ္ဍာန်ကို အကဲခတ်ပြီး သူတို့၏ အတွင်းစိတ် စေတနာကို တန်ဖိုးဖြတ်ခဲ့သည်။ “တောင်းမှာအကွပ် လူမှာအ၀တ်” ဟု ဆိုသော်ငြားလည်း အချို့ လှပသော ပြင်ပ အပြင်အဆင်များသည် ကြောက်မက်ဖွယ်ကောင်းသော ထောင်ချောက် တစ်ခုသာဖြစ်သည်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Read More...

ရေဘယ်နှစ်ပုံးလဲ



မနေ့က ဟိုဒီလျောက်သွားရင်း စာအုပ်ခင်းရောင်းနေတဲ့ ဆိုင်တစ်ဆိုင်ကို သွားတွေ့မိတယ်။ အင်္ဂလိပ်စာအုပ်နဲ့ တရုတ်စာအုပ်တွေ တွဲရောင်းနေပေမယ့် ကျွန်မရဲ့ ခြေထောက်၊ မျက်စိနဲ့ လက်က ထုံးစံအတိုင်း ဖတ်ရ ပိုကျွမ်းပြီး ပိုအားရတဲ့ တရုတ်စာအုပ်ပုံထဲ ရောက်သွားခဲ့တယ်။ ဟိုတစ်အုပ် ဒီတစ်အုပ် လျောက်လှန်ကြည့်ရင်း ပုံပြင်(၃၀၀) ပါတဲ့ ဒီစာအုပ်ကို တွေ့လိုက်တယ်။ အဖုံးကပဲ ကျွန်မကို တော်တော်လေး ဆွဲဆောင်ခဲ့ပါတယ်။ “လူ့ဘ၀ကို နားလည်စေသော အပုဒ်(၃၀၀)ပါ အသိပညာများတဲ့”။ အထဲကို ဖတ်ကြည့်တော့ ကျွန်မ အမြဲဘာသာပြန်တဲ့ “ဘ၀ အပိုင်းအစလေးများ” ထဲက ပုံစံအတိုင်းပါပဲ။ လူ့ဘ၀မှာ ဖြစ်တတ်ပျက်တတ်တဲ့ သဘော သဘာဝတွေကို ပုံပြင်တိုလေးတွေနဲ့ နှိုင်းပြထားပါတယ်။

တရုတ်စာကို အတိုကောက် (တရုတ်စာမှာ အတို၊ အရှည်ရေးနည်း ၂ မျိုးရှိပါတယ်) နဲ့ ရေးထားလို့ ဖတ်ရတာ နည်းနည်း အားစိုက်ရတာကလွဲလို့ ၃. ၄ ရွက်လောက် လှန်ကြည့်အပြီးမှာ တစ်ခြားစာအုပ်တွေကို ကြည့်ချင်စိတ် မရှိလောက်အောင် ဒီစာအုပ်က ကျွန်မကို ဆွဲဆောင်နေတာနဲ့ ၀ယ်ခဲ့လိုက်တယ်။ ကျွန်မလို ပုံပြင်ကြိုက်သူများ၊ ကျွန်မနဲ့ ၀ါသနာတူများအတွက် အပုဒ်(၃၀၀)ထဲက ကျွန်မကြိုက်တဲ့ အကောင်းဆုံး စာတွေကို ဘာသာပြန် မျှဝေလိုက်ပါတယ်။ တန်ဖိုးမကြီးတဲ့ ဒီစာအုပ်ထဲကနေ အဖိုးတန်တဲ့ တစ်စုံတစ်ရာတွေ ကျန်ခဲ့မယ်ဆိုရင် ၀မ်းသာပါတယ်။ ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။

++++++++++++++++++++++++++++

ရေဘယ်နှစ်ပုံးလဲ

တစ်ခါက ဘုရင်တစ်ပါးဟာ မှူးမတ်အပေါင်း ခြံရံပြီး ဥယျာဉ်တော်ထဲ လှည့်လည်ခဲ့တယ်။ ဥယျာဉ်ထဲမှ ရေကန်တစ်ကန်ကို တွေ့တော့ ဘုရင်က သိလိုစိတ်နဲ့ မှူးမတ်တွေကို “ ဒီရေကန်မှာ ရေဘယ်နှစ်ပုံးရှိနိုင်မလဲ” လို့ မေးလိုက်တယ်။ မမျှော်လင့်တဲ့ အမေးမို့ မှူးမတ်တွေက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ချက်ချင်း မဖြေနိုင်ခဲ့ကြဘူး။ ဘုရင်က ဆက်ပြီး “ သုံးရက် အချိန်ပေးမယ်။ သုံးရက်ပြည့်လို့ အဖြေမရရင် အားလုံးကို ပြစ်ဒဏ်ခတ်မယ်” လို့ ကြေညာလိုက်တယ်။

အဲဒီနေ့က စပြီး မှူးမတ်တွေဟာ ကန်ထဲက ရေတွေကို ခပ်ပြီး စတင် တွက်ချက်ပါတော့တယ်။ ဘယ်လိုခပ်ခပ် ဘယ်လိုတွက်တွက် တိကျတဲ့အဖြေ မရခဲ့ပါဘူး။ သုံးရက်ဆိုတဲ့ အချိန်က ရောက်လာတော့မှာမို့ မှူးမတ်တွေက စိုးရိမ်နေကြတယ်။ အဲဒီအချိန်မှာပဲ လုလင်ငယ်တစ်ဦး ရောက်လာပြီး ကန်ထဲမှာ ရေဘယ်နှစ်ပုံးရှိကြောင်းကို သူသိတယ်လို့ လျောက်တင်တယ်။ ဘုရင်က ပညာရှိမှူးမတ်တွေကို ခေါ်ပြီး ရေကို လုလင်ငယ် ဘယ်လို ချိန်တယ်ဆိုတာကို သွားရောက် ကြည့်ရှုဖို့ အမိန့်ပေးလိုက်တယ်။ အဲဒီအမိန့်ကို ကြားတော့ လုလင်ငယ်က ပြုံးပြီး .....

“ ဒီမေးခွန်းက လွယ်လွန်းလို့ ရေကန်အထိ သွားစရာမလိုပါဘူး ဘုရား”
“ မောင်မင်းရဲ့ အဖြေကို လျောက်တင်စမ်း ”

“ ကန်ထဲက ရေကို ချိန်ဖို့အတွက် ခပ်တဲ့ ရေပုံးပေါ်မှာပဲ မှုတည်ပါတယ်။ တစ်ကယ်လို့ ရေပုံးက ကန်လောက် ကြီးတယ်ဆိုရင် ကန်ထဲရေက တစ်ပုံးစာပဲ ရှိပါတယ်။ တစ်ကယ်လို့ ရေပုံးက ကန်ရဲ့ ထက်ဝက်ပဲရှိတယ်ဆိုရင် ကန်ရေက နှစ်ပုံးစာပဲရှိပါတယ်။ တစ်ကယ်လို့ ရေပုံးက ကန်ရဲ့ ၃ပုံ၁ပုံလောက် ကြီးတယ်ဆိုရင် ကန်ရေက သုံးပုံးစာပဲရှိပါတယ်။ တစ်ကယ်လို့.... ”

“ တော်ပါပြီ မောင်မင်း၊ မောင်မင်းရဲ့ အဖြေမှန်ပါတယ်” ဘုရင်က လက်ကာပြပြီး ၀မ်းသာအားရ ပြောပါတယ်။ လုလင်ငယ်ကိုလဲ ဆုလာဒ်များစွာ ချီးမြှင့်လိုက်တယ်။

မှူးမတ်တွေက ဘုရင်ရဲ့ အမေးကို ဘာလို့ မဖြေနိုင်ခဲ့ကြတာလဲ...? တစ်ကယ်တော့ သူတို့ဟာ တွေးတောခြင်းဆိုတဲ့ ထောင်ချောက်ထဲ နစ်ဝင်ခဲ့ကြတယ်။ လုလင်ငယ် ဖြေနိုင်ခဲ့တဲ့ အကြောင်းရင်းက ရေကန်ရဲ့ အကြီးအငယ်ကို ပုံးရဲ့ ရှုထောင့်ကနေကြည့်ပြီး ဖြေရှင်းခဲ့လို့ပါပဲ။ ပြဿနာ တစ်ခုကို ရင်ဆိုင်ရပြီဆိုရင် ကျွန်တော်တို့က အဲဒီပြဿနာကို ရှုထောင့်ပြောင်း၊ ဘက်ပြောင်းပြီး အတွေးပြောင်းကြည့်ဖို့ပဲ လိုပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Read More...

ကြောက်မက်ဖွယ် အတွေ့အကြုံ


မိခင်တစ်ဦးဟာ သားကိုအရွယ်ရောက် ကြီးပြင်းဖို့၊ သူတစ်ပါးထက် ထူးချွန်ထက်မြက်ဖို့ပဲ မျှော်လင့်ခဲ့တယ်။ တစ်နေ့မှာ မိခင်က ငါးနှစ်အရွယ် သားကိုခေါ်ပြီး ဓာတုဗေဒ ပညာရှင် တစ်ဦးဆီ ရောက်လာခဲ့တယ်။ ဒီပညာရှင်ဟာ အောင်မြင်တဲ့ လမ်းကြောင်းပေါ်ကို ဘယ်လိုလုပ် ရောက်ခဲ့သလဲဆိုတဲ့ အဖြေကို သိချင်လို့ပါပဲ။

ပညာရှင်က လာရောက်တဲ့ အကျိုးအကြောင်းကို မေးပြီး သူတို့ကို စမ်းသပ်ခန်းထဲ ခေါ်ခဲ့ကြတယ်။ အဲဒီနောက် ပညာရှင်က အ၀ါရောင် အရည်တစ်မျိုးကို သားရှေ့မှာ ချထားပေးလိုက်တယ်။ ကလေးက အရည်ကို ကြည့်ပြီး စိတ်ဝင်စားလာတာနဲ့ သိချင်စိတ်ကို ထိန်းမရဖြစ်ပြီး အရည်ကို ထိတို့ကြည့်ဖို့ လက်ကို ဆန့်လိုက်တယ်။ အဲဒီအချိန်မှာ စိုးရိမ်တဲ့ အသံနဲ့အတူ မိခင်က ကလေးဆီကို ချက်ချင်းရောက်လာခဲ့တယ်။ အရည်ကို ထိတို့ကြည့်ဖို့ ကြိုးစားနေတဲ့ ကလေးက မိခင်ကို မြင်တော့ လက်ကို ချက်ချင်းပြန်ရုတ်လိုက်တယ်။

အဲဒီ အဖြစ်အပျက်ကို ပညာရှင်က မြင်တော့ တဟားဟားနဲ့ ရီပါတော့တယ်။ နောက်မိခင်ဖက် လှည့်ပြီး “ ခင်ဗျားသိချင်တဲ့ အဖြေကို ကျွန်တော်ဖြေလိုက်ပါပြီ” လို့ ပြောပြီး လက်ကို အ၀ါရောင် အရည်ထဲ စိမ်ပြလိုက်တယ်။ “ ဒါဟာ အရောင်ဆိုးထားတဲ့ ရိုးရိုးရေတစ်ခွက်ပါ။ ခင်ဗျား စိုးရိမ်ပြီး အော်လိုက်တဲ့ အသံက မိခင်စိတ်ကို ဖော်ပြနေသလို ပညာရှင်ဖြစ်လာမယ့် လူတစ်ယောက်ရဲ့ စူးစမ်းလိုစိတ်ကို မောင်းထုတ်လိုက်တဲ့ အသံလည်းဖြစ်တယ်”

တစ်ချို့မိဘတွေက ဒီလို အမှားမျိုးကို အလွယ်တကူ ပြုလုပ်တတ်ကြတယ်။ သူတို့ဟာ အတွေ့အကြုံနဲ့ ကလေးတွေရဲ့ စပ်စုလိုစိတ်ကို ထိန်းချုပ်လိုက်ကြတယ်။ ကြာတော့ ကလေးတွေက အထိန်းချုပ်ခံ အကျင့်ကိုရပြီး အသစ်အဆန်းတွေကို မစူးစမ်းရဲကြတော့ဘူး၊ မထီထွင်ချင်ကြတော့ဘူး။ နောက်တော့ သူတို့လျောက်မယ့် လမ်းဟာ မိဘတွေ လျောက်ခဲ့တဲ့ လမ်းပဲ ဖြစ်သွားတော့တယ်။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Read More...

နားထောင်ခြင်း အတတ်ပညာ


အမေရိကားက နာမည်ကြီး ဟောပြော ဆရာတစ်ဦးဟာ ဟောပြောပွဲတစ်ခုမှာ ကလေးငယ်တစ်ယောက်ကို “သားကြီးလာရင် ဘာလုပ်မလဲ” လို့ မေးလိုက်တယ်။ ကလေးငယ်က “ သားကြီးလာရင် လေယာဉ်မှူးလုပ်မယ်” လို့ ရိုးရိုးသားသား ပြန်ဖြေခဲ့တယ်။ ဆရာက ဆက်ပြီး “တကယ်လို့ တစ်နေ့မှာ သားမောင်းတဲ့ လေယာဉ်က ပစ္စဖိတ် သမုဒ္ဒရာပေါ် အရောက်မှာ လောင်စာကုန်သွားတယ် ဆိုပါစို့။ သား ဘာလုပ်မလဲ”

ကလေးငယ်က ခဏစဉ်းစားပြီး “ ခရီးသည်တွေ အားလုံးကို ကိုယ့်နေရာကိုယ် ထိုင်ပြီး ခါးပတ်တွေ ပတ်ထားဖို့ အရင် သတိပေးမယ်။ နောက် သားက လေထီးစီးပြီး ခုန်ချမယ်” ကလေးငယ်ရဲ့ အဖြေကို ကြားတော့ ခန်းမမှာရှိတဲ့ လူတွေက တ၀ါးဝါး အော်ရီကြတယ်။ သူတို့ရဲ့ ရီသံက ကလေးငယ်ကို ငိုစေခဲ့တယ်။ ဒီလိုနဲ့ ဆရာက ဆက်ပြီး “ သား ဘာဖြစ်လို့ ဒီလိုလုပ်ရသလဲ” လို့ မေးတော့ လူတွေ မထင်မှတ်တဲ့ အဖြေကို ကလေးငယ်က ဆက်ပြီး ဖြေခဲ့ပါတယ်။ “သား လောင်စာသွားယူပြီး လေယာဉ်စီ ပြန်လာမလို့ပါ”

သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ တစ်ဖက်လူရဲ့ သဘောထားကို နားလည်အောင် ကျွန်တော်တို့ အရင်ဆုံး လုပ်သင့်တယ်။ သူပြောမယ့် စကားကို ဆုံးအောင် အရင် နားထောင်ရမယ်။ ကြားဖြတ်ပြီး ငြင်းခုံဖို့၊ ဝေဖန်ဖို့ပဲ စိုင်းပြင်းမနေသင့်ဘူး။ နားထောင်ခြင်းဟာလည်း အတတ်ပညာတစ်ခုပါပဲ။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Read More...

ဆင်ကလေးနှင့် သံကြိုး


ဂျမ်ဘိုဟာ ဆပ်ကပ်တစ်ခုက ဆင်ပေါက်ကလေးပါ။ သူ့မိဘတွေကလည်း အဲဒီဆပ်ကပ်ရဲ့ အသုံးတော်ဟောင်း တွေဖြစ်တယ်။ ဆင်ပေါက်လေး ဂျမ်ဘိုဟာ ငယ်ရွယ်သူပီပီ အဆော့သန်ပြီး နေရာတကာ စပ်စပ်စုစုနဲ့ လျှောက်သွားနေတတ်လို့ ဆပ်ကပ်ထဲက လူတွေက သူ့ကို သံကြိုးသေးလေးနဲ့ တိုင်မှာ ချည်နှောင် ထားလိုက်တယ်။ ဒီလိုချည်နှောင်ခံရတာကို ဂျမ်ဘိုက နည်းနည်းမှ ကျင့်သားမရခဲ့လို့ အချည်နှောင်ခံစမှာ သံကြိုးက လွှတ်အောင် သူရုန်းခဲ့တယ်။ သူ့ရဲ့သေးငယ်တဲ့ အားနဲ့ ကြိုးကို ပြတ်အောင် မရုန်းနိုင်ခဲ့တော့ ကြိုးမီရာ နေရာလောက်မှာပဲ သူလှုပ်ရှားခဲ့ရတယ်။

ရက်အနည်းငယ်ကြာတော့ သံကြိုးက လွှတ်အောင် သူကြိုးစားပြန်တယ်။ မအောင်မြင်ခဲ့ပြန်ဘူး။ တစ်ရက်ပြီး တစ်ရက်၊ တစ်ကြိမ်ပြီး တစ်ကြိမ် သံကြိုးက လွှတ်အောင် သူအမျိုးမျိုး ကြိုးစားခဲ့တယ်။ ဒါပေမယ့် မအောင်မြင် ခဲ့ဘူး။ ကြာတော့ လွှတ်ဖို့ သူမကြိုးစားတော့ဘူး။ သူ့မိဘတွေကို ကြည့်တော့လည်း သံကြိုးတွေနဲ့ ချုပ်နှောင်ခံထားရတာကို တွေ့တော့ ဒီလို ချည်နှောင်ခံရတဲ့ ဘ၀ကို သူကျင့်သားရလာခဲ့တယ်။

ဂျမ်ဘိုဟာ တဖြေးဖြေး ကြီးပြင်းလာခဲ့တယ်။ သူ့ရဲ့ အင်အားဟာ ခြေထောက်မှာ ချည်ထားတဲ့ သံကြိုးကို နှာတစ်မှုတ်စာနဲ့တောင် ဖြတ်နိုင်ပါပြီ။ ဒါပေမယ့် အဲဒီ သံကြိုးကို ဖြတ်ဖို့ သူမတွေးမိတော့ဘူး။ ဒီသံကြိုးဟာ ဘယ်လိုမှ ဖြတ်လို့ မရနိုင်ဘူးဆိုတဲ့ အတွေးက သူ့ရဲ့ နှလုံးထဲ မှတ်ဥာဏ်ထဲမှာ ငယ်ငယ်လေးကတည်းက အရိုးစွဲနေခဲ့လို့ပါပဲ။

ဒီလိုနဲ့ တစ်မျိုးဆက်ပြီး တစ်မျိုးဆက် ဆပ်ကပ်ထဲက ဆင်ကြီးတွေဟာ မြင်ရတဲ့ သံကြိုးသေးလေးနဲ့ ခြေထောက်ကို ချုပ်နှောင်ခံရပြီး မမြင်ရတဲ့ သံကြိုးကြီးနဲ့ စိတ်ဓာတ်ကို ချုပ်နှောင်ခံခဲ့ကြရတယ်။ အဲဒီ အချုပ်အနှောင်ခံ ဘ၀လေးထဲမှာပဲ သူတို့ဟာ ကျင်လည်နေကြတော့တယ်။

အချိန်တွေဟာ မပြတ်ပြောင်းလဲနေပါတယ်။ ဟိုတုန်းက မလုပ်နိုင်ခဲ့တာကို ဒီနေ့မှာ လုပ်လို့ရရင်လည်း ရသွားနိုင်မယ်။ ဟိုတုန်းက လုပ်နိုင်ခဲ့တာကို ဒီနေ့မှာ ခက်ရင်လည်း ခက်သွားနိုင်တယ်။ ဘာပဲဖြစ်ဖြစ် အဓိက က စိတ်ထဲမှာ မပြောင်းလဲတဲ့ အယူအဆတွေကို အရိုးစွဲပြီး ချန်မထားမိခဲ့ဖို့ပဲလိုတယ်။ ကျွန်မတို့ဟာ ဆင်ကလေး ဂျမ်ဘိုလို အချုပ်အနှောင်ခံ ဘ၀မှာ ကျင့်သားရ ကျင်လည်နေခဲ့ကြပြီလား... ?

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Read More...

မိမိကိုယ်ကို ကိုင်လှုပ်ခြင်း


လင်းယုန်တွေဟာ သူတို့ရဲ့အသိုက်ကို ပင်မြင့်ထက်မှာ ဒါမှမဟုတ် မတ်စောက်တဲ့ ချောက်ကမ်းပါးထိပ်မှာ ဆောက်လေ့ရှိကြတယ်။ ပညာရှင်တွေရဲ့ အဝေးကြည့် မှန်ပြောင်းနဲ့ အသေးစိတ် လေ့လာ ကြည့်ရှူချက်များအရ လင်းယုန်တွေဟာ အသိုက်ဆောက်ရာမှာ ပထမဦးဆုံး အသိုက်ရဲ့အောက်မှာ “ဆူးခက်” တွေနဲ့ ခင်းကြတယ်။ ဆူးခက်ပေါ်မှာ ကျောက်တုံးသေးတွေ ထပ်ခင်းပြီး ကျောက်တုံးပေါ်မှာမှ သစ်ရွက်သစ်ဆွေးတွေ၊ ငှက်မွေးတွေထပ်ခင်းပြီး ဥဥဖို့ အသိုက်ဆောက်ကြတယ်။

ဥက ပေါက်လာတဲ့ လင်းယုန်ပေါက်လေးတွေဟာ တဖြေးဖြေးနဲ့ ကြီးလာပြီး အမွေးအတောင်တွေ စုံလာပြီဆိုရင် မိခင်လင်းယုန်က ဒီအရွယ်ဟာ ငှက်ကလေးတွေ “ကိုယ်ထူကိုယ်ထ” ဖြစ်သင့်တဲ့ အရွယ်ဆိုပြီး အသိုက်ကို စတင် လှုပ်ခါတော့တယ်။ ငှက်သိုက်ထဲက သစ်ရွက်တွေ ငှက်မွေးတွေ ပြုတ်ကျပြီး ကျောက်ခဲလေးတွေ၊ ဆူးခက်တွေ ပေါ်လာတဲ့အထိ လှုပ်ခါတော့တယ်။ ငှက်ပေါက်လေးတွေက ကျောက်ခဲမာတွေ၊ ဆူးခက်တွေကြောင့် နာကျင်ပြီး တစာစာ အော်ပါတော့တယ်။ ဒါပေမယ့် မိခင်လင်းယုန်က ငှက်ကလေးတွေ အသိုက်ထဲ မနေနိုင်အောင် အကြင်နာ ကင်းမဲ့စွာ မောင်းထုတ်ပါတော့တယ်။ နာကျင်နေတဲ့ ငှက်ကလေးတွေက အသိုက်ကို မခွဲမခွာချင်ဘဲ စတင်ပျံသန်းဖို့ အသိုက်ကို ခွဲခဲ့ကြရတယ်။

မိခင်လင်းယုန်က တကယ်ပဲ အကြင်နာကင်းမဲ့ပြီး ငှက်ကလေးတွေကို မောင်းထုတ် လိုက်တာလား... ? မဟုတ်ပါဘူး။ မိခင်ပီပီ ကိုယ့်ရင်သွေးကို ချစ်ပါတယ်။ ဒါပေမယ့် မိခင်က လင်းယုန်ငှက်လေးတွေကို နေရာအနှံ့ ပျံသန်းနိုင်တဲ့ ငှက်တွေဖြစ်အောင် ပိုမျှော်လင့်ကြတယ်။ ဒါကြောင့် ငှက်ကလေးတွေကို သက်တောင့်သက်သာ ရှိတဲ့ အသိုက်က ခွာပြီး ကိုယ့်ကိုယ်ကို အားကိုးတတ်ဖို့ အသိုက်ကနေ မောင်းထုတ်ရခြင်းဖြစ်တယ်။

တကယ်တော့ လူ့ဘ၀ဆိုတာ ဟင်းရည်တစ်ခွက်နဲ့ တူတယ်။ ဟင်းရည်ကို မမွှေပေးရင် အရသာရှိတဲ့ ဟင်းဖတ် ဟင်းနှစ်တွေက ပန်းကန်အောက်မှာပဲ အနယ်ထိုင်နေတတ်တယ်။ ဟင်းခွက်ကို မွှေပေး၊ လှုပ်ခါပေးမှ အရသာကောင်းကို စားမိပါလိမ့်မယ်။ လင်းယုန်ငှက်ကလေးလိုပဲ မိခင်က အကြင်နာမဲ့စွာ အသိုက်ကို “လှုပ်ခါ” ပေးမှ သူတို့ဟာ အမြင့်ဆုံးနဲ့ အဝေးဆုံးကို ပျံသန်းနိုင်မှာဖြစ်တယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Read More...

ကမ္ဘာအံ့ဖွယ် (၇)ခု


ဆရာမ တစ်ဦးသည် တပည့်များကို ကမ္ဘာပေါ်ရှိ အံ့ဖွယ်အရာ (၇)ခုကို ချရေးစေသည်။ တပည့်အများစု၏ အဖြေမှာ...

၁) အီဂျစ်ရှိ ပိရမစ်
၂) အိန္ဒိယရှိ တပ်(ချ)မဟာ (Taj Mahal)
၃) အမေရိကားရှိ Grand Canyon
၎) ပနားမား တူးမြောင်း (Panama Canal)
၅) အမေရိကားရှိ Empire State Building
၆) ရောမရှိ စိန့်ပီတာ (Saint Peter's Square) နှင့်

၇) တရုတ်ပြည်ရှိ ဂရိတ်ဝေါလ် တို့ဖြစ်ကြသည်။

တပည့်များ၏ အဖြေစာရွက်ကို ဆရာမ လိုက်သိမ်းစဉ် ကလေးငယ်တစ်ဦးမှာ အဖြေ မရေးသေးသဖြင့် ဆရာမက “သမီး..ဘာအခက်အခဲရှိလို့လဲ.. ဆရာမ ဘာကူညီရမလဲ” ဟု မေးရာတွင် ကလေးငယ်က အတန်ငယ် စဉ်းစားပြီး....
“ဆရာမ... သမီး မေးခွန်းတစ်ခု မေးချင်လို့ပါ။ ကမ္ဘာပေါ်မှာရှိတဲ့ အံ့သြဖွယ်ကောင်းတဲ့ အရာအများကြီးကို သမီးတွေးမိတယ်။ ဒါပေမယ့် ဘယ်(၇)ခုကို ရွေးရင်ကောင်းမလဲ မသိလို့ပါ”
“ ကိစ္စမရှိဘူး သမီး.. သမီး တွေးမိတာတွေ ဆရာမကို ပြောပြ ဆရာမ ကူညီပေးမယ်”
“ သမီး စဉ်းစားမိတာတွေက.....

၁) ကမ္ဘာပေါ်မှာရှိတဲ့ လှပတဲ့ အရာတွေကို သမီးတို့ တွေ့မြင်ရတယ်။
၂) ပိုးမွှားတိရိစ္ဆာန်ရဲ့ အော်သံ၊ ငှက်တွေရဲ့ တေးသီသံကို သမီးတို့ ကြားရတယ်။
၃) စိတ်ဝင်စားစရာ အရာတွေကို သမီးတို့ ထိတွေ့ရတယ်။
၎) ရသာကောင်းတွေကို သမီးတို့ မြည်းစမ်းရတယ်။
၅) မိတ်ဆွေ သူငယ်ချင်းတွေရဲ့ ဂရုစိုက်မှုကို ခံရတယ်။
၆) စိတ်လိုလက်ရ သမီးတို့ ရီမောနိုင်တယ်။
၇) လူတွေကို ချစ်ခင်သလို လူတွေရဲ့ ချစ်ခင်ခြင်းကိုလည်း ခံရတယ်”

ကလေးငယ်၏ ဖြေသံအဆုံးတွင် စာသင်ခန်းတစ်ခုလုံး ခေတ္တမျှ တိတ်ဆိတ် သွားခဲ့သည်။ လူအများစုက ဘ၀၏ “ ရိုးရှင်းသော အရာများကို” အမြဲလိုလို လျှစ်လျှူရှူမိ တတ်ကြသည်။ အမှန်မှာ ထိုအရာများသာလျှင် ကမ္ဘာပေါ်ရှိ အံ့သြဖွယ်ကောင်းသော၊ ထူးဆန်းသော အရာများဖြစ်သည်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Read More...

သင်ယူခြင်းမှာ မငြီးငွေ့ပါ


တွင်းပေါက်တစ်ပေါက်ပဲ လုပ်ထားတဲ့ ကြွက်ဟာ အလွယ်တကူ အဖမ်းခံရနိုင်တယ်။

တိတ်ဆိတ်မှောင်မိုက်တဲ့ ညတစ်ညမှာ ကြွက်အိုကြီး တစ်ကောင်ဟာ ကြွက်တွေကို ဦးဆောင်ပြီး အစာရှာ ထွက်လာကြတယ်။ အိမ်တစ်အိမ်ရဲ့ မီးဖိုဆောင်က အမှိုက်ပုံးထဲမှာ စားကြွင်းစားကျန်တွေကို သူတို့ တွေ့လိုက်တယ်။အဖိုးမဖြတ်နိုင်တဲ့ ရွှေငွေရတနာတွေကို လူတွေ တွေ့သလိုပဲ စားကြွင်းစားကျန်ပေမယ့် သူတို့အတွက် အဖိုးတန်လွန်းပါတယ်။

ကြွက်တွေဟာ အမှိုက်ပုံးထဲက၊ အမှိုက်ပုံဘေးက အစာတွေကို အငမ်းမရ စားနေတုန်း စူးစူးဝါးဝါး အော်လိုက်တဲ့ ကြောင်အော်သံကို ကြားတော့ သည်းခြေပျက်မတတ် ကြောက်လန့်မိကြတယ်။ ပုန်းအောင်းဖို့ နေရာကို အလျှင်အမြန်ရှာပြီး ကြောင်ရန်က လွတ်အောင် သူတို့ အမြန်ပြေးပုန်းကြတယ်။ ကံမကောင်းတဲ့ ကြွက်ကလေး နှစ်ကောင်က အပုန်းနောက်ကျလို့ ကြောင်ရဲ့ အဖမ်းကို ခံလိုက်ရတယ်။ ကြောက်ရွံ့နေတဲ့ ကြွက်နှစ်ကောင်ကို ကြောင်က စားမလို လုပ်တုန်း ခွေးတစ်ကောင်ရဲ့ မာန်ဖီသံကို ကြားတော့ ကြောင်ဟာ လန့်ပြီး ထွက်ပြေးသွားတော့တယ်။

ကြောင်ထွက်ပြေးသွားမှ ခေါင်းဆောင် ကြွက်အိုကြီးဟာ အမှိုက်ပုံးနောက်က အေးအေးဆေးဆေး ထွက်လာပြီး ကြွက်တွေကို ဒီလို ပြောပါတယ်။ “ ဘာသာစကား တစ်မျိုးထက် ပိုတတ်ရင် အကျိုးမယုတ်နိုင်ဘူးဆိုတာ မင်းတို့ကို ငါအစောကြီး ကတည်းက ကြိုပြောထားပြီးသား။ အခု ကြည့်စမ်း မင်းတို့အသက်ကို ငါကယ်လိုက်နိုင်ပြီ” ဟူသတည်း။

အသိပညာ၊ အတတ်ပညာ တစ်ခုပိုခြင်းသည် လမ်းတစ်လမ်း တိုးလာသည်နှင့် တူ၏။ မပြတ်ဆည်းပူးခြင်းသည် အောင်မြင်သူများ၏ ရာသက်ပန် လုပ်ဆောင်ချက်ဖြစ်သည်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Read More...