၁၉၆၃ ခုနှစ်မှာ “မေရီ” လို့ခေါ်တဲ့ ကလေးမတစ်ယောက် ချီကာဂိုရဲ့ သတင်းစာ တစ်စောင်ဖြစ်တဲ့ “Chicago Tribune” ဆီ စာတစ်စောင်ရေးပို့ခဲ့တယ်။ အကြောင်းက အမေဖုတ်ပြီးသား မုန့်တွေကို စားပွဲပေါ်အရောက် သူကူသယ်ပေးခဲ့တယ်။ ဒါပေမဲ့ “လိမ္မာလိုက်တဲ့ ကလေး” ဆိုတဲ့ စကားတစ်ခွန်းပဲ အမေ့ဆီက သူပြန်ကြားခဲ့ရပြီး ဘာမှဝိုင်းမကူဘဲ ဆိုးဖို့ပဲသိတဲ့ “ဒေးဗစ်” (သူ့ မောင်လေး) က မုန့်တစ်ခုရခဲ့လို့ပဲ ဖြစ်တယ်။
သတင်းစာထဲက ကလေးကဏ္ဍအတွက် တာဝန်ရှိသူကို ဘုရားသခင်က တကယ်ပဲ တရားသလား..? အိမ်နဲ့ကျောင်းမှာ တွေ့ဖူးတဲ့ သူ့လိုလိမ္မာတဲ့ ကလေးတွေကို ဘုရားသခင်က ဘာကြောင့် မေ့လျှော့နေရတာလဲလို့ သူမေးခဲ့တယ်။
၁၉၆၃ ခုနှစ်မှာ “မေရီ” လို့ခေါ်တဲ့ ကလေးမတစ်ယောက် ချီကာဂိုရဲ့ သတင်းစာ တစ်စောင်ဖြစ်တဲ့ “Chicago Tribune” ဆီ စာတစ်စောင်ရေးပို့ခဲ့တယ်။ အကြောင်းက အမေဖုတ်ပြီးသား မုန့်တွေကို စားပွဲပေါ်အရောက် သူကူသယ်ပေးခဲ့တယ်။ ဒါပေမဲ့ “လိမ္မာလိုက်တဲ့ ကလေး” ဆိုတဲ့ စကားတစ်ခွန်းပဲ အမေ့ဆီက သူပြန်ကြားခဲ့ရပြီး ဘာမှဝိုင်းမကူဘဲ ဆိုးဖို့ပဲသိတဲ့ “ဒေးဗစ်” (သူ့ မောင်လေး) က မုန့်တစ်ခုရခဲ့လို့ပဲ ဖြစ်တယ်။
သတင်းစာထဲက ကလေးကဏ္ဍအတွက် တာဝန်ရှိသူကို ဘုရားသခင်က တကယ်ပဲ တရားသလား..? အိမ်နဲ့ကျောင်းမှာ တွေ့ဖူးတဲ့ သူ့လိုလိမ္မာတဲ့ ကလေးတွေကို ဘုရားသခင်က ဘာကြောင့် မေ့လျှော့နေရတာလဲလို့ သူမေးခဲ့တယ်။
ကလေးကဏ္ဍအတွက် တာဝန်ရှိသူက ၁၀နှစ်ကျော်အတွင်းမှာ ကလေးတွေရဲ့ မေးခွန်းဖြစ်တဲ့ “ဘုရားသခင်က ဘာဖြစ်လို့ လူကောင်းတွေကို မချီးမြှင့်ရတာလဲ..? ဘာဖြစ်လို့ လူဆိုးတွေကို အပြစ်မပေးရတာလဲ?” ဆိုတဲ့ စာကို အများဆုံး လက်ခံရရှိခဲ့တယ်။ အဲဒီလို မေးခွန်းမျိုးကို ဘယ်လိုပြန်ဖြေရမလဲဆိုတဲ့ ပြဿနာက တာဝန်ရှိသူကို ဦးနှောက်စားစေခဲ့တယ်။
“မေရီ” ရဲ့စာကို ဘယ်လိုပြန်ရမလဲလို့ စဉ်းစားရကျပ်နေတုန်း မိတ်ဆွေတစ်ဦးရဲ့ မင်္ဂလာပွဲ ဖိတ်ကြားစာကို တာဝန်ရှိသူက လက်ခံရရှိခဲ့တယ်။ သူ့တစ်သက် ဒီမင်္ဂလာပွဲကို ကျေးဇူးတင်ရမလို ဖြစ်နေခဲ့တယ်။ မင်္ဂလာဆောင်မှာပဲ ကလေးတွေအတွက် အဖြေကို သူရရှိခဲ့တယ်။
လက်ထပ်ပွဲမှာ ဖာသာက သတို့သားနဲ့ သတို့သမီးကို လက်ထပ်လက်စွပ် လဲစေခဲ့တယ်။ မင်္ဂလာမောင်နှံ နှစ်ဦးလုံး အပျော်လွန်ပြီး စိတ်လှုပ်ရှားနေလို့ပဲလားမသိ အယောင်ယောင် အမှားမှားနဲ့ လက်ထပ်လက်စွပ်ကို ဘယ်ဘက်လက်မှာ စွပ်ရမဲ့အစား ညာဘက်လက်ကို စွပ်လိုက်ကြတယ်။
ဒီအဖြစ်ကို ဖာသာကတွေ့တော့ “ညာလက်က ပြီးပြည့်စုံအောင် လှနေပြီးသားပဲ။ လက်စွပ်ကို ဘယ်ဖက်ပဲ ပြောင်းဝတ်လိုက်ကြပါ” လို့ ဟာသနှောပြီး သတိပေးလိုက်တယ်။
ဖာသာရဲ့ စကားကြောင့် တာဝန်ရှိသူရဲ့အတွေး တစ်ချက်လက်သွားတယ်။ ညာလက်က ညာလက်ဖြစ်နေရခြင်းမှာ အဲဒီလက်ကို ဘာတန်ဆာမှ ဆင်ပေးစရာ မလိုအောင် ပြည့်စုံ လှပနေပြီးသားမို့ ဖြစ်တယ်။ အလားတူ ဘုရားသခင်က သူတော်ကောင်းတွေကို လျှစ်လျှူရှူထားရတာကလဲ သူတို့ဟာ လုံးဝပြီးပြည့်စုံပြီးသား လူတွေဖြစ်နေလို့ပဲဖြစ်တယ်။
အဲဒီနောက် သတင်းစာ တာဝန်ရှိသူက အဖြေကို ဒီလိုထုတ်လိုက်တယ်။
ဘုရားသခင်က ညာလက်ကို ညာဖက်မှာရှိစေခဲ့တာက ညာလက်အတွက် အကောင်းဆုံး ချီးမြှင့်ခြင်းပဲဖြစ်တယ်။ ထို့အတူ သူတော်ကောင်းတွေကို “လူကောင်း”လို့ နာမည်တပ်ခဲ့တာကလဲ သူတော်ကောင်းတွေကို အကောင်းဆုံး ချီးမြှင့်ခြင်းတစ်မျိုးပဲ ဖြစ်တယ်။
တာဝန်ရှိသူက ဒီအဖြေကို ရပြီးနောက် “ဘုရားသခင်က ကိုယ့်ကို လိမ္မာစေခဲ့တာက ကိုယ့်အတွက် အကောင်းဆုံး ချီးမြှင့်ခြင်းပဲ” လို့ အစချီတဲ့စာနဲ့ “မေရီ” ကို စာပြန်ခဲ့တယ်။ ဒီစာကို သတင်းစာပေါ် ပုံနှိပ်ဖော်ပြပြီးမကြာဘူး အမေရိကားနဲ့ ဥရောပနိုင်ငံမှာရှိတဲ့ သတင်းစာတွေက ဒီစာကို ထပ်ဆင့် ဝေမျှကြတဲ့အပြင် နှစ်စဉ်နှစ်တိုင်း ကလေးများနေ့မှာ ထပ်ပြီး ပုံဖော်ပြခဲ့ကြတယ်။
မကြာသေးခင်က တရုတ်လူမျိုးတစ်ဦး ဘယ်နေရာမှာ ဒီစာကို ဖတ်မိခဲ့သလဲ မသိဘူး။ ဖတ်ပြီးနောက် အင်တာနက်ပေါ်ကနေ Chicago Tribune သတင်းစာမှာ ဒီလို စာတစ်ကြောင်းရေးခဲ့တယ်။ “တရုတ်လူမျိုးမှာ ရှေးဆိုရိုးစကား တစ်ခွန်းရှိပါတယ်။ “မကောင်းတဲ့သူက မကောင်းတာကို ခံရမယ်။ ကောင်းသူက ကောင်းတာကို ခံရမယ်။ မခံရဘူးဆိုတာ မရှိဘူး။ ခံဖို့ အချိန်မကျသေးတာ” လို့ ရေးခဲ့တယ်။ မကောင်းတဲ့သူတွေ ဘာကြောင့် သက်ဆိုးရှည် နေရတာလဲဆိုတာကို နားမလည်ခဲ့ဘူး။ ဒီစာကို ဖတ်မိမှ မကောင်းတဲ့ လူတွေကို “လူဆိုး” လို့ ခေါ်ကြတာက ဘုရားသခင်က သူတို့ကိုပေးတဲ့ အပြစ်ပဲဖြစ်တယ်။
အင်တာနက်မှာ ဖတ်မိတဲ့ ဒီစာကို တော်တော်လေး ကြိုက်မိတယ်။ လူတိုင်း လူကောင်းလုပ်ရမယ်ဆိုတာ သိတာပဲ။ ဒါပေမဲ့ လူဆိုးတွေ မကောင်းတာလုပ်ပြီးနောက် ဘာဖြစ်လို့ အပြစ်ပေး မခံရတဲ့အပြင် လူကောင်းအဖြင့် ပြုပြင်ပြီးနောက် ချီးမွမ်းတာကို ခံကြရတာလဲ.. ဘုရားသခင်က မသင့်မြတ်ဘူးလားလို့ အမြဲတွေးမိတယ်။ ဘုရားသခင်မှာလဲ သူ့ဆုံးဖြတ်ချက်နဲ့သူ ရှိပါလိမ့်မယ်။ စိတ်သဘောထား ကောင်းသူကို “လူကောင်း” လို့ ခေါ်တွင်ရခြင်း၊ ယုတ်မာသူကို “လူဆိုး” လို့ ခေါ်တွင်ရခြင်းက ဘုရားသခင်ချီးမြှင့်တဲ့ အကောင်းဆုံးဆုလို့ပဲ ထင်မိပါတယ်။
ဘာသာပြန်သူ နိုင်းနိုင်းစနေ
No comments:
Post a Comment