Wednesday, July 30, 2008

တွေးတောခြင်း အနုပညာ


တစ်ခါက အမျိုးသမီးတစ်ဦးဟာ နယူးယောက်ဘဏ်ထဲဝင်ပြီး...
“ ကျွန်မ ဥရောပဘက် ခရီးတစ်လ ထွက်မလို့ ဘဏ်ကနေ ဒေါ်လာ ၅ထောင် ချေးချင်လို့ပါ” လို့ပြောတော့ ဘဏ်မန်နေဂျာက “ ချေးလို့တော့ ရပါတယ်။ ဒါပေမဲ့ တန်ဖိုးငွေနဲ့ ညီမျှတဲ့ ပစ္စည်းတစ်ခုခုကို အပေါင်အဖြင့် ထားခဲ့ရမယ်” ဆိုတယ်။

အဲလိုနဲ့ အမျိုးသမီးက ဘဏ်ရှေ့မှာ ရပ်ထားတဲ့ Rolls-Royce ကားသော့ပေးပြီး အပေါင်ပစ္စည်းအဖြင့် ထားခဲ့တယ်။ ဘဏ်တာဝန်ကျသူက ကားကို ကားရပ်နားရာနေရာမှာ ထိန်းသိမ်းထားလိုက်တယ်။

တစ်လကြာတော့ အမျိုးသမီးက ဘဏ်ကို အတိုးငွေ ၁၅ဒေါ်လာနဲ့အတူ ချေးငွေလာဆပ်တယ်။ ဘဏ်မန်နေဂျာက နားမလည်စွာနဲ့ အမျိုးသမီးကို “အခုလို ပူးပေါင်းဆောင်ရွက်ရတာ ၀မ်းသာပါတယ်။ ဒါပေမဲ့ ကျွန်တော်မေးစရာ တစ်ခုရှိတယ်။ ခင်ဗျား ခရီးထွက်နေတုန်းက ခင်ဗျားအကြောင်း ကျွန်တော်အနည်းငယ် စုံစမ်းကြည့်တော့ ခင်ဗျားဟာ နာမည်ကြီး ကုမ္ပဏီတစ်ခုက အထွေထွေ မန်နေဂျာဆိုတာ သိရတယ်။ ကျွန်တော်နားမလည်တာက ခင်ဗျားဘာဖြစ်လို့ ဘဏ်မှာ ဒေါ်လာ ၅ထောင် လာချေးရတာလဲ ဆိုတာကိုပဲ”

အမျိုးသမီးက သွက်လက်ချက်ချာစွာနဲ့ “နယူးယောက်မှာ တစ်လကို ဒေါ်လာ၁၅ကျပ်နဲ့ ကားကို မပျက်မဆီး၊ လူခိုးမခံရအောင် ထိန်းသိမ်းပေးနိုင်တဲ့နေရာ ဘယ်မှာရှိနိုင်မလဲ?” လို့ ပြန်ဖြေလိုက်တယ်။

တွေးတောတတ်တဲ့ လူတစ်ယောက်ဟာ ငွေကြေးရှိပြီး ဦးနှောက်မရှိတဲ့ လူထက် ဖန်ဆင်းမှုနယ်ပယ် ပိုကျယ်ပြန့်တယ်ဆိုတဲ့အကြောင်း ဒီပုံပြင်က ပြောပြသွားပါတယ်။

original from : http://www.youthwant.com.tw
နိုင်းနိုင်းစနေ ဘာသာပြန်သည်

Print this post

No comments: