၁)
လွန်ခဲ့တဲ့ နှစ်၃၀ကျော်တုန်းက နိုင်ငံကျော်မင်းသား စတားလုံး (Sylvester Stallone)ဟာ အလွန်ဆင်းရဲ ဒုက္ခရောက်ခဲ့တယ်။ သူပိုင်ဆိုင်သမျှက ဒေါ်လာငွေ (၁၀၀)သာဖြစ်ပြီး နေစရာအိမ်တောင် မငှားနိုင်ခဲ့ဘူး။
အဲဒီအချိန်တုန်းက သူဟာ ရုပ်ရှင်သရုပ်ဆောင်တစ်ဦး အရမ်းဖြစ်ချင်ခဲ့တယ်။ ကိုယ့်ကိုယုံကြည်မှု အပြည့်နဲ့ နယူးယောက်မှာရှိတဲ့ ရုပ်ရှင်ကုမ္ပဏီတွေမှာ သူအလုပ်သွားလျှောက်ခဲ့တယ်။ ဒါပေမယ့် သာမန်ရုပ်ရည်နဲ့ အင်္ဂလိပ်စကားကိုတောင် ပီသအောင် မပြောနိုင်တဲ့ သူ့ကို ကုမ္ပဏီတွေက “နိုး” ဆိုပြီး ငြင်းခဲ့တယ်။ နယူးယောက်မှာရှိတဲ့ ရုပ်ရှင်ကုမ္ပဏီ ၅၀၀လုံး သူ့ကိုငြင်းပယ်ပြီးတဲ့အထိ သူဟာ “The past does not mean that the future” ဆိုတဲ့ ယုံကြည်ချက်နဲ့ သူအလုပ်လျှောက်ခဲ့ဖူးတဲ့ ကုမ္ပဏီ ၅၀၀မှာ တစ်ကျော့ပြန်ပြီး အလုပ်လျှောက်ပြန်တယ်။ စုစုပေါင်း အကြိမ် ၁၅၀၀ခါ အပယ်ခံရပြီးတဲ့နောက်မှာ “Rocky”ဆိုတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို သူရေးခဲ့တယ်။ ပြီးတော့ အဲဒီဇာတ်လမ်းကို ယူပြီး ရုပ်ရှင်ရိုက်ဖို့ ကုမ္ပဏီတွေကို လိုက်ရှာခဲ့တယ်။ အလှောင်အပြောင်တွေကို ခံရတဲ့အပြင် အကြိမ် ၁၈၅၅ခါ အပယ်ခံရပြီးနောက်မှာ သူရေးထားတဲ့ ဇာတ်လမ်းကိုရိုက်ဖို့ ကုမ္ပဏီတစ်ခုက သဘောတူခဲ့တယ်။ ဒါပေမယ့် ဇာတ်လမ်းသာဝယ်မယ်၊ အဲဒီဇာတ်ကားမှာ အရုပ်ဆိုးတဲ့သူ့ကို မင်းသားတင်ပြီး မရိုက်နိုင်ဘူးလို့ ငြင်းလိုက်ပြန်တယ်။ နောက်ဆုံးမှာ မလျော့တဲ့ဇွဲနဲ့ သူ့ရဲ့ယုံကြည်မှုကြောင့် နိုင်ငံကျော် မင်းသားဖြစ်ခဲ့ရတယ်။
စတားလုံးဟာ ၁၉၇၆မှာ သူရေးခဲ့တဲ့ “Rocky”ဇာတ်ကားနဲ့ပဲ နိုင်ငံကျော်မင်းသား ဖြစ်လာခဲ့သလို အဲဒီကားကပဲ ၁၉၇၆ခု အော်စကာ အကောင်းဆုံး ဇာတ်ကားဆု၊ အကောင်းဆုံး မင်းသားဆုနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရခဲ့ကြတယ်။
အကြိမ် ၁၈၅၅ခါ အငြင်းပယ်ခံရတာကို ကျွန်မတို့ ရင်ဆိုင်နိုင်မလား? အငြင်းပယ်ခံရတိုင်း ကျွန်မတို့ လက်လျော့လိုက်ရမလား? စတားလုံးက လူတွေမလုပ်နိုင်တဲ့အလုပ်ကို လုပ်နိုင်ခဲ့လို့ အောင်မြင်ခဲ့တယ်။ If you think you can, you can.
၂)
စိတ်ဓာတ်နှိုးဆော် ဘာသာရပ်တစ်ခုမှာ ကျွန်တော်တို့ မီးနင်းပြီး စမ်းသပ်ခဲ့ရတယ်။ ခြေဗလာနဲ့ အပူရှိန် ၂၀၀၀ံC ရှိတဲ့ မီးပုံကို ဖြတ်လျှောက်ရတယ်။ ပထမဆုံးအကြိမ် ပါဝင်ခဲ့တဲ့ အဲဒီမီးနင်းပွဲကို ကျွန်တော် အမှတ်ရနေသေးတယ်။ ည၁၂နာရီမှာ ၁၂ ပေရှည်တဲ့ ရဲရဲတောက်နေတဲ့ မီးသွေးခဲကိုကြည့်ပြီး ကင်စင်ပေါ်မှာ အကင်ခံရတဲ့ အသားတွေကို ကျွန်တော်မြင်ယောင်လာမိတယ်။ ကြောက်ဒူးလည်း တုန်မိပါတယ်။
ကျွန်တော့်ဆရာ အန်ထော်နီက “ကိုယ်ကြောက်တာကို မဟုတ်ဘဲ ကိုယ်လိုချင်တာကိုပဲ မြဲမြဲမှတ်ထားရမယ်” လို့ ကျွန်တော်ကိုမှာတယ်။ ကျွန်တော်မှတ်မိနေသေးတယ်.. အဲဒီတုန်းက မိန်းကလေးတစ်ယောက်ရဲ့ နောက်မှ ကျွန်တော်တန်းစီရတယ်။ စိတ်ထဲမှာတော့ ဒီကောင်မလေး လျှောက်နိုင်ရင် ငါလည်းလျှောက်နိုင်ရမယ်လို့ တွေးမိတယ်။
မီးပုံကို ဖြတ်လျှောက်ခဲ့တဲ့လူတွေရဲ့ခြေထောက်ကိုကြည့်တော့ ဘာမှ မဖြစ်ခဲ့သလိုမို့ ကျွန်တော့်ရဲ့ ယုံကြည်မှုက ပိုအားပြင်းလာခဲ့တယ်။ ဒါပေမယ့် ရှေ့က ကောင်မလေးရဲ့ တုန်နေတဲ့ခြေထောက်ကို ကျွန်တော် သတိထားမိတော့ ကျွန်တော့်ရဲ့ ယုံကြည်မှုတွေကလဲ လိုက်ယိုင်လာပြန်တယ်။ “go” လို့ ဘေးက လူကြီးအော်လိုက်တာနဲ့ ကောင်မလေးက ခြေလှမ်းကျဲနဲ့ မီးပုံကို ဖြတ်လျှောက်သွားတာ မြင်လိုက်တယ်။ ဒါဆို ကျွန်တော်လည်း လုပ်နိုင်ရမယ်။
မီးတွေကို နင်းဖြတ်ပြီးတဲ့နောက်မှာ ကျွန်တော်ပထမဆုံး ရလိုက်တဲ့အတွေးက “မီးတွေကို နင်းဖြတ်ရတာ မခက်ဘူး” ဆိုတာပဲဖြစ်တယ်။ အဲဒီလိုပဲ တစ်ချို့ကိစ္စတွေကို ကျွန်တော်တို့က မဖြစ်နိုင်ဘူး ခက်ခဲတယ်လို့ ထင်ခဲ့ပေမယ့် တကယ်လုပ်မယ်လို့ ဆုံးဖြတ်ချက်ရဲရဲချလိုက်ရင် မခက်ခဲတော့ပါဘူး။ မီးနင်းတဲ့ အတွေ့အကြုံကြောင့် ကြောက်စိတ်ကိုဖျောက်ပြီး ရှေ့ဆက်မယ်ဆိုတဲ့ သင်္ခန်းစာကို ကျွန်တော်ရလိုက်တယ်။ အခက်အခဲတစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါ ယုံကြည်မှုက အဓိကပါပဲ။ If you think you can, you can.
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
Print this post

No comments:
Post a Comment