တစ်ခါက ပန်းချီဆရာတစ်ဦးသည် မိမိဆွဲထားသော ပန်းချီကားတစ်ချပ်ကို ယူပြီး ပြခန်းတစ်ခုတွင် ပြသထားသည်။ မိမိ၏ လက်ရာနှင့် ပတ်သက်၍ ပရိသတ်၏ ဝေဖန်မှုများကို သိချင်သောကြောင့် ပန်းချီဘေးတွင် “ဤကားချပ်ပေါ်တွင် မအောင်မြင်သော စုပ်ချက်ဟု သင်ထင်သော နေရာကို ၀ိုင်းပါ” ဟု စာကြောင်း ကပ်ထားလိုက်သည်။ ညနေ ပန်းချီကား သိမ်းချိန်တွင် ကားချပ်တစ်ခုလုံး နေရာလွတ် မရှိအောင် အ၀ိုင်းစက်များဖြင့် ၀ိုင်းခံထားရသည်ကို တွေ့လိုက်သည်။ ကားချပ်ကို ကြည့်ပြီး သူတော်တော် စိတ်ဓာတ်ကျမိသည်။
မိမိ၏ လက်ရာထဲတွင် ချီးကျူးဖွယ် နေရာ တစ်နေရာတော့ ရှိကောင်း ရှိဦးမည်ဟု သူတွေးထင်မိသည်။ ထို့နောက် မှုလပန်းချီကားချပ် ဘေးတွင် “ဤကားချပ်ပေါ်တွင် လှပသော စုပ်ချက်ဟု သင်ထင်သော နေရာကို အမှတ်ခြစ်ပါ” ဟု ပုံစံတစ်မျိုး ပြောင်းရေးလိုက်သည်။ ညနေ ပန်းချီကား သိမ်းချိန်တွင် ကားချပ်တစ်ခုလုံး နေရာလွတ်မကျန် အမှတ်ခြစ်ထားသည်ကို တွေ့လိုက်ပြန်သည်။ ယခင် အ၀ိုင်းခံထားရသော နေရာများပင် အမှတ်ခြစ်ရာများဖြင့် ပြည့်နေခဲ့သည်။
ထိုသို့ ဆန်ကျင့်သော ရလဒ်နှစ်ခု၏ ကွာဟချက်ကို သူသဘောပေါက်လိုက်မိသည်။ “ဘာကြောင့်လဲဆိုတာ ငါသဘောပေါက်ပြီ။ ဘယ်အရာမဆို လူတွေကို ပြည့်ဝမှု မပေးနိုင်ဘူး။ တစ်ချို့လူတွေရဲ့ မျက်စိထဲမှာ တန်ဖိုးရှိပြီး ကောင်းတယ်လို့ ထင်တဲ့အရာတွေက ကျန်လူတစ်ချို့ရဲ့ မျက်စိထဲမှာ တစ်ပြားမှ မတန်တဲ့ အနှုပ်အစုပ်တွေ ဖြစ်နေတတ်တယ်”
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
No comments:
Post a Comment