ဘဏ်ကို လုယုက်သွားတဲ့ ဒမြတွေရဲ့ ကားနောက်ကို ရဲကားက ဥသြဆွဲပြီး လိုက်သွားတယ်။ ရဲလက်က မလွတ်မှန်း သိတော့ ရဲတွေ တာဝန်ပိုအောင် ဒမြတွေက လုလာတဲ့ ပိုက်ဆံတွေကို လမ်းပေါ် ကျဲချလိုက်တယ်။ သူတို့ဘယ်လို အကြံထုတ်ထုတ် နောက်ဆုံးတော့လည်း ရဲလက်က ပြေးမလွတ်ခဲ့ဘူး။
ဒမြတွေ ကျဲလိုက်တဲ့ ပိုက်ဆံတွေကို လက်အစုံစုံတွေက ၀ိုင်းကောက်ကြပြီး ရဲလက်ထဲ အပ်လိုက်တာ မပြားမှ မလျော့ခဲ့ဘူး။ ဖြစ်ပုံက အားကစားပွဲတစ်ခုမှ ပြန်လာတဲ့ ကျောင်းသားတွေက စီတန်းပြီး ကိုယ့်ကျောင်း ကိုယ်ပြန်တဲ့အချိန် ပိုက်ဆံတွေ ကျနေတာ တွေ့လို့ အားလုံးဝိုင်းကောက်ပြီး ဆရာမ လက်ထဲ အပ်၊ ဆရာမက ကျောင်းအုပ်ကြီး လက်ထဲအပ်၊ ကျောင်းအုပ်ကြီးက ရဲလက်ထဲ အပ်လိုက်တာ။ ရဲအုပ်က ပိုက်ဆံတွေကို လက်ခံပြီး ကလေးတွေကို ကျေးဇူးတင်ကြောင်း၊ ပိုက်ဆံတွေ တစ်ပြားမှ မလျော့ကြောင်း ပြောတော့ ကလေးတွေက ပျော်ပြီး လက်ခုပ်တီးကြတယ်။
ရဲအုပ်က ကလေးတွေကို ဆက်ပြီး “မင်းတို့ ပိုက်ဆံကောက်နေတဲ့ အချိန်မှာ စိတ်ထဲမှာ ဘယ်လိုတွေးမိသလဲ.. ပိုက်ဆံတစ်ရွက်ကို ကိုယ့်အိတ်ကပ်ထဲ ထည့်လိုက်မယ်လို့ မတွေးမိဘူးလား” လို့ မေးတော့ ကလေးတွေက တစ်ယောက်တစ်ပေါက် ၀ိုင်းဖြေကြတယ်။ အဖြေကို သဲသဲကွဲကွဲ မကြားလိုက်ဘူး။ နောက်တော့ ခန္ဓာအသေးဆုံး ကလေးတစ်ယောက်က ရပ်ပြီး “ ဦး.. ကျွန်တော်တို့ ကိုယ်ပေါ်မှာ အိတ်ကပ်ဆိုတာ ရှိမှမရှိတာ” ပြောပြောဆိုဆို သူတစ်ကိုယ်လုံးပေါ်မှာ အိတ်ကပ်မရှိကြောင်း အင်္ကျီတွေကို လှန်ပြတယ်။ ကြည့်နေတဲ့ လူတွေ အားလုံးက ၀ါးခနဲ ရီကြတယ်။
ကလေးတွေရဲ့ ကိုယ်ပေါ်မှာ အိတ်ကပ်ဆိုတာ မရှိသလို သူတို့ရဲ့ စိတ်ထဲမှာလဲ မရှိဘူး။ သူတို့ဟာ လူကြီးတွေနဲ့ မတူဘူး။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
No comments:
Post a Comment