Saturday, August 9, 2008

လူလတ်ပိုင်း အမျိုးသားများ ဥ အလွန်ကျွံ မစားသင်.



အမေရိကန် သုတေသန အဖွဲ.၏ စမ်းသပ်ချက် အရ လူလတ်ပိုင်း အမျိုးသား များ အနေနဲ. တပတ်ကို ဥ (ကြက်ဥ၊ ဘဲဥ) ၇ လုံးနှင်. အထက် စားခြင်း ဟာ လူ.ဘ၀ သက်တမ်းကို တို စေတယ်လို. အဆိုပြုခဲ.ပါတယ်။
ဆီးချိုရောဂါ ရှိသော အမျိုးသားများဆိုရင် ပိုပြီး တော. အကျိုးသက်ရောက်မူပိုမြန်ပါတယ်။

ဆီးချိုမရှိသော အမျိုးသားအများ အနေနဲ. တပတ်အတွင်း ဥ ၆ လုံး ထက်ပိုမစားသင်.ပါဘူး။ ဒီထက်ပို စားသုံးပါက အနှစ် ၂၀ အတွင်း ရုတ်တ၇က် သေဆုံးမူ ၂၃% ထိ မြင်.တက်သွားနိုင်ပါတယ်။ အဓိကဖြစ်စေ တတ်တဲ. ရောဂါတွေ ကတော. နှလုံးခုန်မြန် စေတာပါပဲ။ ဥများ တွင် ကိုလက်စထရော အပြည်.အ၀ ပါဝင်သောကြောင်. စားသုံးပြီးပါက ခန္ဒာကိုယ်တွင်းရှိ သွေးလွတ်ကြောများကို ပိတ်ဆို.စေတဲ. အတွက် နှလုံးရောဂါ ဖြစ်ဖို. အခွင်.အလမ်းအများကြီး ရှိပါတယ်။
ဒါကြောင်. လူလတ်ပိုင်း အမျိုးသား ဥကြိုက်သူများ ဟာ အနှစ် ၂၀ အတွင်း ရုတ်တရက် နှလုံးရောဂါ ဖြင်.သေဆုံးနိုင်ပါတယ်။ ဒါ.အပြင် အလွန်ကျွံ စား ခြင်းဖြင်. အရွယ်မတိုင်ခင် အိုမင်းလာခြင်း၊ ၀ လာခြင်း တို.လဲဖြစ်စေပါတယ်။

copy from www.royal-myanmar.com


Read More...

နှလုံးရောဂါ နှင်. အိမ်မွေးကြောင်



University of Minnesota’s Stoke Researce မှ အကြံပြုချက်အရ ကြောင်မွေးခြင်းအားဖြင်. ကြောင်ပိုင်အား နှလုံး ရောဂါဖြစ်ပွားမူ ရာခိုင်နုန်း လျှော.နည်း နိုင်ကြောင်း ထုပ်ဖေါ်ပြောကြားခဲ.ပါတယ်။
အသက် ၃၀ မှ ၇၅ နှစ်ကြား လူပေါင်း ၄၄၃၅ ယောက် နဲ. လက်တွေ. စမ်းသပ် ခဲ.ရာမှာ ကြောင်ပိုင်ရှင်များတွင် နှလုံးရောဂါ ဖြစ်ပွားမူ နူန်း မှာ ကြောင်မမွေးသူများနှင်. နိုင်းယှဉ်လျှင် ၄၀ ရာခိုင်းနူန်းလျှော.နည်းနေကြောင်း နဲ. နှလုံးရောဂါနှင်. ပတ်သက်ပြီး ရုတ်တရက်သေဆုံးမူ ရခိုင်နူန်း ၃၀ လျှော. နည်းနေကြောင်.တွေ.ရှိခဲ.ပါတယ်။
Researcher တွေရဲ. ပြောကြားချက်အရ အိမ်မွေးကြောင်းများသည် ငှင်းတို. ပိုင်ရှင်၏ နှလုံးရောဂါ ၏ အရင်းအမြစ်များဖြစ်သော စိတ်ဖိစီးမူးများ ၊ ပူပင်သောက များမှ လျှော.ပါးစေသည်ဟုဆိုပါတယ်။


copy from www.royal-myanmar.com


Read More...

သင် သိပ်မစားဖြစ်တဲ. အကောင်းဆုံး အစားအစာ များ




သိသူ ဖော်စား မသိသူကျော်သွား ဆို သလိုပဲ တချို.သော အစားအစာများ မှ လူ. ကျန်းမာရေး အတွက် အင်မတန်မူ အကျိုးပြုသော်လည်း ပဲ အိမ်ရှင်မတွေရဲ. ဈေးခြင်းတောင်းတွေ မှာ ၀ယ်လာတာ သိပ် မတွေ. ရပါဘူး။ ထိုအစား အစာ တွေ ကတော.

၁။ မုန်လာဥနီ
မုန်လာဥ နီ ဟာ အခြားသော အသီးအရွက်များ နှင်. နိုင်းယှဉ်လျှင် လျှင် အနည်းငယ် ချို ပါတယ်။ ဘာကြောင်. ကျန်းမာရေး နဲ. ညီညွတ်လဲ ဆိုတော. အနီေ၇ာင် သန်းတဲ. သစ်သီးများ ဟာ အများသောအားဖြင်. သွေးတိုး ခြင်းကို ကာကွယ်သောကြောင်. သွေးလွတ်ကြော၊ ပျက်စီးမူ ပမာ ဏ ကို နည်းပါးစေပါတယ်။ သွေးတိုးခြင်းရဲ. အကျိုးဆက်ဖြစ်တဲ. နှလုံးရောဂါ ဖြစ်ပွား မူကို ပါ တားဆီးပေးနိုင်တယ်လေ။ မုန်လာဥနီရဲ. သဘာဝ အနီရောင် ဟာ ကင်ဆာ ရော ဂါ ဖြစ်ပွား မူကို အပြင်းထန် တားဆီးနိုင်ကြောင်း ကြွက်များဖြင်. ဓါတ်ခွဲ ခန်းတွင် စမ်းသပ်ချက်များ က သက်သေထူခဲ.သည်။
၂။ ဂေါ်ဖီထုပ်
အနောက်တိုင်း နိုင်ငံတွေ စားလေ. မရှိကျပေမဲ. အာရှတိုက်ကလူတွေက တော. စားလေ.ရှိပါတယ်။ ဂေါ်ဖီတထုပ် လေး မှာ တင် ၂၂ ကယ်လိုရီပါဝင်တယ်လေ။ ကိုယ်တွင်းဆဲလ်များ ပျက် ဆီးခြင်း ကို ကာကွယ်ပေးပြီး ကင်ဆာဖြစ်ပွားမူ နူန်း လဲ ကျဆင်းစေပါတယ်။
၃။ မာလကာသီး
သိပ် လူကြိုက်မများ တဲ. သစ်သီး ဖြစ်ပါတယ်။ သူဟာလဲ ခရမ်းချဉ်သီးတို. ဖရဲသီးတို.ထက် ခန္ဒာကိုယ် အတွက် များစွား အကျိုးပြုပါတယ်။ အသီး တသီးမှာတင် ၆၈၈ မီလီဂရမ် ရှိတဲ. ပိုတက်စီယံ ကိုရရှိစေပြီး ငှက်ပျော်သီး ၁ ခု မှာ ပါဝင် တဲ. ပိုတက်စီယံ ထက် ၆၃ ရာခိုင်နူန်းပိုပါတယ်။ နောက်ပြီး လူခန္ဒာကိုယ် အတွက် အကျိုးပြု စေသော Fiber ကိုပါ ရ၇ှိစေပါတယ်။

ကျန်းမာ ချမ်းသာပါစေ။

copy from www.royal-myanmar.com


Read More...

Mouth Ulcers



နိုင်ငံရပ်ခြား မှာနေထိုင်တဲ. မြန်မာတွေ အများစု အနေနဲ. စိတ်ဖိစီးလို.ပဲဖြစ်ဖြစ် ပင်ပန်းနွမ်းနယ်လို.ပဲ ဖြစ်ဖြစ် ကြုံတွေ.ရတက်တဲ. အနာ တစ်မျိုးပါ။ မြန်မာအခေါ် မှာတော. အပူပေါက်တယ်ပေါ.။ အဲ.ဒါ တော်တော်ဆိုးတာနော် အစားစားတိုင်း အရည်သောက်တိုင်း နာနေတာ။ ထို အနာ က နူတ်ခမ်းအောက် ဒါမှ မဟုတ် သွားဖုံးအောက်မှာ ပေါက်တက်ပါတယ်။ ၁ ခုထက်မက ပေါက်တက်ပါတယ်။ အနာပေါက်ရတဲ. အကြောင်းအရင်းတွေ ကတော.

၁။ ဗီတာမင် C ၊သံဓါတ် နဲ. ဗီတာမင် B12 လိုအပ်ခြင်း
၂။ ခံတွင်း သန်.ရှင်းများ မရှိခြင်း
၃။ ဟိုမုန်း အပြောင်းလဲ ဖြစ်ခြင်း၊ ဓမ္မတာ ပေါ်ခြင်း
၎။ Stress များ ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း
၅။ ဓါတုဗေဓ ပါဝင်သော အစားအသောက် စားသုံးမိခြင်း
တို.ကြောင်. ဖြစ်တက်ပြီး ၇ ရက် ကနေ ၁၀ အထိ ကြာအောင်နာကျင်နေတက်ပါတယ်။
အဲ.ဒီထက်ကြာလို.မှ မပျောက်ရင်တော. ဆ၇ာဝန် နဲ. တိုင်ပင်ဆွေးနွေးသင်.ပါတယ်။
ကိုယ်တိုင်ကုသနည်များ ကိုဖော်ပြ ပေးလိုက်ပါတယ်။ သင်.အဆင်ပြေတဲ.နည်းနဲ. ကုပေါ.။
၁။ ဆားရည်ဖြင်. ပလုပ်ကျင်းပါ။
၂၊ အုန်းနို. ဖြင်. ပလုပ်ကျင်းပါ။
၃။ ရေနွေး နဲ. ရေအေး တလှည်.စီပြောင်းပြီး ပလုပ်ကျင်းပါ။
၎။ ဆနွင်းနဲ. အလှဆီ အရောအနှေ ကို အနာပေါ အုပ်ထားပေးပါ။
၅။ အုန်းဆီ ကို အနာပေါသုတ်လိမ်းခြင်း
တို.ဖြစ်ပါတယ်။
ကျွန်တော် ကတော. စာမေးပွဲ နီးလာရင် တို. အလုပ်တွေ ပိလာရင် တို.ဖြစ်လာရင် ပေါက်တော. တာပဲ။ ကျွန်တော် က ထိုင်း ကထုတ်တဲ. Generlog Oral ဆိုတဲ. ဆေးလိမ်းတယ်လေ။ အရမ်းစွမ်း တယ် ၃ ရက်လောက်နဲ. ပျောက်တယ်။


copy from www.royal-myanmar.com


Read More...

Healthy Living



မန်းတောင်ရိပ်ခိုလို.တော. အသက်မရှည်ဘူးနော်။ အောက်ပါ အချက်ကလေးတွေ ကို လိုက်နာမှ အသက်ရှည်မှာ။

- လက်ဖက်ရည် အလွန်အကျွံ မသောက်ရ
- မီးကင်ပြီးခါစ ပေါင်မုန်.အား ချက်ချင်းမစားရ
- ရေကို မနက်ပိုင်း များများသောက် ပြီး ညပိုင်းကို လျှော.သောက်ပါ
- Coffee ကို တရက် လျှင် တခွက်ထက်ပိုမသောက်ပါနှင်.
- အဆီများ သော အစားစာ ကိုရှောင်ပါ
- အကောင်းဆုံး အိပ်စက်ချိန်ကတော. ည ၁၀ နာရီမှ မနက် ၆ နာရီထိ
- ညနေ ၅ နာရီနောက်ပိုင်းတွင် အစာ အလွန်အကျွံ မစားသင်.ပါ
- အရက် ကို တရက်လျှင် ၁ ခွက်ထက်ပိုမသောက်ရ
- ရေခဲ ရေ ဖြင်. ဆေးသောက်ခြင်းကို ရှောင်ကျဉ်ပါ
- မအိပ်မှီဆေးသောက်အပြီး ချက်ချင်း မလဲလျှောင်းရ
- အိပ်ချိန် တရက် လျှင် ၈ နာရီတော. ရှိသင်.သည်
- Phone နားထောင် လျှင် ဘယ်ဘက် နားရွက်နှင်. နားထောင်ပါ။ ညာဘက် နားရွက်မှာ ဦးနှောက်နှင်. နီးကပ်နေပါသဖြင်. သင်.ဦးနှောက်အားထိခိုက်နိုင်ပါသည်။
- Headphones/earphone များ ကို အကြာကြီး (၁ နာရီထက်ပို) နားမထောင်သင်.ပါ။

copy from www.royal-myanmar.com

Read More...

ဆယ်ကျော်သက် ၀က်ခြံ ပြဿနာ



အသက် ၁၂ နှစ် နဲ. ၂၄ နှစ် အကြား လူငယ် အများစု ကြုံတွေ.နေရတဲ. အလှဖျတ် တဲ. ၀က်ခြံဟာ မျက်နှာ၊ လည်ပင်း ၊ ရင်ဘတ် ဒါမှမဟုတ် ကျောကုန်းတွေပေါ်မှာ ပေါက်တယ်ပါတယ်။ ၀က်ခြံဖြစ်စေသော အကြောင်းအရာများမှာ

၁။ အဆီအစိမ်.အစာများ (မြေပဲ၊ ချောကလတ်…..)
၂။ အိပ်ရေးမ၀ခြင်း
၃။ စိတ်ဖိစီးမူ များခြင်း
၎။ အစားအသောက် အချိန် မမှန်ခြင်း
၅။ လက်ဖက်ရည်၊ ကော်ဖီ၊ ဆေးလိပ်၊ အရက် အလွန်အကျွံသောက်ခြင်း
၆။ ငန်သော အစားစာများ (ငပိ၊ငါးခြောက်…..)
၇။ သစ်သီးယိုစုံ၊ ချိုချဉ်၊ ရေခဲမုန်. များ စားခြင်း

ဝက်ခြံ ပေါက်သော သူများအနေနဲ. အသား စား တာထက် အသီးအရွက် များ ကို အလေးပေးစားသင်.ပါတယ်။ တရက် ကို ထမင်းသုံး နှပ် မှန်မှန်စားပြီး အရည်ရွမ်းသော အသီး များများ စားပေးရပါမယ်။ အသင်.စား သစ်သီးဖျော်ရည် ဗူး များ ကို ရှောင်ပါ။
တပတ်လောက် မှန်မှန်စားပေးလိုက်ရင် ၀က်ခြံ တွေ သိသိသာသာ လျှော.ပါးလာမှာပါ။

ဝက်ခြံထွက်လာရင် လဲ မမှည်.ခင်လက်နဲ.လျှောက်ဆိတ်တာ တို. ညှစ်တာတို. မလုပ်ရပါဘူး။ ၀က်ခြံ တခု ဆိုတာ အသားထဲမှာ အမြစ်တွယ်နေတဲ. အဖြူရောင် အမြစ် (gland) ကလေး ရှိပါတယ်။ ၀က်ခြံမမှည်.ခင်မှာ ထိုအမြစ် ကို လက်နဲ.ညှစ်ထုတ်ဖို. အင်မတန်မှ ခက်ခဲပြီး နာကျင်လှပါတယ်။ ပိုးသက်ထားတဲ. ဓါး အသေးလေးနဲ. ခွဲပြီး အမြစ် မထုတ် နိုင်ရုံမှတပါး မညှစ်သင်.ပါ။
အကယ်၍ လက်နဲ. ဆိတ်တာ ညှစ်တာလုပ်ရင် ၀က်ခြံ အမြစ် က ထဲ မှာ ပုပ် ပြီး ၀က်ခြံ အထက်မှ အေ၇ပြား တွေရောင် ပြီး တော်ရုံနဲ. မမှည်.တော.ပါဘူး။ နောက်ဆုံးပြည်တည်ပြီး မှည်.လာလို. ညှစ်ပြီးသွားရင် အချိုင်.အခွက်အနာရွက် ကျန်ခဲ.ပြီး အင်မတန်မှ အကျည်းတန်စေပါတယ်။ အမာရွက်ပျောက်ဆေးတွေရှိပေမယ်. မထိရောက် နိုင်ပါဘူး။
ဒါကြောင်. ၀က်ခြံပေါက်တဲ. အချိန်မှာ အိမ်တွင်းဖြစ် ဆေးဝါးတွေနဲ. ကုသနိုင်တဲ. နည်းလမ်းတွေ ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ လိမ္မော်သီး အခွံ
လိမ္မော်သီး အခွံ ကို ရေ အနည်းငယ်ရော၍ ထောင်းပါ။ ထွက်လာသော အရည် ဖြင်. ၀က်ခြံ ပေါ်လိမ်းပါ။
၂။ ကြက်သွန်ဖြူ
ကြက်သွန်ဖြူ ကိုထပ်ခြမ်းခွဲ ၍ ၀က်ခြံ ပေါ်ကို ခဏခဏပွတ်ပေးပါ။ ဒါ.အပြင် ကြက်သွန်ဖြူ ကို တရက် ၃ဥလောက် ၁လလောက် မှန်မှန်စားကြည်.ပါ။
၃။ နံနံပင် ၊ နနွင်း
နံနံပင် ထောင်းလို.ရတဲ. အရည် လက်ဖက်ရည် တဇွန်းနဲ. နနွင်း အနည်းငယ်ရောပြီးတော.လဲ ၀က်ြံခံပေါ် လူးနိုင်ပါတယ်။
၎။ သခွားသီး
ဝက်ခြံပေါက်သော မျက်နှာ၊ လည်ပင်း၊ ကျောကုန်း ပေါ် သခွားသီး စိတ် နဲ. ၁၅ မိနစ်လောက် ကြာအောင်နေ.စဉ် ပွတ်ပေးပါ။

copy from www.royal-myanmar.com


Read More...

Egg Whites Treatments



ကြက်ဥ ကို ချက်စား ဖို. မုန်.ဖုတ် ရာ မှာ သုံးလို.ပဲ ရတယ် လို. မထင်ပါနဲ.။ ကြက်ဥ အကာ(အဖြူရောင်) ကို အိမ်တွင်းဖြစ် skin care treatment တခု အနေနဲ.လဲ အသုံးပြုနိုင်ပါတယ်။

ကြက်ဥ တလုံးတွင် အကာ ပမာဏမှာ ၆၀% ရှိပြီး Cholesterol နဲ. Fat ပမာဏ ကတော. 0% ဖြစ်ပါတယ်။
ဆံပင် - ကြက်ဥ အကာကို ခေါင်းလျှော်စဉ် Shampoo နဲ. ရော၍ လျှော်ပါက ဆံပင် သန်ပြီး တောက်ပစေနိုင်ပါတယ်။
မျက်နှာ - ကြက်ဥ အကာကို အမြုပ် ထွက်လာသည် အထိ ခလောက် ပေးပြီး မျက်နှာ ပေါ် သုတ်လိမ်းပြီး အချောက်ခံ ထားပါ။ ချောက်သွားပါက Mask ကဲ.သို.ဖြစ်လာပါလိမ်.မယ်။ ၁၅ မိနစ် ကနေ မိနစ် ၃၀ အတွင်း ရေအေးဖြင်. မျက်နှာကို သစ်လိုက်ပါက ကြက်ဥ၏အစွမ်းကြောင်. မျက်နှာပြင် ပေါ်ရှိ အညစ်အကြေးများ အား ဖယ်ရှားစေပြီး အရေပြားကို ချော.မွတ်လာစေခြင်း၊တင်းစေခြင်း၊ ချွေးပေါက်များ ကျဉ်းစေခြင်း နဲ. လန်းဆန်းမူ ရရှိစေခြင်း တို.ကို ခံစားရမှာဖြစ်ပါတယ်။ တပတ် လျှင် တခါလောက် ပဲလုပ်ရမှာဖြစ်ပါတယ်။ ပိုကျန်နေတဲ. ကြက်ဥ အကာတွေကို ချက်စားနိုင်သလို ရေခဲသေတ္တာ မှာ ထည်. ထားလျှင်လဲ တပတ်လောက် အထားခံပါတယ်။
တချို.လဲ ကြက်ဥ အကာကို ပျားရည် အနည်းငယ်ရောပြီး အသုံးပြုကျပါတယ်။

copy from www.royal-myanmar.com

Read More...

Dink water for your health



ယနေ.ဂျပန်မှာ ခေတ်စားနေတဲ. မနက်အိပ်ယာနိုးတိုင်း ရေသောက် နည်းကို ဖော်ပြပေးလိုက်ပါတယ်။ ပျောက်ကင်းနိုင်သော ရောဂါများကတော. ခေါင်းကိုက်ခြင်း၊ တကိုယ်လုံးကိုက်ခဲခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ၀က်ရူးပြန်ရောဂါ၊ တီဘီရောဂါ၊ ကျောက်ကပ်ရောဂါ၊ အော.အန်ခြင်း၊ အစာအိမ်ရောဂါ၊ ၀မ်းပျက်ဝမ်းလျှော၊ လိပ်ခေါင်း၊ ဆီးချို၊ မျက်စိအားနည်းခြင်း၊ သားအိမ်ကင်ဆာ၊ နား၊နာခေါင်း၊လည်ချောင်းေ၇ာဂါ နှင်.အ၀လွန်ရောဂါ အားလုံးအတွက်ကောင်းပါတယ်။
သောက်နည်းကတော.
၁။ အိပ်ယာထတိုင်း သွားမတိုက်ခင် ၆၄၀ မီလီလီတာ ပမာဏရှိတဲ.ရေကို သောက်ရပါမယ်။ တခါတည်း မသောက်နိုင်ရင်လဲ နည်းနည်းခြားပြီးသောက်နိုင်ပါတယ်။
၂။ သွားတိုက်ပြီးသွားလို. နောက်ထပ် ၄၅ အတွင်း ဘာအစားအသောက်မှ မစားသင်.ပါဘူး။

နောက်ပြီး ရေခဲရေ သောက်ရမှ ကျေနပ် ကျသူများအတွက် ထမင်းစားပြီးတဲ. နောက်မှာ ရေခဲရေ လေး သောက်လိုက်ရတာ အင်မတန်မှ အရသာရှိလှပါတယ်။ ဒါပေမယ်. ဆိုးကျိုးကတော. ရေခဲရေကြောင်. စားထားတဲ. အစာထဲမှာပါတဲ. အဆီများသော အစာတွေက ခန္ဒာကိုယ်တွင်းမှာခဲနေတက်ပြီး အစာခြေရာမှာ ကြန်.ကြာ တက်ပါတယ်။ ဒါကြောင်. အစားစားပြီးတိုင်း ရေနွေးသို.မဟုတ် ဟင်းချိုရည် ကိုသာသောက်သုံးသင်.ပါတယ်။

copy from www.royal-myanmar.com

Read More...

အမေ့ကိုယ်စား


၂၀၀၈ ခုနစ်၊ ဧပြီလ၊ ၃၀ ရက် (ဗုဒ္ဓဟူးနေ့)

ကျနော့် အမေမှာ မျက်လုံးတစ်လုံးတည်း ပါတာဗျ။ ကျန်တဲ့ တစ်ဖက်က ချိုင့်ပြီး မျက်လုံး ဟောက်ပတ်ကြီး ဖြစ်နေတယ်။ အီး .... ဘယ်လောက် ရှက်စရာ ကောင်းသလဲဗျာ။ ကြောက်လည်း ကြောက်စရာကြီး။ ကျနော် သူ့ကို မုန်းတယ်။ သူက ကျနော်နေတဲ့ မူလတန်းကျောင်းမှာ အလုပ်လုပ်တယ်ဗျ။ ကျောင်းက ကျောင်းသားတွေနဲ့ ဆရာတွေအတွက် ထမင်းဟင်း ချက်ပေးရတယ်။

မူလတန
်း ကျောင်းသား ဘ၀တုန်းကပေါ့။ တစ်နေ့ အမေ ကျနော့် အခန်းလာပြီး ကျနော့်ကို လာနှုတ်ဆက်တယ်။ ကျနော် ရှက်လိုက်တာဗျာ။ သူ ဘာလို့ ဒီလို လုပ်ရတာလဲ ဆိုတာ ကျနော် စဉ်းစားမရဘူး။ ကျနော် စူးစူးရဲရဲကြီး ကြည့်ပြီး မျက်စောင်း ထိုးပစ်လိုက်တယ်။ နောက် မသိချင်ယောင်ဆောင်ပြီး ကျနော် သူမရှိတဲ့နေရာမှာ သွားပုန်းနေလိုက်တယ်။ နောက်နေ့ အတန်းထဲမှာ သူငယ်ချင်းတစ်ယောက်က ပြောတယ်။
“အီး ..... မင်းအမေရဲ့ မျက်လုံးက တစ်ဘက်တည်း”

ကိုယ့်ကိုယ်ကို သတ်သာ သေလိုက်ချင်တော့တယ်ဗျာ။ နောက်ပြီး အမေ့ကို ကျနော့် မြင်ကွင်းထဲက ပျောက်ကို သွားစေချင်တယ်။ အဲဒီနေ့က သူ့ကို ကျနော် တွေ့ပြီးတော့ သူ့ကို ပြောခဲ့တယ်။
“ကျနော့်ကို အမြဲ ပျော်ရွှင် ရယ်မောနေတဲ့ ကလေးတစ်ယောက် အနေနဲ့ မြင်ချင်ရင် ခင်ဗျားကြီး တစ်နေရာမှာ သွားသေလိုက်ပါ
လားဗျာ”

အမေ ကျနော့်ကို ဘယ်လိုမှ မတုန့်ပြန်ခဲ့ပါဘူး။ ကျနော့်မှာ ဒေါသဖြစ်လွန်းလို့ ကျနော် ပြောခဲ့တာတွေကို စက္ကန့်မလပ် ပြန်ပြန်ပြီး စဉ်းစားနေမိတယ်။ အဲဒီလို ပြောလိုက်လို့ သူ ဘာဖြစ်သွားသလဲ ကျနော် သတိမထားနိုင်တော့ဘူး။

မြင်တိုင်း ရှက်မိနေတော့ အိမ်မှာ နေစရာ အကြောင်းကလည်း မရှိတော့ဘူး။ နေလည်း မနေချင်ဘူး။ သူငယ်ချင်း အိမ်မှာပဲ ကျောင်းစာ အသည်းအသန် လုပ်ဖြစ်တော့ နိုင်ငံခြားမှာ ပညာသွားသင်ဖို့ အခွင့်အရေး ရလာခဲ့တယ်။

နောက်တော့ ကျနော် အိမ်ထောင် ကျခဲ့တယ်။ ကိုယ်ပိုင် အိမ်လေးတစ်လုံး ၀ယ်နိုင်လာပြီး သားသမီး ရတနာတွေနဲ့
လည်း စည်ကားလို့ပေါ့။ အခု လက်ရှိအနေအထားမှာ သားသမီးတွေနဲ့ ကျနော့်ဘ၀လေးကို ပျော်နေခဲ့တယ်။

တစ်နေ့ အမေ ကျနော့်ဆီ လာလည်တယ်။ ကျနော်နဲ့ မတွေ့တာလည်း နှစ်တွေ အတော်ကြာပြီ။ သူ့ မြေးတွေကိုဆို မြင်တောင် မမြင်ဖူးဘူးလေ။ သူ အိမ်တံခါးရှေ့ လာရပ်တော့ ကျနော့် ကလေးတွေက လှောင်ပြောင်နေကြတယ်။ သရဲမကြီး၊ သရဲမကြီးပေါ့။ မဖိတ်ဘဲ လာတဲ့ သူ့ကို ကျနော် ငေါက်လွှတ်လိုက်တယ်။
“ခင်ဗျားကြီး ကျုပ်အိမ်ကို လာပြီး ကျုပ်ကလေးတွေကို လာခြောက်နေတာလား။ သွား ... အခုချက်ချင်း ထွက်သွား။”

အဲဒီလိုြေ
ပာသံလည်း ကြားလိုက်ရော အမေက ဖြေးဖြေးလေး ပြန်ပြောပြီး လှည့်ထွက်သွားပါတယ်။
“အော် တောင်းပန်ပါတယ်ကွယ်။ အမေ လိပ်စာ မှားဝင်လာမိလို့ပါ။”

တစ်နေ့ အိမ်ကို စာတစ်စောင် ရောက်လာတယ်။ ကျနော် ငယ်ငယ်က နေခဲ့တဲ့ ကျောင်းရဲ့ ကျောင်းသားဟောင်း စုံညီပွဲအတွက် ဖိတ်စာပါ။ အဲဒီမှာ အမေ ရှိနေမှာတော့ သေချာတယ်။ ဒါကြောင့် ကျနော့် ဇနီးကို အလုပ်ကိစ္စအတွက် ခရီးထွက်ဖို့လို့ ညာလိုက်ရတယ်။

စုံညီပွဲပြီး
တော့ ကျနော်ငယ်ငယ်က နေခဲ့တဲ့ အိမ်အိုလေးဆီ သွားခဲ့တယ်။ အံ့သြလွန်းလို့ပါ။ ကျနော် ရောက်တော့ အိမ်နီးနားချင်းတွေက အမေ ဆုံးသွားပြီ ဆိုတဲ့ အကြောင်း ပြောပါတယ်။ အော် ... ကျနော် မျက်ရည် တစ်စက်တောင် မကျပါလား။
ကျနော် ဖတ်ဖို့ အမေ စာတစ်စောင် ထားခဲ့ပါတယ်။ ဒီစာကို ဖတ် အပြီးမှာတော့ .....

ချစ်သား
အမေ သားကို အချိန်တိုင်း သတိရနေတာပါ။ ဟိုတစ်နေ့က သားရဲ့အိမ်ကို လာတော့ အမေ့မြေးလေးတွေကို ခြောက်လှန့်သလို ဖြစ်သွားတာ အမေ စိတ်မကောင်းပါဘူး။ သား စုံညီပွဲကို လာတက်မယ်ဆိုတာ သိလိုက်ရတော့ အမေ အတိုင်းမသိ ၀မ်းသာသွားတယ်။ ဒါပေမယ့် သားကို တွေ့ဖို့ အိပ်ယာကနေတောင် အမေ မထနိုင်ေ
တာ့ပါဘူး။ သား ကြီးပြင်းလာတဲ့ ကာလတလျှောက်လုံး သားကို အရှက်ရအောင် အမြဲလိုလို လုပ်နေမိတဲ့အတွက် အမေ စိတ်မကောင်းပါဘူး။ သား ဟိုး ငယ့်ငယ်အရွယ်တုန်းက ထိခိုက်ဒဏ်ရာ ရပြီး မျက်လုံးတစ်လုံး ကွယ်သွားခဲ့တယ်။ အဲဒါ သား ဘယ် မှတ်မိတော့မလဲ။ မျက်လုံးတစ်လုံးတည်းနဲ့ ကြီးပြင်းရမယ့် သားတစ်ယောက်ကို အမေတစ်ယောက်အနေနဲ့ ဘယ်လို ခွန်အား အစွမ်းသတ္တိနဲ့ ကြည့်နေရက်မှာလဲ သားရယ်။ ဒီတော့ အမေ့ မျက်လုံး သားကို ပေးခဲ့တယ်လေ။ အမေ သိပ် ဂုဏ်ယူပါတယ်။ အခုဆို အမေ့သားကြီး ကမ္ဘာလောကတစ်ခုလုံးကို၊ သားရဲ့ ဘ၀လေးကို ကောင်းကောင်းကြီး ရှုမြင်နေနိုင်ပြီ။ အဲဒီ မျက်လုံးကြီးနဲ့လေ။ အမေ့နေရာကနေပေါ့။

အလုံးစုံသော ချစ်ခြင်းမေတ္တာဖြင့်
မင်းရဲ့ အမေ

သူငယ်ခ
ျင်းတစ်ယောက် ပို့လာသော Forward Mail တစ်စောင်အား စီလျှော်သလို ဘာသာပြန်ထားသည်။



Read More...

အမေ့ကိုယ်စား


၂၀၀၈ ခုနစ်၊ ဧပြီလ၊ ၃၀ ရက် (ဗုဒ္ဓဟူးနေ့)

ကျနော့် အမေမှာ မျက်လုံးတစ်လုံးတည်း ပါတာဗျ။ ကျန်တဲ့ တစ်ဖက်က ချိုင့်ပြီး မျက်လုံး ဟောက်ပတ်ကြီး ဖြစ်နေတယ်။ အီး .... ဘယ်လောက် ရှက်စရာ ကောင်းသလဲဗျာ။ ကြောက်လည်း ကြောက်စရာကြီး။ ကျနော် သူ့ကို မုန်းတယ်။ သူက ကျနော်နေတဲ့ မူလတန်းကျောင်းမှာ အလုပ်လုပ်တယ်ဗျ။ ကျောင်းက ကျောင်းသားတွေနဲ့ ဆရာတွေအတွက် ထမင်းဟင်း ချက်ပေးရတယ်။
မူလတန်း ကျောင်းသား ဘ၀တုန်းကပေါ့။ တစ်နေ့ အမေ ကျနော့် အခန်းလာပြီး ကျနော့်ကို လာနှုတ်ဆက်တယ်။ ကျနော် ရှက်လိုက်တာဗျာ။ သူ ဘာလို့ ဒီလို လုပ်ရတာလဲ ဆိုတာ ကျနော် စဉ်းစားမရဘူး။ ကျနော် စူးစူးရဲရဲကြီး ကြည့်ပြီး မျက်စောင်း ထိုးပစ်လိုက်တယ်။ နောက် မသိချင်ယောင်ဆောင်ပြီး ကျနော် သူမရှိတဲ့နေရာမှာ သွားပုန်းနေလိုက်တယ်။ နောက်နေ့ အတန်းထဲမှာ သူငယ်ချင်းတစ်ယောက်က ပြောတယ်။
“အီး ..... မင်းအမေရဲ့ မျက်လုံးက တစ်ဘက်တည်း”


ကိုယ့်ကိုယ်ကို သတ်သာ သေလိုက်ချင်တော့တယ်ဗျာ။ နောက်ပြီး အမေ့ကို ကျနော့် မြင်ကွင်းထဲက ပျောက်ကို သွားစေချင်တယ်။ အဲဒီနေ့က သူ့ကို ကျနော် တွေ့ပြီးတော့ သူ့ကို ပြောခဲ့တယ်။
“ကျနော့်ကို အမြဲ ပျော်ရွှင် ရယ်မောနေတဲ့ ကလေးတစ်ယောက် အနေနဲ့ မြင်ချင်ရင် ခင်ဗျားကြီး တစ်နေရာမှာ သွားသေလိုက်ပါလားဗျာ”

အမေ ကျနော့်ကို ဘယ်လိုမှ မတုန့်ပြန်ခဲ့ပါဘူး။ ကျနော့်မှာ ဒေါသဖြစ်လွန်းလို့ ကျနော် ပြောခဲ့တာတွေကို စက္ကန့်မလပ် ပြန်ပြန်ပြီး စဉ်းစားနေမိတယ်။ အဲဒီလို ပြောလိုက်လို့ သူ ဘာဖြစ်သွားသလဲ ကျနော် သတိမထားနိုင်တော့ဘူး။

မြင်တိုင်း ရှက်မိနေတော့ အိမ်မှာ နေစရာ အကြောင်းကလည်း မရှိတော့ဘူး။ နေလည်း မနေချင်ဘူး။ သူငယ်ချင်း အိမ်မှာပဲ ကျောင်းစာ အသည်းအသန် လုပ်ဖြစ်တော့ နိုင်ငံခြားမှာ ပညာသွားသင်ဖို့ အခွင့်အရေး ရလာခဲ့တယ်။

နောက်တော့ ကျနော် အိမ်ထောင် ကျခဲ့တယ်။ ကိုယ်ပိုင် အိမ်လေးတစ်လုံး ၀ယ်နိုင်လာပြီး သားသမီး ရတနာတွေနဲ့လည်း စည်ကားလို့ပေါ့။ အခု လက်ရှိအနေအထားမှာ သားသမီးတွေနဲ့ ကျနော့်ဘ၀လေးကို ပျော်နေခဲ့တယ်။

တစ်နေ့ အမေ ကျနော့်ဆီ လာလည်တယ်။ ကျနော်နဲ့ မတွေ့တာလည်း နှစ်တွေ အတော်ကြာပြီ။ သူ့ မြေးတွေကိုဆို မြင်တောင် မမြင်ဖူးဘူးလေ။ သူ အိမ်တံခါးရှေ့ လာရပ်တော့ ကျနော့် ကလေးတွေက လှောင်ပြောင်နေကြတယ်။ သရဲမကြီး၊ သရဲမကြီးပေါ့။ မဖိတ်ဘဲ လာတဲ့ သူ့ကို ကျနော် ငေါက်လွှတ်လိုက်တယ်။
“ခင်ဗျားကြီး ကျုပ်အိမ်ကို လာပြီး ကျုပ်ကလေးတွေကို လာခြောက်နေတာလား။ သွား ... အခုချက်ချင်း ထွက်သွား။”

အဲဒီလို ပြောသံလည်း ကြားလိုက်ရော အမေက ဖြေးဖြေးလေး ပြန်ပြောပြီး လှည့်ထွက်သွားပါတယ်။
“အော် တောင်းပန်ပါတယ်ကွယ်။ အမေ လိပ်စာ မှားဝင်လာမိလို့ပါ။”

တစ်နေ့ အိမ်ကို စာတစ်စောင် ရောက်လာတယ်။ ကျနော် ငယ်ငယ်က နေခဲ့တဲ့ ကျောင်းရဲ့ ကျောင်းသားဟောင်း စုံညီပွဲအတွက် ဖိတ်စာပါ။ အဲဒီမှာ အမေ ရှိနေမှာတော့ သေချာတယ်။ ဒါကြောင့် ကျနော့် ဇနီးကို အလုပ်ကိစ္စအတွက် ခရီးထွက်ဖို့လို့ ညာလိုက်ရတယ်။

စုံညီပွဲပြီးတော့ ကျနော်ငယ်ငယ်က နေခဲ့တဲ့ အိမ်အိုလေးဆီ သွားခဲ့တယ်။ အံ့သြလွန်းလို့ပါ။ ကျနော် ရောက်တော့ အိမ်နီးနားချင်းတွေက အမေ ဆုံးသွားပြီ ဆိုတဲ့ အကြောင်း ပြောပါတယ်။ အော် ... ကျနော် မျက်ရည် တစ်စက်တောင် မကျပါလား။
ကျနော် ဖတ်ဖို့ အမေ စာတစ်စောင် ထားခဲ့ပါတယ်။ ဒီစာကို ဖတ် အပြီးမှာတော့ .....

ချစ်သား
အမေ သားကို အချိန်တိုင်း သတိရနေတာပါ။ ဟိုတစ်နေ့က သားရဲ့အိမ်ကို လာတော့ အမေ့မြေးလေးတွေကို ခြောက်လှန့်သလို ဖြစ်သွားတာ အမေ စိတ်မကောင်းပါဘူး။ သား စုံညီပွဲကို လာတက်မယ်ဆိုတာ သိလိုက်ရတော့ အမေ အတိုင်းမသိ ၀မ်းသာသွားတယ်။ ဒါပေမယ့် သားကို တွေ့ဖို့ အိပ်ယာကနေတောင် အမေ မထနိုင်တော့ပါဘူး။ သား ကြီးပြင်းလာတဲ့ ကာလတလျှောက်လုံး သားကို အရှက်ရအောင် အမြဲလိုလို လုပ်နေမိတဲ့အတွက် အမေ စိတ်မကောင်းပါဘူး။ သား ဟိုး ငယ့်ငယ်အရွယ်တုန်းက ထိခိုက်ဒဏ်ရာ ရပြီး မျက်လုံးတစ်လုံး ကွယ်သွားခဲ့တယ်။ အဲဒါ သား ဘယ် မှတ်မိတော့မလဲ။ မျက်လုံးတစ်လုံးတည်းနဲ့ ကြီးပြင်းရမယ့် သားတစ်ယောက်ကို အမေတစ်ယောက်အနေနဲ့ ဘယ်လို ခွန်အား အစွမ်းသတ္တိနဲ့ ကြည့်နေရက်မှာလဲ သားရယ်။ ဒီတော့ အမေ့ မျက်လုံး သားကို ပေးခဲ့တယ်လေ။ အမေ သိပ် ဂုဏ်ယူပါတယ်။ အခုဆို အမေ့သားကြီး ကမ္ဘာလောကတစ်ခုလုံးကို၊ သားရဲ့ ဘ၀လေးကို ကောင်းကောင်းကြီး ရှုမြင်နေနိုင်ပြီ။ အဲဒီ မျက်လုံးကြီးနဲ့လေ။ အမေ့နေရာကနေပေါ့။

အလုံးစုံသော ချစ်ခြင်းမေတ္တာဖြင့်
မင်းရဲ့ အမေ

သူငယ်ချင်းတစ်ယောက် ပို့လာသော Forward Mail တစ်စောင်အား စီလျှော်သလို ဘာသာပြန်ထားသည်။


Read More...

သစ်သားဇလုံလေး


မသန်မစွမ်း အဘိုးအိုကြီးတစ်ယောက်ဟာ သူ့သားရဲ့ အိမ်မှာ သူ့ချွေးမ၊ လေးနှစ်သားအရွယ် သူ့မြေးလေးနဲ့အတူ နေလေရဲ့။ အဲဒီ အဘိုးအိုကြီးက လက်တွေဆိုလည်း တုန်လို့၊ အမြင်အာရုံကလည်း မှုန်ဝါးဝါး၊ သူ့ရဲ့ ခြေလှမ်းတိုင်းကလည်း ဒယိမ်းဒယိုင်နဲ့ပေါ့။ သူတို့ မိသားစု လေးယောက်ဟာ အစာစားပြီဆိုရင်ဖြင့် စားပွဲတစ်လုံးမှာ အတူတူ ထိုင်ပြီး စားလေ့ရှိတယ်။ ဒါပေမယ့် အဘိုးအိုကြီးဟာ လက်က အရမ်းတုန်၊ မျက်စိက ၀ါးတားတားဆိုတော့ အစာစားရတာလည်း အခက်ကြုံတာပေါ့။ ပဲစေ့ကို ဇွန်းနဲ့ ခပ်ပြီ ဆိုရင်ဖြင့် ပဲစေ့တွေဟာ ဇွန်းထဲကနေ ကြမ်းပြင်ပေါ် တမင် ခုန်ချနေသလား အောက်မေ့ရတယ်။ ဖန်ခွက်ကို ကိုင်လိုက်ပြီ ဆိုရင်လည်း ခွက်ထဲမှာ လှိုင်းတွေကြီးပြီး စားပွဲခင်းပေါ်ကို နွားနို့တွေ ဖိတ်ကျကုန်တယ်။

သားနဲ့ ချွေးမလုပ်တဲ့လူက ကြာတော့ သည်းမခံနိုင်တော့ဘူးလေ။ “ငါတို့ တစ်ခုခု လုပ်မှ ဖြစ်တော့မယ်။ ဒီ မှောက်က
ျတဲ့ နွားနို့တွေ၊ ကြမ်းပေါ် ပြန့်ကျဲနေတဲ့ အစာတွေ၊ မျက်စိနောက်လောက်အောင် စားသောက်နေနဲ့ အမူအရာတွေကို ဆက်မမြင်ချင်တော့ဘူး။” လို့ စိတ်ဆိုးမာန်ဆိုးနဲ့ သူ့ဇနီးကို ပြောလိုက်တယ်။ ဒါနဲ့ အဘိုးအိုးအစာစားဖို့ ဟိုးအခန်းထောင့်မှာ စားပွဲသေးသေးလေးတစ်ခု စီစဉ်လိုက်ကြတယ်။ အဲဒီအချိန်ကစပြီး အဘိုးအိုခမျာ တစ်ယောက်တည်း အထီးကျန်စွာနဲ့ ထမင်းစားရတော့တယ်။ ကျန်တဲ့လူတွေကတော့ စုစုဝေးဝေး ပျော်ပျော်ရွှင်ရွှင် စားနေကြတာပေါ့။

အဘိုး
အိုကြီး တုန်တုန်ရင်ရင်နဲ့ ပန်းကန်ခွက်ရောက်တွေ နှစ်ချပ် သုံးချပ်လောက် လွတ်ကျကွဲပြီးကတည်းက အဘိုးအိုကြီးကို အစာစားဖို့ သစ်သားဇလုံလေး တစ်လုံး လုပ်ပေးထားတယ်။ သူတို့ ထမင်းစားနေတုန်း အဘိုးအိုကြီးကို လှမ်းကြည့်လိုက်ရင်ဖြင့် အထီးကျန်လွန်းလို့ ကျတဲ့ မျက်ရည်တွေတောင် အထင်သား မြင်နေရတယ်။ ဒီလို သနားစဖွယ် မြင်ကွင်းကို မြင်နေရတာတောင် အဘိုးအိုကြီး ဇွန်းခရင်း၊ ဒါမှမဟုတ် ဟင်းတွေ အောက်ကို ဖိတ်ကျရင် အော်လိုက် ငေါက်လိုက်ချင်သေးတာလေ။

ဒါတေ
ွအားလုံးကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကြည့်နေတဲ့သူကတော့ ဟို လေးနှစ်သားလေးပေါ့။ နှုတ်ဆိတ်မနေရအောင် သူကကော ဘာတတ်နိုင်မှာမို့လဲ။ တစ်ညနေ ကြမ်းပြင်ပေါ်မှာ သစ်သားတုံး၊ ဆောက်၊ တံဇဉ်း၊ ဓါးတွေနဲ့ ကစားနေတဲ့ သားကို အဖေလုပ်တဲ့သူက တအံ့တသြနဲ့ ထိုင်ကြည့်နေတယ်။ ဒီကောင်လေး ဘာတွေများ လုပ်ဖို့ ကြံစည်နေလဲ ဆိုတာကို သိချင်ဇော အားကြီးတော့ သူ့သားကို ချိုသာတဲ့ အပြုံးနဲ့ ဘာလုပ်နေတာလဲလို့ လှမ်းမေးလိုက်တယ်။ လေးနှစ်သားလေးဟာ အဖေရဲ့ အမေးကို အပြစ်ကင်းစင်တဲ့ အမူအရာနဲ့ ပြန်ဖြေပြီး ခပ်ပြုံးပြုံးလေးနဲ့ သူ့အလုပ်သူ ဆက်လုပ်နေတော့တယ်။

သားလေးရဲ့ အဖြေဟာ အဖေနဲ့ အမေလုပ်သူရဲ့ ရင်ဝကို တည့်တည့်ပစ်မှန်ပြီး အလုံးလိုက် လည်ပင်းမှာ လာစို့နေတယ်။ အားလုံးဟာ တိတ်ဆိတ်သွားတယ်။ စကားလုံးတွေ ဆွံ့အကုန်ပြီ။ မျက်ရည်တွေဟာ သူ့တို့ရဲ့ ပါးပြင်မှာ အရှိန်ကောင်းကောင်းနဲ့ စီးဆင်းလာတယ်။ ပြောရက်လိုက်တာ သားရယ်လို့ စိတ်ထဲမှာ တွေးနေရင်းက အပြစ်ကင်းစင်တဲ့ အမူအရာနဲ့ ပြောသွားတဲ့ သားရဲ့ မျက်နှာနဲ့ စိတ်ကျအားငယ်ပြီး အိုမင်းချိနဲ့နေတဲ့ အဖေလုပ်သူရဲ့ မျက်နှာကို တပြိုင်တည်း မြင်ယောင်လာမိတယ်။ ဇနီးမောင်နှံ နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် ဘာမှ ပြန်မပြောဖြစ်ကြပေမယ့် သူတို့ ဘာဆက်လုပ်ရမယ် ဆိုတာကိုတော့ ကောင်းကောင်းကြီး နားလည်သွားကြပြီလေ။

ညနေစာ စားချိန်ရောက်ပြီ။ အဘိုးအိုကြီးဟာ သူရဲ့ အထီးကျန် စာပွဲအိုရှိရာကို ဦးတည်ပြီး လှုပ်ပဲ့လှုပ်ပဲ့ လမ်းလျှောက်လာနေတယ်။ သူ့ခမျာ အရင် မိသားစုလိုက် အတူတူစားခဲ့တဲ့ စားပွဲဟောင်းကိုတောင် လှည့်ကြည့်ဖို့ ခွန်အား မရှိရှာတော့ဘူး။ သူ့စားပွဲကို ရောက်ခါနီးမှာပဲ သူ့ရဲ့သားက အဘိုးအိုရဲ့ လက်ကို ညင်သာစွာ ဆုတ်ကိုင်လိုက်ပြီး မိသားစု စားပွဲဝိုင်းဆီကို တွဲခေါ်လာတယ်။ သူတို့နဲ့ ထမင်းအတူတူ ပြန်စားဖို့ ဖိတ
်ခေါ်ခံလိုက်ရတာပါ။ အဘိုးအိုခမျာ မျက်စိလည် လမ်းမှားပြီးရောက်လာတဲ့ ဒီအခွင့်အရေးကို လက်လွှတ်ရမှာ ကြောက်တော့ ခရင်းကို ဂရုတစိုက် ကိုင်ပေမယ့်လည်း လွတ်ကျမြဲ လွတ်ကျနေတယ်။ ဒီတစ်ခါမှာတော့ အိမ်ရှင်မရဲ့ စူးရှရှ အသံကို မကြားရတော့ဘဲ နွေးထွေးတဲ့လက်တစ်စုံနဲ့ ခရင်းတစ်ချောင်းကိုသာ မြင်လိုက်ရတယ်။ အမြင်များ မှားနေလား ဆိုပြီး အဘိုးအို မျက်စိကို ပွတ်ပြီး ပြန်ကြည့်တယ်။ ဟုတ်ပါတယ်၊ သူ့ချွေးမဟာ ခရင်းအသစ်ကို ယူပြီး အဘိုးအိုကို လှမ်းပေးနေတယ်။ ဟော နွားနို့တွေ စားပွဲပေါ် ဖိတ်ပြန်ပြီ။ ငြိမ်ငြိမ်လေး ထမင်းဆက်စားနေကြတာပဲ မြင်ရတော့တယ်။ အဘိုးအိုရဲ့ အလွဲလွဲ အချော်ချော်နဲ့ ဇွန်းခရင်းသံကလွဲလို့ ဘာအသံမှ မကြားရဘူး။ ညစာစားပွဲလေးဟာ တီးလုံးပဲပါတဲ့ သီချင်းတစ်ပုဒ်ကို ဖွင့်ထားတာနဲ့ တူနေတယ်။ ဒီညစာစားပွဲလေးဟာ အဘိုးအိုအတွက်တော့ အင်မတန် ကျေနပ်စရာ ကြည်နူးစရာ စားပွဲလေးတစ်ခု ဖြစ်သွားပြီပေါ့။

လေးနှစ်သားလေးရဲ့ စကားတစ်ခွန်းကြောင့် ဒီဇနီးမောင်နှံဟာ သူ့ဖခင်အပေါ်မှာ ရှိရင်းစွဲ မေတ္တာတွေ ပြန်လည် သက်ဝင်လာပြီး သနားကရုဏာနဲ့ စိတ်ရှည်ရှည် ဆက်ဆံလာနိုင်တယ်။ ဖခင်အပေါ် အမြင်မှန် ရသွ
ားတယ်ဆိုပါတော့။ ဒါမှမဟုတ် ၀ဋ်လည်မှာကိုပဲ တွေးပြီး ကြောက်သွားကြသလား။ လေးနှစ်သားလေးက သူ့အဖေကို ဘာပြောလိုက်မယ်ထင်လဲ။ အဖြေကို ဆက်ဖတ်မကြည့်ခင် အရင် စဉ်းစားကြည့်စေချင်တယ်။

မိဘဟာ သားသမီးကို ပြုစုစောင့်ရှောက်ဖို့ဆိုတာ သဘာဝအရ အလိုအလျောက် တတ်သိစွမ်းဆောင် နိုင်လာတာ ဆိုပေမယ့် သားသမီးက မိဘကို ပြုစုစောင့်ရှောက်ရမယ် ဆိုတာကိုတော့ သဘာဝက အပြင်းအထန် သင်ကြားပေးတာတောင် အတော်များများ စာသိပ်မကျေချင်ဘူး။ မိဘက သားသမီးကို ပြုစုဖို့ အဓိက တွန်း
အားဟာ မေတ္တာဆိုပေမယ့် သားသမီးက မိဘကို ပြုစုဖို့ အဓိက တွန်းအားဟာ တာဝန်ဖြစ်နေတာ ကြားနေ၊ မြင်နေရတော့ အတော်လေး စိတ်မကောင်းဖြစ်မိတယ်။ တာဝန်အရ ပြုစုနေရတဲ့ သားသမီးတွေ လောကမှာ ဘယ်လောက်များ များမလဲနော်။ ဒါပေမယ့် သားသမီးကို တာဝန်အရ ပြုစုနေရတဲ့ မိဘဆိုတာ ကမ္ဘာပေါ်မှာ လုံးဝ မရှိပါဘူး။

လေးနှစ်သားလေးက သူ့အဖေကို ဒီလို ပြန်ဖြေလိုက်ပါတယ်။
“သ
ား၊ သစ်သားဇလုံးလေး လုပ်နေတာပါ။ ဖေဖေနဲ့ မေမေ အသက်ကြီးလာရင် အစာစားဖို့လေ”

"Wooden Bowl by Unknown Author" ကို နားလည်သလို ခံစားတင်ပြလိုက်ပါသည်။



Read More...

Friday, August 8, 2008

သွားဖုံးသွေးယိုစိမ့်ခြင်း


ညီမလေး တယောက် မေးလာတဲ့ သွားဖုံးသွေးယိုစိမ့်မှုနဲ့ ပတ်သတ်ပြီး သူသိချင်တာလေးကို ပြောပြရင်း အားလုံးလည်း သိချင်လိမ့်မယ်ထင်လို့ ကျမပို့စ် တခုအဖြစ်တင်ပေးပါတယ။် သင့်သွားဖုံးဟာ အလိုလိုနေရင်း ဒါမှမဟုတ် သင်သွားတိုက်ရင်း သွေးထွက်လာခဲ့မယ် ဆိုရင် သွားဖုံး သွေးယိုစိမ့်တယ်လို့ ဆိုနိုင်ပါပြီ။
တကယ်လို့များ သင့်သွားဖုံးမှာ သေွးယိုစိမ့်လာပြီဆိုရင် အောက်ပါမေးခွန်းများကို ဖြေကြားသင့်ပါတယ်။

၁။ သင့်သွားဖုံးမှ သွေးယိုစိမ့်နေတာ ဘယ်လောက်ကြာနေပြီ ဖြစ်ပါသလဲ။

သင့်အဖြေဟာ သင့်ခံစားနေရတဲ့ ရောဂါဟာ နာတာရှည်လား ။ အခုမှ ဖြစ်ပေါ်တာလားဆိုတာ သင်ခွဲခြား သိလာပါလိမ့်မယ်။

၂။ သင့်သွားဖုံးမှ သွေးယိုမှု ဖြစ်ပွားအောင် သင့်မှာ ထိခိုက်ဒါဏ်ရာရရှိဖူးပါသလား။

တကယ်လို့ သင့်မှာ အဲလို ထိခိုက်ဒါဏ်ရာ မရှိခဲ့ဖူးဆိုရင် အလိုအလျှောက်ဖြစ်တတ်တဲ့ အခြားသော အကြောင်း အရာများကို ထည့်စဉ်းစားရမှာ ဖြစ်ပါတယ်။

၃။ တခြားနေရာမှ အလိုအလျှောက် သွေးယိုစိမ့်သော လက္ခဏာများကို သင်ခံစားနေရပါသလား။

ဥပမာ၊ နှာခေါင်း သွေးလျှံခြင်း၊ အရေပြားတွင် သွေးချေဥလွယ်ခြင်း၊ သင့်ရဲ့ အဆစ်များ ယောင်ယမ်းနေခြင်း၊ စသည့်တို့ ဖြစ်နေမယ်ဆိုရင်တော့ သင့်မှာ သွေးနှင့်ဆိုင်တဲ့ သွေးမတိတ်တဲ့ရောဂါရှိမရှိကို သေချာ စစ်ဆေးဖို့ လိုတယ်ဆိုတာ ပြတာပါပဲ။

၎။ အခုလို မဖြစ်ခင်မှာ သင့်မှာ လည်ချောင်းနာခဲ့ဖူးပါသလား။

လည်ချောင်းနာတာ ဒါမှမဟုတ် တခြား ဗိုင်းရပ်စ် ရောဂါပိုးတခုခု တကယ်လို့ ဖြစ်ခဲ့မယ်ဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကတဆင့်ဖြစ်ပေါ်တတ်တဲ့ သွေးမတိတ်တဲ့ ရောဂါရှိမရှိကို သေချာစစ်ဖို့လိုပါတယ်။

၅။ သွားနဲ့ခံတွင်းကျန်းမာရေးနဲ့ ပတ်သတ်ပြီး သင့်ရဲ့ သွားဆရာဝန်ကို နောက်ဆုံးဘယ် အချိန်က ပြခဲ့ ပါသလဲ။

မှန်မှန်ပြသခဲ့ပါသလား။ သွားပိုးစားနေတာရှိပါသလား ။ တကယ်လို့ အဲဒါတွေ ကို မှန်မှန်မလုပ်ခဲ့မိဘူး။ သွားပိုးစားတာလေးတွေ ရှိနေမယ်ဆိုရင်တော့သင့်မှာ သွားဖုံးယောင်တဲ့ရောဂါ ကို သေချာစစ်ဆေးဖို့ လိုပါတယ်။

တခါတလေမှာ တခြားသော ရောဂါလက္ခဏာများကလည်း သင့်ရောဂါ ကိုတွေ့ရှိဖို့ အကူအညီ ပေးတတ်တာကြောင့် ဒီရောဂါလက္ခဏာလေးတွေ ရှိမရှိကို သင်စစ်ဆေး ကြည့်စေချင်ပါတယ် ။

၁။ သွေးခြေဥလွယ်ခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ မိန်းကလေးများတွင် ရာသီလာသော ပမာဏများနေတတ်ခြင်း စတာတွေဟာ သွေးမတိတ်တဲ့ရောဂါဖြစ်ဖို့ များတဲ့ လက္ခဏာ တချို့ပါပဲ။

၂။ မောပန်းလွယ်ခြင်း၊ ကိုယ်အလေးချိန်လျှော့ကျလာခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ ညဖက်ချွေးထွက်ခြင်း စတာတွေကတော့ Lymphoma နဲ့ သွေးကင်ဆာလို ရောဂါမျိုးမှာ ပိုမိုတွေ့ရတတ်ပါတယ်။

၃။ သွားဖုံးမှာ အနာရှိခြင်းကတော့ သွားဖုံးယောင်ခြင်းကြောင့် ဖြစ်တတ်တဲ့ရောဂါ လက္ခဏာ တခုပါပဲ။

၎။ အရေပြားမှာ အစက်အပျောက်တွေကို တွေ့လာရမယ်ဆိုရင်တော့ သွေးမတိတ်တဲ့ ရောဂါတချိုကို စဉ်းစားရပါလိမ့်မယ်။

၅။ အာခေါင်ခြောက်ခြင်း ကတော့ ဆီးချိုရောဂါ၊ တချို့သောဆေးများ ၊ သွေးအားနည်းခြင်း၊ ခုခံအားကျဆင်းမှုရောဂါ စသည်တို့တွင်တွေ့ရတတ်ပြီး ပါးစပ်ခြောက်ခြင်းကြောင့် သွားဖုံးယောင်ခြင်းကို အားပေးစေပါတယ။်

ဘာ့ကြောင့်လဲ…

သွားဖုံးသွေးယိုစိမ့်ခြင်းဟာ သွားဖုံးကြောင့်ဖြစ်သောရောဂါ အပြင် အခြားသော အကြောင်း အရာများကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် အခြာအကြောင်းအရာ များကိုလည်း ရှာဖွေ ကုသသင့်ပါတယ်။ သွားဖုံးသွေးယိုစိမ့်ခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရာတွေကတော့

o သွားဖုံးယောင်ခြင်း

o သွားဖုံးတွင်ရောဂါတခုခုရှိခြင်း

o သွေးမတိတ်သော ရောဂါများကြောင့်ဖြစ်ခြင်း

o သွေးကင်ဆာ

o ကိုယ်ဝန်ရှိစဉ် သွားဖုံးသွေးယိုခြင်း

o ဗိုက်တာမင် စီနှင့် အခြားဗိုက်တာမင်များ ချို့တဲ့ခြင်း

o သွားပိုးစားခြင်းမှ တဆင့် သွားဖုံးသွေးယိုခြင်း

o ပါးစပ်အတွင်း ပိုးဝင်ခြင်း

o အရက်သေစာ သောက်စားသော လူများတွင် သွားဖုံးသွေးယိုခြင်း

သွားဖုံးသွေးယိုစိမ့်ခြင်းဟာ များသောအားဖြင့် သွားဖုံးယောင်ခြင်းကြောင့် ဖြစ်ပါတယ်။ အချို ဓါတ်များစွာပါဝင်သော အစာများကိုစားသောက်ခြင်း၊ သွားပုံမှန်မတိုက်ခြင်း သို့မဟုတ် ခံတွင်း သန့်ရှင်းရေးကို သေချာ မလုပ်ခြင်းများဟာ သွားများနဲ့ သွားဖုံးများ ပတ်ဝန်းကျင်မှာ စားကျွင်းစားကျန်စုမှုကို အားပေးပါတယ။် အချိန်ကြာလာတာနဲ့အမျှ ဘက်တီးရီးယားများ ခိုအောင်ဖို့ နေရာ တခုအဖြစ် တည်ရှိကာ သွားဖုံးယောင်ခြင်းကို အားပေးပါတယ်။

ကိုယ်ဝန်ဆောင် မိခင်တွေမှာ ဟော်မုန်းပြောင်းလဲမှုကြောင့် သွားဖုံးတွင်ရှိသော အသားစများ လျော့ရဲကာ ပျော့ပြောင်းလာခြင်း၊ သွေးလျှောက်များလာခြင်းတို့ကြောင့် သွားဖုံးသွေးယိုတာဖြစ်တတ်ပါတယ်။

စိတ်ဖိစီးမှုများခြင်း ၊ ဆေးလိပ်သောက်ခြင်း၊ အစာအဟာရ မျှတစွာ စားသောက်မှု မရှိခြင်းတို့ကလည်း သွားဖုံးသွေးယိုခြင်းကို ပိုမိုဖြစ်စေပါတယ်။

ဆီးချိုဝေဒနာရှင်များ ဆီးချိုရောဂါ ထိန်းသိမ်းမှုအား နည်းလျှင် သွားဖုံး သွေးယိုခြင်း ဖြစ်နိုင်သလို၊ တချို့သော ဆေးများကလည်း သွားဖုံးသွေးယိုစိမ့်ခြင်းဖြစ်နိုင်ပါတယ်။

သင်ဘယ်လိုခံစားလာရမလဲ ။

ရောဂါတခုခုရှိပြီဆိုရင်တော့ သွားဖုံးတွေဟာ နီပြီးယောင်လာပါတယ်။ နောက် သွားတိုက်တဲ့ အခါ သွေးထွက်လာတတ်ပါတယ။် သွားဖုံးယောင်လာတာကို သေချာ မကုရင်တော့ အနီးနားမှာရှိတဲ့ အသားမျှင်တွေနဲ့ အရွတ်တွေကိုပါ ထိခိုက်စေပြီး သွားယိုင်နဲ့တာတွေ၊ သွားနဲ့ သွားဖုံးကြားမှာ အခေါင်းပေါက်ဖြစ်လာတွေ ဖြစ်တတ်ပါတယ်။ နောက်ဆုံးမှာ သွားကျွတ်ထွက်တာ၊ သွားဖုံးမှာ အနာဖြစ်တာတွေ အထိဖြစ်တတ်ပါတယ်။

သွားဖုံးများ ယောင်နေခြင်း ဟာ သွေးကင်ဆာ၊ ကိုယ်ဝန်ဆောင်များ၊ ဗိုက်တာမင်စီ ချိုတဲ့သူများ ၊ သွားဖုံးနှင့် သွားခြေယောင်သော သူများတွင်လည်း ဖြစ်တတ်ပါတယ်။

ဗေလုံး

Hodgkin lymphoma ၊ သွေးကင်ဆာ ၊ Lupus erythemtosus ၊ သွေးမတိတ်သော ရောဂါများ ၊ ရိုးတွင်းချဉ်စီမှာ သွေးနှင့်ဆိုင်သော ပစ္စည်းများ မထုတ်လုပ်နိုင်သော သွေးအားနည်းရောဂါများတွင် ဗေလုံးကြီးနေတတ်ပါတယ်။

သွေးချေဥခြင်း

အကြောင်းအမျိုးမျိုးကြောင့် သွေးတိတ်စေသော အရာ ( platelets ) နည်းနေသော အခြေအနေများတွင် ခန္ဓာကိုယ်အနှံ့အပြား၌ သွေးခြေဥကလေးများ (အနီရောင် အစက်အပျောက် ကလေးများ ) ထွက်တတ်ပါတယ်။

ဆောင်ရန် ရှောင်ရန်များ

သွားဖုံးမှာသာမက တခြားနေရာများကပါ အလိုအလျှောက် သွေးထွက်နေပြီးဆိုရင်တော့ သင့်ရဲ့ မိသားစု ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဒါမှမဟုတ် သွားဖုံးတခုတည်းက သွေးထွက်နေတယ်ဆိုရင်တော့ သွားနှင့်ခံတွင်းကို ကောင်းမွန်သန့်ရှင်းအောင်ထားတာဟာ သွားသွေးယိုစိမ့်တာကို ကာကွယ်ဖို့နဲ့ကုသဖို့ အကောင်းဆုံး နည်းလမ်းတရပ်ပါပဲ။ ဒါကြောင့် သင့်ရဲ့သွားတွေကို သွားတိုက်ဆေးနဲ့ မနက်တကြိမ် ၊ ညအိမ်ရာဝင်တကြိမ် အနည်းဆုံးတိုက်သင့်ပြီး တကြိမ်တိုက်လျှင်လည်း နှစ်မိနစ်ခန့်ကြာအောင် တိုက်ပေးရပါမယ်။

သွားတိုက်တဲ့အခါ သင့်သွားဖုံးတွေ သွေးထွက်တာတတ်တယ်ဆိုရင်တော့ သင်သွားတိုက်တာ ကြမ်းမကြမ်း၊ သင့်ရဲ့ သွားဖုံးတွေကိုကြွတက်လာစေပြီး အောက်က သွားခြေတွေ ပေါ်လာအောင် သင်တိုက်မိသလား ဆိုတာကို အနည်းငယ် စမ်းစစ်ဖို့လိုပါလိမ့်မယ်။ တကယ်လို့ပြုမူမိခဲ့မယ် ဆိုရင်တော့ အဲဒီအကျင့်ကလေးကို ဖျောက်ပြီး မှန်ကန်တဲ့ သွားတိုက်နည်းအတိုင်း တိုက်သင့်ပါတယ်။

သွားတိုက်ခြင်းက သွားများကို သန့်ရှင်းစေဖို့ တခုတည်းသော နည်းလမ်းဖြစ်သလို သွားများကြားကို သန့်ရှင်းဖို့လည်း အလွန် အရေးကြီးပါတယ်။ ဒါကြောင့် သွားများကြားကို သန့်ရှင်းစေဖို့ သွားကြားထိုးတဲ့ကြိုး ကလေးများကို အသုံးပြုပြိး သန့်ရှင်းနိုင်ပါတယ်။ သင့်မှာ အခြားသော ရောဂါများမရှိပဲ သွားနဲံ သွားဖုံးဆိုင်ရာ ရောဂါကြောင့် သွားသွေးထွက်ခဲ့ရင်တော့ သွားတိုက်ခြင်း သွားကြားထိုးတဲ့ကြိုးနဲ့ သွားကြားထိုးခြင်းတို့ဟာ သွေးဆက်ထွက်နိုင်ပေမယ့် နောင်ဖြစ်မဲ့ပြသနာများကို ကျော်လွှားနိုင်ဖို့ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆက်လုပ်သင့်ပါတယ်။ သွားတိုက်ပြီးသောအခါ ပလုတ်ကျင်းခြင်း၊ ခံတွင်းနံ့မွှေးစေသော ပစ္စည်းများကို သုံးခြင်းဟာလည်း သွားများကြားမှာ ကပ်တွယ်နေတဲ့ အစာများကို ဖယ်ရှားပေးတာကြောင့် အကျိုးရှိစေပါတယ်။

သွားဖုံးသွေးယိုစိမ့် မှု မဖြစ်အောင် ကာကွယ်မယ်ဆိုရင်

ခံတွင်းသန့်ရှင်းမှုကို နေ့စဉ်မပြတ်ပြုလုပ်ပြီနောက် သကြားလုံး၊ ချောကလက်၊ အချိုရည် စသော အချိုများသည့် အစားအသောက်များကို လျှော့စားခြင်း၊ ၊ ကော်ဖီ လက်ဘက်ရည်ထဲသို့ သကြားများများ ထည့်သောက်ခြင်း များကို လျှောင်ကျဉ်သင့်ပါတယ်။ အစာတခုနှင့် တခုကြားတွင် အစာပြေစားခြင်း များကလည်း သွားဖုံးယောင်ခြင်းကို တဖက်တလမ်းမှ အားပေးသောကြောင့် ထိုသို့စားသောက်ခြင်းကိုလည်း ဆင်ခြင်သင့်ပါတယ်။

ဆေးလိပ်သောက်ခြင်းဟာ သွေးထဲမှာရှိတဲ့ အောက်ဆီဂျင်ပမာဏကို နည်းပါးစေပြီး သွားဖုံးများကိုမာကျောစေကာ သွားဖုံးကျန်းမာမှုကို ထိခိုက်စေပါတယ်။ ဆေးလိပ် သောက်သည့် ပမာဏကိုလျှော့ချခြင်း ၊ဖြစ်နိုင်လျှင် ဆေးလိပ် ဖြတ်ခြင်းက သွားဂျီးတက်ခြင်းကို ကာကွယ်ပေးသည့် အပြင် ဘက်တီးရီးယားများ ခိုအောင်းနိုင်သော အလွှာတခုဖြစ်ပေါ်မှုကိုလည်း နှောင့်နှေးစေပါတယ်။

အကယ်၍များသင်ဟာ အံကပ် တပ်ထားရတဲ့သူဖြစ်ပြီး သင့်ရဲ့ အံကပ်ဟာ သင်နဲ့ အဆင်မပြေသေးဘူးဆိုရင်တော့ သင့်ရဲ့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ။် တကယ်လို အဲဒီ ပြသနာကိုလစ်လျှူရှုခဲ့မယ်ဆိုရင် သင့်ရဲ့ အံကပ်ဟာ သွားဖုံးနဲ့ပွတ်တိုက်မိပြီး အနာဖြစ်ကာ ပိုးဝင်ရောက်ဖို့ အခွင့်အလမ်းပိုများလာပါလိမ့်မယ်။

သင်ဟာ သင့်ရဲ့ သွားဆရာဝန်နဲ့ အနည်းဆုံးတနှစ်ကိုတကြိမ် ၊ တကယ်လို့များသင့်မှာ သွားနဲ့ခံတွင်းဆိုင်ရာ ပြသနာတခုခုရှိခဲ့မယ်ဆိုရင်တော့ တနှစ်ကို တကြိမ်ထက်ပိုပြီး သွားရောက်ကာ သင့် ကျန်းမာရေးအတွက် တိုင်ပင်သင့်ပါတယ။်

ကျမမွန်းသက်ပန် ဖတ်မိထားသလောက် ကလေးတွေပဲဖြစ်လို့ အဆင်မပြေမှုများ ရှိခဲ့မယ်ဆိုရင် ကျမဆီကို မေးလ်ပို့နိုင်ပါတယ်ရှင်...။ အားလုံး အတန်အသင့်တော့ စိတ်ကျေနပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မွန်းသက်ပန် (ဆေး-၁)



Read More...

နှစ်ခြိုက်စွာ အိပ်စက်ခြင်း


တနေ့တာလုံး ပင်ပင်ပန်းပန်း အလုပ်လုပ်နေရပြီး ညဘက်အနားယူ အိပ်စက်ချိန်မှာ ကောင်းကောင်း အိပ်မပျော်နိုင် ဖြစ်ခဲ့မယ်ဆိုရင် ကိုယ့်ရဲ့ တစ်နေ့တာ အချိန်တွေမှာ တက်ကြွလန်းဆန်း နေရမယ့်အစား ငိုက်မျဉ်းနေတာ၊ နုံးနေတာ၊ စိတ်တိုနေတာ၊ ဆုံးဖြတ်ချက် ပိုင်ပိုင်နိုင်နိုင် မချနိုင်တာ၊ စိတ်ကျတာတွေ ဖြစ်တတ်ပါတယ်။
ပျမ်းမျှအားဖြင့်တော့ လူတစ်ယောက်အတွက် လုံလုံလောက်လောက် အိပ်ချိန်ကို ၈နာရီခွဲမှ ၉နာရီခွဲလို့ သတ်မှတ်လေ့ရှိပါတယ်။

ဒါပေမယ့် သင်ဟာ
ညဘက်မှာ ခဏခဏ နိုးနေမယ်ဆိုရင်
မနက် အစောကြီး အချိန်မဟုတ် အခါမဟုတ် နိုးနေမယ်ဆိုရင်
လုံလောက်တဲ့အိပ်ချိန်နဲ့အိပ်ပေမယ့် အိပ်ရာနိုးရင် လန်းဆန်းမနေဘူးဆိုရင်
သင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ဘူးလို့ ပြောလို့ရနိုင်ပါပြီ...။

တချို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခြင်း တွေကတော ရောဂါတစ်ချို့ဖြစ်တဲ့ ကင်ဆာ၊ ပန်းနာရင်ကျပ်၊ အဆစ်ရောင်ရောဂါ၊ အချို့သောဆေးများ၊ စိတ်ကျရောဂါ အပါအ၀င် အခြားသော စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများ၊ အဲဒါတွေ အပြင် ပတ်ဝန်းကျင်ရဲ့ အလင်းအမှောင်၊ အသံတွေနဲ့ ဆက်စပ်မှုရှိပါတယ်။ တခါ တလေတော့လည်း အဲဒါတွေနဲ့ ဘာမှမဆိုင်ဘဲ သူ့ဟာသူ အိပ်မပျော်တာလည်း ရှိနေတတ်ပါတယ်။

အိပ်မပျော်ဘူးလို့ ဆိုရာမှာလည်း
(၁) တစ်ည၊ နှစ်ည ဒါမှမဟုတ် ရက်သတ္တပတ် အနည်းငယ်သာ အိပ်မပျော်တာ
(၂) တစ်ချို့ရက်တွေမှာ အိပ်ပျော်လိုက်၊ တစ်ချို့ရက်တွေမှာ အိပ်မပျော်လိုက်ဖြစ်တာ
(၃) အိပ်မပျော်မှုဟာ တစ်ပတ်မှာ သုံးရက်နှင့်အထက် ရှိပြီးနောက် တစ်လထက် ပိုကြာနေတာ ရယ်ဆိုလို့ ဆိုပြီးရှိပါတယ်။

သင့်မှာ တကယ်သာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ဘူးလို့ ခံစားနေရရင် ဒါမှမဟုတ် သင့်ရဲ့ တစ်နေ့တာ လုပ်ငန်းတွေကို အနှောင့်အယှက် ဖြစ်လာစေမယ်ဆိုရင် သင့်ရဲ့ အိပ်ချိန်နဲ့ အိပ်တဲ့ပုံစံကို လေ့လာကြည့်ပေးပါ။
ခဏတဖြုတ်ပဲ ဖြစ်တဲ့ ကိစ္စဆိုရင် သူ့ဖာသာသူ ကောင်းသွားမှာပါ။ အိပ်မပျော်နိုင်တဲ့ရက်တွေ များလာရင်တော့ ဒီအချက် ကလေးတွေ လုပ်ပေးဖို့ လိုပါလိမ့်မယ်။

(၁) ရှေ့မှာဖော်ပြခဲ့ပြီးတဲ့ အတိုင်း အိပ်မပျော်နိုင်တဲ့ရောဂါ ရှိမရှိ အရင်ရှာပေးပါ။

(၂) ညဘက်မှာ အရက်သောက်ခြင်းဟာ နှစ်ခြိုက်စွာ အိပ်ပျော်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်၊ ဒါမှမဟုတ် ပိုဆိုးစေပါတယ်။ ဒါကြောင့် လျှော့သောက်ပါ။

(၃) အိပ်ဆေးတချို့ကို အခါအားလျော်စွာ သုံးနိုင်ပါတယ်။ ဒါပေမယ့် ဒီဆေးတွေကလည်း ရေရှည်မှာ ဆိုးကျိုးတွေ ဖြစ်စေနိုင်တာမို့ ဆင်ခြင်ရပါလိမ့်မယ်။

နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ဖို့ ဒီနည်းလေးသုံးနည်း ထဲက တစ်နည်း ဒါမှမဟုတ် ကြိုက်သလို သုံးနိုင်ပါတယ်။ အဲဒါကတော့

(၁)စိတ်ဖိစီးမှုကို လျှော့ချပေးတဲ့ နည်းပါ။ စိတ်ရော လူရော အနားယူပြီးမှ အိပ်စက်ရင် သင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှာပါ။

(၂)အိပ်ချိန်တွေကို လျှော့ချပေးပါ။ တချို့လူတွေက အိပ်ပျော်ဖို့ အချိန်အများကြီး ယူရတာမျိုး ဖြစ်တတ်ပါတယ်။ နှစ်ခြိုက်စွာ အိပ်ပျော်နိုင်အောင် အိပ်ရာထဲမှာနေတဲ့ အချိန်တွေကို လျှော့ချပေးလိုက်ပါ။ နောက်ကျမှအိပ်ပြီး စောစောထပေးပါ။ တဖြည်းဖြည်းနဲ့မှ အရင်လို ပြန်ကျင့်ယူပါ။

(၃)သင့်အိပ်ရာကလေးကို အိပ်ဖို့ကလွဲပြီး တခြားအပိုကိစ္စတွေ မသုံးမိစေဖို့ ဂရုစိုက်ပါ။ (စာဖတ်တာ၊ တီဗွီကြည့်တာမျိုးတွေပေါ့)


ဒါဆို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ဘာလုပ်သင့်သလဲ၊

(၁)အိပ်ချိန်ကို သတ်မှတ်ပေးလိုက်ပါ။ အချိန်မှန် အိပ်ရာဝင်ပြီး အချိန်မှန်မှန် အိပ်ရာထပါ။ ညနေ ၃ နာရီကျော်ရင် တရေးတမော မအိပ်ပါနဲ့တော့။

(၂)ညနေစောင်း ဒါမှမဟုတ် ညမှာ caffine ပါတဲ့ အစားအစာတွေဖြစ်တဲ့ coffee, cola, chocolate အများအပြား စားသောက်တာ၊ Alcohol ပါတဲ့ အရက်၊ ဘီယာ သောက်စားတာ၊ Nicotine ပါတဲ့ ပစ္စည်းဖြစ်တဲ့ ဆေးလိပ်သောက်တာမျိုးများကို ရှောင်ပါ။ (တကယ်လို့ မဖြစ်မနေ သောက်စားရမယ်ဆိုရင် လည်း အိပ်ချိန်နဲ့ ၂နာရီ ၃နာရီ ကွာပါစေ)

(၃)ပုံမှန်လေ့ကျင်ခန်းလုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်တဲ့ အချိန်ဟာ အိပ်ချိန်နဲ့ အရမ်းနီးနေရင် သင့်ကိုယ်မှာရှိနေတဲ့ အကျောဆိုင်တွေ မပြေလျော့နိုင်သေးတာမို့ အိပ်ချိန်နဲ့ ၅ နာရီ၊ ၆ နာရီလောက် ကွာပေးရပါမယ်။

(၄)ညစာကိုလည်း အိပ်ချိန်နဲ့ ၂ နာရီ၊ ၃ နာရီ ခွာပြီး စားပေးပါ။ အစာအိမ်ထဲက အစာတွေ အူထဲရောက်သွားဖို့က ၂-၄ နာရီ ပျမ်းမျှ ကြာပါတယ်။ သင်အိပ်တဲ့အချိန်မှာ အစာအိမ်ထဲမှာ အစာရှိနေရင် ကောင်းကောင်း အိပ်ပျော်မှာ မဟုတ်ပါဘူး။

(၅)သင့်အိပ်ခန်းကလေးကို တိတ်တိတ်ဆိတ်ဆိတ်၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အလင်းရောင် သိပ်မများအောင် လုပ်ထားပေးပါ။ အတွင်းနံရံဆေးသား၊ အိပ်ရာခင်းတွေ၊ မီးလုံးကအစ စိတ်ကို ပျော့ပြောင်းစေမယ့် အပြာရောင်၊ ပန်းရောင်ဖျော့ဖျော့လေးများ ဖြစ်သင့်ပါတယ်။ လေ၀င်လေထွက် ကောင်းဖို့တော့ လိုပါတယ်။ တကယ်လို့ သင်ဟာ တခြားသူတွေနဲ့ တစ်ခန်းတည်း အိပ်ရတယ်ဆိုရင် အလင်းရောင်ကို ကာကွယ်ဖို့ အိပ်တဲ့အချိန်မှာတပ်တဲ့ မျက်လုံးကိုဖုံးတဲ့ဟာလေး တပ်ထားပါ။ အသံတွေကို ကာကွယ်ဖို့ အမြဲကြားနေရမယ့် အသံတစ်ခုခုကို သင်ဘာသာသင် ဖန်တီးလိုက်ပါ။ (ဥပမာ ပန်ကာသံ) အဲဒီအသံက တခြားအသံတွေကို ဖုံးလွှမ်းသွားရင် သင် အိပ်ပျော်ပါလိမ့်မယ်။

(၆)စိတ်အပန်းဖြေဖို့ အိပ်ရာဝင်ခါနီးမှာ စာအုပ်ဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ရေချိုးခြင်းများ ပြုလုပ်ပေးပါ။ (အင်တာနက်သုံးဖို့တော့ မတိုက်တွန်းချင်ပါဘူး)

(၇)အိပ်ရာထဲမှာ လဲလျောင်းနေတာ မိနစ် ၂၀ ကျော်ကြာတဲ့အထိ အိပ်မပျော်နိုင်သေးဘူး၊ မငိုက်သေးဘူးဆိုရင် ဆက်ပြီး ကြိုးစားမနေပါနဲ့။ အိပ်ရာထဲမှထပြီး စိတ်သိပ်မပင်ပန်းစေမယ့် သက်တောင့်သက်သာ အလုပ်ကလေးကို ငိုက်လာတဲ့အထိ လုပ်နေပေးပါ။ (စာဖတ်တာမျိုးပေါ့) ပြီးမှ အိပ်ရာပြန်ဝင်ပါ။

(၈)မနက်ဖြန်မှာ လုပ်စရာတွေအတွက် စိတ်ပူနေမယ်ဆိုရင် သင်အိပ်ရာမ၀င်ခင် ကိစ္စလေးတွေကို ရေးချထားလိုက်ပါ။

(၉)သင့်အိပ်ရာကလေးကို အိပ်ဖို့အတွက်ပဲ အဲ..အိပ်ဖို့အတွက်ပဲ သုံးပါ။

ဒီလို အလေ့အကျင်ကလေးတွေ သုံးပြီးကာမှ သင်ဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင်သေးရင်တော့ သင့်ရဲ့မိသားစုဆရာဝန်နဲ့ တိုင်ပင်သင့်ပါပြီလို့ထင်ပါတယ်...။

မွန်းသက်ပန် (ဆေး-၁)


Read More...

ဘာမီတွန် နှင့် အရက်


တန်ဆေး လွန်ဘေးဆိုတဲ့ ပို့ကလေးတခုမှာ ChIr0N က ဒီလိုမေးလာပါတယ်။

အစ်မရေ ဗဟုသုတ ရပါတယ်။ တခုလောက် မေးချင်လို့ဗျ။ အရက်ကြောင့် အသည်းရောင် အသားဝါ
ဘီပိုးကို ကာကွယ်တယ်ဆိုတာ ဟုတ်ပါသလား။ ကျွန်တော် တကယ်မသိလို့ မေးတာပါ။ တချို့က ပြောပါတယ်။ ဘာမီတွန်နဲ့ အရက် ရောသောက်ရင် ဘီပိုးကို ကာကွယ်တယ် ဆိုလို့ပါ။
ဒါကြောင့် ကျမမွန်းသက်ပန်လည်း ဖတ်မိသလောက်ကလေးတွေ ပြန်ဝေမျှချင်လို့ပါ။အသည်းဟာ ခန္ဓာကိုယ်ကို ပုံမှန်လည်ပတ်စေဖို့ လုပ်ငန်းပေါင်းများစွာကို လုပ်ဆောင်ပါတယ်။ အဲဒါတွေကတော့ …

၁။ အစာခြေဖျက်ရာမှာ လွယ်ကူစေဖို့ အစာခြေရည်ထုတ်ပေးခြင်း

၂။သွေးရည်ကြည်ထဲတွင်ပါဝင်သော ပရိုတိန်းများကိုထုတ်ပေးခြင်း

၃။ကိုလက်စထရောထုတ်ခြင်းနှင့် ခန္ဓာကိုယ်တွင်း၌ အခြားသော အဆီများကို သယ်ဆောင် ရန် ပရိုတိန်းများထုတ်ပေးခြင်း

၎။ ပိုနေသော သကြားဓါတ်များကိုသိမ်းဆည်းထားပေးပြီး လိုအပ်သည့်အချိန်တွင် ပြန်လည် ထုတ်ပေးခြင်း

၅။ သွေးထဲတွင်ရှိသော ပရိုတိန်း၏ အခြေခံယူနစ်ဖြစ်သော အမိုင်နိုအက်ဆစ် ကိုပုံမှန်ဖြစ်အောင် လုပ်ဆောင်ပေးခြင်း

၆။ သံဓါတ်များကို သိုလှောင်ရာတွင် အကူအညီပေးခြင်း

၇။ အဆိပ်ဖြစ်စေသော အမိုးနီးယားမှ ယူရီးယားသို့ပြောင်းလဲရာတွင်အကူအညီပေးဖြင်းဖြင့် ခန္ဓာကိုယ်မှ စွန့်ပစ်ပစ္စည်းဖြစ်သော အမိုးနီးယားကို ဆီးမှ တဆင့်စွန့်ပစ်နိုင်ရန် ကူညီပေးခြင်း ။

၈။ သွေးထဲတွင်ရှိသော ဆေးနှင့် အခြားသောအဆိပ်ရှိသည့် ပစ္စည်းများကို ဖယ်ရှားပေးခြင်း။

သွေးခဲမှုကို မှန်ကန်စေခြင်း ။

၉။ ခန္ဓာကိုယ်မှ ခုခံတိုက်ခိုက်မည့်ပစ္စည်းများကို ထုတ်ပေးခြင်း ၊ ပိုးမွှားဝင်ရောက်သော အခါ ဘက်တီးရီးယားပိုးမွှားများကို ဖယ် ရှားပေးခြင်းဖြင့် ပိုးဝင်ရောက်မှုကြောင့် ဖြစ်ပေါ်လာသော အန္တရာယ်များကို ကို နည်းပါးစေခြင်း စတဲ့လုပ်ငန်းများဖြစ်ပါတယ်။

အသည်းရောင် အသားဝါ ဘီပိုးဆိုတဲ့အတိုင်း ပိုးတွေ ဟာ မိမိကိုယ်ထဲကို ၀င်ရောက်လာပြီဆိုရင် အသည်းကို ထိခိုက်တာကြောင့် ၊ အဲဒီပိုး ၀င်ရောက်တိုက်ခိုက်ခြင်းခံရတဲ့ သူရဲ့ အသည်းဟာ သူ့ရဲ့ လုပ်ငန်းဆောင်တာများ ကျသွားပါတယ်။ ကျန်းမာရေးနဲ့မညီညွတ်တော့တဲ့ ဘယ်အင်္ဂါမဆို အထိုက်အလျှောက်တော့ အနားပေးထားသင့်တာမို့ အသည်းရောင် အသားဝါဘီပိုးရှိပြီဆိုရင် အရက်သောက်တာအပါအ၀င် အသည်းကို ပုံမှန်ထက်ပိုပြီး အလုပ်လုပ်စေတဲ့ အကြောင်းအရာများ၊ ကို စွန့်လွှတ်လိုက်ခြင်း ဒါမှမဟုတ် အတိုင်းအတာတခုအထိ လျှော့ချလိုက်ခြင်း၊ အချို့သော ဆေးများ သုံးစွဲမှုကို စီစစ်ခြင်းး တို့ကိုပြုလုပ်သင့်ပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ အရက်ဟာ တန်ဆေးလွန်ဘေးဆိုတဲ့ အတိုင်း အရက်ကို အလွန်အကျွံနဲ့ ရေရှည်သောက်မယ်ဆိုရင် အသည်းအဆီဖုန်းနိုင်ပါတယ်။ အဲဒီနောက် အဆီတွေက များလာပြီး အသည်းရဲ့ ဆဲလ်တွေကို သွေးရောက်မှုနည်းလာမယ်၊ အောက်ဆီဂျင် နဲ့ အခြား အာဟာရများ ရရှိမှုနည်းလာတာတွေ ဖြစ်လာနိုင်ပြီတော့ နောက်ဆုံးမှာ အသည်းဟာ ပျက်စီးသွားနိုင်ပါတယ်။

လူတယောက်ဟာ အရက်ကိုသောက်သုံးမယ်ဆိုရင် သူ့ရဲ့ အသည်းဟာ ခန္ဓာကိုယ်ထဲက ပြန်ထွက်ဖို့ အသည်းကနေဖြေဖျက်ပေးရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အရက်ကို အသည်းက ခြေဖျက်နိုင်တဲ့ ပမာဏထက်ပိုသောက်ခဲ့မယ်ဆိုရင် အသည်းရဲ့ပုံမှန်လုပ်ငန်းစဉ်တွေဖြစ်တဲ့ ပရိုတိန်း၊ အဆီနဲ့ ကဇီဓါတ်တွေကို ခြေဖျက်နိုင်မှု နှောင့်နှေးသွားပါလိမ့်မယ်။

ဒါကြောင့် အသည်းယောင် အသားဝါ ဘီပိုးရှိသူဟာ အရက်သောက်မယ်ဆိုရင် အသည်းဟာ အရက်ကိုလည်း ခြေဖျက်ရ ဘီပိုးကတိုက်ခိုက်တာကိုလည်း ခံရတာမို့ ၀န်ပိစေပါတယ်။

အရက် အလွန်အကျွံ သောက်တဲ့သူဟာ အစာစားတာလည်း လျော့သွားတတ်တာမို့ ကိုယ်ခံအား ကျလာတတ်ပါတယ်။ ဒါကြောင့် ဘီပိုးကိုလည်းကောင်းစွာ ခုခံနိုင်မှာ မဟုတ်ပါဘူး ။ ဒါကြောင့် ဘီပိုးရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်အားနည်းသွားပြီး ဆုတ်ယုတ်မှုနှုန်း မြန်တာတတ်ပါတယ်။

အသည်း ယောင် အသားဝါပိုးကို တန်ပြန်တိုက်ခိုက်ပေးတဲ့ ဆေးဝါးများကိုလည်း အသည်းက ကောင်းစွာ မချေဖျက်နိုင်တော့ပါဘူး။

ဆရာဝန်ကလည်း သင့်အသည်းဟာ ဘီပိုးကို တန်ပြန်တိုက်ခိုက်တဲ့ဆေးတွေကို ခံနိုင်ရည်ရှိမရှိဆိုတာ ပြန်လည်စဉ်းစားပြီး တိုက်သင့်မတိုက်သင့် ထည့်သွင်းစဉ်းစားလာပါလိ့မ်မယ်

လေ့လာချက်များအရ အသည်းယောင် အသားဝါပိုးဟာ အသည်းကိုပျက်စီးစေသလို့ အရက်အလွန်အကျွံသောက်ခြင်းဟာလည်း အသည်းကို ပျက်စီးစေပါတယ်။ သူတို့နှစ်ဦးဟာ မိတ်ဆွေအရင်းတွေ မဟုတ်ပါပဲနဲ့ တိုင်ပင်ထားတာ မဟုတ်ပါပဲနဲ့ သူတို့ဖာသာသူတို့ အသည်းကိုပျက်စီးစေတာဖြစ်ပါတယ်၊ သူတို့နှစ်ဦး ပူးပေါင်းကြံစည်မှု (၂ခုပေါင်းမိလို့ အသည်းကို ပိုမိုပျက်စီးဖို့ အရှိန်ရစေတယ် ) မရှိပါပဲ သူတို့လုပ်ရမဲ့ လုပ်ငန်းတွေကို သူတို့ အရှိန်အဟုန်အတိုင်း လုပ်ဆောင်နေကြတာ လို့လည်း ဆိုပါတယ်။

ဘာမီတွန်လို့ခေါ်တဲ့ chlorphenaramin maelate ဆေးကတော့ လူအများသိထားတဲ့အတိုင်း ယားယံတာ၊ ဓါတ်မတည့်တာ စတာတွေကို သက်သာ ပျောက်ကင်းစေတဲ့ဆေးတမျိုးဖြစ်ပါတယ်။ ၎င်းဆေးကို အသည်းမကောင်းသူများကို မတိုက်ကျွေးဖို့နဲ့ ၂နှစ်အောက် ခလေးသူငယ်များ ၊ အသည်းထိခိုက်နိုင်သူများကို သတိနဲ့တိုက်ကျွေးဖို့ ညွှန်ကြားထားပါတယ်။

အသည်းယောင်အသားဝါ ပိုးကူးစက်တဲ့နည်းတွေကတော့

၁။ရောဂါရှိသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း

၂။ရောဂါရှိတဲ့ သူရဲ့သွေးကို မိမိကိုယ်တွင်းသို့သွင်းမိခြင်း

၃။ ရောဂါရှိသူရဲ့ ကိုယ်မှ ထွက်တဲ့အရည်တွေဖြစ်တဲ့ သုတ်ရည်၊ တံတွေး၊ ချွေးတွေမှာ ပိုးပါနေတတ်ပြီး မိမိအရေပြားအသေးစား ပွန်းပဲ့မှုများမှတဆင့် ကူးစက်ခြင်း

၎။ ဆေးထိုးအပ်၊ မုတ်ဆိတ်ရိတ်ဓား ၊ သွားတိုက်တံ စသည်တို့ကိုမျှဝေသုံးစွဲမိခြင်းတို့ကြောင့် ဖြစ်တာမို့ ယင်းကူးစက်နည်းများကို သိရှိနားလည်ပြီး ရှောင်ကျဉ်နိုင်မယ်ဆိုရင် ရောဂါဖြစ်ပွားမှုမှ ကာကွယ်မှာဖြစ်ပါတယ်။

အဲဒါအပြင် အရက်နဲ့ ဘာမီတွန်တွဲသောက်ရင် ရရှိနိုင်မဲ့ ကောင်းကျိုးတွေကို သုတေသနပြုချက်များမှာ မဖတ်ဘူးသေးပါဘူး။ ဒါကြောင့် အရက်နဲ့ ဘာမီတွန်ကို တွဲသောက်မယ်ဆိုရင် အသည်းယောင် အသားဝါ ဘီပိုးရှိသူအား တနည်းတလမ်းအားဖြင့် ပိုမိုဆိုးရွားစေမှာသာဖြစ်တာကြောင့် မသောက်သုံးသင့်ပါဘူး လို့ အကြံပေးချင်ပါတယ်။

မွန်းသက်ပန် (ဆေး-၁)


Read More...

အစားအသောက် မဆင်ခြင်တဲ့ အခါ


အစားအစာကို မဆင်မခြင်စားမိတဲ့အခါ ဖြစ်တတ်တဲ့ရောဂါလေးတွေကို အစာမစားခင်မှာ သတိတရရှိစေချင်လို့ပါ။
အစားအသောက် မဆင်ခြင်မိသောကြောင့် ဖြစ်တတ်သော ရောဂါများစွာ ရှိနှင့်ပြီး ဖြစ်သော်လည်း ယနေ့ခေတ်တွင် ခေတ်စားလာသော ရောဂါ အရေအတွက်မှာ တစ်နေ့တခြား တိုးပွားလျှက် ရှိပေသည်။ အချို့သော ရောဂါများမှာ ဖြစ်ပွားမှုနှုန်း နည်းသည့်တိုင်အောင် ခန္ဓာကိုယ်ကို များစွာ ဒုက္ခပေးတတ်ကြောင်း ထင်ရှားစွာ သိလာနိုင်လေသည်။

ရောဂါဝေဒနာမှာ ပြင်းထန်သော်လည်း အစားအစာများကို အတန်အသင့် ဆင်ခြင်ခြင်းအားဖြင့် ရှောင်ရှားနိုင်သော ရောဂါများထဲမှ တစ်ခုကို တင်ပြချင်ပါသည်။
၎င်းရောဂါမှာ အစားအသောက်များကို ကျက်အောင် မချက်ခြင်း သို့မဟုတ် အသားစိမ်း၊ ငါးစိမ်းများကို စားခြင်းမှ တဆင့် ဖြစ်ပေါ်တတ်သော ရောဂါတစ်မျိုးဖြစ်ပါသည်။ထိုရောဂါ ဖြစ်ပွားလာပြီ ဆိုပါလျှင် ထင်ရှားသော ရောဂါလက္ခဏာ တစ်ခုမှာ ရောဂါဖြစ်ပွားသည့် နေရာ ပေါ်မူတည်၍ အရေပြားအောက်တွင် ရွေ့ရှားနိုင်သော အဖုအကျိတ်ကလေးများ ခန္ဓာကိုယ် တစ်နေရာရာတွင် ပေါ်လာတတ်ခြင်း၊ အင်ပြင်ထခြင်း၊ နေမထိ ထိုင်မသာဖြစ်ကာ စိတ်ကို အနှောင့်အယှက် ဖြစ်စေခြင်း ၊ ယောင်ယမ်းခြင်း၊ အဖုအပိန့် ထွက်သော နေရာများတွင် ယားယံခြင်း တခါတရံတွင် နာကျင်တတ်ခြင်းတို့မှစ၍ ခန္ဓာကိုယ်တွင်းရှိ အရေးကြီး အစိတ်အပိုင်းများကို ထိခိုက်နိုင်သည့် အပေါ်တွင်မူတည်ပြီး ဖြစ်ပွားတတ်ပေသည်။
အကယ်၍ ဦးနှောက်ကို ထိခိုက်စေသောအခါတွင် ထိခိုက်သော အစိတ်အပိုင်း အပေါ်တွင် မူတည်ပြီး အာရုံကြောများ အလုပ်မလုပ်နိုင်ခြင်းများ ဖြစ်ပွားကာ ထုံကျင်ခြင်း၊ နားမကြားနိုင်တော့ခြင်း၊ ဦးနှောက် အမြေးပါး ယောင်ခြင်း၊ ကိုယ်တစ်ပိုင်းသေခြင်း၊ သတိလစ်မေ့မြောခြင်း၊ သေဆုံးခြင်းတို့ အထိ ဖြစ်စေနိုင်ပါသည်။ ထို့ပြင် မည်သည့် ကိုယ်အင်္ဂါအစိတ်အပိုင်းတွင်မဆို အလုံးအကျိတ်များဖြစ်ပေါ်ကာ ထိုအင်္ဂါ၏ လုပ်ငန်းဆောင်တာများကို နှောင့်နှေးစေခြင်း၊ ပျက်စီးစေခြင်းများကို ဖြစ်ပေါ်စေပါသည်။

ထိုရောဂါသည် nematode ဟုခေါ်သော သံလုံးကောင် အမျိုးအစားတွင် ပါဝင်သည့် ကပ်ပါး ကောင်ငယ်ကလေးကြောင့် ဖြစ်ပြီး ထိုကပ်ပါးကောင်ကို ၁၈၃၆ ခုနှစ်တွင် Sir Richard Owen ဆိုသူက လန်ဒန်မြို့ရှိ တိရစ္ဆာန်ဥယျာဉ်တွင်းတွင် ပင်မသွေးလွှတ်ကြော ပေါက်ကာ သေဆုံးသွားသော ကျားငယ်ကလေး၏ အစာအိမ် အကျိတ်ထဲမှ စတင်၍ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

Gnathostomiasis ဟုခေါ်သော အဆိုပါရောဂါကို ဖြစ်ပွားစေသည့် သံလုံးကောင် ၏ superfamily မှာ Ganthostomatoidea ဖြစ်ပြီး Fmaily အမည်မှာ Ganthostomatoidea ဖြစ်ကာ Genus မှာ Gnathostoma ဖြစ်လေသည်။ ၎င်းသည် မျိုးစိတ်များစွာ ရှိသည့်အနက် မျိုးစိတ်တစ်မျိုးဖြစ်သော ခန္ဓာကိုယ်တွင် အဆူးချွန်များစွာ ပါရှိသည့် Gnathostoma spinagium ကိုသာ အဓိကတွေ့ရှိရပြီး ထိုင်းနိုင်ငံတွင် လည်း ထိုမျိုးစိတ်တစ်မျိုးကသာ လူသားတို့ကို ရောဂါဖြစ်စေနိုင်ကြောင်း တွေ့ရှိရပေသည်။
ယေဘူယျအားဖြင့် Gnathostomiasis သည် လူသားများတွင် ဖြစ်ပွားလေ့ မရှိတတ်ပေ။ အဘယ်ကြောင့်ဆိုသော ထိုသံလုံးကောင်သည် ကျား၊ ကျားသစ်၊ ကြောင်၊ ခွေးတို့၏ အစာအိမ် နှင့် အစာမျိုပြွန်တို့ကို ပင်မမှီတွယ်ကောင် အဖြစ်သတ်မှတ်ကာ နေထိုင်ပြီး သူ၏ သံသရာလည်ပတ်မှုတွင် cyclop ဟုခေါ်သော အကောင်ငယ်များ၊ ငါး ၊ လိပ်၊ ကြက်၊ ငှက် နှင့် အချို့သော နို့တိုက်သတ္တ၀ါများကို ယင်းတို့၏ သားလောင်း အဆင့်ပေါ်မူတည်ပြီး မှီခိုလေ့ရှိပေသည်။
ယခုခေတ်အခါတွင် အစားအသောက် ပုံစံပြောင်းလဲလာကာ အသားငါးများကို မဆင်မခြင် ကျန်းမာရေးနှင့် မညီညွတ်စွာ စားသောက်လာကြခြင်းကြောင့် လူသားများသည် ထို သံလုံးကောင်များ၏ မှီတွယ်ရာသတ္တ၀ါတစ်မျိုး အဖြစ် မတော်တဆ ရောက်ရှိလာခြင်းဖြစ်သည်။
Gnathostoma သည် လူသားတွင် ဖြစ်ပွားကြောင်းကို ၁၈၈၉ ခုနှစ်တွင် Deuntzer ဆိုသူမှ အမျိုးသမီးတစ်ဦး၏ ရင်သားအကျိတ်မှ ခွဲစိတ်ရယူခဲ့ပြီးလျှင် Levinsen မှ ထိုအကောင်ငယ်ကို အတည်ပြုနိုင်ခဲ့လေသည်။ လူသားများသည် ထိုကပ်ပါးကောင်၏ အရွယ်ရောက်ပြီး တတိယ သားလောင်း အဆင့်ပါသော အစားအစာများကို မဆင်မခြင် စားသုံးမိပါလျှင် ထိုရောဂါများကို ခံစားရမည်ဖြစ်သည်။
ဝေဒနာ ခံစားနေရသူများကို လေ့လာ ကြည့်ပါက-
(၁) ထိုရောဂါ ဖြစ်ပွားတတ်သော နေရာများ ဖြစ်သည့် အစ္စရေး ၊ အိန္ဒိယ၊ ဂျာဗာ၊ မလေးရှား ထိုင်းနိုင်ငံ စသော နေရာများတွင် နေထိုင်သူများဖြစ်ခြင်း။
(၂) ရောဂါဖြစ်ပွားသော နေရာများသို့ သွားရောက်လည်ပတ်သော သမိုင်းကြောင်းရှိခြင်း။
(၃) အသားစိမ်း ၊ ငါးစိမ်းများကို စားတတ်သော အကျင့်များရှိခြင်း သို့မဟုတ် အသားငါးများကို မကျက်တကျက် ချက်ပြုတ်စားသောက်ခြင်းကို ခုံမင်သူများဖြစ်ခြင်း တို့ကို တွေ့ရှိနိုင်ပေသည်။ ရောဂါဖြစ်ပွားမှု၏ အဓိက သော့ချက်မှာ အစားအသောက်မဆင်ခြင်မှုကြောင့်ဖြစ်သော်လည်း တခါတရံတွင် အရေပြားကိုဖောက်ကာ ၀င်တတ်ခြင်း ၊ မိခင်မှတဆင့် ကူးစက်ခြင်းများကို ရှားပါးစွာ တွေ့ရှိနိုင်ပေသည်။

အကယ်၍ လူသားတစ်ယောက်တွင် အဆိုပါ ရောဂါလက္ခဏာများ ခံစားနေရပါလျှင် ရောဂါလက္ခဏာများကို သေချာစွာ လေ့လာခြင်း၊ နေထိုင် စားသောက်သော အလေ့အထကို အသေးစိတ် စူးစမ်းခြင်းများ အပြင် သွေးထဲ၌ရှိသော Eosinophil ပမာဏကို တိုင်းတာခြင်း၊ ELISA ၊ Immuno blot test စသော ခေတ်မှီနည်းစနစ်များကို အသုံးပြု၍ သိရှိနိုင်ခြင်း၊ အကျိတ် ဖြစ်ပွားရာနေရာ သို့မဟုတ် ရောဂါ ခံစားနေရသောနေရာမှ နေ၍ ထိုအကောင်ငယ်ကို ခွဲစိတ်ရယူနိုင်ခြင်းအားဖြင့် စမ်းစစ်နိုင်ပါသည်။
ထိုအကောင်ငယ်၏ ထူးခြားချက်မှာ ဝေဒနာရှင် တစ်ယောက်လျှင် ပျမ်းမျှအားဖြင့် တစ်ကောင်နှုန်းဖြင့်သာ နေထိုင်ခြင်း ဖြစ်သည်။ သံလုံးကောင်ဖြစ်သော ထိုရောဂါသည် ကုသနိုင်သော ရောဂါဖြစ်ပြီး အခြား သံကောင်များတွင် သုံးစွဲနိုင်သော ဆေးတစ်မျိုး ဖြစ်သည့် Albendazole 400 mg ကို တစ်ခါသောက်လျှင် ၂ လုံးနှုန်းဖြင့် တစ်နေ့လျှင် နှစ်ကြိမ်ကျ သောက်ကာ ၂ ပတ်သောက်သုံးနိုင်ပေသည်။သို့သော်လည်း တခါတရံတွင် ရောဂါပြန်ကြွခြင်းများကိုတွေ့ရှိရပေသည်။ ထိုသို့သော အခါတွင် Ivermetin ဟုသော ဆေးကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း သုံးစွဲနိုင်ပါသည်။

မြန်မာပြည်၏ သမိုင်းကြောင်းကိုလေ့လာကြည့်ပါက ၂၀၀၁ ခုနှစ် နှစ်ဦးပိုင်းတွင် မြန်မာပြည်သို့ လာရောက်လည်ပတ်စဉ်အတွင်း ကိုရီးယား စားသောက်ဆိုင်တွင် အသားစိမ်းများကို စားသောက်ခဲ့သောကိုရီးယားလူမျိုး ၆၀ အနက် ၃၈ ယောက်မှာ ၁၀ ပတ်ခန့်အကြာတွင် ၎င်းရောဂါလက္ခဏာများကို ခံစားခဲ့ကြသည် ဖြစ်ရာ မြန်မာလူမျိုးများ၏ ထုံးတမ်းစဉ်လာတွင် အသားစိမ်းငါးစိမ်းများကို စားသုံးသော အလေ့အထများစွာ မရှိသော်လည်း နေထိုင်မှု စနစ်ပြောင်းလဲလာသည် နှင့်အညီ ဖြစ်ပွားနိုင်သော အလားအလာများ ကိုတွေ့ရှိရပေသည်။

အသွားမတော် တစ်လှမ်း အစားမတော် တစ်လုတ်ဟူသော စကားပုံနှယ် မဖြစ်ရလေအောင် အစားအစာများကို ကျန်းမာရေးနှင့် လိုက်လျော ညီထွေစွာ ချက်ပြုတ်စားသောက်လျှင် ထို ကပ်ပါးငယ်လေးကြောင့် ကြုံတွေ့နိုင်မည့် ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး စသည်တို့ကို ထိခိုက်စေနိုင်သော ဘေးဆိုးများကို ကာကွယ်နိုင်မည်ဖြစ်သည်။

မွန်းသက်ပန် (ဆေး-၁)

Read More...

အမျိုးသားများအတွက် အာဟာရ


လူသားတို့ တစ်နေ့တာ စားသုံးသော အစားအစာများသည် အရသာရှိရုံသာမက ကျန်းမာရေးအတွက် အထောက်အကူပေးခြင်း ရောဂါများကို ကာကွယ်ပေးခြင်း များကိုပါ ဖြစ်ပေါ်စေပါက လွန်စွာ အဖိုးတန်ပေမည်။ တစ်ခါတစ်ရံတွင် လူသားတို့စားသုံးနေသော အစားအစာများသည် ကျန်းမာရေးနှင့် မညီညွတ်ခြင်း သို့မဟုတ် အရသာရှိသော်လည်း အာဟာရမဖြစ်စေခြင်း တို့ရှိတတ်ပေသည်။
ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို စားသုံးကာ ကိုယ်လက် လှုပ်ရှားမှုများကို ပြုလုပ်ခြင်းဖြင့် နှလုံးရောဂါနှင့် တကွ အခြားသော ရောဂါများဖြစ်ပွားနိုင်သည့် နှုန်းကိုလျော့ကျစေပါသည်။
အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်စဉ်တွင် အာဟာရပြည့်စုံစွာ စားသုံးရန် ၊ ရင်သား ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ရန် ကျန်းမာရေးနှင့်ညီညွတ်သော အာဟာရများကို စားသုံးရန် စသည်ဖြင့် လိုအပ်သလို အမျိုးသားများတွင်လည်း ကိုယ်ခန္ဓာ ကြံ့ခိုင်ဖွံ့ဖြိုးပြီး ယောင်္ကျားပီသရန် ၊ ဆီးကျိတ်ကင်ဆာနှင့် အခြားသော ရောဂါများကို ကာကွယ်ရန် အလို့ငှာ အာဟာရပြည့်စုံသော အစားအစာများကိုစားသုံးသင့်ပါသည်။
၎င်းတို့မှာ…

၁။ ခရု ၊ ကမာ စသော ပင်လယ်စာများ

တစ်နေ့လျှင် ကမာကောင်၊ ကမုတ်ကောင် အနည်းငယ်စားသုံးဖြင်းဖြင့် ရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးသော ဇင့် ဓါတ်ကို တစ်နေ့တာ လိုအပ်ချက်နှင့် အညီ လုံလုံလောက်လောက် ရရှိမည်ဖြစ်သည်။ ဇင့်သည် ခန္ဓာကိုယ်၏ လုပ်ငန်းစဉ်ပေါင်းများစွာတွင် သာမက ဆဲများကို ပြုပြင်ရာတွင် အသုံးပြုသော DNA ကိုထုတ်ပေးရာတွင်လည်း ဇင့် ပါဝင်ပါသည်။
လေ့လာချက်များအရ ခန္ဓာကိုယ်တွင် လိုအပ်နေသော ဇင့်ပမာဏကို ပုံမှန်စားသုံးလျှင် ဆီးကျိတ်ကင်ဆာကို ဖြစ်စေနိုင်သော ဆဲလ်များ ပျက်စီးမှု ကိုကာကွယ်ခြင်း၊ အမျိုးသားများ၏ လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွင် လိုအပ်သော ဆဲလ်ပျက်စီးမှုများကို ကာကွယ်နိုင်ခြင်း ၊ သုတ်ပိုး ပမာဏ များပြားလာအောင် ပြုလုပ်ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ဖြစ်စေပါသည်။
ထို့ကြောင့် အမျိုးသားများသည် တစ်နေ့တာလျှင် ဇင့်ပါသော အစားအစာများဖြစ်သည့် အကျည်းခွံပါသောငါး ၊ သို့မဟုတ် အမဲသား၊ အဆီလွတ် ၀က်သားများကို တစ်နေ့လျှင် ၁၁ မီလီဂရမ် ခန့်စားသုံးသင့်ပါသည်။

၂။ ငှက်ပျောသီး

ငှက်ပျောသီးတွင် အာရုံကြော စနစ်ကို ကောင်းမွန်စေသော၊ နှလုံး ခုန်ခြင်းကို မှန်စေသော၊ သွေးပေါင်ချိန်ကိုမှန်စေသော ပိုတက်စီယမ်ဓါတ် ကြွယ်ဝစွာပါဝင်သည်။ ငှက်ပျောသီး ကဲ့သို့ ပိုတက်စီယမ်နှင့် မက်ဂနီစီယမ် ဓါတ်များစွာ ပါဝင်သော သစ်သီးများကို ကို စားသုံးခြင်းသည် လေဖြတ်ခြင်း ကိုလည်း လျော့နည်းစေပါသည။် ထို့အပြင်တွင် ငှက်ပျောသီးတွင် vitamin B 6 ပါဝင်သောကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းစေခြင်း၊ သွေးနီဥ ဖြစ်ပေါ်မှုကိုအားပေးခြင်း၊ အာရုံကြော စနစ် ကောင်းစေခြင်း ၊ အသားဓါတ်ဖြစ်ပေါ်မှုကို အားပေးခြင်းတို့ကိုဖြစ်စေပါ သည်။ အမျိုးသားများသည် ၎င်း တို့၏ မနက်စောစော အစာတွင် ငှက်ပျောသီးတစ်လုံး စားပေးခြင်း ကို ကိုယ်လက်လှုပ်ရှားမှု မပြုခင် ပြုလုပ်သင့်ပါသည် ။ ငှက်ပျောသီး အပြင် အခြား ပိုတက်စီယမ်ပါဝင်မှုများသော အစားအစာများဖြစ်သည့် လိမ္မော်သီးဖျော်ရည်၊ နွားနို့၊ ခရမ်းချဉ်သီးနှင့် ယင်းမှ ထွက်သော ထွက်ကုန်များ၊ ပဲအမျိုးမျိုးတို့ကို လည်းစားသုံးနိင်ပါသည်။


၃။ အိုမီဂါ 3 ဖက်တီးအက်ဆစ်


အိုမီဂါ 3 ဖက်တီး အက်ဆစ် (omega 3 fatty acid) ပါသော အစားအစာများကို စာသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်သော အဆီဓါတ်များကို ရရှိနိုင်ပါလိမ့်မည်။ အိုမီဂါ 3 ဖက်တီးအက်ဆစ် (omega 3 fatty acid) သည် နှလုံး ၊ သွေးလည်ပတ်မှု၊ ကိုယ်ခံအားတို့ကိုကောင်းမွန်စေခြင်းတို့ကြောင့် ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုကို ကာကွယ်နိုင်ပါသည်။ အိုမီဂါ 3 ဖက်တီးအက်ဆစ် (omega 3 fatty acid) သည် ယောင်ယမ်းမှုကို ကျစေသော အစွမ်း အာနိသင်ရှိပြီး သွေးထဲရှိအဆီတမျိုးဖြစ်သည့် လူကို အန္တရာယ်ဖြစ်စေနိုင်သော triglyceride ပမာဏကိုလျော့ကျစေခြင်း တို့ကြောင့် အားကစားသမားများတွင် ဖြစ်တတ်သော ကိုက်ခဲမှုများကို ပျောက်စေနိုင်ခြင်း၊ အဆစ်ယောင်ခြင်းများကို လျော့ကျစေနိုင်ခြင်းကို ဖြစ်စေပါသည်။

ဆယ်လ်မွန်ငါး ၊ ဆာဒင်းငါး၊ တူနာငါး၊ မက်ကရယ်ငါး၊ ပင်လယ် ငါး အသေးစားကလေးများ စသည်တို့မှာ အိုမီဂါ3 ဖက်တီးအက်ဆစ်(omega 3 fatty acid) များစွာပါဝင်သော ငါးများဖြစ်သည်။ American Heart Association မှ လူတိုင်းတိုင်း သည် တစ်ပတ်လျှင် နှစ်ကြိမ် ယင်းအစားအစာများကို စားသုံးသင့်ကြောင်း အကြံပြုထားပါသည်။ အိုမီဂါ 3 ဖက်တီးအက်ဆစ်ကို အပင်များ မှ ရသော အစားအစာများတွင် တွေ့ရှိရသော်လည်း ငါးများတွင် အိုမီဂါ 3 ဖက်တီး အက်ဆစ်(omega 3 fatty acid) အပြင် ဗိုက်တာမင် ဒီ များစွာ ပါဝင်သောကြောင့် ဗိုက်တာမင်ဒီ၏ အကျိုးအာနိသင်များဖြစ်သော ကင်ဆာရောဂါကို ကာကွယ်ပေးခြင်း ၊ အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်ပွားမှုကို လျော့နည်းစေခြင်း၊ သွေးတိုးရောဂါကိုကာကွယ်ပေးခြင်း၊ အရိုးပွခြင်းကို ကာကွယ်ပေးခြင်းတို့ကို ပါ လုပ်ဆောင်ပေးပါသည်။


၎။ Broccoli


Broccoli တွင် ဗိုက်တာမင် စီ၊ ဘီတာ ကယ်ရိုတင်း၊ ပိုတက်စီယမ်၊ sulphoraphane စသော ပစ္စည်းများပါဝင်သောကြောင့် နှလုံးရောဂါ၊ ဆီးကျိတ်ကင်ဆာ၊ အူမကြီး ကင်ဆာများ ဖြစ်ပွားမှုကို ကာကွယ်ပေးပါသည်။ လေ့လာချက်များအရ အစိမ်းရောင်ရှိသော အရွက်များကို စားသုံးခြင်းဖြင့် ဟိုမိုစစ်စတင်း (homocysteine) ပမာဏကို နည်းစေပြီး ၎င်း ကြောင့် ဖြစ်စေသော နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးပါသည်။ Broccoli အပြင် ယင်းကဲ့သို့ပင် ကြွတ်ရွသော အခြားအစားအစာများဖြစ်သည့် ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီ၊ စသည်တို့ကိုလည်း စားသုံးနိုင်ပါသည်။

၅။ အခွံမာသော အသီးများ

Brazil မှ ထွက်ရှိသော မြေပဲအပါအ၀င် အခွံမာသော အသီးများတွင် မက်ဂနီစီယမ် (magnesium ) နှင့် စီလီနီယမ် (selenium) စသော antioxidant များ ပါဝင်ကာ ၎င်းတို့သည် နှလုံးရောဂါ၊ ဆီးကျိတ်ကင်ဆာနှင့် အခြားသော ကင်ဆာများဖြစ်ပွားမှုကို ကာကွယ်ပေးပါသည်။ စီလီနီယမ်သည် သွေးထဲတွင်ရှိသော အန္တရာယ်ဖြစ်စေနိုင်သော အဆီဓါတ်တမျိုးဖြစ်သည့် LDL ကိုလျော့နည်းစေပြီး သွေးကြောများထဲတွင် သွေးခဲဖြစ်ပေါ်မှုကို နှောင့်နှေးစေပါသည်။ ထိုကြောင့် Brazil မှာထွက်ရှိသော အခွံမာသီး အမျိုးမျိုးကို တစ်နေ့လျှင် တစ်လုံး ကျ စားသုံးခြင်းဖြင့် စီလီနီယမ် ဓါတ် ၅၅ မီလီဂရမ်ရရှိကာ သင့်တစ်နေ့တာ လိုအပ်မှုကို လုံလောက်စေကြောင်း လေ့လာသူများက ပြောကြားခဲ့ပါသည်။

၆။ ဂျုံ နှင့် ဆန်

ဂျုံနှင့် ဆန်တွင် အမျှင်ဓါတ် ၊ ဗိုက်တာမင် (vitamin) ၊ မင်နရယ် (minerals) နှင့် အခြား အကျိုးဖြစ်စေသော ပစ္စည်းများပါဝင်သောကြောင့် နှလုံး ကျန်းမာရေး၊ ကိုယ်ခန္ဓာ ကြံ့ခိုင်တောင့်တင်းခြင်း များကိုဖြစ်စေပါသည်။ ဆန်ဂျုံနှင့် ယင်းတို့မှထွက်သော ပစ္စည်းများတွင် အမျှင် ဓါတ်များအပြင် ဗိုက်တာမင် ဘီ များပါဝင်သဖြင့် သွေးထဲရှိ LDL ပမာဏကို နည်းပါးစေကာ ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးပါသည်။ ထို့ကြောင့် အမျိုးသားများသည် အစာခြေဖျက်ရန်လွယ်ကူသောအမျှင် ဓါတ် များစွာပါသော အစာများဖြစ်သည် ပန်းသီး ၊ ပဲအမျိုးမျိုး ကို တနေ့လျှင် ၁၀-၂၀ ဂရမ် စားသုံးခြင်းဖြင့် ဆီးကျိတ်ကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ပါသည်။

၇။ ဟင်းသီး ဟင်းရွက်များ

Stanol ကို ဟင်းသီးဟင်းရွက်နှင့် သစ်သီးများတွင် တွေ့ရပြီး ၎င်း သည် သွေးထဲရှိ ကိုလက်စထရော ပမာဏကို ကျစေပါသည်။ ထို့ကြောင့်အမျိုးသားများသည် stanol ပါဝင်သော ဟင်းသီးဟင်းရွက်များ၊ မာဂျရင်း ၊ ဒိန်ချဉ် ၊ လိမ္မော်သီး ဖျော်ရည် များ ကို တစ်နေ့လျှင် ၂ ဂရမ် ခန့် စားသုံးခြင်းဖြင့် အစာအိမ်နှင့် အူလမ်းကြောင်းမှ ကိုလက်စထရော စုပ်ယူမှု ပမာဏကို နည်းစေပြီး သွေးထဲရှိ ကိုလက်စထရော ပမာဏကို များ ပြားလာမှုကို ဟန့်တားပေးနိုင်ပါသည်။

၈ ။ ပဲပိစပ်
ပဲပိစပ် တွင် sioflavone ပါဝင်ပြီး ဆီးကျိတ်ကျန်းမာရေးကို ကောင်းစေကာ ဆီးကျိတ်ကင်ဆာဖြစ်ပေါ်မှုကို လျော့ကျစေပါသည။် လေ့လာချက်များအရ တစ်နေ့လျှင် ပဲဘိစပ် ၂၅ ဂရမ် ကို စားသုံးခြင်းဖြင့် ကိုလက်စထရော ပမာဏကို ကျစေပါပြီး နှလုံးရော ဂါ ဖြစ်ပွားမှုကို နည်းပါးစေ သည်ဟု ဆိုပါသည်။ ပဲဘိစပ် အပြင် ပဲဘိစပ် ဖြင့် လုပ်ထားသော အစားအစာများ ဖြစ်သည့် ပဲနို့ ၊ ပဲနှင့် လုပ်ထားသော ချိစ် ၊ တို့ဖူး စသည်တို့ကိုလည်း စားသုံးနိုင်ပါသည်။

၉။ ဘယ်ရီသီး သို့မဟုတ် ချယ်ရီသီး

ခရမ်းရောင် ၊ အပြာရောင် နှင့် အနီရောင် ရှိသော ဘယ်ရီသီး များတွင် antioxidant အမျိုးအစားပေါင်း ၄၀၀၀ ကျော် နှင့် ဗိုက်တာမင်စီပါဝင်သည့်အတွက် များစွာသောအကျိုးကျေးဇူးများကို ရနိုင်ပေသည်။ ဘယ်ရီသီးမျိုးစုံကို စားသုံးခြင်းဖြင့် အသက်အရွယ် ကြီးမှုကြောင့် ဖြစ်ပေါ်လာသော ဦးဏှောက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များ ၊ကို နည်းပါးစေပြီး ဦးဏှောက်ကျန်းမာရေးကို ကောင်းစေပါသည်။

၁၀။ အနီရောင် သို့မဟုတ် လိမ္မော်ရောင် ရှိသော အသီးများ

ယင်းသို့သော အသီးအနှံများတွင် ဗိုက်တာမင်စီ နှင့် ဘီတာကယ်ရိုတင်း (Beta-carotene ) စသော antioxidant များပါဝင်သောကြောင့် အသားအရေကို ကျန်းမာလှပစေပါသည်။ ဗိုက်တာမင်စီသည် အမျှင်ဓါတ်ဖွံ့ဖြိုးမှုတွင် ပါဝင်ပြီး ဘီတာကယ်ရိုတင်း (beta-carotene) သည် ဗိုက်တာမင် အေကို အားဖြည့်ပေးသဖြင့် အရေပြားရှိ ဆဲများ ဖွံ့ဖြိုးမှုကို အထောက်အကူပေးပါသည်။ ထို့ကြောင့် လိမ္မော်ရောင်ရှိသော အသီးအနှံများဖြစ်သည့် ငရုတ်ပွသီးအနီ၊ မုန်လာဥနီ၊ ရွှေဖရုံသီး၊ ကန်စွန်းဥများကို စားသုံးသင့်ပါသည်။ထို့အပြင် ဗိုက်တာမင်စီ၊ ဘီတာကယ်ရိုတင်းနှင့် ပိုတက်စီယမ်ဓါတ်များစွာ ပါဝင်သော အသီးအနှံများသည်လည်း ဆီးကျိတ်ကြီးထွားမှုကို လျော့နည်းစေပါသည်။အမျိုးသားများသည် ထိုသို့သော ကျန်းမာရေးနှင့် ညီညွတ်သည့်အစားအစာများကို စားသုံးခြင်းအပြင် ကိုယ်လက်လှုပ်ရှားမှု များပြုလုပ်ခြင်း ဖြင့် ကိုယ်ခံအားစနစ်ကို ကောင်းစေခြင်း၊ အရိုးများကို သန်မာစေခြင်း ၊ ကြွက်သားများသန်စွမ်း စေခြင်း၊ ပတ်ဝန်းကျင်မှ ရိုက်ခတ်လာသော ဓါတုပစ္စည်းများ၏ ဒဏ်ကိုခံနိုင်ခြင်းတို့ကြောင့် ကျန်းမာသန်စွမ်းသော ဘ၀ကိုပိုင်ဆိုင်ကာ ရောဂါဖြစ်ပွားမှုနှုန်းကိုလည်း လျော့ကျစေမည်ဖြစ်ပါသည်။

မွန်းသက်ပန် (ဆေး-၁)


Read More...

Tuesday, August 5, 2008

ဘဝ


မိတ်ဆွေတစ်ဦးနဲ့ စကားပြောဖြစ်တော့ သူ့မှာ အလုပ်နှစ်ခုရှိပေမယ့် ဝင်ငွေနည်းတဲ့အကြောင်း ဒါပေမယ့် သူပျော်ရွှင်တဲ့အကြောင်း ကျွန်တော့်ကို ပြောပြတယ်။ နည်းပါးတဲ့ သူ့ဝင်ငွေကို ချွေတာသုံးမှ မိဘ၊ ယောက္ခမ၊ မိန်းမနဲ့ ကလေးတို့ရဲ့အသုံးစရိတ်အပြင် မိသားစုစားဝတ်နေရေး ဖူလုံမှာဖြစ်တယ်။ ဒါနဲ့များ သူဘာကြောင့် ပျော်ရွှင်နေသလဲဆိုတာကို ကျွန်တော်စဉ်းစားလို့ မရခဲ့ဘူး။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အိန္ဒိယမှာ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့တဲ့အဖြစ်ကြောင့်လို့ သူကရှင်းပြပါတယ်။ အဲဒီတုန်းက ကိစ္စတစ်ခုကြောင့် သူဟာ အကြီးအကျယ် နလန်မထူနိုင်အောင် စိတ်ပျက်ခဲ့လို့ အိန္ဒိယကို စိတ်ပြေလက်ပျောက် ခရီးထွက်ခဲ့တယ်။ တစ်နေရာမှာ အိန္ဒိယမိခင်တစ်ဦးဟာ ကလေးငယ်တစ်ယောက်ရဲ့ ညာလက်ကို ဓားနဲ့လှီးဖြတ်နေတာ တွေ့လိုက်တယ်။ အကူအညီမဲ့ မိခင်ရဲ့မျက်လုံးနဲ့ ကလေးငယ်ရဲ့ နာကျင်အော်ညည်းသံကို ယနေ့ထက်တိုင် သူကြားယောင်ဆဲ ဖြစ်ကြောင်း ကျွန်တော့်ကို ပြောပြတယ်။

သားလက်ကို ဘာကြောင့် အမေဖြတ်ရသလဲလို့ ကျွန်တော်မေးမိတယ်။ ကလေးငယ် အရမ်းဆိုးလို့လား? လက်မှာ အနာရောဂါတစ်ခုခု ကူးစက်နေလို့လား? တစ်ခုမှ မဟုတ်ပါဘူး... တောင်းရမ်းစားသောက် နိုင်အောင်လို့ လို့ မိတ်ဆွေက ဖြေပါတယ်။ မိခင်တစ်ဦးက သားကို တမင်တကာ ဒဏ်ရာ အနာတရဖြစ်အောင် လုပ်ရတာဟာ လမ်းပေါ်မှာ တောင်းရမ်းစားသောက်နိုင်အောင် ဖြစ်တယ်။

အဲဒီအဖြစ်အပျက်ကို ကြည့်ပြီး စားလက်စ ပေါင်မုန့်ကို လွတ်ချမိတဲ့အထိ သူအံ့သြတုန်လှုပ် သွားခဲ့မိတယ်။ တဆက်တည်းမှာပဲ လွတ်ကျသွားတဲ့ ပေါင်မုန့်ကို ဝိုင်းလုဖို့ ကလေးတစ်သိုက် သူ့အနား ချက်ချင်းရောက်လာခဲ့တယ်။ သဲတွေပေနေတဲ့ ပေါင်မုန့်ကို ဝိုင်းလုကြတာဟာ ငတ်မွတ်ဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ တုန့်ပြန်မှုဆိုတာ သူနားလည်လိုက်တယ်။

ဒီမြင်ကွင်းက သူ့ကိုချောက်ချားစေခဲ့ပြန်တယ်။ လမ်းညွှန်ကို အနီးအနား ပေါင်မုန့်ဆိုင်တစ်ဆိုင်ကို မောင်းပို့ခိုင်းပြီး ဆိုင်ထဲရှိသမျှ ပေါင်မုန့်အားလုံးကို သူဝယ်ယူလိုက်တယ်။ ပေါင်မုန့်အားလုံးရဲ့ တန်ဖိုးက ၁ဝဝကျပ်တောင်(ထိုင်ဝမ်ငွေ) မပြည့်ခဲ့ပေမယ့် ပေါင်မုန့်အထုပ် ၄ဝဝ ရခဲ့တယ်။ (တစ်ထုတ်ကို ၂၅ဆင့် မကျခဲ့ဘူး) နောက်ပြီး ငွေတစ်ရာနဲ့ နေ့စဉ် အသုံးအဆောင်တစ်ချို့ ဝယ်လိုက်တယ်။

ပေါင်မုန့်၊ အသုံးအဆောင် အပြည့်တင်ထားတဲ့ ကားနဲ့ လမ်းပေါ်မှာတွေ့တဲ့ မသန်မစွမ်း ကလေးငယ်တွေကို သူဝေမျှပေးလိုက်တယ်။ ကလေးတွေက ဝမ်းသာအားရ သူ့ကို အလေးပြန်ပြုခဲ့တယ်။ ၂၅ဆင့်တောင် တန်ဖိုးမရှိတဲ့ ပေါင်မုန့်တစ်ချပ်အတွက် လူတစ်ချို့က ဘာဖြစ်လို့ ဒီလောက်ပျော်ရွှင်ရတယ် ဆိုတဲ့ ခံစားချက်ကို သူပထမဆုံး ခံစားလိုက်မိတယ်။

“ငါဟာ ကံကောင်းတဲ့လူ၊ ငါ့ခန္ဓာကိုယ်က မချွတ်မယွင်း ပြည့်စုံနေတယ်။ အလုပ်ရှိတယ်။ မိသားစုရှိတယ်။ စားစရာတွေကို ကြိုက်တယ်၊ မကြိုက်ဘူးလို့ ဂျီးများဖို့ အခွင့်အရေးရှိတယ်။ ဝတ်ဖို့ အဝတ်အစားရှိတယ်။ ဒီကလူတွေ မရှိတာတွေကို ပိုင်ဆိုင်ဖို့ ငါ့မှာ အခွင့်အရေး ရှိခဲ့တယ်” လို့ သူရေရွတ်ခဲ့မိတယ်။

မိတ်ဆွေရဲ့ အဖြစ်အပျက်ကို နားထောင်ပြီး ကျွန်တော်ခံစားကြည့်တယ်။ တွေးကြည့်တယ်။ “ငါ့ဘဝ တကယ်ပဲဆိုးသလား? ဆိုးရင်လဲ ဆိုးခဲ့နိုင်တယ်။ ဒါပေမယ့် ဒီပုံပြင်ကိုနားထောင်ပြီး ငါ့ဘဝ ဒီလောက်မဆိုးတော့ဘူး။ ခင်ဗျားရော?

ဒါမှမဟုတ် ငါ့ဘဝ ကံဆိုးလိုက်တာလို့ နောင်တစ်ချိန်ချိန်မှာ ခင်ဗျားထင်ခဲ့တဲ့တစ်နေ့ လမ်းပေါ်မှာ တောင်းရမ်းစားဖို့ လက်တစ်ဖက် ဆုံးရှုံးရတဲ့ ကလေးငယ်ကို တွေးမြင်ကြည့်လိုက်ပါ။

“ကျေနပ်တယ်၊ ပြည့်စုံတယ်” ဆိုတာ ကိုယ်လိုချင်တာကို ရသွားလို့ မဟုတ်ဘူး။ ရှိတာနဲ့ ရောင့်ရဲတင့်တိမ် နေတာဖြစ်တယ်။

မူရင်း.... ထိုင်ဝမ် စာရေးဆရာ Hong Wen Yong (候文詠) ၏ “ဘဝ” အား ဘာသာပြန်ခံစားသည်။

နိုင်းနိုင်းစနေ

Read More...

Sunday, August 3, 2008

ကြက်ကလေးရဲ့ အတ္တ၀ိညာဉ်


ဒီပုံပြင်က တိရိစ္ဆာန်တွေရဲ့ အပြုအမှုနဲ့ ပတ်သက်ပြီး လက်တွေ့ကြုံခဲ့တဲ့ ပုံပြင်လေး တစ်ပုဒ်လို့ ဖတ်ရပါတယ်။

လွန်ခဲ့တဲ့ ၂လက ဖြစ်ပါတယ်။ မနက်မိုးလင်းတာနဲ့ ကျွန်တော်ကြက်ခြံက ကြက်ပေါက်စတွေကို သွားကြည့် ခဲ့တယ်။ ဒီကြက်လေးတွေ ဥကပေါက်တာ ၁၀ရက်တောင် မရှိသေးပါဘူး။ ကလေးငယ်တွေကို စောင့်ရှောက်သလို စောင့်ရှောက်ရမဲ့ ကိုယ်ခံအားနည်းနေတဲ့ အရွယ်တွေပေါ့။ ကြက်အုပ်စုထဲက ခုခံအားနည်းတဲ့ အကောင်တွေကို ကျွန်တော် လိုက်ရှာကြည့်တော့ တစ်နေရာမှာ လဲနေတဲ့ ကြက်ကလေး တစ်ကောင်ကို တွေ့လိုက်တယ်။ ကြက်ကလေးက အသက်ကို ကြိုးစားပမ်းစား ရှူနေပုံရတယ်။ တစ်ခြား အကောင်တွေ ကလည်း သူ့ကိုတင်းနင်းပြီး သွားနေကြတယ်။

ကျွန်တော်ကြည့်ပြီး အရမ်းသနားသွားမိတယ်။ အကောင်သေးပေမယ့် ကြက်ကလေးတွေဟာ ဥက ပေါက်လာတာနဲ့ ရှင်သန်ဖို့အတွက် ကြိုးစားကြရတယ်။ ရှုံးနိမ့်ခြင်းရဲ့ ရလာဘ်ကတော့ အရှင်လတ်လတ် အနင်းခံပြီး သေရတာပါပဲ။ ဘာကြောင့် ဒီကြက်ကလေး လဲနေသလဲ၊ ဘာရောဂါကြောင့်လဲ သိချင်တာနဲ့ အသက်ငင်နေတဲ့ သူ့ကို ကျွန်တော်ကောက် ကြည့်လိုက်တယ်။ သူ့ခေါင်းက မြေနီမုန့်တွေ ကပ်ထားတဲ့ ဥတစ်လုံးလိုပဲ ဖွဲကြမ်းတွေနဲ့ ကပ်လို့နေတယ်။ သူ့မျက်စိက ဖွင့်လို့မရနိုင်အောင် ပြည်တွေ တည်နေပြီး ဖွဲခွံတွေ ကပ်နေခဲ့တယ်။ မျက်စိနှစ်ကွင်း အလင်းမရလို့ အစာတွေကို သူရှာမစားနိုင်ခဲ့ဘူး။ အင်အားတွေ ဆုတ်ယုတ် လာပြီး နောက်ဆုံးတော့ တစ်ခြားအကောင်တွေ တက်နင်းတာကို ခံလိုက်ရတယ်။

ကြက်တွေ အနာရောဂါ တစ်ခုခုဖြစ်ရင် ရောဂါ မပြန့်နိုင်အောင် ချက်ချင်း မြေမြုပ်ပစ်ရတယ်လို့ အတွေ့အကြုံရှိသူတွေက ပြောခဲ့ပေမယ့် ရှင်သန်ဖို့အတွက် အသက်လုရှူနေတဲ့ သူ့ကိုကြည့်ပြီး ကျွန်တော် မလုပ်ရက်ခဲ့ဘူး။ ကြက်ကလေးကို ကျွန်တော့်အခန်းထဲမှာပဲ အနွေးပေးတဲ့ လှောင်အိမ်လေးတစ်ခု လုပ်ပြီး မွေးထားလိုက်တယ်။ အနာတွေကို သန့်စင် ဆေးထည့်ပြီး အစာနည်းနည်း သွပ်ကျွေးလိုက်တယ်။ ဒါပေမယ့် ကြက်ကလေးက အခုချက်ချင်း သေတော့မယ့် ပုံစံပါပဲ။ “တောင့်ထားစမ်းပါ..မင်းကို တစ်ကြိမ်သေပြီသားလို့ ငါမှတ်လိုက်မယ်။ တကယ်လို့ ဒီတစ်ခါ မင်းရှင်လာခဲ့မယ်ဆိုရင် မင်းအသက်ကို မင်းပိုင်သွားပြီ။ ငါဘယ်တော့မှာ မင်းကို မသတ်တော့ဘူး” စိတ်ထဲမှာ တိုးတိုးလေး ကျွန်တော် ရေရွတ်လိုက်မိတယ်။ တိုက်ဆိုက်တာပဲလား မသိ။ နောက်တစ်နေ့မနက်မှာ ကြက်ကလေး ရေထသောက်တာကို ကျွန်တော် တွေ့လိုက်ရတယ်။ မျက်စိ တဖြည်းဖြည်း ပြန်မြင်လာပြီး ခန္ဓာကိုယ်လည်း ကျန်းမာလာခဲ့တယ်။ ကြက်ကလေးကို ကြည့်ပြီး အစက တွင်းတူး မြေမမြုပ်မိခဲ့တာကို ကျွန်တော်ဝမ်းသာမိတယ်။

ကြက်ကလေးက တဖြည်းဖြည်း ကျန်းမာလာပြီး ခန္ဓာကိုယ် ဖွံ့ဖြိုးကြီးထွားလာချိန်မှာ ကျန်ကြက်ကလေး တစ်ချို့ ရောဂါအမျိုးမျိုးဖြစ်ပြီး အနွေးဓာတ်ပေးထားတဲ့ လှောင်အိမ်ထဲ ရောက်လာခဲ့တယ်။ မျက်စိပြန်မြင်ပြီး ကျန်းမာလာတဲ့ ကြက်ကလေးက သူလည်း အရင်တုန်းက ဒီလိုရောဂါဖြစ်ပြီး အသက်လုခဲ့ရတယ် ဆိုတာကို မေ့ပြီး နောက်မှဝင် လာတဲ့ ကြက်ကလေးတွေကို သူ့အစာ၊ သူ့စားကျက်ကို လုမှာစိုးလို့ ထိုးဆိတ်ရန်ရှာ ပါတော့တယ်။ တဖြေးဖြေးအလင်း ရလာတဲ့ သူ့မျက်လုံးထဲမှာတော့ လောဘ၊ ဒေါသတွေ ဖုံးလွှမ်းနေခဲ့တယ်။ ဒါဟာ အသက်ဆက် ရှင်သန်ဖို့အတွက် ကိုယ်ကျိုးပဲလား....

ဒီလှောင်အိမ်ထဲမှာ သူရှိနေသမျှ တစ်ခြားအကောင်တွေ အသက်ရှင် ကျန်းမာလာမှာ မဟုတ်ဘူးဆိုတာကို သိလို့ မိတ်ဆွေတစ်ဦးကို ပေးပြီး မွေးခိုင်းလိုက်တယ်။ ကျွန်တော့်ဂတိအတိုင်း သူ့ကိုမသတ်ဖို့ မိတ်ဆွေကို အတန်တန် မှာခဲ့ပါတယ်။ အခုအချိန်မှာ အဲဒီကြက်ကလေးဟာ ဖွံ့ဖြိုးထွားကျိုင်းတဲ့ တစ်ခြားအကောင်တွေကို အနိုင်ကျင့်တတ်တဲ့ ကြက်ဖကြီးတစ်ကောင် ဖြစ်နေပါပြီ။ မိတ်ဆွေအိမ်ကို ကျွန်တော်ရောက်သွားတိုင်း ခြံထဲမှာ ရင်ကိုစွင့်ပြီး မာနတစ်ခွဲသားနဲ့ လမ်းလျောက်နေတဲ့ သူ့ကိုတွေ့ရတတ်တယ်။ သူ့ကိုမြင်တိုင်း သေလုမျောပါး အသက်လုခဲ့ဖူးတဲ့ အားပျော့ချိန်နဲ့ ကျန်းမာလာပြီး တစ်ကိုယ်ကောင်းဆန် လောဘတက်နေတဲ့ သူ့ကို နိုင်းယှဉ် ကြည့်မိတယ်။

ဒီလို အကောင်မျိုးကို အစကတည်းက တွင်းတူးပြီး မြုပ်ခဲ့သင့်သလား... ကျွန်တော် သက်ပြင်းရှည်ကြီး ချမိပါတယ်။ တိရိစ္ဆာန်က တိရိစ္ဆာန်ပဲလေ။ ဒါပေမယ့် တွေးရင်း.... တွေးရင်း.... ဒါနဲ့ ကျွန်တော်တို့ လူတွေကရော.... ဒီမေးခွန်းက ကျွန်တော့်ဦးနှောက် ထဲမှာ အခုထက်ထိ တ၀ဲဝဲလည်နေဆဲပါပဲ။

မိမိအသက်ဆက် ရှင်သန်ဖို့အတွက် ပြုမှုတတ်တဲ့ တိရိစ္ဆာန်တွေရဲ့ အပြုအမှုမှာ လူသားတွေ ပြုလုပ်တတ်တဲ့ အကျင့်စရိုက်တွေကို ထင်ဟပ်စေပါတယ်။ တိရိစ္ဆာန်ပဲဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ် ရှင်သန်ဖို့အတွက် ဒါဟာ လုပ်ရိုးလုပ်စဉ် တစ်ခုပါ။ လူတွေကလည်း သတ္တ၀ါတစ်မျိုးပဲလေ....

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Read More...

မိမိကိုယ်ကို ရှင်သန်ခြင်း


ဒီစာအုပ်ထဲက ဖြစ်ပါတယ်။

ဂျပန်ပညာရှင်တစ်ဦးက သူ့အမြင်ကို ဒီလိုတင်ပြလိုက်ပါတယ်။ ဘာအမြင်လဲ ဆိုတော့.... လူမျိုးနိုင်းယှဉ်မှု အမြင်ဖြစ်တယ်။ အထူးသဖြင့် အမျိုးအမီးများရဲ့ နိုင်းယှဉ်မှုတွေဖြစ်တယ်။ သူမြင်တွေ့ခဲ့ရတဲ့ နိုင်ငံပေါင်းစုံက မိခင်တွေရဲ့ သားသမီးအပေါ် ပြုစုပျိုးထောင်ပုံတွေ မတူညီကြောင်းကို ဒီလိုတင်ပြခဲ့တယ်။

တစ်ခါက သူဟာ တရုတ်ပြည်က ကျေးရွာတစ်ရွာကို သွားရောက်ပြီး လေ့လာခဲ့တယ်။ ရွာထဲက ကလေးငယ်တွေက အုပ်စုလိုက် ဆော့ကစားနေကြတယ်။ ကလေးတစ်ယောက်က တခြားတစ်ယောက်ကို အနိုင်ကျင့်နေ တယ်။ အနိုင်ကျင့်ခံရတဲ့ ကလေးက အော်ငိုတော့ ငိုသံကို ကြားတဲ့မိခင်ဟာ ထွက်လာပြီး အနိုင်ကျင့်တဲ့ ကလေး
ကို “ ဘာဖြစ်လို့ သူ့ကို အနိုင်ကျင့်ရတာလဲ... ထပ်ရိုက်ကြည့် ငါအကြောင်း သိစေရမယ်” လို့ အော်ငေါက်တော့ တယ်။

ဂျပန်ပညာရှင်က အဲဒီအဖြစ်အပျက်ကို တွေ့တော့ အင်္ဂလန်မှာ သူတွေ့ခဲ့ဖူးတဲ့ တူညီတဲ့အဖြစ်ကို သွားသတိရမိတယ်။ အနိုင်ကျင့်ခံရတဲ့ ကလေးရဲ့ မိခင်က တစ်ခြားတစ်ယောက်ကို “သူ့ကို ဘာလို့ အနိုင်ကျင့်ရတာလဲ.. အားလုံးက သူငယ်ချင်းတွေပဲ သင့်သင့်မြတ်မြတ် နေကြပေါ့” လို့ ပြောခဲ့တယ်။

အင်္ဂလိပ်မိခင်က ကလေးတွေကို အကျိုးအကြောင်းရှင်းပြတယ်။ တရုတ်မိခင်က ဒီကလေးတွေကို အကျိုးအကြောင်း ရှင်းပြနေလဲ အပိုပဲ နားလည်ကြမှာ မဟုတ်ဘူးလို့ ထင်တယ်။ ဒီလိုမိခင်ရဲ့သင်ပြပုံက ကလေးငယ်ကို မကောင်းတဲ့ အကျင့် နှစ်မျိုးရစေတယ်။ တစ်မျိုးက မှီခိုချင်တဲ့စိတ်၊ အနိုင်ယူလိုတဲ့စိတ် ကျန်တစ်မျိုးက တွေးတောဆင်ခြင်ဥာဏ် နည်းလာတတ်တာတွေဖြစ်တယ်။

အင်္ဂလန်မှာ နေတုန်းက အင်္ဂလိပ်မိတ်ဆွေ တစ်ဦးအိမ်ကို သူ အလည်အပတ် သွားရောက်ခဲ့တယ်။ မိတ်ဆွေရဲ့သား ၅နှစ်အရွယ် ကလေးငယ်က သူနဲ့ မြင်းအတူစီးဖို့ တောင်းဆိုခဲ့တယ်။ မြင်းစီးဖို့ ဂတိပေးခဲ့ပြီး တော်တော်နဲ့ မြင်းအတူ မစီးဖြစ်ခဲ့ဘူး။ နောက်တော့ ကလေးရဲ့ မိခင်က “ ရှင်ဘာဖြစ်လို့ ကလေးကို လိမ်ရတာလဲ... မလုပ်နိုင်ရင် ဘာလို့ ကလေးကို ဂတိပေးခဲ့တာလဲ” လို့ စိုးရိမ်ပြီး ပြောတော့တယ်။

သူ အားတုန့်အားနာဖြစ်ခဲ့ပြီး အရှေ့တိုင်းမှာ အပြောများတဲ့ စကားတစ်ခွန်းကို သူ သတိရလာမိတယ်။ “ကလေးကို ချော့တာ... ကလေးချော့တာ” အချော့ခံပြီး ကြီးလာတဲ့ ကလေးက လူတိုင်းကို ယုံကြည်တတ်ပါသလား... အနောက်တိုင်းလူတွေရဲ့ ကလေးငယ်ကို ဆုံးမသင်ပြပုံတွေက အရှေ့တိုင်းထက် ပိုအလေးပေးပြီး အကျိုးအကြောင်း ပိုသင့်မြတ်ကြတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Read More...

တစ်ခါလောက် လဲကျခွင့် ပေးလိုက်ပါ


ဒီစာတွေ ဖတ်ပြီး အနောက်တိုင်း မိခင်တွေက အရှေ့တိုင်း မိခင်တွေထက် ပိုတော်တယ်ဆိုတဲ့ အဓိပ္ပာယ်မှား ကောက်ကုန်ကြမှာစိုးလို့ ဒီစာကို အရင်ရေးလိုက်ပါတယ်။ ဘယ်မိဘမဆို သားသမီးတွေကို သင်ယူရာမှာ ကွဲပြားကြပါတယ်။ ဆုံးမသွန်သင်ပုံ ကွဲပြားတာကို သေးငယ်တဲ့ မိသားစုကနေ တစ်ဆင့် ကျောင်း (ကျောင်းတိုင်းရဲ့ စည်းကမ်းနဲ့ သင်ပြပုံတွေလဲ မတူပါဘူး) အဲဒီကမှ တစ်ဆင့် မြို့ရွာ အဆင့်ဆင့် တွေ့မြင်နိုင်ပါတယ်။

လူမျိုးမတူ၊ ဘာသာမတူ၊ အကျင့်စရိုက်မတူတဲ့ တိုင်းပြည်နဲ့ နိုင်းစာလိုက်ရင် မတူညီတာတွေကို ပိုတွေ့ရပါလိမ့်မယ်။ ဘယ်လိုပဲ မတူညီပါစေ မိဘတွေမှာရှိတဲ့ တူညီတဲ့ ရည်ရွယ်ချက်ကတော့ သားသမီးတွေ ထူးချွန်ဖို့၊ တော်ဖို့၊ ကောင်းစားဖို့ပါပဲ။ အခု ကျွန်မ ဘာသာပြန်လိုက်တဲ့ စာတွေကလည်း မတူညီတဲ့နိုင်ငံက မိဘတွေရဲ့ သားသမီးအပေါ် သွန်သင်ပုံတွေကို စာရေးဆရာက သူ့အမြင်ကို နိုင်းပြထားတာပဲဖြစ်တယ်။ ကျွန်မတို့က သူတို့နိုင်းပြ၊ ရေးပြထားတာကို ဗဟုသုတအဖြင့် ဖတ်ရှုလေ့လာဖို့ပါပဲ။ ဒီလိုသင်မှ ကလေးတွေက တော်မှာ... ဟိုလို မသင်ရဘူး၊ ဟိုမိဘတွေကမှ တော်တာ .... ဒီမိဘတွေ မတော်ဘူးဆိုတဲ့ အဓိပ္ပာယ်လွဲ မကောက်မိကြဖို့ ကြိုတင် ပြောကြားလိုက်ပါတယ်။

အရင်ကျွန်တော် စာသင်ခဲ့တဲ့ ကျောင်းဘေးမှာ ကစားကွင်းလေး တစ်ခုရှိတယ်။ အားလပ်ချိန်တိုင်း အဲဒီကစားကွင်းကို ကျွန်တော် ရောက်ဖြစ်ခဲ့တယ်။ ကစားကွင်းထဲမှာ သဲတွင်းတစ်တွင်းရှိတယ်။ သဲတွင်းထဲမှာ ခွက်ကလေးတွေ၊ ပုလင်းလွတ်တွေနဲ့ ကတော့လေးတွေရှိတယ်။ ကလေးတွေက သဲမှာ ဆော့ကစားရတာကို နှစ်သက် ကြတယ်။

ကျောင်းကကြီးတော့ ကျောင်းထဲမှာ လူမျိုးပေါင်းစုံပါပဲ။ တစ်ခါက စိတ်ဝင်စားစရာ ကောင်းတဲ့ အဖြစ်တစ်ခုကို ကျွန်တော်တွေ့ခဲ့မိတယ်။ အင်္ဂလိပ် ကလေးတစ်ယောက်က သဲကိုခပ်ပြီး ကတော့ထဲ ထည့်ကစားနေတယ်။ သဲတွေက ကတော့အောက်ကနေ ထွက်ကျကုန်ကြတယ်။ ကလေးက ကတော့အောက်က အပေါက်ကို လက်ညိုးနဲ့ပိတ်ပြီး သဲကို ပုလင်းထဲ ပြောင်းထည့်လိုက်တယ်။

ပုလင်းဝနဲ့ကတော့ တည့်တာနဲ့ လက်ဖယ်လိုက်ပေမယ့် သဲအကျက မြန်တဲ့အတွက်ကြောင့် လိုသလောက်သဲတွေ ပုလင်းထဲ မ၀င်ခဲ့ဘူး။ စစခြင်းမှာ သဲတွေ ထွက်ကျတာမြန်လို့ ကလေးက မခံမရပ်နိုင်ဖြစ်ခဲ့ပေမယ့် တဖြည်းဖြည်း လက်ဖယ်နှုန်းက မြန်လာခဲ့တယ်။ နောက်တော့ သူ သဘောပေါက်သွားတယ် ထင်ပါရဲ့ ကတော့ကို ပုလင်းဝမှာသာ တေ့ထားပြီး သဲကို ခွက်နဲ့ပဲ ခပ်ထည့်တော့တယ်။ သဲတွေ အမြန်ပြည့်သွားတဲ့ ပုလင်းကိုကြည့်ပြီး ကလေးက အောင်မြင်တဲ့ အသံနဲ့ ၀မ်းသာအားရ ထအော်ပြီး မိခင်ဘက်ကို ကြည့်လိုက်တယ်။ မိခင်က သားရဲ့ အပြုအမှုကို ကြည့်ပြီး လက်ခုပ်တီး အားပေးလိုက်တယ်။

တရုတ်ရဲ့ မိခင်ကတော့ ဒီလို မဟုတ်ပါဘူး။ ကတော့အောက်ကနေ သဲထွက်ကျတာကို မြင်တဲ့ တရုတ်မိခင် တစ်ဦးက ကလေးနားကို သွားပြီး “လာ...မေမေသင်ပြမယ်။ ကတော့ကို အ၀နဲ့ ဒီလိုလေး တေ့ထားပြီး ခွက်နဲ့ ဟောဒီလို ခပ်ထည့်ရတယ်” လို့ သင်ပေးပါတယ်။ တရုတ်ကလေးက အင်္ဂလိပ်ကလေးထက် ကတော့ သုံးနည်းကို စောပြီးတတ်ခဲ့တယ်။ ဒါပေမယ့် ကတော့နဲ့ သူ မကစားချင်တော့ဘူး။ သဲတွင်းထဲက ထပြီး မိခင်ကို အချီခိုင်းတော့တယ်။

သူတို့နှစ်ဦးရဲ့ မတူတဲ့ အဖြစ်တွေကို ဘေးကနေ ကျွန်တော် ထိုင်ကြည့်နေခဲ့တယ်။ ကျွန်တော်တို့က သားသမီးအတွက် ဘာမဆို လုပ်ပေးချင်ကြတယ်။ သူတို့ ပင်ပန်းမှာစိုးလို့ဆိုတဲ့ စိတ်နဲ့ ပိုလုပ်ပေးဖြစ်တယ်။ ခယောင်းတောလုပ်ကို လျောက်နေတာလည်း သင်ယူနည်းတစ်မျိုးပဲ ဆိုတာကို ကျွန်တော်တို့ မေ့နေတတ်ကြတယ်။ ခယောင်းတောလမ်းကို ဖြတ်ပြီးမှ အောင်မြင်မှု ပန်းတိုင်ကိုရောက်မယ်။ ပင်ပင်ပန်းပန်း ရလာတဲ့ အဲဒီအောင်မြင်မှုကမှ ပိုချိုမြိန် တယ်ဆိုတာကို ကျွန်တော်တို့ နောက်ကျမှ သိလာရတယ်။

ကျွန်တော်တို့ မိဘလုပ်တဲ့ လူတွေက ကလေးတွေရဲ့ ကျရှုံးတဲ့ အတွေ့အကြုံကို လုယူခဲ့သလို သူတို့ လုပ်နိုင်တဲ့ အရည်အချင်းကို ပြဖို့ အခွင့်အရေးကိုလဲ လုယူခဲ့တယ်။ တစ်ခြားလူ ပြောပြတဲ့ အဖြေထက် ကိုယ်တိုင် လုပ်ကြည့်မှ သိလာရတဲ့ အဖြေက ပိုတန်ဖိုးရှိတယ်။ အဖြေသိနေတဲ့ အရာတစ်ခုကို ကလေးတွေက ကြာလာရင် စိတ်မ၀င်စားတော့ဘူး။ တစ်ခုခု လုပ်တော့မယ်ဆိုရင် ကိုယ်တိုင် မစဉ်းစားတော့ပဲ လူကြီးတွေရဲ့ အကူအညီကိုပဲ စောင့်နေကြတော့တယ်။ တရုတ်ကလေးတွေက မသိတဲ့ မေးခွန်းမျိုးကြုံလာရင် အကူအညီရှာဖို့ ရပ်နေတော့တယ်။ ကိုယ်တိုင်နည်းရှာပြီး မဖြေရှင်းကြတော့ဘူး။

သားသမီးတွေကို ကျွန်တော်တို့က တစ်သက်လုံး အကာအကွယ် မပေးနိုင်ပါဘူး။ ဒါပေမယ့် ကိုယ့်ကို ဘယ်လို ကာကွယ်ရမယ်ဆိုတာကို သင်ပေးနိုင်တယ်။ လူတိုင်း အလိမ်ခံဖူးကြမှာပဲ။ အလိမ်ခံရတဲ့ ကလေးတွေကို အင်္ဂလိပ်မိဘတွေက “ကိုယ် ပထမတစ်ကြိမ် အလိမ်ခံရတာက shame on you. နောက်တစ်ကြိမ် ထပ်ခံရရင် shame on me. ကိုယ်ညံ့လို့ ခံလိုက်ရတာ။ ပထမတစ်ကြိမ် အလိမ်ခံရတဲ့ အတွေ့အကြုံကနေ သင်္ခန်းစာ မယူခဲ့လို့ ဒုတိယအကြိမ် ပြန်ခံရတာ အဲတာကြောင့် shame on me” တဲ့။

လူ့ဘ၀ရဲ့ အတွေ့အကြုံက ပေးဆပ်ပြီးမှ ရလာတာတွေပါပဲ။ သားသမီးတွေနဲ့ ကျွန်တော်တို့ တစ်သက်လုံး အတူ မနေကြရပါဘူး။ ကလေးဘ၀ ဆော့ကစားတဲ့ အရွယ်က သူတို့လေးတွေ ကိုယ်ထူကိုယ်ထဖြစ်အောင် တဖြည်းဖြည်း သွန်သင်ရမယ်။ အသစ်အဆန်း စမ်းသပ်တာကို အားပေးရမယ်။ ဘာမဆို မိဘတွေရဲ့ စိတ်ဆန္ဒ သဘောအရ လုပ်ကြရတယ်ဆိုတာမျိုး မဖြစ်စေဘဲ သူတို့ဘာသာ ဆန်းသစ်ထီထွင်တဲ့ အခွင့်အရေးကို ပေးလိုက်ပါ။ တစ်ခါလောက်တော့ လဲကျခွင့် ပေးလိုက်ပါ။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Read More...

လမ်းမှန်ရင် ခရီး မဝေးပါဘူး


(က)
လွန်ခဲ့တဲ့ ဆယ်နှစ်က ဆွေမျိုးရှိရာ အမေရိကားကို သားလေးနဲ့အတူ ကျွန်မအလည်အပတ် ရောက်ခဲ့တယ်။ မိတ်ဆွေက ကျွန်မတို့ အမေရိကားမှာ ရှိနေတဲ့အတောအတွင်း သုံးဖို့ဆိုပြီး ကလေးပုခက် တစ်ခုပေးပါတယ်။ “ဒီမှာက ကားမောင်းရင် ကလေးကို ပုခက်ထဲ ထည့်ထားရတယ်။ ဒါကလေးသုံးဖို့... အတတ်နိုင်ဆုံး မပျက်၊ မညစ်ပတ်စေနဲ့နော် အစ်မ.... ကျွန်မ သူများဆီက ငှါးလာတာ”

နှစ်ပတ်နေပြီး ကျွန်မတို့ ပြန်ခါနီးမှာ မိတ်ဆွေက သူငှားလာတယ်ဆိုတဲ့ မသစ်မဟောင်းတော့တဲ့ ကလေးပုခက်ကို ဆိုင်သွားပြီး ပြန်အပ်ခဲ့တယ်။ ဆိုင်ရှင်က ဘာမှမပြောတဲ့အပြင် တန်ဖိုးငွေကို အကုန်ပြန်ပေးခဲ့တယ်။ မိတ်ဆွေက “ဒီကဆိုင်တွေမှာ လက်ခံဖြတ်ပိုင်းရှိရင် နှစ်ပတ်အတွင်း ၀ယ်ထားတဲ့ ပစ္စည်းကို မကြိုက်ခဲ့ရင် ပြန်လှဲ ပြန်အပ်ပိုင်ခွင့်ရှိတယ်။ ဒါကြောင့် လိုတဲ့ပစ္စည်းတွေကို ကျွန်မဒီမှာ အမြဲလာ “ငှား” တယ်။ တစ်ချို့လူတွေက တီဗွီတောင် “ငှား”သေးတယ်။ အမေရိကားတွေ သိပ်တုံးတာပဲနော်။ ဒီလိုဝယ်ပြီး ပြန်အပ်တဲ့ ယိုပေါက် တော်တော်ကြီးတယ်ဆိုတာတောင် မသိကြဘူး”

(ခ)
နောက်နှစ်မှာ ကျွန်မဂျပန်ကို ရောက်ခဲ့ပြန်တယ်။ ဂျပန်မှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်း အိမ်မှာ ကျွန်မ တည်းခဲ့တယ်။ သူငယ်ချင်းက ကျွန်မသွားချင်တဲ့ နေရာကို ကားမောင်းပြီး လိုက်ပို့ခဲ့တယ်။

“လူတွေဒီလောက်များပြီး ကျပ်သိပ်နေတဲ့ တိုကျိုမှာ ကားရပ်ရတာ မခက်ဘူးလား” လို့ သူငယ်ချင်းကို ကျွန်မမေးတော့ “အဲဒီလောက် မခက်ပါဘူး။ ဒီက အစိုးရက ကားရပ်ဖို့နေရာရှိမှ ကားဝယ်ရမယ်လို့ သတ်မှတ် ထားတယ်။ ဒါကြောင့် ကိုယ်ပိုင်ကားတွေက နင်ထင်သလောက် မများပါဘူး”

“ဟာ .. ဒါဆို နင့်မှာ ကားရပ်ဖို့နေရာ ရှိတယ်ပေါ့။ ဈေးကြီးမှာပဲနော်”

“နင်လည်း ဂျပန်တွေလောက် တုံးတာပဲ.. ကားရပ်ဖို့နေရာ တစ်နေရာ အရင်ငှားပြီး ကားဝယ်လိုက်... ကားနံပါတ်ချိတ်ပြီဆိုရင် ငှားထားတဲ့နေရာကို ပြန်အပ်လိုက်ရင် ပြီးသွားတာပဲ”

နောက်ရက်တွေမှာ ဂျပန်လူမျိုး သူငယ်ချင်းတစ်ဦးက ကျွန်မကို ဧည့်ခံပါတယ်။ သူနဲ့သွားတဲ့ နေရာတိုင်း ကျွန်မတို့ရဲ့ စီးတော်ယာဉ်ကတော့ ဘတ်စ်ကားနဲ့ မြေအောက်ရထားပဲဖြစ်တယ်။ သူက ကျွန်မကို အားနာစွာနဲ့ “တိုကျိုမှာ ကားရှိဖို့ဆိုတာ လွယ်ပေမယ့် ကားရပ်ဖို့နေရာက ဈေးကြီးတယ်။ ဒါကြောင့် ငါတို့ဘတ်စ်ကားနဲ့ ရထားပဲ တိုးကြစို့နော်” လို့ ပြောတော့ ကျွန်မက သူ့ကို အရင်သူငယ်ချင်းရဲ့ အကြံကို ပေးလိုက်မိတယ်။

ကျွန်မရဲ့ အကြံကိုကြားတော့ သူဝမ်းမသာတဲ့ အပြင် “ယိုပေါက်ထဲ ၀င်ချင်ရင် နေရာတကာမှာ ယိုပေါက်တွေရှိပါတယ်။ ဥပမာ- ငါ့အိမ်ထောင်စုကို ရွာမှာနေတဲ့ ငါ့မိဘတွေစီ ခဏပြောင်းထည့်လိုက်တာနဲ့ ငါကားဝယ်လို့ရပြီ။ ဒါပေမယ့် ငါက တိုကျိုမှာပဲနေပြီး ကားရပ်ဖို့နေရာ မရှိဘဲ ကားဝယ်တယ်ဆိုရင် ဘေးပတ်ဝန်းကျင်က လူတွေ ငါ့ကို ဘယ်လိုမြင်ကြမလဲ။ အလုပ်သွားရင် ကားမောင်းသွားတဲ့ငါ့ကို လုပ်ဖော်ကိုင်ဖက်တွေက ဘယ်လို ထင်မလဲ။ သူတို့တတွေ ဒီလို မလုပ်တတ်ကြဘူး”

အမေရိကားက ၀ယ်ပြီးပစ္စည်း ပြန်လဲလှယ်ခွင့်နဲ့ ဂျပန်က ယိုပေါက်တွေဟာ “ယုံကြည်မှု” အပေါ် အခြေခံထား ခြင်းပဲဖြစ်တယ်။ “ယုံကြည်မှု” ကို အလွဲသုံးစားလုပ်ပြီး ကြာလာတော့ လူတွေက အကျင့်တွေ ပျက်လာခဲ့ တော့တယ်။ ကျွန်မနေတဲ့ တိုင်းပြည်မှာရော... အကျင့်ပျက်တွေက များလာတော့ ဒါဟာ လုပ်ရိုးလုပ်စဉ်တစ်ခုလို ဖြစ်လာခဲ့တော့တယ်။ လူတွေက “အကျင့်ပျက်”ဆိုတဲ့ နေရာမှာပဲ တ၀ဲဝဲလည် နေတော့တယ်။

(ဂ)
ကျွန်မရောမကို ရောက်ခဲ့စဉ်က ရထားစီးတော့ ရထားလက်မှတ်ဝယ်တဲ့ စက်ပဲရှိပြီး လက်မှတ်စစ်တဲ့စက် မတွေ့မိတော့ စိတ်ထဲမှာ အလိုလိုနေရင်း လူတွေ လက်မှတ်ဝယ်ကြပါ့မလားလို့ သံသယဖြစ်မိသေးတယ်။ လက်မှတ်မ၀ယ်ကြရင် သူတို့ မြတ်ပါ့မလားလို့ တွေးပူနေမိသေးတယ်။ ဒါက ကျွန်မတို့ရဲ့စိတ်နဲ့ နိုင်းပြီး တွေးလိုက်တာဖြစ်ပေမယ့် အီတလီလူမျိုးတွေက ကျွန်မတို့ ဒီလိုတွေးမိတယ်ဆိုတာကို အံ့သြနေကြဦးမယ်။ သူတို့ရဲ့ အတွေးက “ရထားစီးရင် လက်မှတ်ဝယ်ရမယ်။ လက်မှတ်မ၀ယ်ရင် ရထားမစီးဘူး။ ရထားစီးပြီး ဘာလို့ လက်မှတ် မ၀ယ်တာလဲ” ရိုးရိုးရှင်းရှင်းလေးပဲဖြစ်တယ်။

တကယ်လို့ လက်မှတ်မ၀ယ်ဘဲ ရထားစီးလို့ရလားလို့ မေးလာခဲ့ရင် စီးလို့ရပါတယ်။ ဒါပေမယ့် အကျင့်မပျက်တဲ့ အီတလီတွေကို မသိစေ၊ မမြင်စေနဲ့... တကယ်လို့ သိခဲ့ရင် သင့်ကို ပြစ်ဒဏ်ပေးဖို့ သူတို့က အရင်ဆုံး လက်မြှောက်လိမ့်မယ်။ ပြစ်ဒဏ်က လက်မှတ်ဖိုးထက် အဆများစွာကြီးသလို တိုင်းပြည်နဲ့ လူမျိုးဆိုတဲ့ ဂုဏ်ကိုတောင် ထိခိုက်နိုင်ပါတယ်။

(ဃ)
တစ်ခါက နယူးယောက်က နာမည်ကြီး ပြတိုက်တစ်ခုကို ကျွန်မတို့ သွားလည်ခဲ့တယ်။ အ၀င်လက်မှတ် ၀ယ်ရပြီး လက်မှတ်က မှုးစေ့လောက်ရှိတဲ့ ရွှေရောင်အပြားလေးပါ။ မိတ်ဆွေက ပြတိုက်ထဲကို မ၀င်ခင် “ပြတိုက်ထဲ ၀င်ပြီး အပြင်ပြန်ထွက်ချင်တဲ့ လူတွေ လက်မှတ်ကို ယူထားဦး... အထဲကို ပြန်ဝင်ချင်ရင် အဲဒီလက်မှတ် ပြန်ပြလိုက်ရုံပဲ။ တကယ်လို့ ထွက်ပြီး ပြန်မ၀င်ချင်တော့ဘူးဆိုရင် လက်မှတ်ကို တံခါးဝက မှန်သေတ္တာထဲ ထည့်လိုက်ရုံပဲ” လို့ မှာပါတယ်။ ကျွန်မက သိချင်တာနဲ့ “ ဒီလက်မှတ်ရဲ့ အရောင်နဲ့ သဏ္ဍာန်က နေ့တိုင်း ပြောင်းနေလား” လို့ မေးလိုက်တော့ မပြောင်းတဲ့အကြောင်း မိတ်ဆွေက ပြောပါတယ်။

“ဒါဆိုရင် တစ်ချို့လူတွေ လက်မှတ်ကို ပြန်မထားခဲ့ဘဲ ယူသွားပြီး နောက်ရက်မှာ ပြန်လာလို့ရတာပဲ။ ဒါမှမဟုတ် ၁၀ယောက်စာကို လက်မှတ်၅စောင်ပဲ ၀ယ်ပြီး ကျန်၅စောင်ကို ၀င်သွားတဲ့လူက ပြန်ယူထွက်လာလို့ရတာပဲ” ကိုယ့်အတွေးနဲ့ကိုယ် ပြောမိတဲ့ ကျွန်မစကားကို မိတ်ဆွေက ရီပါတယ်။

“နင်တို့ပဲ ဒီလိုတွေးကြမယ်.. ဒီကလူတွေ ဒီလိုတွေးကြမှာ မဟုတ်ဘူး။ ၀င်ရင် လက်မှတ်ဝယ်မယ်။ လည်ပတ်ပြီးလို့ ထပ်မ၀င်တော့ဘူးဆိုရင် လက်မှတ်ကို အပ်ခဲ့မယ်။ သူတို့ရဲ့ အတွေးက ရှင်းရှင်းလေး” အမေရိကားတွေက လူတိုင်းဟာ စည်းကမ်းလိုက်နာကြတဲ့ လူတွေလို့ ယုံကြည်ထားကြတယ်။ ဒါကြောင့် တံခါးဝမှာ အစောင့်တောင် မထားခဲ့ပါဘူး။ ကျွန်မရဲ့အတွေးနဲ့ ကျွန်မကိုယ်ကျွန်မ ရှက်မိပါတယ်။ ကျွန်မရဲ့ အတွေးနဲ့ ကျွန်မတို့ရဲ့ လုပ်ရပ်တွေက ကျွန်မတို့ တိုင်းပြည်မှာ ယဉ်ကျေးမှုတစ်ခု ဖြစ်လို့နေခဲ့ပါပြီ။

(င)
ကျွန်မ သင်တန်းသွားပေးတဲ့ ကုမ္ပဏီက စားသောက်ခန်းတွေဟာ သပ်ရပ်ပြီး သန့်ရှင်းပါတယ်။ အစားအစာ တွေကို ကိုယ်တိုင်ခပ်ယူ စားသောက်ရအောင် စီစဉ်ထားပေးတယ်။ ကိုယ်ကြိုက်တာ ကိုယ်ယူစားရုံပါပဲ။ သစ်သီးထားတဲ့ စင်ဖက်မှာတော့ “တစ်ဦးကို တစ်ထုပ်သာ ယူရန်” ဆိုတဲ့ စာရွက်လေးကပ်ထားပါတယ်။ အသီးတွေက ဆေးပြီးသား လှီးပြီးသားတွေပါ။ တံခါးဝမှာလည်း အစောင့် မရှိပါဘူး။ သုံးဆောင်မယ့်လူတွေက ကိုယ့်ဝန်ထမ်းကဒ်နဲ့ စက်ထဲထည့်လိုက်ရုံပါပဲ။ ကျသင့်ငွေကို လကုန်ရင် လစာထဲကနေ နှုတ်ယူပါတယ်။

ကုမ္ပဏီ အကြီးအကဲတစ်ဦးက ကျွန်မကို “၀န်ထမ်းတစ်ဦးက ထမင်းစားပြီး စက်ထဲ ကဒ်မထည့်တာ မိသွားတယ်။ ပထမတစ်ကြိမ် သတိပေးတယ်။ ဒုတိယအကြိမ်မှာ အလုပ်ထုတ်ပစ်လိုက်တယ်” လို့ပြောပြပါတယ်။ ယုံကြည်မှုကို တည်ဆောက်ဖို့ရာ မလွယ်ကူသလို တန်ဖိုးလည်း ကြီးမားပါတယ်။

တစ်ဦးကို တစ်ဦး ယုံကြည်မှုမြင့်လေလေ ကြီးကြပ်မှုက နည်းလေလေပါပဲ။ ယုံကြည်မှုရှိ လေလေ နှစ်ဦးနှစ်ဖက် အဆင်ပြေလေလေ အလုပ်လုပ်ရာမှာ လွယ်ကူ မြန်ဆန်ပြီး စိတ်ချမ်းသာ လေလေပါပဲ။ လျောက်ဖို့လမ်းက ရွေးတာ မှန်သွားပြီဆိုရင် ခရီးဝေးမှာကို မကြောက်တော့ပါဘူး။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

အပေါ်က ဘာသာပြန်နဲ့ မဆိုင်တဲ့ ကျွန်မရဲ့ ဖြစ်ရပ်တစ်ခုကို ပြောပြချင်ပါတယ်။ ကျွန်မဒုတိယနှစ် အရောက်မှာ သူငယ်ချင်း တစ်ယောက်က အကြောင်းအမျိုးမျိုး ကြောင့် မြန်မာပြည်ကို အပြီးပြန်ဖို့ စီစဉ်ပါတယ်။ သူမပြန်ခင်မှာ ဖုန်းတွေ အဆက်မပြတ် ပြောနေတာကို တွေ့လိုက်မိတယ်။ သူပြန်ပြီး မကြာပါဘူး။ ဖုန်းဘေလ်တွေ ရောက်လာခဲ့တယ်။ ဖုန်းဘေလ်တွေက တစ်လမှာတစ်စောင် ပို့ရကနေ တစ်လကိုနှစ်စောင် ပို့လာပါတယ်။ ကျွန်မတို့က အဆောင်မှာ တစ်ခန်းတည်း နေကြတာဆိုတော့ သူ့စာကို ကျန်တဲ့လူတွေက ဖောက်ကြည့်ကြပါတယ်။ လား...လား.... ဖုန်းဖိုးတွေ ထိုင်ဝမ်ငွေ တစ်သောင်းကျော်ပါတယ်။ ဒီနိုင်ငံကို ငါပြန်မလာတော့ဘူးဆိုတဲ့ အတွေးနဲ့ ဖုန်းဘေလ်တွေ သူမဆောင်ခဲ့ဘဲ ဒီအတိုင်း ထားသွားခဲ့တယ်။ နောက်တော့ ဖုန်းကုမ္ပဏီက တရားရုံးကနေ စာတွေပို့တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဘယ်လိုပဲ ပို့ပို့ အဲဒီစာတွေကို သူလက်ခံ ရရှိတော့မှာ မဟုတ်ဘူးဆိုတာ သူတို့မသိခဲ့ပါဘူး။

အရင် ကျွန်မတို့ ရောက်စက ဖုန်းတစ်လုံးဝယ်ရမှာ အရမ်းလွယ်ပါတယ်။ ပတ်စပို့ ဒါမှမဟုတ် ကျောင်းသားကဒ် ပြလိုက်ရုံပါပဲ။ နောက်တော့ ဖုန်းဝယ်ဖို့က ဘဏ်စာရင်းတွေ၊ စာရွက်စာတမ်းတွေပါ လိုလာပါတော့တယ်။ မြန်မာပြည် ကျောင်းသားဆိုရင် လူတွေက သိပ်အယုံအကြည် မရှိတော့သလိုပါပဲ။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်ကုန်တာလား... ငါးပုပ်တွေထဲ ငါးခုံးမကို ထည့်မိတာလားတော့ မသိပါဘူး။

ကျွန်မဒီကို မလာခင် ဖုန်းတွေ၊ အင်တာနက်ကြေးတွေ လိုက်သွင်း လိုက်အပ်တော့ သူငယ်ချင်းတစ်ယောက်က ဒီတိုင်းပြည်ကို နင်ပြန်လာတော့မှာမှ မဟုတ်တာ ဒီလောက် တာဝန်တွေကျေပြီး လိုက်လုပ်စရာ မလိုပါဘူး။ နင်မသွင်းခဲ့လည်း နင့်ကို သူတို့ လိုက်မရှာနိုင်တော့ပါဘူး လို့ပြောပါတယ်။ တာဝန်ကျေတယ် မကျေတယ်.. အသိတရားရှိတယ် မရှိတယ်လို့ လူတွေရဲ့ အချီးကျူးနဲ့ အပြောကိုခံရဖို့ထက် ကိုယ်ဘာလုပ်နေတယ်ဆိုတာကို ကိုယ်သိဖို့ ကိုယ့်လိပ်ပြာကို ကိုယ်လုံလုံ ၀တ်ထား ဖို့ပဲလိုတယ် ဆိုတာ သူငယ်ချင်းကို ကျွန်မ မပြောဖြစ်ခဲ့ပါဘူး။

Read More...

ပိုလာဝက်ဝံရဲ့ ပုံပြင်


မြောက်ဝင်ရိုးစွန်းမှာနေတဲ့ ပိုလာဝက်ဝံရဲ့ ပုံပြင်တစ်ပုဒ်ကို ကြားဖူးပါသလား.... ?
အေးခဲတဲ့ မြောက်ဝင်ရိုးစွန်းမှာ ပိုလာဝက်ဝံတွေဟာ ဘုရင်တစ်ဆူလိုပဲ။ ဒါပေမယ့် အက်စကီးမိုး လူမျိုးတွေက ဘာမှ အင်အားထုတ်စရာ မလိုဘဲ အဲဒီဝက်ဝံတွေကို ဖမ်းနိုင်တယ်။

ဘယ်လိုဖမ်းသလဲဆိုတော့ အက်စကီးမိုးတွေက ဖျံတစ်ကောင်ကို အရင်သတ်လိုက်ပြီး ဖျံရဲ့သွေးကို ပုံးတစ်ခုထဲ ထည့်ထားလိုက်တယ်။ အသွားနှစ်ဖက်ပါတဲ့ ဓါးမြှောင်ကို သွေးထဲမှာ စိုက်ထားလိုက်တယ်။ အရမ်းအေးတဲ့အတွက် ဖျံသွေးဟာ အချိန်တိုအတွင်းမှာ ခဲသွားပါတယ်။ အဲဒီခဲသွားတဲ့ ဓါးမြှောင်ပါတဲ့ ဖျံသွေးကို ပုံးထဲကထုတ်ပြီး ရေခဲပြင်မှာ ပစ်ထားလိုက်ရုံပါပဲ။

ဝက်ဝံတွေက သွေးအရမ်းကြိုက်တယ်။ အဲဒီအကြိုက်ကပဲ သူတို့ကို သေမင်းလက်ထဲ ရောက်စေခဲ့တယ်။ အနံ့ခံကောင်းတဲ့ သူတို့ဟာ သွေးညှီနံ့ကို အဝေးကြီးကတောင် ရနိုင်ပါတယ်။ အက်စကီးမိုးတို့ ပစ်ထားတဲ့ သွေးခဲကို ခြေရာခံပြီး တွေ့တာနဲ့ အငမ်းမရ လျှာနဲ့ စတင်လျက်ပါတော့တယ်။ လျက်ရင်း လျက်ရင်း လျှာခဲသွားလည်း အစာကောင်းကို လက်မလွတ်ချင်တာနဲ့ ဆက်လျက်ပါတယ်။ အဲဒီနောက် ခဲနေတဲ့သွေးက ပိုချိုလာတယ်။ ပိုလတ်ဆတ်လာတယ်။ ပိုပူနွေးလာတယ်ဆိုကို သတိမထားမိတော့တဲ့ အထိပါပဲ။

လျက်လေ အရသာရှိလေ၊ အရသာရှိလေ လျက်လေနဲ့ သူတို့ရဲ့သွေးကို သူတို့ သောက်နေမိမှန်းတောင် မသိကြတော့ပါဘူး။ အကြောင်းက သွေးခဲအလယ်မှာ စိုက်ထားတဲ့ ဓားက လျက်နေတဲ့ သူတို့လျှာကို လှီးဖြတ်နေခဲ့လို့ပဲ။ အအေးဓာတ်ကြောင့် ထုံနေတဲ့ လျှာက နာကျင်တာကို မခံစားမိတော့ဘူး။ အနံ့ခံကောင်းတဲ့ နှာခေါင်းက လတ်ဆတ်တဲ့ သွေးနံ့ရလေ လျက်နှုန်းက မြန်လေလေ နောက်တော့ ကိုယ့်သွေးကို ကိုယ်ပြန်သောက်နေမိတော့တယ်။ နောက်ဆုံးတော့ သွေးထွက်လွန်ပြီး မူးလဲသွားပါတယ်။ အဲဒီအချိန်မှာ အက်စကီးမိုးတွေက သူတို့ကို ဘာအင်အားမှ မသုံးဘဲ ဖမ်းလိုက်ရုံပါပဲ။

ဘ၀ရဲ့ ပျော်ရွှင်ခြင်းတွေကို ရှာဖွေတဲ့အချိန်မှာ အတွေးအခေါ်၊ အယူအဆတွေ လွဲမှားခဲ့ရင် ကျွန်တော်တို့ဟာလည်း ပိုလာဝက်ဝံနဲ့ တူသွားနိုင်တယ်။ တစ်ချို့လူတွေက အလုပ်ချိန် များများလုပ်လေ ပိုအောင်မြင်လေလေ ၀င်ငွေများများ ရလေလေလို့ ထင်တတ်ကြတယ်။ ဒါပေမယ့် သူတို့မှာ အဲဒီငွေကြေးကို ဖြုန်းဖို့ အချိန်မရှိခဲ့ကြဘူး။ တစ်ချို့က အဲဒီငွေကြေးကို ဘယ်လိုသုံးရမယ်မှန်း မသိကြဘူး။

ဝင်ငွေများလာတာနဲ့နည်းတူ တစ်ဖက်မှာလည်း တစ်ချို့အရာတွေကို သူတို့ဆုံးရှုံး ကြရတယ်။ လူ့ဘ၀ရဲ့ တန်ဖိုးအရှိဆုံး အရာဖြစ်တဲ့ မိသားစုနဲ့အတူနေတဲ့ အချိန်တွေ၊ နွေးထွေးတဲ့ မိဘမေတ္တာငတ်နေတဲ့ သားသမီးတွေ၊ လူမှုရေး၊ ကျန်းမာရေး၊ လူတစ်ဖက်သားကို ကူညီဖို့အရေး ဆိုတာကိုတောင် သူတို့ မေ့နေခဲ့ကြတယ်။

အမေရိကားရဲ့ အပတ်စဉ် ဂျာနယ်တစ်ခုက အငြိမ်းစားယူကုန်ကြတဲ့ ထိပ်သီးစီးပွါးရေး ပညာရှင် ဆယ်ဦးကို မေးခွန်းမေးပြီး စာရင်းလုပ်ခဲ့ဖူးတယ်။ မေးခွန်းက “ တကယ်လို့ ဘ၀ကို အသစ်ပြန်စရရင် သင်အမျှော်လင့်ဆုံးနဲ့ လက်မလွတ်ချင်ဆုံးအရာက ဘာလဲ” တဲ့။ ပညာရှင် ခုနှစ်ဦးက တူညီတဲ့ အဖြေကိုပေးခဲ့ပါတယ်။ အဖြေက “ တကယ်လို့ ဘ၀ကို အသစ်ပြန်စရရင် သားသမီးတွေနဲ့ အတူနေတဲ့ အချိန်ကို လက်မလွတ် ချင်ဆုံးပါ” လို့ ပြန်ဖြေခဲ့ကြတယ်။

တစ်ချို့လူတွေက ဆုံးဖြတ်ပြီးရင် နောင်တမရဘူးလို့ ပြောတတ်ကြတယ်။ ဒါပေမယ့် မဆုံးဖြတ်ခင် သေချာ မစဉ်းစားခဲ့ရင် နောက်ဆုံးတော့ နောင်တ ရကြစမြဲပါပဲ။ ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတစ်ယောက်က ပြောဖူးပါတယ်။ ငွေဟာ ရှာလို့မကုန်နိုင်တဲ့ အရာပါတဲ့... ရှာလေလေ ရလေလေ လိုချင်လေလေ နောက်ဆုံးတော့ လုံလောက်ပြီလို့ မထင်ဘဲ ငွေနောက်ကိုပဲ ကောက်ကောက်ပါ ကုန်ကြတယ်တဲ့။ ကျွန်တော်တို့ဟာ ပိုလာဝက်ဝံလို ကိုယ့်သွေးကို သောက်ပြီး ပျော်နေကြတဲ့လူ ဖြစ်နေခဲ့ပြီလား...

တင်းတိမ် ရောင့်ရဲနိုင်တဲ့လူက ဘယ်တော့မှ မဆင်းရဲဘူး။ မတင်းတိမ်နိုင်တဲ့လူက အမြဲ ဆင်းရဲနေတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Read More...

ရောင်ပြန်


(၁)
တစ်နေ့မှာ လူတစ်ယောက်ဟာ chattingမှာ ခင်တဲ့ ကောင်မလေးနဲ့ ချိန်းခဲ့တယ်။ အဲဒီကောင်မလေးကို သူ မမြင်ဖူးသေးတော့ အရုပ်ဆိုးဆိုး ကောင်မလေးဖြစ်မှာ စိုးတာနဲ့ သူ့ သူငယ်ချင်းတစ်ယောက်ကို ကောင်မလေးနဲ့တွေ့ပြီး ၁၀မိနစ်အကြာမှာ သူ့ဟမ်းဖုန်းကို ဆက်ဖို့မှာခဲ့တယ်။ ဒါမှ သူလစ်ထွက်လို့ အဆင်ပြေမယ်လေ။

ဒီလိုနဲ့ ချိန်းထားတဲ့ နေရာရောက်တော့ ကောင်မလေး ချောချောဖြစ်နေတာကို တွေ့လိုက်တယ်။ ဒါနဲ့ ဖုန်းမမြည်ပါစေနဲ့လို့ သူကျိတ်ပြီး ဆုတောင်းလိုက်တယ်။ ဒါပေမယ့် အဲဒီအချိန်မှာ မမျှော်လင့်ဘဲ ကောင်မလေးရဲ့ဖုန်းကမြည်လာတယ်။ ၂မိနစ်လောက် စကားပြောပြီး ကောင်မလေးက သူ့ဖက်လှည့်ပြီး “ ဆောရီးနော်... အရေးကြီးတဲ့ ကိစ္စရှိလို့ ကျွန်မကို သွားခွင့်ပြုပါဦး” တဲ့။

(၂)
ဝိုင်အရမ်းကြိုက်တဲ့ သူဌေးတစ်ယောက်က ညအိပ်ယာဝင်တိုင်း ၀ိုင်တစ်ခွက် သောက်လေ့ရှိတယ်။ အခုတစ်လော သူသောက်နေကျဝိုင်က လျော့လျော့လာလို့ အိမ်ကအစေခံ ခိုးသောက်တယ် အထင်နဲ့ ၀ိုင်ထဲကို ကျင်ငယ်ရေရောလိုက်တယ်။ ကျင်ငယ်ရေ ရောထားလည်း ၀ိုင်က လျော့နေတုန်းပဲမို့ သူဌေးက စိတ်ဆိုးပြီး အစေခံကို ခေါ်မေးပါတော့တယ်။ “ကျွန်တော် မခိုးသောက်ရပါဘူး” အစေခံက ငြင်းပါတယ်။ ဆက်ပြီး “ သူဌေးမင်းကို ဟင်းကောင်းတွေ ချက်ကျွေးချင်လို့ ဟင်းကြော်တဲ့အချိန် ၀ိုင်နည်းနည်းထည့်မိတာပါ” လို့ ဖြေပါတယ်။

(၃)
လူတစ်ယောက်က ဘားတစ်ခုမှာ ဘီယာသောက်နေတုန်း အပေါ့သွားချင်လာတာနဲ့ အိမ်သာသွားမလို့ လုပ်ရင်း သူ့ဘီယာကို တခြားလူ ခိုးသောက်မှာစိုးတာနဲ့ “ဘီယာထဲ တံထွေး ထွေးထည့်ထားတယ်” လို့ စာရေးကပ်ထားလိုက်တယ်။ အပေါ့သွားပြီး ပြန်လာတော့ သူ့စာဘေးမှာ “ငါလည်း ထွေးထည့်လိုက်ပြီ” လို့ရေးထားတဲ့ စာကိုတွေ့လိုက်တယ်။

သူတစ်ပါးကို ပေးတဲ့အရာက ကိုယ့်အတွက် ဖြစ်သွားတတ်တယ်။ မှန်ကြည့်နေတဲ့ လူတစ်ယောက်လိုပေါ့။ ကိုယ်ပြုံးရင် မှန်ထဲက လူလည်းလိုက်ပြုံးတယ်။ ကိုယ်မဲ့ရင် လိုက်မဲ့တယ်။ ဒါကြောင့် ကဗျာဆရာ W.H.Auden က “မကောင်းတာလုပ်တဲ့လူဟာ မကောင်းတာကိုပဲ ပြန်ရမယ်” တဲ့။ လူတစ်ပါးကို ချောက်တွန်းရင် ကိုယ်လည်း တစ်နေ့ ပြန်အတွန်းခံရမှာ မလွဲဘူး။ လူတွေကို ပျော်ရွှင်တာတွေပေးရင် ကိုယ်လည်း ပျော်ရွှင်တာပြန်ရမယ်။ လူတွေကို ချီးကျူးရင် ကိုယ်လည်း တစ်နေ့ ပြန်အချီးကျူးခံရမယ်။ (ဤနေရာတွင် မြှောက် ဖား ပင့် ကော်လို့ မထင်စေချင်) “သူ့ကိုပေးတာဟာ နောက်တော့ ကိုယ့်အတွက်ပဲ ဖြစ်သွားတတ်တယ်”

(၄)
လယ်သမားတစ်ဦး စိုက်ထားတဲ့ ပြောင်းဖူးက အသီးနှံပြိုင်ပွဲမှာ နှစ်တိုင်းဆုရတယ်။ ရတဲ့ဆုကို တစ်ခြားလယ်သမားတွေကို သူအမြဲမျှဝေခဲ့တယ်။ ဘာကြောင့်လဲလို့ လူတွေက မေးတော့ “၀တ်မှုန်တွေက လေကြောင့် အရပ်လေးမျက်နှာပြန့်နေတယ်။ တကယ်လို့ ကျွန်တော့်ခြံဘေးက လယ်သမားတွေဟာ မျိုးမကောင်းတဲ့ ပြောင်းဖူးကို စိုက်ခဲ့ရင် ကျွန်တော့်စိုက်ထားတဲ့ ပြောင်းဖူးကိုလည်း ထိခိုက်နိုင်တယ်။ မျိုးကောင်းမျိုးသန့်တွေကို သူတို့စိုက်ခဲ့လို့ ကျွန်တော်ဝမ်းသာပါတယ်။ ဆုတွေက ကျွန်တော့်အတွက်ဖြစ်သလို သူတို့အတွက်လည်းဖြစ်ပါတယ်” လို့ ပြန်ဖြေခဲ့တယ်။

လူတွေရဲ့ မေတ္တာကိုလိုချင်ရင် လူတွေကို မေတ္တာအရင်ထားတတ်ရမယ်။
ဂရုစိုက်တာခံချင်ရင် လူတွေကို အရင်ဂရုစိုက်တတ်ရမယ်။
အရာအားလုံးဟာ ရောင်ပြန်ဟပ်စမြဲပဲလေ..

နိုင်းနိုင်းစနေ ဘာသာပြန်သည်

Read More...

လူဆင်းရဲ လူချမ်းသာ


ဘရာဇီးရှိ ဆင်းရဲသားရပ်ကွက်တစ်ခုတွင် အလွန်ဆင်းရဲသော ကလေးငယ် တစ်ဦးရှိသည်။ သူသည် ဘောလုံးကန်ခြင်းကို အလွန်အမင် နှစ်သက်သော်လည်း ဘောလုံး မ၀ယ်နိုင်သောကြောင့် ဗူးခွံ၊ ပုလင်းခွံနှင့် အမှိုက်ပုံမှ ကောက်လာသော အုန်းခွံများဖြင့်သာ ဆော့ကန်ကစားခဲ့သည်။ အခြား ကလေးငယ်များနှင့်အတူ ဘောလုံးကန်ချင်သော်လည်း ဆင်းရဲသော သူ့ကို အဖက်မလုပ်ကြသောကြောင့် သူသည် အားတိုင်း ကွင်းပြင်ကျယ်ကြီးတစ်ခုတွင် တစ်ယောက်တည်း ကစားခဲ့ရသည်။

တစ်နေ့တွင် သူသည် ကောက်လာသော အခွံများကို သဲသဲမဲမဲကန်နေခိုက် ဘောလုံးနည်းပြ ဆရာတစ်ဦးက တွေ့သွားခဲ့သည်။ သနားစရာကောင်းသော သူအား နည်းပြက ဘောလုံးတစ်လုံး လက်ဆောင်ပေးခဲ့သည်။ ဘောလုံးတစ်လုံး ပိုင်ဆိုင်သည့်နောက်ပိုင်း ဘောလုံးကစားခြင်းကို သူပိုလေ့ကျင့်ခဲ့သည်။

အဝေးတစ် နေရာတွင် တည်ထားသော ရေပုံးထဲသို့ ဘောလုံးကို ကန်သွင်းနိုင်သည်အထိ သူကြိုးစားခဲ့သည်။ တစ်နေ့တွင် ဘောလုံးလက်ဆောင် ပေးခဲ့သောနည်းပြက သူ့အား ခေါ်ယူပြီး လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပေးခဲ့သည်။ နောင် ၃နှစ်အကြာတွင် ၁၇နှစ်အရွယ် ဤဆင်းရဲသား ကလေးသည် ဆဋ္ဌမအကြိမ်မြောက် ကမ္ဘာ့ဖလားတွင် ဘောလုံး ၂၁ လုံးကို သွင်းနိုင်ခဲ့သည်။ ဘရာဇီးနိုင်ငံအတွက် ပထမဆုံးသော ဒိုင်းဆုကို အောင်မြင်စွာ ဆွတ်ခူးပေးနိုင်ခဲ့သည်။ လူမသိ သူမသိ ဆင်းရဲသား ကလေးမှာ ကမ္ဘာကျော် ဘရာဇီး ဘောလုံးချန်ပီယံ “ပီလီ” ပင်ဖြစ်သည်။

ဆင်းရဲ ချမ်းသာမရွေး လူတိုင်းမှာ အိပ်မက်ဆိုတာရှိတယ်။ ယုံကြည်မှု ဆိုတာရှိတယ်။ လူတွေက အတန်းအစား အမျိုးမျိုးခွဲပြီး လူချမ်းသာတွေက ဆင်းရဲသားတွေနဲ့ မပေါင်းဖက်ချင်ကြဘူး။ မင်းဆိုးတွေက ပြည်သူတွေကို နှိမ်ကြတယ်။ တကယ်တန်းတော့ ဆင်းရဲတာနဲ့ ချမ်းသာတာဟာ ဘာမှ ကွဲပြားမှုမရှိပါဘူး။

လူတစ်ယောက်ဟာ ဘယ်လောက်ပဲ ဆင်းရဲနေပါစေ သူမှာ ရိုးသားမှုတွေရှိတယ်၊ နိုင်လိုညှင်းဆဲမှုတွေ မရှိဘူးဆိုရင် လမ်းတွေ ဘယ်လောက် ကြမ်းကြမ်း သူဟာ တစ်နေ့တော့ အောင်မြင်မှာပဲ။ ဆင်းရဲပေမယ့် ကြိုးစားတယ်ဆိုရင် ဘုရားသခင်က သူ့ကိုလျှစ်လျှူရှူ မထားပါဘူး။ နွံထဲက ကြာလို ၀ိုင်းဝန်းလှပအောင် သူပွင့်လန်းနိုင်မှာပါ။ ပစ္စည်းဥစ္စာ ချမ်းသာတဲ့ လူတွေမှာ ကိုယ်ချင်းစာစိတ်၊ အကြင်နာ မေတ္တာတရားတွေ မရှိခဲ့ဘူးဆိုရင် သူတို့ဟာ ဆင်းရဲသားတွေထက် ပိုဆင်းရဲပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Read More...

ကုန်သည်ကြီးနှင့် ဇနီးလေးဦး


တစ်ခါက အလွန်ဌေးသော ကုန်သည်ကြီးတစ်ဦးတွင် ဇနီးလေးဦးရှိသည်။
ကုန်သည်ကြီးသည် နံပါတ်(၄)ယောက်မြောက် ဇနီးကို အလွန်ချင်ခင် မြတ်နိုးပြီး သွားလေရာတွင် လိုက်ပါစေခဲ့သည်။ ထိုဇနီး၏ နေ့စဉ် တစ်ကိုယ်ရေ သန့်ရှင်းရေး၊ နေဖို့ ၊ စားဖို့ အရေးများကို ကုန်သည်ကြီးကိုယ်တိုင် လုပ်ဆောင်ပေးရသည်။ သူမ စားချင်သော၊ ၀တ်ချင်သော အရာများကို ကုန်သည်ကြီးက ၀ယ်ပေးပြီး အလိုလိုက် ချစ်မြတ်နိုးခဲ့သည်။

နံပါတ်(၃)ဇနီးမှာ ပျိုတိုင်းကြိုက်သော နှင်းဆီခိုင်ဖြစ်ခဲ့ဖူးသည်။ ကုန်သည်ကြီးက သူမ၏ အချစ်ကို လူအများနှင့် ခက်ခက်ခဲခဲ ပြိုင်ဆိုင်ပြီးမှ သူမကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူမအား ကုန်သည်ကြီးက အမြဲဂရုစိုက်ရသည်။ သူမအတွက် ချစ်ခင်နှစ်လိုဖွယ် ကောင်းသော စကားများကို အမြဲပြောရသည်။ သူမအတွက် လှပသော အိမ်ဆောက်ပေးရသည်။

ဒုတိယဇနီးမှာ ကုန်သည်နှင့် အပြောအဆို အတည့်ဆုံးဖြစ်သည်။ ကုန်သည်ကြီး စိတ်ညစ် စိတ်ပျက်ချိန်များ၊ အခက်အခဲ ကြုံချိန်များတွင် သူမအား အမြဲရင်ဖွင့်ခဲ့သည်။ သူမသည် ကုန်သည်ကြီးအား နှစ်သိမ့်ပေးခြင်းဖြင့် အပူအပင်များကို မျှဝေခဲ့သည်။ သူမနှင့် အတူနေချိန်သည် ကုန်သည်ကြီးအတွက် အရာရာ ပြီးပြည့်စုံနေခဲ့သည်။

ကုန်သည်ကြီးသည် ထိုဇနီးသုံးဦးကို အလွန်ချစ်သော်လည်း ပထမ မယားကိုမှု လျှစ်လျူရှူထားမိသည်။ သူမနှင့်လည်း အတွေ့နည်းခဲ့သည်။ သို့သော် အိမ်ရှိ ဝေယျဝစ္စအားလုံးမှာ သူမသာ လုပ်ကိုင်ရသည်။ တာဝန်ဝတ္တရား အားလုံး၏ ပင်ပန်းဒဏ်ကို ခံရသော်လည်း သူမသည် ကုန်သည်ကြီး၏ ဂရုစိုက်မှုနှင့် အယုအယကို မခံခဲ့ရပေ။

တစ်နေ့တွင် ကုန်သည်ကြီးသည် နေရပ်ဒေသကို စွန့်ပြီး အဝေးဆုံးသို့ ခရီးသွားရမည်ဖြစ်သည်။ သွားခါနီးတွင် ကုန်သည်ကြီးက နံပါတ်(၄) ဇနီးအား “ ငါမသွားမနေ သွားရတော့မယ်။ ငါနဲ့ အတူလိုက်ခဲ့ပါလား” ဟု တောင်းဆိုသည်။ ဇနီးသည်က “ ကျွန်မ မလိုက်ချင်ဘူး” ဟု ငြင်း၏။ ထိုအဖြေကို ကြားသော် ကုန်သည်ကြီးမှာ ထူးဆန်းအံ့သြသွားပြီး နားမလည်ဟန်ဖြင့် “နင့်ကို ငါအဲဒီလောက်ချစ်ခဲ့ အလိုလိုက်ခဲ့တယ်။ နင်လိုချင်သမျှ၊ လုပ်ချင်သမျှ ငါအကုန်လုပ်ပေးခဲ့တယ်။ ငါတို့ဘယ်တော့မှ မခွဲဘဲ တစ်တွဲတွဲနေလာခဲ့တယ်။ အခုတော့ ဘာဖြစ်လို့ ငါ့နောက်မလိုက်နိုင်ရတာလဲ” ဟု မေးပြန်သည်။

“ရှင်ဘာပြောပြော ကျွန်မလုံးဝ မလိုက်နိုင်ဘူး” ဟု အပြတ်ငြင်းလိုက်သည်။

ကုန်သည်ကြီးက သူမအား ဆက်မမေးတော့ဘဲ နံပါတ်(၃) ဇနီးကိုခေါ်၍ မေးပြန်သည်။ နံပါတ်(၃) ဇနီးက “ရှင်အရမ်းချစ်တဲ့ နံပါတ်(၄)တစ်ယောက်တောင် ရှင်နဲ့ မလိုက်နိုင်ဘူး။ ကျွန်မက ဘာလို့ လိုက်ရမလဲ” ဟု ငြင်းပြန်သည်။ ထိုအခါ ကုန်သည်ကြီးက ဒုတိယဇနီးကို ခေါ်၍ မေးပြန်သည်။ ဒုတိယဇနီးက “အင်း... ရှင်သွားတော့ ကျွန်မလည်း စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမယ့် ရှင့်ကို မြို့ပြင်အထိပဲ ကျွန်မ လိုက်ပို့ပေးနိုင်မယ်။ ပြီးတော့ ရှင်ဘာသာရှင် ဆက်သွားပေါ့” ဟု ပြောသည်။

ဒုတိယဇနီးလည်း မလိုက်နိုင်သောအခါ ကုန်သည်ကြီးက ပထမဇနီးကို သတိရလာမိသည်။ ထို့ကြောင့် သူမအားခေါ်၍ မေးပြန်သည်။ “ရှင်ဘယ်သွားသွား၊ ပျော်သည်ဖြစ်စေ၊ စိတ်ညစ်သည်ဖြစ်စေ ရှင့်နောက် ကျွန်မ မခွဲမခွာလိုက်ခဲ့မယ်။ ဘယ်လောက်ဝေးတဲ့ ခရီးပဲဖြစ်ဖြစ် ကျွန်မ တဖ၀ါးမှ မခွာပါဘူး” ဟု ပြောသည်။ ထိုအချိန်ကျမှ သူနှင့်မခွဲ အမြဲထာဝစဉ်နေသောသူမှာ ပထမဇနီးဖြစ်ကြောင်း သိလိုက်ရသည်။

ကုန်သည်ကြီးသွားမည့် နေရာကား မရဏတိုင်းပြည်ဖြစ်သည်။

နံပါတ်(၄) ဇနီးမှာ ကုန်သည်ကြီး၏ ခန္ဓာကိုယ်ဖြစ်သည်။ လူများက မိမိ၏ ခန္ဓာကိုယ်အား တန်ဖိုးထားကြသည်။ ခန္ဓာကိုယ်အား အဖိုးတန် အ၀တ်တန်ဆာများဖြင့် ဆင်မြန်းကြပြီး ခန္ဓာကိုယ်၏ တောင့်တသမျှ အရာကို ပေးကြသည်။ ဤတန်ဖိုးထား မြတ်နိုးသော ခန္ဓာကိုယ်မှာ နံပါတ်(၄) ဇနီးကဲ့သို့ပင် လူသေဆုံးသော် ခန္ဓာက မပါနိုင်ခဲ့ပေ။

နံပါတ်(၃) ဇနီးမှာ ဥစ္စာဓနဖြစ်သည်။ ပင်ပင်ပန်းပန်း ရှာဖွေထားသော အဖိုးတန်ပစ္စည်းများ၊ စုဆောင်းထားသော ပစ္စည်းများသည် သေသော် စိုးစိမျှ ပါမသွားနိုင်ခဲ့ပေ။ ပါသွားနိုင်သော အရာမှာ ထိုပစ္စည်းများကို ပင်ပင်ပန်းပန်း ရှာဖွေခဲ့စဉ်က အတ္တများသာဖြစ်သည်။

ဒုတိယ ဇနီးမှာ မိတ်ဆွေ သူငယ်ချင်းများဖြစ်သည်။ အသက်ရှင်နေသော လူ့ဘ၀တွင် တစ်ဦးနှင့် တစ်ဦးရိုင်းပင်း ကူညီမှု ရှိသင့်သည်။ တစ်ဦးအပေါ် တစ်ဦး မေတ္တာထားသင့်သည်။ လူသေသော် မိတ်ဆွေ သူငယ်ချင်းများက ခေတ္တခဏသာ စိတ်မကောင်းဖြစ်ကြသည်။ “သေသောသူ ကြာရင်မေ့” ဆိုသော စကားအတိုင်း ကြာသော် မေ့ပျောက်ကုန်ကြသည်။

ပထမဇနီးမှာ ကျွန်တော်တို့၏ ၀ိညာဉ်ပင်ဖြစ်သည်။ ၀ိညာဉ်သည် အမြဲမခွာ သေသော်လည်းအပါးတွင် ရှိနေသည်။ ကျွန်တော်တို့နှင့် အလွန်ရင်းနှီးသော်လည်း သူအား လျှစ်လျူရှူထားမိသည်။ ကျွန်တော်တို့၏ အာရုံကား ဓနဥစ္စာနှင့် ထိတွေ့နိုင်သော ဒြပ်ဝတ္ထုပေါ်တွင်သာ ရောက်နေခဲ့သည်။ မမြင်ရသော ၀ိညာဉ်သာလျှင် ကျွန်တော်တို့နှင့် အမြဲ အတူရှိနေခဲ့သည်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Read More...

အပြင်သဏ္ဍာန်နဲ့ အကဲမဖြတ်လေနဲ့


လွန်ခဲ့သော နှစ်ပေါင်း အနည်းငယ်ခန့်က သာမန်အ၀တ်အစား ၀တ်ဆင်ထားသော ဇနီးမောင်နှံနှစ်ဦးသည် အချိန်းအဆက် လုပ်ထားခြင်းမရှိဘဲ ဟာ့ဗသ်တက္ကသိုလ် (Harvard University) ၏ ကျောင်းအုပ်ကြီးနှင့် တွေ့ဆုံရန် သွားရောက်ခဲ့သည်။ ကျောင်းအုပ်ကြီး၏ အတွင်းရေးမှူးက မွဲပြာသော ချည်ထည်များကို ၀တ်ဆင်ထားသော ဤတောသားနှစ်ဦးမှာ တက္ကသိုလ်အတွက် အကျိုးရှိမည့်အလုပ် လာရောက် ဆွေးနွေးခြင်း မဖြစ်နိုင်ဟု ခန့်မှန်းမိသည်။ လင်ယောက်ျားဖြစ်သူက ရိုကျိုးစွာဖြင့် “ ကျွန်တော်တို့ ကျောင်းအုပ်ကြီးနဲ့ တွေ့ချင်လို့ပါ” မေးသော် အတွင်းရေးမှူးက စိတ်မရှည်ဟန်ဖြင့် “ ကျောင်းအုပ်ကြီး တစ်နေကုန် အလုပ်များနေတယ်” ဇနီးသည်က “ ကိစ္စမရှိပါဘူး။ ကျွန်မတို့ စောင့်ပါ့မယ်” ဟုပြောကာ စောင့်နေတော့သည်။

သို့နှင့် အချိန်များ တစ်ရွေ့ရွေ့ ကုန်ဆုံးသွားသော်လည်း အတွင်းရေးမှူးက သူတို့အား ဂရုမစိုက်ခဲ့ပေ။ မစောင့်နိုင်ဘဲ ပြန်သွားရန်သာ မျှော်လင့်နေခဲ့သည်။ သို့သော် ဇနီးမောင်နှံနှစ်ဦးမှာ ထိုင်ရာမှ မထ စောင့်မြဲ စောင့်နေခဲ့သည်။ နောက်ဆုံးတွင် ကျောင်းအုပ်ကြီးအား အကြောင်းကြားလိုက်သည်။ ကျောင်းအုပ်ကြီးမှာ စိတ်အနှောင့်အယှက်ဖြစ်ဟန်ဖြင့် သူတို့နှစ်ဦးအား စိတ်မပါ တပါ လက်ခံ စကားပြောဆိုခဲ့သည်။

ဇနီးသည်က “ ကျွန်မရဲ့သားက ဒီတက္ကသိုလ်မှာ ၁နှစ် ကျောင်းနေခဲ့ဖူးတယ်။ ဒီကျောင်းကို သား အရမ်း ကြိုက်ခဲ့တယ်။ ဒီကျောင်းမှာ တက်ရတာ သူပျော်ခဲ့တယ်။ ဒါပေမယ့် မနှစ်က ကံမကောင်းစွာနဲ့ သားလေး မတော်တဆ သေဆုံးသွားခဲ့ရတယ်။ သားလေး သေဆုံးပြီးနောက် ခင်ပွန်းနဲ့ တိုင်ပင်ပြီး ဒီကျောင်းဝင်းထဲမှာ သားအတွက် အမှတ်တရ မှတ်တိုင်တစ်ခု ဆောက်ပေးချင်ခဲ့တယ်”

ကျောင်းအုပ်မှာ ထိုစကားကို ကြားသော် မည်သို့မှ မခံစားရသည့်အပြင် ရီမောချင်ခဲ့သည်။ ထို့နောက် လေသံပြတ်ဖြင့် “ မဒမ်... ဒီကျောင်းမှာ တက်ခဲ့လို့ သေဆုံးသွားတဲ့ လူတွေအတွက် အမှတ်တရ မှတ်တိုင်ကို ကျွန်တော်တို့ ဆောက်မပေးနိုင်ဘူး။ ကျွန်တော်တို့သာ ဆောက်ပေးခဲ့ရင် ကျောင်းဝင်းကြီးက သုသာန်နဲ့ တူသွားမှာပေါ့”

“မဟုတ်ဘူး..မဟုတ်ဘူး။ ကျွန်မတို့က ရုပ်တုတစ်ခု စိုက်ထူမှာ မဟုတ်ဘူး။ ကျောင်းဆောင်တစ်ခု ဆောက်လုပ်လှူဒါန်းမှာပါ” ဇနီးက ပျာပျာသလဲ ရှင်းပြသည်။
မွဲခြောက်နေသော ချည်ထည်အင်္ကျီနှင့် ဖျင်ကြမ်းဝတ်စုံ ၀တ်ထားသော လင်မယားအား ကျောင်းအုပ်ကြီးက စူးစိုက် ကြည့်လိုက်ပြီး သက်ပြင်းရှည် တစ်ချက်ချကာ “ ကျောင်းတစ်ဆောင်ဆောက်ဖို့ ဘယ်လောက် ကုန်ကျမယ်ဆိုတာ ခင်ဗျားတို့ သိသလား။ ကျောင်းတစ်ဆောင်ဟာ သိန်း၇၅၀ ကျော် ကုန်တယ်” အမျိုးသမီးမှ ခေတ္တ နှုတ်ဆိတ်သွားခဲ့သည်။ ကျောင်းအုပ်ကြီးက သူတို့ လက်လျော့သွားမည် အထင်နှင့် ကျိတ်ပျော်နေလေသည်။

ဇနီးက ခင်ပွန်းဖက်လှည့်ပြီး “ သိန်း၇၅၀ ကျော်နဲ့ ကျောင်းတစ်ဆောင် ဆောက်လို့ရမယ်ဆိုရင် ငါတို့က ဘာဖြစ်လို့ ဒီထက်ကြီးတဲ့ကျောင်းကို ဆောက်ပြီး သားအတွက် အမှတ်တရ ချန်မထားနိုင်ရမလဲ” ထိုစကားကြောင့် ကျောင်းအုပ်ကြီးမှာ တွေဝေသွားခဲ့သည်။

သို့နှင့် Stanford ဇနီးမောင်နှံ ဟာ့ဗသ်တက္ကသိုလ်မှ ထွက်ခွါလာခဲ့ကြသည်။ သူတို့ဇနီးမောင်နှံမှာ ကယ်ရီဖိုးနီးယားပြည်သို့ ရောက်သောအခါ ကျောင်းတစ်ကျောင်း ဆောက်လုပ်ပြီး ထိုကျောင်းအား Stanford University ဟု အမည်တွင်က သားအတွက် အမှတ်တရ မှတ်တိုင် စိုက်ထူခဲ့ကြသည်။

ဟာ့ဗသ်ကျောင်းအုပ်က သာမန်မျှသာ ၀တ်ဆင်ထားသော သူတို့၏ အပြင်ပန်းသဏ္ဍာန်ကို အကဲခတ်ပြီး သူတို့၏ အတွင်းစိတ် စေတနာကို တန်ဖိုးဖြတ်ခဲ့သည်။ “တောင်းမှာအကွပ် လူမှာအ၀တ်” ဟု ဆိုသော်ငြားလည်း အချို့ လှပသော ပြင်ပ အပြင်အဆင်များသည် ကြောက်မက်ဖွယ်ကောင်းသော ထောင်ချောက် တစ်ခုသာဖြစ်သည်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Read More...