အမေရိကားက နာမည်ကြီး ဟောပြော ဆရာတစ်ဦးဟာ ဟောပြောပွဲတစ်ခုမှာ ကလေးငယ်တစ်ယောက်ကို “သားကြီးလာရင် ဘာလုပ်မလဲ” လို့ မေးလိုက်တယ်။ ကလေးငယ်က “ သားကြီးလာရင် လေယာဉ်မှူးလုပ်မယ်” လို့ ရိုးရိုးသားသား ပြန်ဖြေခဲ့တယ်။ ဆရာက ဆက်ပြီး “တကယ်လို့ တစ်နေ့မှာ သားမောင်းတဲ့ လေယာဉ်က ပစ္စဖိတ် သမုဒ္ဒရာပေါ် အရောက်မှာ လောင်စာကုန်သွားတယ် ဆိုပါစို့။ သား ဘာလုပ်မလဲ”
ကလေးငယ်က ခဏစဉ်းစားပြီး “ ခရီးသည်တွေ အားလုံးကို ကိုယ့်နေရာကိုယ် ထိုင်ပြီး ခါးပတ်တွေ ပတ်ထားဖို့ အရင် သတိပေးမယ်။ နောက် သားက လေထီးစီးပြီး ခုန်ချမယ်” ကလေးငယ်ရဲ့ အဖြေကို ကြားတော့ ခန်းမမှာရှိတဲ့ လူတွေက တ၀ါးဝါး အော်ရီကြတယ်။ သူတို့ရဲ့ ရီသံက ကလေးငယ်ကို ငိုစေခဲ့တယ်။ ဒီလိုနဲ့ ဆရာက ဆက်ပြီး “ သား ဘာဖြစ်လို့ ဒီလိုလုပ်ရသလဲ” လို့ မေးတော့ လူတွေ မထင်မှတ်တဲ့ အဖြေကို ကလေးငယ်က ဆက်ပြီး ဖြေခဲ့ပါတယ်။ “သား လောင်စာသွားယူပြီး လေယာဉ်စီ ပြန်လာမလို့ပါ”
သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ တစ်ဖက်လူရဲ့ သဘောထားကို နားလည်အောင် ကျွန်တော်တို့ အရင်ဆုံး လုပ်သင့်တယ်။ သူပြောမယ့် စကားကို ဆုံးအောင် အရင် နားထောင်ရမယ်။ ကြားဖြတ်ပြီး ငြင်းခုံဖို့၊ ဝေဖန်ဖို့ပဲ စိုင်းပြင်းမနေသင့်ဘူး။ နားထောင်ခြင်းဟာလည်း အတတ်ပညာတစ်ခုပါပဲ။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
No comments:
Post a Comment