Sunday, August 3, 2008

အင်တာနက်ပေါ်က ပုံပြင်လေးများ


(၁)
သီလရှင်တစ်ပါးနဲ့ သားသတ်ရောင်းတဲ့ လူတစ်ဦးက အိမ်နီးချင်း မိတ်ဆွေတွေ ဖြစ်ကြတယ်။ သီလရှင်က မနက်တိုင်း စောစောထပြီး ဘုရားစာရွတ် မေတ္တာပို့သလို သားသတ်သူလည်း မနက်စောစောထိပြီး သားသတ်လေ့ရှိတယ်။ မနက်တိုင်း စောစောထတာချင်း တူနေတာကြောင့် တစ်ဦးကိုတစ်ဦး အလုပ်အကိုင် မပျက်အောင် တစ်ယောက်မနှိုးရင် တစ်ယောက်ကနှိုးဖို့ တိုင်ပင်ခဲ့ကြတယ်။

အဲဒီလိုနဲ့ နှစ်တွေကြာပြီး နှစ်ဦးစလုံး ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ခဲ့ကြတယ်။ သီလရှင်က ငရဲပြည်ရောက်ပြီး သားသတ်သူက နိဗ္ဗာန်ဘုံကို ရောက်သွားခဲ့တယ်။
“Why? ဘာဇာကြောင့်လဲ”
သားသတ်သူက မနက်တိုင်း သီလရှင်ကို ဘုရားစာရွတ် ကုသိုလ်လုပ်ဖို့ နှိုးခဲ့တယ်။ သီလရှင်က မနက်တိုင်း သားသတ်သူကို သူတစ်ပါးအသက်သတ်ဖို့ နှိုးခဲ့လို့ပါပဲ။

“ကိုယ်လုပ်တဲ့ အလုပ်တိုင်းဟာ ကိုယ့်အထင်မှာတော့ မှန်နေတာပဲ။ ဒါပေမဲ့ အမြဲတမ်းတော့ မမှန်နိုင်ပါဘူး”

(၂)
မိုးသည်းတွေရွာ ရေတွေကြီးပြီး မြို့တစ်မြို့ဟာ ရေတွေနဲ့ မြုပ်လုလုဖြစ်နေတဲ့အချိန်မှာ ဖာဿးာ(father) တစ်ဦးက ဘုရားကျောင်းထဲမှာ ကျမ်းစာတွေ ရွတ်ဆိုနေဆဲပါ။ ရေတွေက သူရင်ဘတ်အထိ ရောက်တော့ အသက်ကယ်လှေတစ်စီး ရောက်လာပြီး သူ့ကို ကယ်ပါတယ်။ သူက “ကျွန်တော်မလိုက်နိုင်ဘူး။ ဘုရားကျောင်းကို စောင့်မယ်။ ဘုရားသခင်က ကျွန်တော့်ကို လာကယ်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်” လို့ ပြန်ပြောတယ်။

ဒီလိုနဲ့ ရေတွေက ခေါင်းအထိမြုပ်လာတော့ စားပွဲခုံတစ်ခုပေါ် သူတက်ရပ်လိုက်တယ်။ အဲဒီအချိန်မှာ မော်တော်ဘုတ်တစ်စီး ရောက်လာပြီး သူ့ကို ကယ်ပြန်တယ်။ သူက “ကျွန်တော်မလိုက်နိုင်ဘူး။ ဘုရားကျောင်းကို စောင့်မယ်။ ဘုရားသခင်က ကျွန်တော့်ကို လာကယ်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်” လို့ ပြန်ပြောပြန်တယ်။

ရေတွေက တဖြေးဖြေးကြီးလာပြီး ဘုရားကျောင်းကို မြုပ်တော့ သူက ဘုရားကျောင်း ထိပ်မှာရှိတဲ့ အပေါင်းလက္ခဏာ တိုင်ကြီးပေါ် တက်ပြန်တယ်။ ဟယ်ရီကော်ပတာ တစ်စီးက လာကယ်တော့ “ကျွန်တော်မလိုက်နိုင်ဘူး။ ဘုရားသခင်က ကျွန်တော့်ကို လာကယ်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်” လို့ အော်ပြန်တယ်။ ရေတွေ ကြီးလာပြီး နောက်ဆုံးတော့ ရေနစ်ပြီး သေခဲ့ရတယ်။

သေပြီး ကောင်းကင်ဘုံရောက်လို့ ဘုရားသခင်ကို တွေ့တော့ သူက “လူတွေ အယုံအကြည်မဲ့အောင် ဘုရားသခင်ဘာလို့ ကျွန်တော်မျိုးကို လာမကယ်တာလဲ” လို့ မေးတော့ ဘုရားသခင်က “ အသက်ကယ်လှေ၊ မော်တော်ဘုတ်၊ ဟယ်ရီကော်ပတာနဲ့ သုံးကြိမ်တိတိ လာကယ်ခဲ့ပြီပဲ.. အသင် ဘာများ အလိုရှိသေးသလဲ” လို့ ပြောပါတယ်။

ဘုရားသခင် ကူညီမယ်လို့ ယုံကြည်ထားတဲ့ လူကို ဘုရားသခင်က တကယ်အကူအညီ ပေးခဲ့ပါတယ်။ ကူညီတဲ့ နည်းတွေသာ မတူခဲ့တာပါ။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Print this post

No comments: