ဆရာမ တစ်ဦးသည် တပည့်များကို ကမ္ဘာပေါ်ရှိ အံ့ဖွယ်အရာ (၇)ခုကို ချရေးစေသည်။ တပည့်အများစု၏ အဖြေမှာ...
၁) အီဂျစ်ရှိ ပိရမစ်
၂) အိန္ဒိယရှိ တပ်(ချ)မဟာ (Taj Mahal)
၃) အမေရိကားရှိ Grand Canyon
၎) ပနားမား တူးမြောင်း (Panama Canal)
၅) အမေရိကားရှိ Empire State Building
၆) ရောမရှိ စိန့်ပီတာ (Saint Peter's Square) နှင့်
၇) တရုတ်ပြည်ရှိ ဂရိတ်ဝေါလ် တို့ဖြစ်ကြသည်။
တပည့်များ၏ အဖြေစာရွက်ကို ဆရာမ လိုက်သိမ်းစဉ် ကလေးငယ်တစ်ဦးမှာ အဖြေ မရေးသေးသဖြင့် ဆရာမက “သမီး..ဘာအခက်အခဲရှိလို့လဲ.. ဆရာမ ဘာကူညီရမလဲ” ဟု မေးရာတွင် ကလေးငယ်က အတန်ငယ် စဉ်းစားပြီး....
“ဆရာမ... သမီး မေးခွန်းတစ်ခု မေးချင်လို့ပါ။ ကမ္ဘာပေါ်မှာရှိတဲ့ အံ့သြဖွယ်ကောင်းတဲ့ အရာအများကြီးကို သမီးတွေးမိတယ်။ ဒါပေမယ့် ဘယ်(၇)ခုကို ရွေးရင်ကောင်းမလဲ မသိလို့ပါ”
“ ကိစ္စမရှိဘူး သမီး.. သမီး တွေးမိတာတွေ ဆရာမကို ပြောပြ ဆရာမ ကူညီပေးမယ်”
“ သမီး စဉ်းစားမိတာတွေက.....
၁) ကမ္ဘာပေါ်မှာရှိတဲ့ လှပတဲ့ အရာတွေကို သမီးတို့ တွေ့မြင်ရတယ်။
၂) ပိုးမွှားတိရိစ္ဆာန်ရဲ့ အော်သံ၊ ငှက်တွေရဲ့ တေးသီသံကို သမီးတို့ ကြားရတယ်။
၃) စိတ်ဝင်စားစရာ အရာတွေကို သမီးတို့ ထိတွေ့ရတယ်။
၎) ရသာကောင်းတွေကို သမီးတို့ မြည်းစမ်းရတယ်။
၅) မိတ်ဆွေ သူငယ်ချင်းတွေရဲ့ ဂရုစိုက်မှုကို ခံရတယ်။
၆) စိတ်လိုလက်ရ သမီးတို့ ရီမောနိုင်တယ်။
၇) လူတွေကို ချစ်ခင်သလို လူတွေရဲ့ ချစ်ခင်ခြင်းကိုလည်း ခံရတယ်”
ကလေးငယ်၏ ဖြေသံအဆုံးတွင် စာသင်ခန်းတစ်ခုလုံး ခေတ္တမျှ တိတ်ဆိတ် သွားခဲ့သည်။ လူအများစုက ဘ၀၏ “ ရိုးရှင်းသော အရာများကို” အမြဲလိုလို လျှစ်လျှူရှူမိ တတ်ကြသည်။ အမှန်မှာ ထိုအရာများသာလျှင် ကမ္ဘာပေါ်ရှိ အံ့သြဖွယ်ကောင်းသော၊ ထူးဆန်းသော အရာများဖြစ်သည်။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
No comments:
Post a Comment